← Chapters

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း ၃၂၁

Vol. 33 Ch. 321

အခန်း (၃၂၁) ကျွန်မကို လက်ထပ်မလား

တစ်ရက်တည်းအတွင်း ဒုက္ခသည် တစ်သိန်းမှာ ထင်းရှူးနက်ကျေးရွာသို့ ပြောင်းရွှေ့အခြေချလာကြ၏။

မင်ချွမ်မြို့နှင့် ကပ်လျက်ရှိသော ချင်းယာမြို့ကဲ့သို့သော မြို့များရှိ ဒုက္ခသည်စခန်းမှ ဒုက္ခသည်အားလုံးမှာလည်း ထင်းရှူးနက်ကျေးရွာသို့ ပြောင်းရွှေ့လာကြခြင်း ဖြစ်သည်။

ပို၍ ဝေးကွာသော မြို့များအတွက်မူ လူများကို အသုတ်လိုက် ခွဲ၍ ပြောင်းရွှေ့ရမည် ဖြစ်၏။

တစ်ရက်တည်းနှင့် ဒုက္ခသည် တစ်သိန်း ရောက်ရှိလာသောကြောင့် နေထိုင်ရေး ပြဿနာမှာ ရုတ်တရက် အရေးတကြီး ဖြစ်လာပေသည်။

ကျောက်လင်က ထင်းရှူးနက်တောင်ထိပ်မှ နေရောင်ခြည်စွမ်းအင်သုံးပြား ဖန်လုံအိမ်ကြီးဆီသို့ ပျံသန်းလာရာ ရှန်ချန်းရွှယ်က စိုးရိမ်တကြီးဖြင့် ပြေးလာခဲ့၏။

"ခင်ပွန်းရေ... ဒီနေ့ ဒုက္ခသည် တစ်သိန်းတောင် ရောက်လာတာ... ကျွန်မတို့ဆီမှာ နေစရာနေရာ မလောက်တော့ဘူး..."

ရှန်ချန်းရွှယ်က ရောက်ရောက်ချင်းပင် ပြဿနာကို ထုတ်ပြောလိုက်သည်။

ကျောက်လင်က ရှန်ချန်းရွှယ်၏ ပခုံးကို ချက်ချင်း ပုတ်ပေးလိုက်၏။

"မစိုးရိမ်ပါနဲ့... ဒီအခက်အခဲကို ငါ စောစောကတည်းက ကြိုတွေးထားပြီးသားပါ..."

"ငါ့သူငယ်ချင်းက ကောက်ရိုးဖျာ ငါးသိန်းတောင် ပြင်ဆင်ပြီးသွားပြီ... ဒီည ငါ့သူငယ်ချင်းကို ထပ်ဆက်သွယ်ပြီး ဂူတစ်ရာလောက် တူးခိုင်းလိုက်မယ်..."

ကျောက်လင်က အနည်းငယ်မျှပင် စိုးရိမ်ပူပန်ခြင်းမရှိဘဲ တည်ငြိမ်စွာ ပြောလိုက်၏။

ဂူတစ်ရာ တူးမည်ဖြစ်ပြီး ဂူတစ်ဂူစီတွင် လူတစ်ထောင်ဆံ့သော အခန်းကြီး တစ်ရာစီ ထပ်တူးမည် ဖြစ်သည်။

ပထမဆုံးအနေဖြင့် ဤဒုက္ခသည် တစ်သိန်းအတွက် နေထိုင်ရေးပြဿနာကို ဖြေရှင်းရမည် ဖြစ်၏။

ယခုအခါ ကျောက်လင်တွင် အားလပ်ချိန် အနည်းငယ် ရှိနေပြီဖြစ်ရာ ဂူတူးရန် အချိန်အလုံအလောက် ရှိပေသည်။

ဝယ်ယူထားသော ဒုက္ခသည် ငါးသိန်းကို တောင်ကုန်းအသီးသီးတွင် အညီအမျှ ခွဲဝေချထားမည်ဖြစ်ပြီး သို့မှသာ အလုပ်ရုံများ တည်ဆောက်ပြီးစီးသွားပါက အနီးအနားတွင် အလွယ်တကူ အလုပ်လုပ်နိုင်မည် ဖြစ်သည်။

"ခင်ပွန်းလည်း ပင်ပန်းနေပြီပဲ..."

ကျောက်လင်၏ အဖြေကို ကြားရသောအခါ ရှန်ချန်းရွှယ်မှာ နောက်ဆုံးတွင် စိတ်အေးသွားပြီး ဒုက္ခသည်များ၏ စားသောက်နေထိုင်ရေးနှင့် ဝတ်ဆင်ရေးတို့အတွက် ထပ်မံ စိုးရိမ်ပူပန်ခြင်း မရှိတော့ပေ။

ထိုသို့ပြောပြီးနောက် ရှန်ချန်းရွှယ်က အခြားကိစ္စရပ်များကို ဆက်လက် စီစဉ်ရန် ထွက်ခွာတော့မည့်ဆဲဆဲတွင်ပင်ဖြစ်၏။

ကျောက်လင်က ရှန်ချန်းရွှယ်ကို လှမ်းဆွဲထားလိုက်သည်။

ထိုအချိန်မှာပင် ကျောက်လင်က သူ၏ ဘယ်ဘက်လက်ဖြင့် စက္ကူတစ်ရွက်ကို ထုတ်ယူလိုက်ရာ ထိုစက္ကူပေါ်တွင် အမျိုးသမီး ကိုးဆယ့်ကိုးယောက်၏ အမည်များ အပြည့် ရေးသားထား၏။

မှန်ပေသည်။ ထိုအမျိုးသမီးများမှာ စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော အမျိုးသမီး ကိုးဆယ့်ကိုးယောက်ပင် ဖြစ်သည်။

"ဇနီးရေ... ဒီအမျိုးသမီး ကိုးဆယ့်ကိုးယောက် ထင်းရှူးနက်ကျေးရွာကို ရောက်လာရင် သူတို့ကို အာကာသတဲထဲမှာနေဖို့ စီစဉ်ပေးလိုက်ပါ..."

"ငါ့သူငယ်ချင်းကို နောက်ထပ် တဲအနည်းငယ်လောက် ထပ်ပို့ပေးဖို့ ခိုင်းလိုက်ဦးမယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

ရှန်ချန်းရွှယ်မှာ အလွန်အံ့အားသင့်သွားပြီး မှတ်စုစာရွက်ကို ယူလိုက်စဉ် သူမ၏ လက်များပင် တုန်ယင်သွားခဲ့သည်။

အာကာသတဲအတွင်းသို့ ပြောင်းရွှေ့နေထိုင်ရခြင်းမှာ ထိုအမျိုးသမီးများအားလုံးသည် ကျောက်လင် မျက်စိကျနေသူများဖြစ်ပြီး အနာဂတ်တွင် သူ၏ ဇနီးများ ဖြစ်လာတော့မည်ဟူသော အဓိပ္ပာယ်ပင်ဖြစ်၏။

ယခင်ကမူ ကျောက်လင် အပြင်ထွက်တိုင်း ဇနီးအသစ်တစ်ယောက် နှစ်ယောက်ခန့်သာ ရှာတွေ့လေ့ရှိသည်။

ယနေ့တွင်မူ ကျောက်လင် အပြင်ထွက်သွားရာမှ ဇနီးလောင်း ကိုးဆယ့်ကိုးယောက်ကို တစ်ပြိုင်နက် မျက်စိကျလာခဲ့ခြင်း ဖြစ်၏။

ရှန်ချန်းရွှယ်အနေဖြင့် ကျောက်လင်၏ ဇနီးအသစ်များကို ရင်ထဲမှ လက်ခံပေးနိုင်သော်လည်း တစ်ကြိမ်တည်းနှင့် ဇနီး ကိုးဆယ့်ကိုးယောက် ယူမည်ဆိုသော ကိစ္စကြောင့် တော်တော်လေး လန့်သွားခဲ့ရသည်။

ကျောက်လင်၏ ခန္ဓာကိုယ်ကရော ခံနိုင်ရည် ရှိပါ့မလား။

သို့သော်လည်း အိပ်ရာထဲတွင် စွမ်းဆောင်ရည် အလွန်ကောင်းမွန်သော ကျောက်လင်၏ အကြောင်းကို တွေးမိလိုက်သောအခါ ရှန်ချန်းရွှယ်မှာ ကျောက်လင်၏ ခံနိုင်ရည်အတွက် စိတ်ပူမနေတော့ပေ။

"ကောင်းပါပြီ... ကျွန်မ စီစဉ်လိုက်ပါ့မယ်..."

ရှန်ချန်းရွှယ်က တစ်ခွန်းသာ ပြန်ပြောပြီးနောက် လှည့်ထွက်သွားခဲ့၏။

ကျောက်လင်ကလည်း လှည့်၍ သူ၏ အာကာသတဲဆီသို့ လျှောက်သွားခဲ့သည်။ ထိုစဉ်အဂ္ဂိရတ်ပညာရှင် မိုချန်းချွမ်းက သူ၏ အာကာသတဲထဲမှ ထွက်လာကာ ချက်ချင်း ပြေးလာပြီး ကျောက်လင်ကို လှမ်းဆွဲလိုက်၏။

"ကျောက်လင်... မင်း မင်ချွမ်မြို့က အအေးသံသတ္တုတွင်းကို ရထားပြီလို့ကြားတယ်... သံရည်ကျိုဖို့ စီစဉ်နေတာလား..."

မိုချန်းချွမ်းက ချက်ချင်းပင် မေးခွန်းထုတ်လိုက်သည်။

ကျောက်လင်က ခေါင်းညိတ်ပြလိုက်၏။

"သံရည်ကျိုတဲ့ အလုပ်ရုံကို ဘယ်နေရာမှာ ဆောက်ဖို့ စီစဉ်ထားလဲ..."

"မဟာချင်မင်းဆက်ရဲ့ သံသတ္တုတွင်းတွေကို စီမံခန့်ခွဲမှုက တော်တော်လေး လျော့ရဲတယ်... ပုဂ္ဂလိကတွေအနေနဲ့လည်း သံရိုင်းတွေကို ကိုယ်တိုင် အရည်ကြိုခွင့်ရှိတယ်..."

"ဒါပေမဲ့ ပြည့်စုံတဲ့ သံရည်ကျိုအလုပ်ရုံတစ်ခု တည်ဆောက်ဖို့ဆိုရင် သတ္တုဗေဒဆိုင်ရာ အထူးစက်ကိရိယာတွေ အများကြီး လိုအပ်တယ်... အဲ့ဒါတွေအတွက် မင်းမှာ အရင်းအမြစ်တွေ ရှိလို့လား..."

မိုချန်းချွမ်းက ကျောက်လင်ကို ပြုံး၍ ကြည့်လိုက်ရာ သူ၏ မျက်လုံးများထဲတွင် မျှော်လင့်တကြီး ဖြစ်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေ၏။

မိုချန်းချွမ်း၏ အမူအရာကို မြင်လိုက်ရသောအခါ သံရည်ကျိုင်းသည် အဂ္ဂိရတ်ပညာရှင်တိုင်းအတွက် အခြေခံကျွမ်းကျင်မှုတစ်ခုဖြစ်ကြောင်း ကျောက်လင် သဘောပေါက်သွားသည်။ ဆပ်ပြာအလုပ်ရုံကို အောင်မြင်စွာ လည်ပတ်နိုင်ခဲ့ပြီးနောက် ယခုအခါ မိုချန်းချွမ်းက သူကိုယ်တိုင် သံရည်ကျိုအလုပ်ရုံတစ်ခု တည်ဆောက်ချင်နေပုံရ၏။

ကျောက်လင်က မူလကတည်းက သံရည်ကျိုအလုပ်ရုံတစ်ခုအတွက် စိတ်ကူးထားပြီး ဘွိုင်လာအိုး၏ အပူချိန်ကို ထိန်းသိမ်းရာတွင် လျှပ်စစ်မီးအစား အသုံးပြုနိုင်ရန် အပူချိန်မြင့် ဝိညာဉ်ရုန်းများကို မိုချန်းချွမ်းအား ဒီဇိုင်းဆွဲပေးစေချင်ခဲ့သည်။

မိုချန်းချွမ်းတွင် ဤကဲ့သို့သော စိတ်ကူးရှိနေပြီဖြစ်ရာ သံရည်ကျိုအလုပ်ရုံ တည်ဆောက်ရေးကို မိုချန်းချွမ်းထံ လုံးဝ လွှဲအပ်ပေးရမည်ဖြစ်၍ ကျောက်လင်မှာ သဘာဝကျစွာပင် ဝမ်းသာသွားခဲ့၏။

"သခင်ကြီးမို... သံရည်ကျိုအလုပ်ရုံအတွက် ထုတ်လုပ်ရေးလိုင်း စက်ကိရိယာ အပြည့်အစုံကို ကျွန်တော် ထောက်ပံ့ပေးနိုင်ပါတယ်..."

"ဒါပေမဲ့ အခက်အခဲတစ်ခုပဲ ရှိတယ်... ခင်ဗျားရဲ့ အကူအညီတော့ လိုလိမ့်မယ်..."

"အအေးသံသတ္တုရိုင်းတွေကို အရည်ကျိုဖို့အတွက် သံရည်ကျိုအိုးက အပူချိန် အရမ်းမြင့်ဖို့ လိုတယ်... အဲ့ဒါကြောင့် ကျင့်ကြံသူတချို့ကို ဝိညာဉ်စွမ်းအင်တွေ ထည့်သွင်းခိုင်းပြီး အပူချိန်ကို ထိန်းထားဖို့နဲ့ အအေးသံသတ္တုရိုင်းတွေကို ဆက်ပြီး အရည်ကျိုနိုင်အောင် အပူချိန်မြင့် ဝိညာဉ်ရုန်းအနည်းငယ်လောက်ကို သခင်ကြီးမိုက ကူညီလုပ်ပေးဖို့ လိုပါတယ်..."

ကျောက်လင်က ပြုံး၍ ကိုယ်တိုင် စတင် တောင်းဆိုလိုက်သည်။

မိုချန်းချွမ်းသည် မည်သို့ပင်ဖြစ်စေ အဂ္ဂိရတ်ဆရာသခင်တစ်ဦးဖြစ်ရာ ကျောက်လင်က သူ့အား လေးစားမှု အနည်းငယ်တော့ ပေးရမည် ဖြစ်၏။

"အပူချိန်မြင့် ဝိညာဉ်ရုန်းတွေကတော့ ငါ့ရဲ့ ကျွမ်းကျင်မှုပဲလေ..."

"ကျောက်လင်... သံရည်ကျိုအလုပ်ရုံကို ဘယ်နေရာမှာ ဆောက်ချင်တယ်ဆိုတာသာ ပြော... နေရာကို ရှင်းလင်းပြီး အလုပ်ရုံ ဆောက်ဖို့အတွက် ငါ လူတွေကို ချက်ချင်း စီစဉ်ပေးမယ်..."

ကျောက်လင်၏ တောင်းဆိုမှုကို ကြားလိုက်ရသောအခါ မိုချန်းချွမ်းမှာ အလွန် ဝမ်းသာသွားခဲ့၏။

ထင်းရှူးနက်ကျေးရွာတွင် ဆက်နေရမည့် အကြောင်းပြချက် နောက်တစ်ခု ထပ်တိုးလာခြင်းပင် ဖြစ်သည်။

"ဒါနဲ့ သခင်ကြီးမို... ခင်ဗျားရဲ့ လက်ရှိ ကျင့်ကြံမှုအဆင့်က ဘယ်လောက်လဲ..."

ရုတ်တရက် ကျောက်လင်က မေးခွန်းတစ်ခု မေးလိုက်၏။

"ငါလား..."

"ငါက ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံမှုအဆင့်လောက်ပဲ ရှိတာ..."

မိုချန်းချွမ်းက တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။

အဂ္ဂိရတ်ပညာရှင်များအတွက် ပေါင်းစည်းခြင်းနယ်ပယ်ဆိုသည်မှာ အလွန်မြင့်မားသော ကျင့်ကြံမှုအဆင့်တစ်ခုအဖြစ် သတ်မှတ်ခံရ၏။

ပေါင်းစည်းခြင်းနယ်ပယ်ရှိ ကျင့်ကြံသူတစ်ဦးသည် အစွမ်းထက်သော စိတ်စွမ်းအားကို ပိုင်ဆိုင်ထားပြီး ဝိညာဉ်အက္ခရာများစွာကို ဖန်တီးနိုင်ကာ အဂ္ဂိရတ်လုပ်ငန်းများကိုလည်း အမျိုးမျိုး လုပ်ဆောင်နိုင်ပေသည်။

"ကောင်းပြီ... ကျွန်တော် နားလည်ပါပြီ..."

"နောက်ရက်အနည်းငယ်လောက်နေရင် ကျွန်တော် လျှို့ဝှက်လေ့ကျင့်ရေးခန်းမတစ်ခု ဆောက်မယ်... ပြီးရင် အဲ့ဒီကိုဝင်ဖို့ တံဆိပ်ပြားတစ်ခုပေးမယ်... ခင်ဗျားရဲ့ ကျင့်ကြံမှုအတွက် ကျွန်တော် ကူညီပေးပါ့မယ်..."

ကျောက်လင်က ပြုံး၍ ပြောလိုက်၏။

မဟာလီမင်းဆက်၏ ရတနာသိုက်တွင် ကျောက်လင်က လမ်းစဉ်မေးမြန်းခြင်း ကျောက်စာတိုင်ငါးခုကို ရရှိခဲ့ပြီး ၎င်းတို့မှာ ပေါင်းစည်းခြင်းနယ်ပယ်ရှိ ကျင့်ကြံသူများအတွက် အထူး ဖန်တီးထားခြင်းဖြစ်သည်။

ကျောက်လင်သည် ပေါင်းစည်းခြင်းနယ်ပယ်သို့ မချိုးဖောက်နိုင်သေးသော်လည်း ယနေ့တွင် စနစ်၏ သတ်မှတ်ချက်များနှင့် ကိုက်ညီသော အမျိုးသမီး ကိုးဆယ့်ကိုးယောက်ကို ရှာတွေ့ခဲ့သည်။ ထို့ကြောင့် နောက်ရက်အနည်းငယ်အတွင်း ပေါင်းစည်းခြင်းနယ်ပယ်သို့ ချိုးဖောက်နိုင်မည်ဟု ကျောက်လင် ကြိုတင် မြင်တွေ့ထားပြီး ဖြစ်၏။

ထို့ကြောင့် ထိုလမ်းစဉ်မေးမြန်းခြင်း ကျောက်စာတိုင်ငါးခုကိုလည်း အသုံးပြုနိုင်ပေသည်။

မိုချန်းချွမ်းတွင် ထင်းရှူးနက်ကျေးရွာ၌ အချိန်ကြာမြင့်စွာ နေထိုင်ရန် စိတ်ကူးရှိနေပြီဖြစ်ရာ ကျောက်လင်အနေဖြင့် မည်သည့်အရာကိုမျှ လျှို့ဝှက်ထားမည် မဟုတ်ဘဲ သူ၏ ကျင့်ကြံမှုကို ကူညီပေးရန် ဆန္ဒရှိနေပေသည်။

"အိုး... ဒါဆိုရင်လည်း ငါ စောင့်ကြည့်ရသေးတာပေါ့..."

ကျောက်လင်နှင့်အတူ အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ပြီးနောက် ကျောက်လင် ပေးလေ့ရှိသော အရာများမှာ တန်ဖိုးဖြတ်မရနိုင်သောအရာများဖြစ်ကြောင်း မိုချန်းချွမ်း ကောင်းကောင်း သိထား၏။

ထို့ကြောင့် မိုချန်းချွမ်းက ကျောက်လင်၏ စကားကို ကြားလိုက်ရသည်နှင့် အလွန် မျှော်လင့်တကြီး ဖြစ်သွားပြီး ထိုလျှို့ဝှက်လေ့ကျင့်ရေးခန်းမထဲသို့ အမြန်ဆုံး ဝင်ရောက်ချင်နေခဲ့သည်။

"ကောင်းပြီ... ငါ မင်းကို ဆက်ပြီး အနှောင့်အယှက် မပေးတော့ဘူး... ရေချိုးခန်းကို သွားပြီး ရေကောင်းကောင်း သွားကူးလိုက်ဦးမယ်..."

မိုချန်းချွမ်းက လက်ပြကာ ပြုံး၍ ပြောလိုက်ပြီးနောက် ခပ်သွက်သွက် လျှောက်သွားခဲ့၏။

အာကာသတဲထဲတွင် ရေချိုးခန်း ပါရှိသော်လည်း မင်ချွမ်မြစ်ဘေးရှိ ရေချိုးခန်းတွင် ရေချိုးခဲ့ဖူးသည့်အချိန်မှစ၍ ယောက်ျားသား ရာပေါင်းများစွာနှင့်အတူ မြစ်ထဲတွင် ရေချိုးရသည့် အငွေ့အသက်ကို မိုချန်းချွမ်း သဘောကျသွားခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် ညစာစားပြီးတိုင်း ညနေခင်းများတွင် သူနှင့် အဆင်ပြေသော ဒုက္ခသည် အနည်းငယ်ကို ခေါ်ကာ ရေချိုးခန်းသို့ နာရီဝက်ခန့် သွားလေ့ရှိ၏။

ယနေ့ ထင်းရှူးနက်ကျေးရွာတွင် ဤအကျင့်ရှိသူမှာ မိုချန်းချွမ်းတစ်ယောက်တည်း မဟုတ်ဘဲ ယောက်ျားလေး ဒုက္ခသည်အများစုမှာ နေ့စဉ် အလုပ်လုပ်ပြီးနောက် ပင်ပန်းနွမ်းနယ်မှုများကို ပြေပျောက်စေရန် မင်ချွမ်မြစ်သို့ သွား၍ ရေချိုးလေ့ ရှိကြသည်။

ကျောက်လင်က မိုချန်းချွမ်း ထွက်သွားသည်ကို ကြည့်နေပြီးနောက် သူ၏ အာကာသတဲဆီသို့ ဆက်လျှောက်သွားခဲ့၏။

ထိုအခိုက်တွင် မိုဟုန်လျန်က သူမ၏ အာကာသတဲထဲမှ ရုတ်တရက် ခုန်ထွက်လာပြီး ကျောက်လင်၏ လက်ကို လှမ်းဆွဲလိုက်သည်။

ဘာများ ဖြစ်ပါလိမ့်။

ကျောက်လင်က မိုဟုန်လျန်ကို စပ်စုချင်စိတ်ဖြင့် ကြည့်လိုက်၏။

"ကျောက်လင်... နင် ငါ့ကို လက်ထပ်မလား..."

မိုဟုန်လျန်က ခေါင်းမော့ကာ အလွန် ပြတ်သားသော ဆုံးဖြတ်ချက်ဖြင့် မေးလိုက်သည်။

All Chapters