အခန်း ၁၁၀
Vol. 11 Ch. 110
အခန်း (၁၁၀)
ထိုဖြစ်ရပ်ကို မလှမ်းမကမ်းမှ မြင်တွေ့ရသောအခါ လင်းယန်သည် အော်ဟစ်ရယ်မောလိုသော စိတ်အား အောင့်အီးထားလိုက်ကာ ဟန်ဟော့၏ ခေါင်း ပုတ်ပေးရင်း ပြော၏။
“မင်း ဒီတစ်ခေါက် တကယ် တော်တယ်၊ ရော့... ဒါ မင်းကို ဆုချတာ”
ကျောက်ကျောက်လည်း ဝေစုတစ်ခု ရသည်။
ဟန်ဟော့သည် မိမိရရှိသော အသားခြောက်အား ကြည့်ကာ တစ်လုတ်မျှပင် မစားရက်ဘဲ ကျောက်ကျောက်ထံသို့ တွန်းပို့ပေးလိုက်ရင်း အော်ဟစ်လေသည်။
“ဝုတ် ဝုတ် ဝုတ်”
‘အဟာရ ပြည့်ဝအောင် ပိုစားလိုက်စမ်းပါ’
ဟန်ဟော့၏လုပ်ရပ်ကို ကြည့်ရင်း လင်းယန် ပြုံးမိသည်။ သူသည် ဟန်ဟော့၏ ထိုသို့သော အပြုအမူများအား အတန်ငယ် အသားကျနေပြီ ဖြစ်၏။
“ထားလိုက်ပါတော့လေ၊ သူတို့ ပျော်ရွှင်နေကြပြီဘဲ”
လင်းယန် တွေး၏။
ရှောင်ကျွီဟွားသည် လင်းယန်သည် ဟန်ဟော့နှင့် ကျောက်ကျောက်တို့ကို ဂရုစိုက်၍ မိမိအား လျစ်လျူရှုထားသည်ကို မကျေမနပ် ဖြစ်မိသဖြင့် လျှာနှစ်ခွ ထုတ်ကာ လင်းယန်၏ မျက်နှာအား လျက်လိုက်သည်။
လင်းယန်သည် သက်ပြင်းချလျက် ပြုံးမိကာ ရှောင်ကျွီးဟွာ၏ မြွေကြေးခွံများအား ပွတ်သပ်ပေးရင်း ချော့မော့ပြောလိုက်၏။
“မင်းလည်း အဓိက ကူညီပေးခဲ့မှန်း ငါသိပါတယ်၊ အိမ်ပြန်ရောက်ရင် မင်းအတွက် စားပွဲကြီးတစ်ခု ပြင်ဆင်ပြီး ဆုချပေးမယ်”
ဝမ်တာ့လီ၏ ထိတ်လန့်တုန်လှုပ်နေသော အမူအရာအား မြင်တွေ့ရသည်မှာ သူ၏အမြင်တွင် အလွန် ရယ်မောဖွယ် ကောင်းနေတော့သည်။
သူတစ်ပါး ဒုက္ခပေးလိုသူများသည် လောကနိယာမအရ မိမိထံသို့ ဒုက္ခဆိုး ပြန်လည်သက်ရောက်တတ်မြဲ ဖြစ်၏။
ဤအရာသည် ဝမ်တာ့လီအတွက် သင်ခန်းစာအသေးစားလေးတစ်ခု ပေးလိုက်ခြင်းဟု မှတ်ယူနိုင်သည်။
အစီအစဉ်တစ်ခုတည်း အတူတူယှဉ်ပြိုင်နေကြသည့် ပြိုင်ဘက်များ ဖြစ်ပါလျက် တစ်နေ့လုံး ထိုကဲ့သို့သော အောက်တန်းကျသည့် ပရိယာယ်များ ကြံစည်နေကြသည်မှာ ကဲ့ရဲ့ဖွယ်ရာ ဖြစ်၏။
လင်းယန်သည် ဟန်ဟော့၊ ရှောင်ကျွီဟွား၊ ကျောက်ကျောက်တို့နှင့်အတူ အိမ်သို့ ပြန်လာခဲ့သည်။
တစ်ချိန်တည်းမှာပင် ဝမ်တာ့လီ၏ အိမ်ဝင်းအတွင်း ရွာသားများသည် စုရုံးကာ ဆူညံစွာ ဆွေးနွေးနေကြကုန်၏။
“မဖြစ်နိုင်တာဗျာ၊ ရွာလူကြီး... သူပြောပုံအရဆို လိမ်နေတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးနော်၊ ပညာသည် တစ်ယောက်လောက်ကို ပင့်ပြီး ကြည့်ခိုင်းလိုက်ရမလား”
ရွာသားတစ်ဦးသည် မည်သို့ ထွက်ဆိုလိုက်သည်မသိသော်လည်း ရွာလူကြီးသည် ထိုသူအား ဒေါသတကြီး စိုက်ကြည့်လိုက်ကာ ငေါက်ငမ်းလိုက်၏။
“ဘာကို ကြည့်ခိုင်းရမှာလဲ၊ အခုက ဘယ်ခေတ်ကို ရောက်နေပြီလဲ”
သူ့စိတ်ထဲတွင် မည်သို့ပင် ရှိစေကာမူ ကျေးရွာလူကြီးတစ်ဦး ဖြစ်သည့်အတွက် လောကီအယူသည်းမှုကို ဦးဆောင်၍ အားပေးအားမြှောက် မပြုနိုင်ပေ။
သို့မဟုတ်ပါက အထက်လူကြီးများ သိသွားလျှင် သူ၏ ရွာလူကြီးရာထူး တည်မြဲနိုင်ပါဦးမည်လော။
ရွာလူကြီးသည် ဝမ်တာ့လီ၏ ပုခုံး ပုတ်ပေးကာ ဆိုသည်။
“မင်း မကြာသေးခင်က စိတ်ဖိစီးမှုတွေ သိပ်များနေလို့ စိတ်ကယောင်ချောက်ချားဖြစ်တာ နေမှာပါ၊ မနက်ဖြန် မနက်ကျရင် ရွာထဲက လူတစ်ယောက်ကို မင်းနဲ့အတူ ခရိုင်ဆေးရုံကို လိုက်ပို့ခိုင်းလိုက်မယ်၊ ရက်ပိုင်းလောက် နားလိုက်ပါဦး၊ ညတိုင်း ဒီလောက်အထိ နောက်ကျအောင် လိုက်ဖ်လွှင့်နေဖို့ မလိုပါဘူး၊ မင်းရဲ့ ပြိုင်ပွဲအဆင့် သတ်မှတ်ချက်တွေက အရေးကြီးမှန်း ငါသိပေမယ့် မင်းရဲ့ ကျန်းမာရေးကလည်း အလားတူ အရေးကြီးတာပဲလေ”
ဝမ်တာ့လီ၏ မျက်နှာသည် သွေးဆုတ်ဖြူလျော်နေ၍ ဖြူဖျော့ကာ အသက်မဲ့နေသကဲ့သို့ ရှိ၏။
ရွာသားများ မိမိကို မယုံကြည်ကြသည်အား မြင်သောအခါ သူမသည် ဆံပင်များ ရူးသွပ်စွာ ဆွဲဖွလိုက်ရင်း လျှောက်လဲချက်မရှိဘဲ ထစ်ထစ်အအ ဖြင့် အော်သည်။
“မဟုတ်ဘူး… အဲဒီလို မဟုတ်ပါဘူး… စိတ်ကယောင်ချောက်ချားဖြစ်တာ လုံးဝ မဟုတ်ဘူး၊ တကယ် သရဲတစ္ဆေတွေ ရှိနေတာပါ တကယ် ရှိနေတာ၊ ကျွန်မကို ယုံကြပါဦး”
ထိုနေရာသို့ အချိန်ကိုက် ရောက်ရှိလာသော လီတင်းသည် ကသောင်ကနင်းဖြစ်နေသော ဝမ်တာ့လီ၏အခြေအနေအား မြင်တွေ့ရသဖြင့် အလွန်အမင်း တုန်လှုပ်သွားရ၏။
“ဘယ်လိုဖြစ်တာလဲ”
နေ့ခင်းဘက်က ကောင်းကောင်းမွန်မွန် ရှိနေသေးသည့်လူသည် အဘယ်ကြောင့် ရုတ်တရက် ဒီလိုအခြေအနေမျိုး ရောက်သွားရမည်လော။
အနားရှိ ရွာသားအချို့ကရှင်းပြကြသည်။
“ငါတို့လည်း အော်သံကြားလို့ လာကြည့်ကြတာ၊ သူကတော့ သရဲနဲ့ တိုးတယ်လို့ အတင်းငြင်းနေတာပဲ၊ ဒါပေမဲ့ ငါတို့ ဒီအရပ်မှာ နေလာတာ ဒီလောက်ကြာပြီ သရဲရှိတယ်လို့ တစ်ခါမှ မကြားဖူးပါဘူး”
ရွာသားတစ်ဦးကမူ မိမိဘာသာ ရေရွတ်ရင်း ဆို၏။
“သူ တစ်ခုခု အပြောမှားမိလို့ အကိုင်ခံရတာများလား”
ရွာလူကြီးသည် ထိုမြင်ကွင်းကြောင့် အလွန် စိတ်ရှုပ်ထွေးနေတော့သည်။
ရှီးရွှေကျေးရွာ၏ ရွာလူကြီး ဖြစ်ရသည်မှာ မည်သည့်အချိန်မှစ၍ ဤမျှအထိ ခက်ခဲသွားရပါသနည်း။
မကြာမကြာဆိုသလို ပြဿနာတစ်ခုခု အမြဲတမ်း ပေါ်ပေါက်လာတတ်သည်။
“ကဲ... အားလုံးပဲ သူ့ကို အိမ်ထဲအထိ ကူတွဲပေးလိုက်ကြပါဦး၊ အပြင်မှာ ဒီတိုင်း ထိုင်နေခိုင်းတာ မကောင်းဘူး”
သို့သော် ရွာလူကြီး၏ ထိုစကားသည် ဝမ်တာ့လီအား ပိုရူးသွပ်သွားစေကာ အော်ဟစ်တားဆီးလေသည်။
“မလုပ်နဲ့… အိမ်ထဲကို မဝင်ကြနဲ့…အိမ်ထဲမှာ မြွေကြီးတစ်ကောင် ရှိနေတယ်”
လီတင်းသည် ထိုစကားအား မယုံကြည်သဖြင့် လူအများ၏ ရှေ့မှောက်တွင် အိမ်ထဲသို့ တိုက်ရိုက်ဝင်ရောက်ကာ လိုက်လံရှာဖွေခဲ့သော်လည်း မြွေကြီးဆိုသည်အား လုံးဝ မတွေ့ရသဖြင့် ဆို၏။
“မင်း အိပ်မက်ဆိုးမက်နေတာ နေမှာပါ၊ အိမ်ထဲမှာ ဘယ်က မြွေ ရှိမှာလဲ”
လီတင်း၏ စကား ကြားမှသာ ဝမ်တာ့လီသည် သတိအနည်းငယ် ပြန်လည်ရရှိလာကာ အော်ဟစ်ပြန်သည်။
“ကျွန်မ ခုနတင်ပဲ ရှင်းရှင်းလင်းလင်းကြီး မြင်လိုက်ရတာ၊ ဒါပေမဲ့ အဲဒီမြွေကြီးနဲ့ စိမ်းဖန့်ဖန့် သရဲရိပ်နှစ်ခုက ရုတ်တရက်ကြီး ပျောက်ကွယ်သွားကြတာပဲ၊ သူတို့ ကျွန်မအသက်ကို ရန်ရှာဖို့ လာကြတာပဲ ဖြစ်ရမယ်”
စိတ်ရှည်တတ်သော ရွာလူကြီးသည် ဤမျှအထိ ညဉ့်နက်သန်းခေါင်တွင် ဆူညံအောင် ပြုလုပ်နေသဖြင့် စိတ်ပျက်လာရကာ မိန့်ဆို၏။
“တော်စမ်း... ဒီလောက် ညဉ့်နက်နေပြီကို လာပြီး ဆူညံမနေနဲ့တော့၊ သွားအိပ်တော့… တခြားလူတွေလည်း အိပ်ရဦးမယ် မနက်ဖြန် လယ်ကွင်းထဲ ဆင်းရဦးမှာ၊ မင်းရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားထောင်ပြီး အချိန်ဖြုန်းမနေနိုင်ဘူး၊ အားလုံးပဲ ပြန်ကြစို့၊ သူ အိမ်ထဲမဝင်ချင်ရင်လည်း ဒီအတိုင်း အိမ်ဝင်းထဲမှာပဲ ထားလိုက်ကြတော့”
လူစုကြီးသည် ဝမ်တာ့လီ၏ အိမ်ဝင်းအတွင်းမှ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားကြသည်။
လီတင်းတစ်ယောက်သာ ကျန်ခဲ့၍ ဖြစ်ပျက်ခဲ့သမျှ မေးမြန်းသည်။
ဝမ်တာ့လီ၏ ပြောပြချက်များ နားထောင်ပြီးနောက် လီတင်း၏ မျက်နှာအမူအရာသည် တဖြည်းဖြည်း တည်ကြည်လေးနက်လာ၏။
“မြွေကြီး ဟုတ်လား၊ ငါတို့ရွာထဲမှာ တကယ်ပဲ မြွေကြီးတစ်ကောင် ရှိနေတာကို မင်း မေ့သွားပြီလား”
ဝမ်တာ့လီသည် ရေနွေး သောက်ရင်း ပြန်စဉ်းစားမိကာ ပြောသည်။
“မင်းပြောတာ လင်းယန်အိမ်က မြွေကြီးကို ပြောတာလား”
“အင်း”
“ဒီတစ်ခေါက် လင်းယန်က မင်းကို ရည်ရွယ်ချက်ရှိရှိ ခြောက်လှန့်တာများ ဖြစ်နေမလား၊ အခုလက်ရှိ ထုတ်လုပ်ရေးအဖွဲ့ထဲမှာ ဒါရိုက်တာဆုန်က မင်းနဲ့ လင်းယန်ကို အလားအလာအရှိဆုံးလို့ သတ်မှတ်ထားတာ၊ မင်းသာ ဖျားပြီး ပြိုင်ပွဲက ထွက်သွားရရင် လင်းယန်နဲ့ ဘယ်သူ ပြိုင်နိုင်တော့မှာလဲ”
ဝမ်တာ့လီသည် ထိုအချက်အား စဉ်းစားကြည့်ရာ ယုတ္တိရှိသည်ဟု ခံစားလိုက်ရသဖြင့် ဆိုသည်။
“မင်းပြောတာ မှန်တယ်၊ အဲဒီမြွေကြီးကို လင်းယန်က ငါ့အခန်းထဲကို တမင်သက်သက် ထည့်ထားခဲ့တာပဲ ဖြစ်ရမယ်၊ သူက မင်းကို အငြိုးအတေးနဲ့ တုံ့ပြန်ဖို့ ဆုံးဖြတ်ထားတာပဲ၊ ငါတို့ သူ့ကို ဒီအတိုင်း လွယ်လွယ်နဲ့ လွှတ်မပေးနိုင်ဘူး”
လီတင်း၏ မျက်ဝန်းအစုံတွင် ရက်စက်ကြမ်းကြုတ်သော အရိပ်အယောင်များ ဖြတ်သန်းသွားလေသည်။
ဝမ်တာ့လီသည် စုစူးဝါးဝါးဖြင့် ဆို၏။
“မင်း ဘာလုပ်ဖို့ ကြံစည်နေတာလဲ၊ အဲဒီ ချန်ဟောက်ထျန်းကတော့ အသုံးမကျတဲ့ လူဖျင်းတစ်ယောက်ပဲ... ပြဿနာရှာတာကလွဲရင် ဘာမှ အသုံးမကျဘူး”
ထိုဘက်ခြမ်းမှ မည်သည့် လှုပ်ရှားမှုမျှ မရှိသည်အား ကြည့်ခြင်းဖြင့် ချန်ဟောက်ထျန်း၏ လုပ်ကြံမှုသည် အောင်မြင်ခဲ့ခြင်း မရှိကြောင်း ခန့်မှန်းနိုင်သည်။
လီတင်းသည် နှာခေါင်းရှုံ့လျက် ဆို၏။
“ငါက သူ့အပေါ်မှာ ဘာမျှော်လင့်ချက်မှ ထားခဲ့တာ မဟုတ်ဘူး၊ သူတစ်ပါးကို အားကိုးတာထက် မိမိကိုယ်ကိုယ် အားကိုးတာက ပိုစိတ်ချရတယ်၊ လောလောဆယ်တော့ ငါတို့ အောင့်အီးထားကြဦးစို့၊ လာမယ့်လကျရင် ဒါရိုက်တာဝမ်တို့အဖွဲ့ လာမယ့်အချိန်အထိ စောင့်ဆိုင်းကြရမယ်၊ ကဲပါ... အခြေအမြစ်မရှိတဲ့ ကောလာဟလတွေကြောင့် ထိတ်လန့်မနေပါနဲ့၊ မဟုတ်ရင် လင်းယန်ရဲ့ အကြံစည် အောင်မြင်သွားလိမ့်မယ်”
အခြားတစ်ဖက်တွင် လင်းယန်၏ အိမ်အတွင်း၌ အလုံးစုံ ပရမ်းပတာ ဖြစ်ပွားနေသည်။
အကြောင်းမှာ လင်းယန်သည် ဟန်ဟော့၊ ကျောက်ကျောက်နှင့် ရှောင်ကျွီဟွားတို့အား ခေါ်၍ အပြင်သို့ ထွက်သွားပြီးနောက် ရှောင်ရွှဲသည် အိမ်ဝင်းအတွင်း၌ ငိုယိုကာ သောင်းကျန်းနေခဲ့သဖြင့် ဝမ်လင်းလင်းနှင့် ရှောင်စစ်ယွီတို့သည် မည်သို့မျှ ချော့၍ မရနိုင်ခြင်းကြောင့် ဖြစ်၏။
ရှောင်ရွှဲ၏ ငိုကြွေးသံကြောင့် ဟွမ်မောင်နှင့် ပိုင်မောင်တို့သည် အိပ်၍ မရတော့သဖြင့် အိမ်ဝင်းအတွင်း၌ ဒေါသတကြီး သောင်းကျန်းကြသည်။
ငန်းကြီးများနှင့် ရွှေလင်းယန်ကြီးတို့သည် ထိုပွဲတွင် ဝင်ရောက်ဆင်နွှဲကြ၏။
ရွှေလင်းယုန်ကြီးသည် ငန်းတစ်ကောင်အား ကုပ်ကပ်လျက် အိမ်ဝင်းအထက်တွင် ပျံသန်းနေကာ ထိုငန်းသည် ရံဖန်ရံခါ ရွှံ့တုံးများ အောက်သို့ ပစ်ချရာ အမွေးဖြူနှင့် အမွေးဝါ ထိမှန်လေသည်။
ဤအရာသည် စိတ်တိုနေပြီးဖြစ်သော အမွေးဖြူနှင့် အမွေးဝါ ကို ပိုစိတ်ဆိုးဒေါသထွက်စေကာ ရွှေလင်းယုန်ကြီးကို ကြိမ်းမောင်းဟိန်းဟောက်ကြတော့၏။
ငန်းများသည်လည်း မောက်မာစွာဖြင့် သူတို့ ရန်စကျီစယ်နေကြကုန်သည်။
မျောက်အိုကြီးသည် သစ်ပင်ထက်တွင် အစာစားနေစဉ် မျောက်ကလေးများ၏ ဆူညံသံကြောင့် စိတ်ပျက်လက်ပျက်ဖြင့် ခေါင်းကို ကုပ်နေရ၏။
ထို့ကြောင့် ၎င်းတို့သည် မျောက်မျိုးဆက်များ စေလွှတ်၍ ငန်းနှင့် ရွှေလင်းယန်တို့အား သင်ခန်းစာပေးရန် ကြိုးပမ်းကြလေသည်။
သို့သော် ထိုသစ်ပင်သည် ရွှေလင်းယန် ပျံသန်းနိုင်သည့် အမြင့်အား မမှီနိုင်ပေ။
ထို့ကြောင့် ၎င်းတို့သည် လေထဲသို့ ပစ္စည်းများ အဆက်မပြတ် ပစ်ပေါက်နိုင်ကြကုန်သည်။
ထိုအပြုအမူများကြောင့် အိမ်ဝင်းတစ်ခုလုံး ရှုပ်ပွညစ်ပတ်သွားရ၏။
ဝမ်လင်းလင်းသည် ရှောင်ရွှဲအား ရင်ခွင်ထဲ၌ ပွေ့ချီထားရင်း ထိုတိုက်ပွဲမှ လွင့်စင်လာသော အပိုင်းအစများ မမှန်စေရန် အမိုးအောက်၌ ပုန်းကွယ်နေရကာ တိုင်ပင်သည်။
“ငါတို့ လူတစ်ယောက်လောက် လွှတ်ပြီး အကိုလင်း ကို သွားခေါ်ခိုင်းရင် ကောင်းမလား”
လင်းယန်သည် တံခါး ဖွင့်လိုက်သည်နှင့် ထိုမြင်ကွင်းအား တွေ့မြင်လိုက်ရသဖြင့် နားထင်မှ သွေးကြောများ ထောင်တက်လာရကာ အော်ဟစ်လိုက်၏။
“တော်ကြစမ်း၊ ငါ့အိမ်က တိရစ္ဆာန်ရုံ မဟုတ်ဘူး၊ မင်းတို့တွေ ဆက်ပြီး ဆူညံနေဦးမယ်ဆိုရင် အားလုံးကို မောင်းထုတ်ပစ်မယ်”
သူသည် မိမိ၏ လက်သီး တင်းတင်းဆုပ်ထားကာ စိတ်ရှည်နိုင်စွမ်း အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း ခံစားနေရသည်။
လင်းယန် ပြန်လည်ရောက်ရှိလာသည်အား မြင်သောအခါ ရွှေလင်းယုန်နှင့် ငန်းကြီးတို့သည် ဆက်၍ ပြဿနာမရှာရဲကြတော့ဘဲ မိမိတို့၏ နယ်မြေများသို့ လျင်မြန်စွာ ဆုတ်ခွာသွားကြကုန်၏။
လင်းယန်သည် မြေပြင်ပေါ်တွင် ပျံ့ကြဲနေသော ယိုများ ကြည့်ကာ သစ်ပင်ပေါ်ရှိ မျောက်ကို ဒေါသတကြီး လက်ညှိုးထိုးလျက် ပြော၏။
“မင်း အခုချက်ချင်း မင်းရဲ့လူတွေကို ခေါ်ပြီး ဒါတွေကို သန့်ရှင်းရေးလုပ်လိုက်တော့၊ မဟုတ်ရင် ငါ့အိမ်မှာ မင်းတို့ကို ဆက်မထားနိုင်ဘူး၊ ပြီးတော့ မင်းတို့နှစ်ကောင်... ပြဿနာရှာပြီးတာနဲ့ အိပ်ဖို့ ပြင်နေကြတာလား၊ ဒီကို ပြန်လာခဲ့စမ်း”
“ဂါး ဂါး ဂါး”
ငန်းဖြူကြီးသည် ကောင်းကင်ကို တမင်သက်သက် မော့ကြည့်နေသည်။
ညချမ်းအချိန်ခါသည် သာယာလှပသော်လည်း လေပြင်းတိုက်ခတ်နေသဖြင့် ၎င်းအနေဖြင့် ဘာမှမကြားရသကဲ့သို့ ဟန်ဆောင်နေ၏။
လင်းယန်သည် လှောင်ပြုံးပြုံးကာ မိန့်ဆိုလိုက်၏။
“အော်... မင်းက မကြားရဘူးပေါ့လေ၊ ဒါဆိုရင် မနက်ဖြန် ငန်းဖြူကြီးအတွက် အစာကျွေးဖို့ မလိုတော့ဘူး”
ငန်းဖြူကြီးသည် လင်းယန်၏ စကားအဆက်အား စောင့်ဆိုင်းနေသော်လည်း လင်းယန်သည် စကား ရပ်လိုက်သဖြင့် ၎င်း၏ မျက်လုံးသေးသေးလေးများသည် သံသယများဖြင့် ပြည့်နှက်သွားသည်။
“ဟင်”
အဘယ်ကြောင့် မိမိတစ်ကောင်တည်းသာ အပြစ်ပေးခံရသနည်း။
၎င်း၏ အစ်ကိုကြီး ဘယ်ရောက်သွားသနည်း။
“ရွှေလင်းယုန်က တရုတ်နိုင်ငံရဲ့ ပထမတန်းစား အကာအကွယ်ပေးထားတဲ့ သတ္တဝါဖြစ်ပြီး သူ့ရဲ့ တန်ဖိုးက မင်းနဲ့ မတူဘူး”
လင်းယန်သည် ရွှေလင်းယုန်ကြီး ဆာလောင်မွတ်သိပ်သွားပါက တောရိုင်းထဲသို့ သွားရောက်ကာ နိုင်ငံတော်အဆင့် နှစ် အကာအကွယ်ပေးထားသော သတ္တဝါများကို ဖမ်းဆီးစားသောက်မိမည်အား စိုးရိမ်နေခြင်း ဖြစ်၏။
အကြောင်းမှာ ၎င်းတို့၏ အစာကွင်းဆက်တွင် အဆင့်တစ် သို့မဟုတ် အဆင့်နှစ် ဟူ၍ ခွဲခြားထားခြင်း မရှိပေ။
စားသုံး၍ ရနိုင်၊ မရနိုင်ဟူသော အချက်သာ ရှိသည်။
လင်းယန်သည် ငန်းတစ်ကောင်၏ မျက်နှာတွင် ထိုမျှအထိ ဝေခွဲမရခြင်းနှင့် တုန်လှုပ်ချောက်ချားခြင်းတို့အား ပထမဆုံးအကြိမ် မြင်တွေ့လိုက်ရခြင်း ဖြစ်၏။
“ကွာ့ခ်”
‘ဒီလို ခွဲခြားဆက်ဆံတာတော့ မဟုတ်သေးပါဘူး၊ ငါက ဘာဖြစ်လို့ နိုင်ငံတော်အဆင့် အကာအကွယ်ပေးထားတဲ့ သတ္တဝါ မဖြစ်ခဲ့ရတာလဲ’
ထိုအခြေအနေအား မြင်သောအခါ ရွှေလင်းယုန်သည် လိမ္မာပါးနပ်စွာဖြင့် မိမိ၏ အသိုက်ဆီသို့ တိတ်တဆိတ် ပျံသန်းသွားလေသည်။
ဘာမျှမဖြစ်ခဲ့သကဲ့သို့ တိတ်ဆိတ်စွာ ဟန်ဆောင်နေခြင်း ဖြစ်၏။
ရွှေလင်းယုန်၏ စွန့်ပစ်ခြင်း ခံလိုက်ရသော ငန်းကြီးသည် မြေပြင်ပေါ်သို့ လဲကျသွားကာ ၎င်း၏ ဘဝသည် အဆုံးသတ်လုနီးပါး ဖြစ်သွားသည်။
“ချစ်ပ်”
‘ညီအစ်ကိုကောင်းကြီးရာ... ဒီတစ်ခေါက်တော့ မင်းအတွက် ငါပဲ အပြစ်ခံပေးလိုက်ပါ့မယ်’
“ငါ့ညီအစ်ကိုအတွက်ဆိုရင် ဘယ်လို အခက်အခဲမျိုးမဆို ရင်ဆိုင်ရဲပါတယ်” ဟူသော ဆိုရိုးစကား ရှိပေသည်။
ဒေါသထွက်နေသော ငန်းကြီးသည် ထိုနေရာတွင် ခြေဆောင့်ကာ
“ဂါး”
“အေးအတူ ပူအမျှ” ဟူသော ဆိုရိုးစကားလည်း ရှိသေးသည် မဟုတ်ပါလော။