← Chapters

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း ၁၀၇

Vol. 11 Ch. 107

အခန်း (၁၀၇)

ပါမောက္ခထန်နှင့် အဖွဲ့ မှတင်ပြထားသော စမ်းသပ်ချက်များနှင့် ဓာတ်ပုံမှတ်တမ်းများကို ကျောင်းချင့်စိုက်ပျိုးရေးဌာနမှ လက်ခံရရှိသည်နှင့်တစ်ပြိုင်နက် ဌာနမှူးသည် ပါမောက္ခထန်ထံသို့ ချက်ချင်း ဖုန်းခေါ်သည်။

“ပါမောက္ခထန်... ခင်ဗျားပို့တဲ့ စမ်းသပ်ချက်အချက်အလက်တွေအရဆိုရင် လာမယ့်လလယ်လောက်မှာ ရိတ်သိမ်းဖို့ ဖြစ်နိုင်ပါ့မလား”

သို့သော် ထိုစီမံကိန်း စတင်ချိန်မှ လာမည့်လလယ်အထိဆိုလျှင် စပါးပင်များသည် တစ်လမျှသာ သက်တမ်းရှိသေး၏။

ပုံမှန်အားဖြင့် စပါးပင်များသည် ရင့်မှည့်ရန် အနည်းဆုံး သုံးလခန့် အချိန်ယူရသည်။

တစ်လဟူသော အချိန်ကာလမှာ စပါးနှံမှည့်ရန်အတွက် မည်သို့မျှ မလုံလောက်နိုင်ချေ။

“ဒီစမ်းသပ်ချက်အချက်အလက်တွေက ကျွန်တော့်ရဲ့ မျှော်လင့်ချက်တွေကိုတောင် ကျော်လွန်နေခဲ့တာပါ၊ ရရှိတဲ့အချက်အလက်တွေနဲ့ လက်တွေ့မြေပြင်ပတ်ဝန်းကျင်ကို အခြေခံပြီး သုံးသပ်ရရင်တော့ ဒီပြဿနာဟာ ဗီဇပြောင်းလဲသွားတဲ့ ပျိုးပင်တွေကြောင့် ဖြစ်ဖို့များပါတယ်၊ ဒီဗီဇပြောင်းပျိုးပင်တွေကပဲ စပါးပင်ရဲ့ ရင့်မှည့်ချိန်ကို သက်ရောက်မှုရှိစေခဲ့တာပါ”

ပါမောက္ခထန်သည် တစ်ဖက်လူ နားလည်သဘောပေါက်စေရန် အခြေအနေ အရပ်ရပ်ကို တစ်လုံးချင်း စိပ်ဖြာ၍ ရှင်းပြလေသည်။

ထိုဖုန်းခေါ်ဆိုမှုသည် နာရီဝက်မက ကြာခဲ့၏။

အဆုံးသတ်တွင် ပါမောက္ခထန်နှင့် စိုက်ပျိုးရေးဌာနမှူးတို့နှစ်ဦးစလုံးသည် အတိုင်းထက်အလွန် စိတ်လှုပ်ရှားတက်ကြွသွားကာ တရုတ်နိုင်ငံ စိုက်ပျိုးရေးကဏ္ဍ၏ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုကို မြင်တွေ့လိုက်ရပြီဟု ယုံကြည်သွားကြသည်။

အရေးကြီးဆုံးအချက်မှာ သူတို့သည် ထိုဗီဇပြောင်းပျိုးပင်များ၏ အဓိကမျိုးပွားနည်းပညာအား ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်ခဲ့လျှင် နောင်တစ်ချိန်တွင် တရုတ်နိုင်ငံအနေဖြင့် ရိက္ခာထုတ်လုပ်မှုအတွက် စိုးရိမ်ပူပန်နေရဦးမည်လော။

နောင်အနာဂတ်တွင် ထိုနည်းပညာအား စပါးစိုက်ပျိုးမှု၌သာမက အခြားသော လယ်ယာထွက်ကုန်များတွင် အသုံးချနိုင်မည်။

“ပါမောက္ခထန်... ဒီလိုဗီဇပြောင်းလဲသွားရတဲ့ အဓိကအကြောင်းအရင်းက ဘာဖြစ်မလဲလို့ ထင်ပါသလဲ”

ပါမောက္ခထန်သည် တုံ့ဆိုင်းခြင်းမရှိဘဲ ပြန်ပြောကြားသည်။

“ဒီအတောအတွင်းမှာ ကျွန်တော် အထပ်ထပ်အခါခါ စမ်းသပ်ခဲ့ရသလောက်တော့ လင်းယန်က ဒီဗီဇပြောင်းပျိုးပင်တွေကို ပျိုးထောင်နိုင်ခဲ့တာဟာ ရေထုအရည်အသွေးကြောင့် ဖြစ်ဖို့ ရာခိုင်နှုန်းအများဆုံးပဲလို့ ကောက်ချက်ချမိပါတယ်၊ ဒါဟာ ရှီးရွှေကျေးရွာရဲ့ ရေထုအရည်အသွေးကို ဆိုလိုတာမဟုတ်ဘဲ လင်းယန်ရဲ့အိမ်က ရေတွင်းရေကို ဆိုလိုတာပါ၊ ရှီးရွှေကျေးရွာမှာ လင်းယန်တို့မိသားစုပဲ ရေတွင်းတူးပြီး မြေအောက်ရေကို သောက်သုံးကြတာပါ၊ ကျန်တဲ့ရွာသားတွေကတော့ တောင်ပေါ်က စီးကျလာတဲ့ တောင်ကျရေကိုပဲ သောက်ကြတာ ဖြစ်ပါတယ် သူတို့က မြစ်ရေကို သောက်ချင်သောက်၊ မဟုတ်ရင်လည်း မျိုးဆက်ပေါင်းများစွာ ဒီလိုပဲ ရှင်သန်လာခဲ့ကြတာ၊ ကျွန်တော်တို့ ရှီးရွှေကျေးရွာရဲ့ အခြားရေအရည်အသွေးကို သုံးပြီး ပျိုးပင်တွေ ပျိုးထောင်ကြည့်ပေမယ့် ဘာပြောင်းလဲမှုမှ မရှိခဲ့ပါဘူး၊ ကျွန်တော်ကိုယ်တိုင်လည်း လင်းယန်အိမ်က ရေတွင်းရေကို သောက်ကြည့်ဖူးတယ်၊ အရသာက တကယ်ကို ကွဲပြားခြားနားလှပါတယ်”

စိုက်ပျိုးရေးဌာနမှူးသည် ထိုစကား ကြားရသောအခါ အံ့အားသင့်သွား၍ ပြောသည်။

“ဆိုလိုတာက အကယ်၍ ကျွန်တော်တို့သာ လင်းယန်အိမ်က ရေတွင်းရေကိုသုံးပြီး သီးနှံတွေ ပျိုးထောင်မယ်ဆိုရင် ရလဒ်က ဆယ်ဆလောက် တိုးတက်လာနိုင်တယ်ပေါ့ ဟုတ်လား”

ပါမောက္ခထန်သည် စဉ်းစားချင့်ချိန်လျက် ခေါင်းညိတ်ပြကာ ဆို၏။

“ဒါကတော့ လောလောဆယ် ကျွန်တော့်ရဲ့ အမြင်ပေါ့ဗျာ၊ အောင်မြင်မလား၊ မအောင်မြင်ဘူးလားဆိုတာကတော့ စမ်းသပ်ပြီးမှပဲ သိရမှာပါ၊ အကယ်၍ အဆင်ပြေမယ်ဆိုရင်တော့ ကျွန်တော် လင်းယန်နဲ့ စကားပြောကြည့်ပြီး သူ့အိမ်က ရေတွင်းရေကို ငှားသုံးလို့ရမလားဆိုတာ ညှိနှိုင်းကြည့်ရမှာပေါ့”

ညွှန်ကြားရေးမှူး၏ လေသံမှာ အလွန် စိတ်လှုပ်ရှားမှုတို့ ပြည့်နှက်နေသည်။

“ကောင်းတယ်၊ ကောင်းတယ်၊ ပါမောက္ခထန်... ခင်ဗျားတို့တွေ ဒီရက်ပိုင်းအတွင်း တကယ်ကို ပင်ပန်းသွားကြပြီ၊ ဒီရလဒ်ကို အားလုံး ဝမ်းမြောက်နိုင်ကြစေဖို့ မနက်ဖြန်မှာ ကျွန်တော် ချက်ချင်း အသိပေးကြေညာလိုက်ပါ့မယ်၊ ဒါဟာ ကျွန်တော်တို့တစ်နိုင်ငံလုံးအတွက် ငြင်းပယ်လို့မရတဲ့ အောင်မြင်မှုကြီးတစ်ခုပါပဲ၊ ဒါ့အပြင် ဒါဟာ ကျွန်တော်တို့နိုင်ငံတစ်ခုတည်းမှာပဲ ရှိတဲ့ သီးသန့်နည်းပညာလည်း ဖြစ်တယ်၊ အကယ်၍ အဲဒီနိုင်ငံခြားသားတွေသာ သိသွားရင်တော့ ကျွန်တော်တို့ဆီကနေ ပညာလာသင်ဖို့ ငွေကြေးအမြောက်အမြား သုံးကြမှာ သေချာတယ်၊ ရိက္ခာနဲ့ လက်နက်ဆိုတာ နိုင်ငံတစ်ခုရဲ့ အသက်သွေးကြောပဲ မဟုတ်လား”

လက်နက်ကိရိယာ အပိုင်းတွင် နိုင်ငံ၏ လက်ရှိနည်းပညာသည် အတော် အဆင့်မြင့်နေသည်။

သို့သော် ရိက္ခာထုတ်လုပ်မှုကဏ္ဍတွင် တိုးတက်မှုသည် ရပ်တန့်နေခဲ့၏။

ယခုကဲ့သို့ အလှည့်အပြောင်း ကြီးမားလှသော အောင်မြင်မှုအသစ်တစ်ခု ရခဲ့ရာ မည်သို့လျှင် မပျော်ရွှင်ဘဲ ရှိနိုင်မည်နည်း။

“ကျွန်တော် ဆောင်းပါးတစ်ပုဒ် ရေးသားထားတာ ရှိပါတယ်၊ ရုံးသုံးတရားဝင် လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်ပေးလို့ ရမလား၊ အမှန်အတိုင်း ပြောရရင် ဒီနေ့ ရရှိတဲ့ အောင်မြင်မှုတွေဟာ လင်းယန်ရဲ့ ပံ့ပိုးကူညီမှုတွေနဲ့ ခွဲခြားလို့မရပါဘူး၊ သူ့ရဲ့ အမည်နာမကိုလည်း ဒီဂုဏ်ပြုဆောင်းပါးမှာ ထည့်သွင်းဖော်ပြသင့်တယ်လို့ ကျွန်တော် ထင်ပါတယ်”

ဌာနမှူးသည် တည်ကြည်စွာ ခေါင်းညိတ်ပြကာ ပြောသည်။

“စိတ်မပူပါနဲ့၊ ပြည်သူတစ်ဦးချင်းစီရဲ့ ပံ့ပိုးကူညီမှုတွေကို ကျွန်တော်တို့ ဘယ်တော့မှ ဥပေက္ခာပြုမှာ မဟုတ်ပါဘူး၊ အဲဒီစာတမ်းကို ကျွန်တော့်ဆီ ပို့ပေးပါ၊ ကျွန်တော် အရင်ဆုံး ဖတ်ကြည့်လိုက်ပါ့မယ်”

မနက်ဖြန်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

လူအများစုမှာ မနေ့က အလုပ်ပန်းသောကြောင့် အိပ်ချင်မူးတူးဖြစ်နေကြဆဲ။

လူအများအပြားသည် မြို့ပြ၏ ရုန်းကန်လှုပ်ရှားမှုနှင့် ဆူညံသံများ ငြီးငွေ့လာကြသဖြင့် ကျေးလက်တောရွာ၏ ဆိတ်ငြိမ်မှုကို တမ်းတကြသည်။

ထိုလူအများစုမှာ နံနက် ၈ နာရီမှ ည ၈ နာရီအထိ နွားကဲ့သို့၊ မြင်းကဲ့သို့ မနားမနေ အလုပ်လုပ်နေကြရသူများ ဖြစ်ကြသည်။

ရုပ်မြင်သံကြား ဇာတ်လမ်းတွဲများထဲတွင် ပုံဖော်ထားသည့် နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ရုံးချိန်များမှာ လူနည်းစုအတွက် ဖြစ်၏။

လူအများစုမှာ ထိုကဲ့သို့သော အခွင့်အရေးမျိုးကို မရရှိကြဘဲ ကုမ္ပဏီအတွက် ကျွန်တစ်ယောက်ကဲ့သို့ လုပ်ကိုင်ပေးနေကြရသည်။

ထိုရုန်းကန်နေရသော လူသားများသည် ကုမ္ပဏီသို့ ရောက်လျှင် အနှစ်သက်ဆုံးအရာမှာ နားနေခန်းသို့ သွား၍ ကော်ဖီသောက်ရင်း ခဏတာ ငြိမ်သက်စွာ မှိန်းနေခြင်း ဖြစ်သည်။

ရှောင်ယုသည် ထိုလူများထဲမှ တစ်ဦးအပါအဝင် ဖြစ်၏။

၎င်းသည် သမ်းလျက် ကော်ဖီကို မွှေနေသည်။

ထိုစဉ် အမျိုးသားစိုက်ပျိုးရေးဌာနနှင့် တောင်ပေါ်မြို့တော် စိုက်ပျိုးရေးဌာနတို့ ပူးတွဲထုတ်ပြန်ထားသော ကြေညာချက်တစ်ခုအား ရုတ်တရက် တွေ့လိုက်ရသည်။

ရိက္ခာပြဿနာနှင့် ပတ်သက်လာလျှင် မည်သူမျှ လျစ်လျူရှု၍ မရနိုင်ချေ။

မကြာသေးမီက အင်တာနက်စာမျက်နှာများတွင် ယခုခေတ် ရိက္ခာထုတ်လုပ်မှုသည် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်ကြောင်း ဆွေးနွေးငြင်းခုံမှုများ ရှိခဲ့ဖူးသည်။

စစ်ပွဲများ ဖြစ်ပွားလာလျှင် ရိက္ခာပြတ်လပ်မှုများ အလွယ်တကူ ဖြစ်လာနိုင်၏။

ထူးဆန်းသည်မှာ အမျိုးသားစိုက်ပျိုးရေးဌာနသည် တစ်နှစ်ပတ်လုံးတွင် ကြေညာချက် ထုတ်ပြန်လေ့ ထုတ်ပြန်ခဲသည်။

ယနေ့တွင် မည်သို့သော တိုးတက်မှုအသစ်များ ရှိလာခဲ့သနည်း။

ရှောင်ယုသည် စူးစမ်းလိုစိတ်ဖြင့် ဝင်ကြည့်ရှုလိုက်ရာ ချက်ချင်း အံ့အား မှင်တက်သွားတော့သည်။

“ဟေး... ကြည့်ကြပါဦး၊ အမျိုးသားစိုက်ပျိုးရေးဌာနက ကြေညာချက်အသစ် ထုတ်ပြန်ထားတယ်၊ သီးနှံအထွက်နှုန်းကို ဆယ်ဆလောက် တိုးတက်စေနိုင်မယ့် ဗီဇပြောင်းစပါးအမျိုးအစားအသစ်ကို သူတို့ ဖော်ထုတ်နိုင်ခဲ့ပြီ ထင်တယ်”

နားနေခန်းအတွင်း အိပ်ချင်မူးတူး ဖြစ်နေသော အခြားသူများသည် ရှောင်ယု၏ အော်ဟစ်သံကြောင့် ၎င်းတို့၏ ဖုန်းများအား အလုအယက် ကောက်ကိုင်လိုက်ကြသည်။

မကြာသေးမီက ပါမောက္ခ ထန်ဟွားမင်နှင့် သူ၏အဖွဲ့သည် တရုတ်နိုင်ငံ၏ တောင်ထူထပ်သော ဒေသတစ်ခုဖြစ်သည့် ရှီးရွှေကျေးရွာတွင် ဗီဇပြောင်းစပါးစီမံကိန်းကို စတင်တည်ထောင်ခဲ့ရာ ရာသီဝက်ခန့် အချိန်တိုအတွင်း၌ ကြီးမားသော အောင်မြင်မှု အလှည့်အပြောင်းကို ရရှိခဲ့သည်။ လက်ရှိ စမ်းသပ်ချက်အချက်အလက်များအရ ဤစပါးသီးနှံများအား လာမည့်လတွင် ရိတ်သိမ်းနိုင်တော့မည်ဖြစ်၍ ထွက်နှုန်းမှာ လက်ရှိ စပါးမျိုးစိတ်များထက် ဆယ်ဆမျှ ပိုမိုမြင့်မားမည် ဖြစ်သည်။ ဗီဇပြောင်းစပါး ပျိုးထောင်မှုနည်းပညာကို အခြားသော သီးနှံများတွင် အသုံးချနိုင်ခြင်း ရှိ၊ မရှိကိုမူ ဆက်လက် လေ့လာဆန်းစစ်သွားဦးမည် ဖြစ်သည်။

တရုတ်နိုင်ငံ၏ ဗီဇပြောင်းစပါးကဏ္ဍတွင် ထူးခြားပြောင်မြောက်သော အောင်မြင်မှုများ ရရှိခဲ့ခြင်းသည် ဗီဇပြောင်းပျိုးပင်များနှင့် ခွဲခြား၍ မရနိုင်ချေ။ ထိုပျိုးပင်များအား ရှီးရွှေကျေးရွာမှ လင်းယန်အမည်ရှိ လူငယ်တစ်ဦး စိုက်ပျိုးပျိုးထောင်ခဲ့ခြင်း ဖြစ်သည်။ ပါမောက္ခထန်နှင့် အခြားပညာရှင်များသည် ရှီးရွှေကျေးရွာ၌ ဆက်လက်နေထိုင်ကာ ထိုနည်းပညာကို အခြားသီးနှံများတွင် မည်သို့အသုံးချရမည်ကို လင်းယန်နှင့်အတူ ပူးပေါင်းလုပ်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။

နားနေခန်းတစ်ခုလုံးသည် ရုတ်ချည်း ထူးထူးခြားခြား သက်ဝင်လှုပ်ရှားသွားခဲ့ကာ မည်သူမျှ ဆက်လက်၍ သမ်းဝေခြင်း မရှိကြတော့ဘဲ စိတ်လှုပ်ရှားမှုလှိုင်းလုံးများ အခန်းအပြည့် ဖုံးလွှမ်းသွားသည်။

“ဟိုး... ဒါက တကယ်ကို အံ့သြဖို့ကောင်းတာပဲ၊ ငါတို့ ဒီည အပြင်ထွက်ပြီး အောင်ပွဲခံသင့်တယ် မဟုတ်လား၊ သူတို့က ဒီလောက်တိုတောင်းတဲ့ အချိန်အတွင်းမှာ အဖြေရှာနိုင်ခဲ့တာလား၊ ငါကတော့ ရလဒ်တွေထွက်လာဖို့ ဆယ်စုနှစ်ချီ ကြာဦးမယ် ထင်နေတာ”

“နေပါဦး... နင်တို့ အဓိကကျတဲ့ အချက်အလက်ကို မြင်ကြရဲ့လား၊ ဒီစီမံကိန်းရဲ့ အောင်မြင်မှုက ပါမောက္ခထန်လို ကျော်ကြားတဲ့ ပညာရှင်တွေကြောင့် မဟုတ်ဘဲ လင်းယန်ဆိုတဲ့ လူငယ်လေးကြောင့် ဖြစ်နေတာလား၊ ဒါနဲ့ လင်းယန်ဆိုတာ ဘယ်သူလဲ၊ သူက တကယ်ပဲ ရှီးရွှေကျေးရွာက သာမန်ရွာသားတစ်ယောက် ဟုတ်လို့လား”

“ဘာပဲဖြစ်ဖြစ် ငါတို့နိုင်ငံဟာ နောင်အနာဂတ်မှာ ရိက္ခာအတွက် စိုးရိမ်စရာ မလိုတော့ဘူးပေါ့၊ ဒီလိုဝမ်းသာစရာကိစ္စမျိုးကိုတော့ လက်မထောင်ပြီး ချီးကျူးရမှာပဲ”

အမျိုးသားစိုက်ပျိုးရေးဌာန၏ ထိုကြေညာချက်ကို ရှောင်ယုတို့ ကုမ္ပဏီတစ်ခုတည်းကသာ အာရုံစိုက်နေကြခြင်း မဟုတ်ပေ။

ထိုသတင်းသည် နိုင်ငံ၏ နေရာအနှံ့အပြားတွင် မြင်တွေ့ခဲ့ကြ၍ ညနေခင်းသတင်းများတွင် အထပ်ထပ်အခါခါ ထုတ်လွှင့်ပြသခဲ့သည်။

မည်သည့်တရုတ်နိုင်ငံသားမျှ ဤကိစ္စအတွက် မပျော်ရွှင်ဘဲ မနေနိုင်ကြပါ။

ထိုကြေညာချက်သည် သတင်းတွင် ထည့်သွင်းဖော်ပြခြင်းခံရသော လင်းယန်ထံသို့ လူထု၏ အာရုံစိုက်မှုများ ရောက်စေခဲ့သည်။

လင်းယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု မကြည့်ဖူးသူများသည် လင်းယန်နှင့် ပတ်သက်၍ စူးစမ်းလိုစိတ်များ ပြင်းထန်နေကြ၏။

သာမန်ရွာသားတစ်ဦးသည် ထိုကဲ့သို့ စွမ်းဆောင်ရည်မျိုး မည်သို့လျှင် ပိုင်ဆိုင်နိုင်ပါမည်နည်း။

လင်းယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုအား စောင့်ကြည့်လေ့ရှိသော ပရိသတ်များမှာမူ အလွန် စိတ်လှုပ်ရှားဝမ်းမြောက်နေကြသည်။

မိမိတို့သာ သဘောကျနှစ်သက်၍ မည်သူမျှ မသိရှိသေးသော လူမသိသူမသိ အနုပညာရှင်တစ်ဦးသည် နောက်ဆုံးတွင် ဖန်သားပြင်ထက်တွင် ဝင့်ထည်စွာ ရပ်တည်နိုင်ခဲ့ကာ လူတိုင်း သိသွားကြသည့် ခံစားချက်မျိုး ပေးစွမ်းနေ၏။

ရလဒ်အနေဖြင့် ဂုဏ်ပြုစကားများအပြင် အမျိုးသားစိုက်ပျိုးရေးဌာန၏ မှတ်ချက်ကဏ္ဍတွင် အခြားသော ရေပန်းစားသည့် လမ်းကြောင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။

“ကျွန်တော် ဒီလင်းယန်ဆိုတဲ့လူကို သိတယ်၊ သူက ကျွန်တော် အကြိုက်ဆုံး ဘလော့ဂါတွေထဲက တစ်ယောက်ပဲ”

“လူတိုင်း လင်းရန်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို သွားကြည့်ကြဖို့ အပြင်းအထန် အကြံပြုချင်ပါတယ်၊ ကြည့်ပြီးရင် နင်တို့ ငါ့ကို ကျေးဇူးတင်ကြရလိမ့်မယ်”

“အမလေး... ငါ အခုပဲ အဲဒီStreamerကို သွားရှာကြည့်တာ၊ တကယ်ကို လုံးဝ အလန်းစားကြီးပဲ”

“နင်တို့က ငါ့ရဲ့ စူးစမ်းချင်စိတ်ကို ဆွပေးလိုက်တာပဲ၊ ငါကိုယ်တိုင် သွားပြီးတော့ပဲ ကြည့်လိုက်တော့မယ်”

All Chapters