အခန်း ၃၂၃
Vol. 33 Ch. 323
အခန်း (၃၂၃) ဇနီးငါးယောက် ထပ်မံရရှိခြင်း
"ခင်ပွန်း... ဘာလို့ ဒီလောက် နောက်ကျနေရတာလဲ..."
ရှန်ချန်းရွှယ်က ကျောက်လင် ပြန်လာသည်ကို မြင်သောအခါ သူမ၏ မျက်လုံးများတွင် ကြင်နာယုယမှုများ ပြည့်နှက်နေ၏။ ကျောက်လင်သည် ဒုက္ခသည်ကိစ္စများဖြင့် ထပ်မံ အလုပ်ရှုပ်နေခဲ့ကြောင်း သူမ သိထားပြီး သူ့အတွက် အလွန်စိတ်မကောင်းဖြစ်မိသည်။
အပြင်လူများအမြင်တွင် ကျောက်လင်သည် များသောအားဖြင့် အားယားနေပြီး ဘာမှမလုပ်ဘဲ နေတတ်သူတစ်ယောက်ဟု ထင်ရ၏။
သို့သော် အိမ်ရှင်မတစ်ယောက်အနေဖြင့် ကျောက်လင်သည် နယ်မြေဖွံ့ဖြိုးတိုးတက်ရေးအတွက် တိတ်တဆိတ် မည်မျှ လုပ်ဆောင်ပေးခဲ့သည်ကို ရှန်ချန်းရွှယ်က အသိဆုံးပင် ဖြစ်သည်။
ဤဒုက္ခသည် ငါးသိန်း၏ နေထိုင်စားသောက်ရေး ပြဿနာများကို ဖြေရှင်းပေးရန် တွေးကြည့်ရုံဖြင့်ပင် လူကို မျှော်လင့်ချက် ကင်းမဲ့သွားစေရန် လုံလောက်နေပြီ ဖြစ်၏။
သို့သော် ကျောက်လင်က ဤအရာအားလုံးကို တစ်ယောက်တည်း ဒိုင်ခံဖြေရှင်းခဲ့သည်။
"ကိုယ်သူငယ်ချင်းတွေကို တောင်တချို့ဆီ ခေါ်သွားပြီး အဲ့ဒီတောင်တွေမှာ ဂူတွေတူးခိုင်းထားတယ်... ဒါကြောင့် ဒုက္ခသည် ငါးသိန်းရောက်လာရင်တောင် အကုန်လုံး နေလို့ရသွားပြီ..."
ကျောက်လင်က အေးဆေးစွာ ပြန်ပြောလိုက်ပြီး သူ၏ အကြည့်များက နျိုဟွမ်ယန်၊ ကျူးယင်ဟွာ၊ ချန်ထောင်ကျီ၊ ဟန်ချန်ချန် နှင့် နန်ချင်းချန် ဟူသော အမျိုးသမီးငါးဦးထံတွင် စူးစိုက်နေ၏။
ရှန်ချန်းရွှယ်မှာ ကျောက်လင်အတွက် စိတ်မကောင်းဖြစ်နေခဲ့သော်လည်း ထိုအကြည့်ကို မြင်လိုက်ရသောအခါ ချက်ချင်းပင် စိတ်ထဲမှ အပြစ်တင်လိုက်မိသည်။
သူမသာ ကိုယ်ဝန်မရှိနေလျှင် ဤအမျိုးသမီးငါးယောက်ကို အခွင့်အရေးပေးမည် မဟုတ်ပေ။
ကျောက်လင်နှင့်အတူ ကျင့်ကြံသရွေ့ သူမ၏ ခန္ဓာကိုယ်မှာ ပိုမိုကောင်းမွန်လာမည်ဖြစ်ပြီး သူမ၏ အဓိကကျင့်စဉ်ဖြစ်သော စိတ်အာရုံထိန်းချုပ်မှုကျင့်စဉ် သည်လည်း ပိုမိုတိုးတက်လာကာ သူမ၏ စိတ်စွမ်းအားများ တစ်နေ့တခြား တိုးပွားလာမည်ကို ရှန်ချန်းရွှယ်က ကောင်းစွာ သိထား၏။
သို့သော် ယခုအခါ သူမတွင် ကိုယ်ဝန်ရှိနေပြီဖြစ်ရာ ကျောက်လင်သည် သန္ဓေသားကို မထိခိုက်စေလိုသဖြင့် ကိုယ်ဝန်ဆောင်ဇနီးများကို သူ၏ အခန်းထဲသို့ ဝင်ခွင့်ပြုရန် ဝန်လေးနေခဲ့သည်။
"ခင်ပွန်း... ဒီအမျိုးသမီးငါးယောက်နဲ့ ကျွန်မ စကားပြောပြီးသွားပြီ..."
"သူတို့က ရှင့်ရဲ့ ဇနီးတွေ ဖြစ်လာဖို့ ဆန္ဒရှိကြတယ်..."
ထိုအခြေအနေကို မြင်သောအခါ ရှန်ချန်းရွှယ်က ကျောက်လင်ကို အရင်စကားပြောခွင့် မပေးတော့ဘဲ တည်ငြိမ်စွာပင် ဝင်ပြောလိုက်သည်။
ကျောက်လင်မှာ အနည်းငယ် အံ့အားသင့်သွားပြီးနောက် ရှန်ချန်းရွှယ်ကို ကျေးဇူးတင်သော အကြည့်ဖြင့် ကြည့်လိုက်၏။
ဤမျှနားလည်မှုရှိသော ဇနီးတစ်ယောက် ရထားခြင်းက သူ၏ ခွန်အားများကို အမှန်တကယ် များစွာသက်သာစေသည်။
ယခုအခါ ကျောက်လင် အခြားဇနီးများ ထပ်ယူမည့် ကိစ္စတွင်ပင် ရှန်ချန်းရွှယ်က ထိုအမျိုးသမီးများကို နားချပေးရန် များစွာ အားထုတ်ပေးခဲ့၏။
ထို့ကြောင့် ယခု ကျောက်လင်အနေဖြင့် ထိုအမျိုးသမီးများနှင့် မျက်နှာပြောင်တိုက်ကာ အပေးအယူ လုပ်နေစရာ မလိုတော့ပေ။
"သခင်ကြီးကို ဂါရဝပြုပါတယ်..."
ရှန်ချန်းရွှယ် စကားပြောအပြီးတွင် နျိုဟွမ်ယန်၊ ကျူးယင်ဟွာ၊ ချန်ထောင်ကျီ၊ ဟန်ချန်ချန်နှင့် နန်ချင်းချန်တို့အားလုံးက အနည်းငယ် ဦးညွှတ်လိုက်ကြပြီး ရှက်ရွံ့စွာဖြင့် ပြောလိုက်ကြသည်။
သူတို့ငါးယောက် ထင်းရှူးနက်တောင်သို့ ရောက်ရှိပြီးနောက် ရှန်ချန်းရွှယ်က ကျောက်လင်၏ ညွှန်ကြားချက်အတိုင်း သူတို့ကို အာကာသတဲဆီသို့ ချက်ချင်း ခေါ်သွားကာ ရေချိုးပေးပြီး သန့်ရှင်းသော အဝတ်အစားများ လဲလှယ်ပေးခဲ့၏။
ယခုအခါ သူတို့ငါးယောက်လုံး လုံးဝ ပြောင်းလဲသွားကြပြီဖြစ်ကာ တစ်ချက်ကြည့်လိုက်ရုံဖြင့် မည်သူ့ကိုမဆို စိတ်လှုပ်ရှားသွားစေနိုင်သည့် အလွန် လှပတင့်တယ်သော ရုပ်ရည်သွင်ပြင်များကို ပိုင်ဆိုင်ထားကြသည်။
"မင်းတို့အားလုံး ကိုယ့်အာကာသတဲမှာကိုယ် သွားနားကြတော့... ခဏနေရင် ကိုယ် လာခဲ့မယ်..."
ကျောက်လင်က ပြုံးယောင်သန်းလျက် ပြောလိုက်၏။
အမျိုးသမီးငါးယောက်မှာ ကျောက်လင်ကို လက်ခံထားပြီးဖြစ်သော်လည်း ဤစကားကို ကြားလိုက်ရသောအခါ သူတို့ ဘာကြုံတွေ့ရမည်ကို အားလုံး သဘောပေါက်သွားကြပြီး သူတို့၏ ခန္ဓာကိုယ်များမှာ အကြောင်းပြချက်မရှိ တုန်ယင်သွားကြသည်။
ထိတ်လန့်တုန်လှုပ်မှုများဖြင့် သူတို့ငါးယောက်သည် သက်ဆိုင်ရာ အာကာသတဲများဆီသို့ အသီးသီး ပြန်သွားကြ၏။
"ချန်းရွှယ်... မင်း တော်တော်လေး အပင်ပန်းခံလိုက်ရပြီ..."
လူငါးယောက် ထွက်သွားသည်ကို ကြည့်ပြီးနောက် ကျောက်လင်က သူမကို ကျေးဇူးတင်စကား ပြောလိုက်သည်။
"ခင်ပွန်း... ကျွန်မမှာ ဆန္ဒတစ်ခုပဲရှိတယ်... ရှင် လူသစ်ရလာတဲ့အခါ ကျွန်မကို ပစ်မထားဖို့ပါပဲ..."
ရှန်ချန်းရွှယ်က ကျောက်လင်ကို စူးရှသော မျက်လုံးများဖြင့်ကြည့်ကာ အဖြေတစ်ခုကို လိုချင်နေ၏။
"ဒါပေါ့... မင်း ကလေးမွေးပြီးသွားရင် ကိုယ် မင်းကို ပိုပြီးတောင် ချစ်ပေးဦးမှာပါ..."
ကျောက်လင်က ချက်ချင်းပင် ပြန်ဖြေလိုက်သည်။
"ဟုတ်ကဲ့... ခင်ပွန်းရဲ့ ကတိကို ကျွန်မ ယုံပါတယ်..."
"အချိန်လည်း လင့်နေပြီဆိုတော့ ကျွန်မ သွားနားတော့မယ်..."
ရှန်ချန်းရွှယ်မှာ အလွန်ဝမ်းသာသွားပြီး အာကာသတဲထဲသို့ လှည့်ဝင်သွား၏။
ကျောက်လင်က အနည်းငယ် ပြုံးလိုက်ပြီး သူ၏ အာကာသတဲထဲသို့ ချက်ချင်း ပြေးဝင်ကာ ဂူတူးစဉ်က ထွက်ထားသော ချွေးများကို ပြောင်စင်သွားစေရန် ရေချိုးပစ်လိုက်သည်။
ဘောင်းဘီတိုနှင့် တီရှပ်ကို ဝတ်ဆင်ထားသော ကျောက်လင်သည် အာကာသတဲထဲမှ ထွက်လာပြီး နန်ချင်းချန်၏ အာကာသတဲဆီသို့ တန်းတန်းမတ်မတ် သွားလိုက်၏။
နန်ချင်းချန်သည် စနစ်ထဲတွင် အဆင့်(၁) အလှပိုင်ရှင် ဖြစ်သည်။
"အာ..."
နန်ချင်းချန်သည် အမှန်တကယ်ပင် အလွန် လှပကျော့ရှင်းသော ရုပ်ရည်ကို ပိုင်ဆိုင်ထား၏။ ကျောက်လင်က တံခါးကို တွန်းဖွင့်ကာ အာကာသတဲထဲသို့ ဝင်လာသည်ကို မြင်သောအခါ သူမ လန့်ဖျပ်သွားသည်။
သို့သော် ထိုနေ့မွန်းလွဲပိုင်းက ရှန်ချန်းရွှယ် သူမကို ပြောခဲ့သည့်စကားများကို နန်ချင်းချန် ပြန်တွေးမိသောအခါ ကျောက်လင်နောက်သို့ လိုက်သရွေ့ သူမ၏ ကျင့်ကြံမှုများ တိုးတက်လာမည်ဖြစ်ပြီး အနာဂတ်တွင် ကျောက်လင်က ကုန်ပစ္စည်းအစောင့်အဖွဲ့ အသစ်တစ်ခုတည်ထောင်ရန် ကူညီပေးမည်ဆိုသဖြင့် သူမ အလွန် ဝမ်းသာသွား၏။
သူမသည် မိသားစုကိုရော ကျင့်ကြံမှုကိုပါ ဆုံးရှုံးခဲ့ရပြီး ဖခင်ဖြစ်သူ၏ နောက်ဆုံးမှာကြားချက်များကို လိုက်နာကာ အသက်ရှင်နေရုံသာ ဖြစ်သည်။
အကယ်၍ ကျောက်လင်က သူမ၏ ကျင့်ကြံမှုကို ပြန်လည်ရရှိရန် အမှန်တကယ် ကူညီပေးနိုင်ပြီး ကုန်ပစ္စည်းအစောင့်အဖွဲ့တစ်ခု တည်ထောင်ရန်ပါ ကူညီပေးနိုင်မည်ဆိုလျှင် သူ့ထံတွင် လက်အောက်ခံရန်မှာ သူမအတွက် မဖြစ်နိုင်စရာ မရှိပေ။
"ဘာဖြစ်လို့လဲ... ကိုယ် မင်းကို လန့်သွားစေတာလား..."
"မင်း အဆင်သင့်မဖြစ်သေးရင် ကိုယ် နည်းနည်း ထပ်စောင့်ပေးလို့ ရပါတယ်..."
နန်ချင်းချန်၏ စိုးရိမ်ထိတ်လန့်နေသော အမူအရာကို မြင်သောအခါ ကျောက်လင်က ချက်ချင်း ရပ်တန့်လိုက်ပြီး တည်ငြိမ်စွာ မေးလိုက်၏။
ထိုစကားကို ကြားသောအခါ နန်ချင်းချန်က သူမ၏ အမူအရာ ပျက်ယွင်းသွားမှုကြောင့် ကျောက်လင် မကျေမနပ် ဖြစ်သွားသည်ကို ချက်ချင်း သဘောပေါက်လိုက်သည်။
ဆုံးဖြတ်ချက်ချပြီးဖြစ်သော နန်ချင်းချန်သည် ကုတင်ပေါ်မှ ချက်ချင်း ဆင်းလာကာ အာကာသတဲ၏ တံခါးကို ကိုယ်တိုင် သွားပိတ်လိုက်ပြီးနောက် ကျောက်လင်အနီးသို့ ရောက်လာကာ ကျောက်လင်၏ အဝတ်အစားများကို စတင်၍ ချွတ်ပေးလိုက်၏။
"သခင်ကြီး... ကျွန်မ အဆင်သင့်ဖြစ်ပါပြီ..."
"သခင်ကြီး... ကျေးဇူးပြုပြီး ကျွန်မကို ညှာတာပေးပါ..."
နန်ချင်းချန်က ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
ကျောက်လင်က လက်လှမ်းကာ နန်ချင်းချန်၏ ခေါင်းကို ပွတ်သပ်၍ စိတ်သက်သာရာ ရစေရန် နှစ်သိမ့်ပေးလိုက်၏။
(ကြားထဲက ဆင်ဆာပါ)
ထို့နောက် ကျောက်လင်၏ အသိစိတ်က စနစ်မျက်နှာပြင်ဆီသို့ အာရုံရောက်သွား၏။
[ပိုင်ရှင်၏ ဇနီး နန်ချင်းချန်နှင့် မင်္ဂလာဦးည အောင်မြင်စွာ ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည်။ စနစ်မှ သင့်အား နှစ် ၂၀ စာ ကျင့်ကြံမှု ချီးမြှင့်ပါသည်]။
[ပိုင်ရှင်၏ ဇနီး နန်ချင်းချန် ကိုယ်ဝန်ရရှိသွားသည့်အတွက် ဂုဏ်ယူပါသည်။ စနစ်မှ ပိုင်ရှင်အား နတ်ဘုရား အမြန်နှုန်းကျင့်စဉ်ကို ချီးမြှင့်ပါသည်]။
ထိုအချိန်တွင် ကျောက်လင်၏ စိတ်ထဲ၌ ကျင့်စဉ်အသစ်တစ်ခု ပေါ်လာ၏။
နတ်ဘုရားအမြန်နှုန်း ကျင့်စဉ်သည် နဝမအဆင့် လှုပ်ရှားမှုကျင့်စဉ် ဖြစ်သည်။ ၎င်းကို ကျွမ်းကျင်ပိုင်နိုင်သွားပါက ကျောက်လင်၏ ခန္ဓာကိုယ်သည် ဟင်းလင်းပြင်ထဲတွင် ပျောက်ကွယ်သွားနိုင်ပြီး ရုတ်တရက် ပြန်ပေါ်လာနိုင်ကာ အခြားသူများအနေဖြင့် သူ၏ သွားလာလှုပ်ရှားသည့် လမ်းကြောင်းကို ခြေရာခံရန် မဖြစ်နိုင်တော့ပေ။
"ဒါက အရမ်းမိုက်တာပဲ... နန်ချင်းချန်ဆီကနေ ဒီလောက် စွမ်းအားကြီးတဲ့ လှုပ်ရှားမှုကျင့်စဉ် ထွက်လာမယ်လို့ ငါ ဘယ်တုန်းကမှ မထင်ထားခဲ့ဘူး..."
ကျောက်လင်မှာ အလွန်ဝမ်းသာသွားသည်။
"ဇနီးလေး... မင်း သေချာအနားယူလိုက်ဦး... ကိုယ် အခြားဇနီးတွေကိုလည်း သွားပြီး အလိုလိုက်ပေးရဦးမယ်..."
ကျောက်လင်က သူ့ဘေးတွင် ကြောင်ပေါက်လေးတစ်ကောင်လို ကွေးကွေးလေး အိပ်နေသော နန်ချင်းချန်ကို ကြည့်ကာ သူမ၏ ချောမွေ့မွှေးပျံ့နေသော ပခုံးလေးကို ပုတ်၍ ညင်သာစွာ ပြောလိုက်၏။
"အင်း..."
နန်ချင်းချန်က ရှက်ရွံ့စွာ ရေရွတ်လိုက်သော်လည်း ကျောက်လင်ကို ကြည့်ရန်တော့ သတ္တိမရှိပေ။
ထို့နောက် ကျောက်လင်သည် နျိုဟွမ်ယန်၊ ကျူးယင်ဟွာ၊ ချန်ထောင်ကျီ နှင့် ဟန်ချန်ချန်တို့ ရှိနေသည့် အာကာသတဲများဆီသို့ သွားခဲ့သည်။
သူသည် ထိုအမျိုးသမီးလေးဦးကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့၏။
စနစ်မျက်နှာပြင်တွင် မက်ဆေ့ချ်လေးခု ဆက်တိုက် ပေါ်လာသည်။
[ပိုင်ရှင်၏ ဇနီး နျိုဟွမ်ယန်နှင့် မင်္ဂလာဦးည အောင်မြင်စွာ ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည်။ စနစ်မှ သင့်အား တစ်နှစ်စာ ကျင့်ကြံမှု ချီးမြှင့်ပါသည်]။
[ပိုင်ရှင်၏ ဇနီး နျိုဟွမ်ယန် ကိုယ်ဝန်ရရှိသွားသည့်အတွက် ဂုဏ်ယူပါသည်။ စနစ်မှ ပိုင်ရှင်အား ဆရာသခင်အဆင့် လက်သမားပညာ ကျွမ်းကျင်မှုကို ချီးမြှင့်ပါသည်]။
[ပိုင်ရှင်၏ ဇနီး ကျူးယင်ဟွာနှင့် မင်္ဂလာဦးည အောင်မြင်စွာ ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည်။ စနစ်မှ သင့်အား တစ်နှစ်စာ ကျင့်ကြံမှု ချီးမြှင့်ပါသည်]။
[ပိုင်ရှင်၏ ဇနီး ကျူးယင်ဟွာ ကိုယ်ဝန်ရရှိသွားသည့်အတွက် ဂုဏ်ယူပါသည်။ စနစ်မှ ပိုင်ရှင်အား ဆရာသခင်အဆင့် အရက်ချက်ပညာ ကျွမ်းကျင်မှုကို ချီးမြှင့်ပါသည်]။
[ပိုင်ရှင်၏ ဇနီး ချန်ထောင်ကျီနှင့် မင်္ဂလာဦးည အောင်မြင်စွာ ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည်။ စနစ်မှ သင့်အား ၅ နှစ်စာ ကျင့်ကြံမှု ချီးမြှင့်ပါသည်]။
[ပိုင်ရှင်၏ ဇနီး ချန်ထောင်ကျီ ကိုယ်ဝန်ရရှိသွားသည့်အတွက် ဂုဏ်ယူပါသည်။ စနစ်မှ ပိုင်ရှင်အား ဆရာသခင်အဆင့် သစ်သီးပင်စိုက်ပျိုးရေး ကျွမ်းကျင်မှုကို ချီးမြှင့်ပါသည်]။
[ပိုင်ရှင်၏ ဇနီး ဟန်ချန်ချန်နှင့် မင်္ဂလာဦးည အောင်မြင်စွာ ပြီးမြောက်သည့်အတွက် ဂုဏ်ယူပါသည်။ စနစ်မှ သင့်အား ၅ နှစ်စာ ကျင့်ကြံမှု ချီးမြှင့်ပါသည်]။
[ပိုင်ရှင်၏ ဇနီး ဟန်ချန်ချန် ကိုယ်ဝန်ရရှိသွားသည့်အတွက် ဂုဏ်ယူပါသည်။ စနစ်မှ ပိုင်ရှင်အား စီးပွားရေးစစ်ပွဲ နည်းဗျူဟာ သုံးဆယ့်ခြောက်သွယ်ကို ချီးမြှင့်ပါသည်]။
တစ်ညတာ တိုက်ပွဲအတွင်း ကျောက်လင်သည် ၃၂ နှစ်စာ ကျင့်ကြံမှုကို ရရှိခဲ့၏။
ထိုအချိန်တွင် စနစ်၏ ကိုယ်ပိုင်အချက်အလက် မျက်နှာပြင်၌…
[ကျင့်ကြံမှုအဆင့် - +၅၅]
"ဒီ ၅၅ နှစ်စာ ကျင့်ကြံမှုကို ဟောက်ယန်ကျင့်စဉ် မှာသာ အသုံးပြုခဲ့မယ်ဆိုရင် ကိုယ့်ကို ကျောက်စိမ်းဗိမာန်နယ်ပယ်ရဲ့ အမြင့်ဆုံးအဆင့်အထိ ချိုးဖြတ်တက်လှမ်းနိုင်အောင် လုပ်ပေးနိုင်မှာပဲ..."
"ဒါပေမဲ့ ငါက ပေါင်းစည်းခြင်းနယ်ပယ်ရဲ့ ကနဦးအဆင့်ကို တိုက်ရိုက် ချိုးဖြတ်တက်လှမ်းချင်သေးတယ်..."
"ကျင့်ကြံမှုအမှတ်တွေကို ဆက်ပြီး စုဆောင်းမယ်... အမှတ်တွေက နှစ် ၁၀၀ စာ ပြည့်သွားတဲ့အခါ ဟောက်ယန်ကျင့်စဉ်ထဲကို တစ်ပြိုင်နက်တည်း ထည့်လိုက်ပြီး ပေါင်းစည်းခြင်းနယ်ပယ်ဆီ တိုက်ရိုက် ချိုးဖြတ်တက်လှမ်းနိုင်အောင် ကြိုးစားရမယ်..."
သူ၏ ကိုယ်ပိုင်အချက်အလက် မျက်နှာပြင်ရှိ အချက်အလက်များကို ကြည့်ရင်း ကျောက်လင်က ဆုံးဖြတ်ချက် ချလိုက်သည်။