အခန်း ၃၂၇
Vol. 33 Ch. 327
အခန်း (၃၂၇) အဂ္ဂိရတ်သမီးပျိုကို သိမ်းပိုက်ခြင်းနှင့် အသွင်ပြောင်းနယ်ပယ်ပုတီးစေ့ကို ရရှိခြင်း
"ကောင်းပြီ၊ ကျွန်တော် သဘောတူတယ်..."
မိုချန်းချွမ်း၏ စည်းကမ်းချက်များကို ကြားလိုက်ရသောအခါ ကျောက်လင်က ချက်ချင်းပင် ခေါင်းညိတ်လိုက်၏။
ကျောက်လင်အနေဖြင့် စွမ်းအင်သိုလှောင်သည့် ဘတ္ထရီနည်းပညာဆိုင်ရာ အချက်အလက်များကို စနစ်၏ ဈေးဆိုင်မှတစ်ဆင့် အလွယ်တကူ ဝယ်ယူနိုင်ပေသည်။
ဘတ္ထရီ ထုတ်လုပ်မှုလိုင်းကို တည်ဆောက်ခြင်းမှာ ကြီးမားသည့် စက်မှုလုပ်ငန်းကွင်းဆက်တစ်ခု လိုအပ်ပြီး အမှန်တကယ်ပင် ရင်းနှီးမြှုပ်နှံမှု အမြောက်အမြား လိုအပ်မည် ဖြစ်၏။
သို့သော် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်သော မိုချန်းချွမ်းက ကျောက်လင်သာ လိုအပ်သည့် နည်းပညာအချက်အလက်များကို ပေးမည်ဆိုလျှင် စက်မှုလုပ်ငန်းကွင်းဆက် အမျိုးမျိုး၏ ထုတ်လုပ်မှုနေရာတွင် အဂ္ဂိရတ်ပညာဖြင့် အစားထိုး အသုံးပြုနိုင်ပေလိမ့်မည်။
ကျောက်လင်က ဤကိစ္စအတွက် အချိန်ကုန်ခံ၍ စွမ်းအင်များ မဖြုန်းတီးလိုပေ။ ထို့ကြောင့် မိုချန်းချွမ်းကိုသာ သုတေသနပြုလုပ်စေလိုက်ခြင်း ဖြစ်သည်။
"မင်း တကယ်ပဲ သဘောတူတာလား..."
ယခုတစ်ကြိမ်တွင်မူ မိုချန်းချွမ်းက အံ့အားသင့်သွားရပြီ ဖြစ်သည်။
မိုချန်းချွမ်းက မောင်းသူမဲ့ယာဉ်များကို လေ့လာနေသည်မှာ ရက်အတော်ကြာပြီဖြစ်ပြီး ထိုစက်မှုပုံစံ အစိတ်အပိုင်းများမှာ သူ၏အတွက် အခက်အခဲ မဟုတ်ပေ။
မိုချန်းချွမ်း ခေါင်းကိုက်နေရသော တစ်ခုတည်းသော ပြဿနာမှာ ဘတ္ထရီနည်းပညာဖြစ်ပြီး ၎င်းက သူ့အတွက် အကြီးမားဆုံး အနှောင့်အယှက် ဖြစ်နေခဲ့သည်။
မိုချန်းချွမ်းက ဘတ္ထရီနည်းပညာသည် ကျောက်လင်၏ မိတ်ဆွေဆိုသူထံမှ လျှို့ဝှက်ချက်တစ်ခု ဖြစ်လိမ့်မည်ဟု ထင်မှတ်ထားဆဲ ဖြစ်သည်။
ကျောက်လင်၏ လျင်မြန်သော သဘောတူညီချက်က မိုချန်းချွမ်းကို အံ့အားသင့်စေပြီးနောက် ကြီးမားသော စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေ၏။
သူသည် လူသားတို့၏ အဝေးကွာဆုံး နေရာများသို့ ဆက်သွယ်နိုင်မည့် အိပ်မက်ကို အကောင်အထည်ဖော်ရန် လျှပ်စစ်ပုစဉ်းယာဉ်ကို အားကိုးနေခဲ့ရာ ယခုတော့ ပထမဆုံး ခြေလှမ်းကို နောက်ဆုံးတွင် လှမ်းနိုင်ခဲ့ပြီ ဖြစ်သည်။
"ကျွန်တော် ကျွန်တော့်ရဲ့ မိတ်ဆွေနဲ့ စကားပြောပြီး သူ့ကို ဘတ္ထရီနည်းပညာတွေ သင်ပေးဖို့ တောင်းဆိုလိုက်ပါ့မယ်..."
ကျောက်လင်က တည်ကြည်စွာ ခေါင်းညိတ်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်သည်။
ကျောက်လင်၏ မျက်လုံးများကို ကြည့်လိုက်သည့်အခါ သူသည် နောက်ပြောင်နေခြင်း မဟုတ်သလို ရှောင်လွှဲနေခြင်းလည်း မဟုတ်ကြောင်း မိုချန်းချွမ်း သိရှိသွား၏။
စိတ်အားထက်သန်မှုများက သူ၏ ရင်ထဲတွင် တရိပ်ရိပ် တက်လာပြီး ဆယ်စုနှစ်များစွာ ပို၍ နုပျိုသွားသလို ခံစားလိုက်ရသည်။ သူသည် မိမိ၏ အိပ်မက်အတွက် အစွမ်းကုန် ကြိုးစားရန် ဆုံးဖြတ်လိုက်သည်။
ထိုအချိန်တွင် ကျောက်လင်၏ မျက်လုံးများက ပတ်ဝန်းကျင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်၏။
ရှန်ချန်းရွှယ်က နံနက်ပိုင်းတွင် လူများကို စေလွှတ်၍ အာကာသတဲ (၁၀၀) ကို ရွှေ့ပြောင်းစေခဲ့ရာ အာကာသတဲအသစ်များအားလုံးမှာ တစ်ရက်အတွင်းမှာပင် နေရာချထားခြင်း ပြီးစီးသွားသည်။
ယခုအခါ နယ်မြေတွင် လုပ်သားအင်အား လုံလောက်စွာ ရှိနေပြီဖြစ်သဖြင့် ရှန်ချန်းရွှယ်အတွက် စီမံခန့်ခွဲရသည်မှာ ပို၍ လွယ်ကူသွား၏။
အောက်ဘက်ကို ကြည့်လိုက်သောအခါ တဲအမိုးကြီးအောက်တွင် လူများဖြင့် ပြည့်နှက်နေပြီး ထိုနေ့က ပြောင်းရွှေ့လာကြသော ဒုက္ခသည်များ တိုးမပေါက်အောင် ရှိနေသည်။
ထိုအချိန်တွင် တဲအမိုးကြီးအောက်၌ ဒုက္ခသည်များကို ပေါက်စီအတွက် တန်းစီခိုင်းနေသော ရှန်ချန်းရွှယ်က ကျောက်လင်၏ ပုံရိပ်ကို မြင်လိုက်ရသည်။
ထို့ကြောင့် ရှန်ချန်းရွှယ်က တာဝန်ဝတ္တရားများကို လက်အောက်ငယ်သားများထံသို့ ချက်ချင်း လွှဲပြောင်းပေးလိုက်၏။
ရှန်ချန်းရွှယ်က အမှတ်(၁)ဂူသို့ သွားရောက်ကာ လှပသော အမျိုးသမီး (၉၄) ယောက်ကို ခေါ်ဆောင်လာခဲ့သည်။
ကျောက်လင်က ၎င်းကို မြင်လိုက်ရသောအခါ ပြုံးလိုက်၏။
သဘာဝကျစွာပင် ဤအမျိုးသမီး (၉၄) ယောက်မှာ စနစ်၏ လိုအပ်ချက်များနှင့် ကိုက်ညီသူများ ဖြစ်သည်။
ကျောက်လင်က သူတို့ကို ကိုယ်တိုင် သတိပေးပြီးနောက် ဒုက္ခသည်စခန်း (၂၄) ခုမှ တာဝန်ရှိသူများမှာ ဤအလှပဂေးများကို မထိန်းသိမ်းဝံ့တော့ဘဲ ထင်းရှူးနက်ကျေးရွာသို့ နာခံစွာ ပို့ဆောင်ပေးလိုက်ကြသည်။
ကျောက်လင်၏ ညွှန်ကြားချက်အတိုင်း ရှန်ချန်းရွှယ်က အလှပဂေးများအားလုံးကို ကျောက်လင်နှင့် လက်ထပ်ရန် သဘောတူအောင် စည်းရုံးနိုင်ခဲ့သည်။
"ဇနီးသည် (၉၄) ယောက်က တစ်ခါတည်း ရောက်လာတာပဲ..."
ကျောက်လင်က အလွန်စိတ်လှုပ်ရှားနေ၏။
ဘေးတွင် ရပ်နေသော မိုချန်းချွမ်းက ဘေးသို့ ခိုးကြည့်လိုက်ရာ ကျောက်လင်၏ နှုတ်ခမ်းထက်တွင် ပေါ်လာသော ထူးဆန်းသည့် အပြုံးကို မြင်လိုက်ရသည်။
“ဘာကြောင့်လဲ…”
မိုချန်းချွမ်းက ခေါင်းခါ၍ သက်ပြင်းချလိုက်သည်။ သူ၏ မြေးမကို ကျောက်လင်နှင့် လက်ထပ်ပေးခြင်းက ကျောက်လင်အတွက် အလွန် အကျိုးများနေသည်ဟု အမြဲ ခံစားနေရ၏။
ဤအမျိုးသမီး (၉၄) ယောက်နှင့်အတူ မနေ့က အမျိုးသမီး (၅) ယောက်မှာလည်း ကျောက်လင် လက်ထပ်မည့် သတို့သမီးများဖြစ်ကြောင်း မိုချန်းချွမ်း သဘာဝကျစွာပင် နားလည်ထားသည်။
သူ၏ မြေးမ အပါအဝင် သတို့သမီးတစ်ရာကို တစ်ပြိုင်နက်တည်း လက်ထပ်တော့မည် ဖြစ်သည်။
မည်သို့ပင် တွေးတွေး ဘတ္ထရီနည်းပညာအတွက်နှင့် မိမိ၏ မြေးမကို ကျောက်လင်ထံ အပ်နှင်းလိုက်သလို ခံစားနေရ၏။
သို့သော်လည်း ဘေးတွင် ရပ်နေသော မိုဟုန်လျန်မှာမူ အမူအရာ လုံးဝ မပြောင်းလဲဘဲ ထိုအမျိုးသမီးငယ် (၉၄) ယောက်ကို တည်ငြိမ်စွာ ကြည့်ရှုနေသည်ကို မိုချန်းချွမ်း သတိမထားမိပေ။
ထင်ရှားသည်မှာ မိုဟုန်လျန်က စိတ်နာကျည်းမှုများကို လွှတ်ချလိုက်ပြီဖြစ်ပြီး ကျောက်လင်၏ မောင်းမအပေါင်း (၃၀၀၀)ကိုလည်း ဆန့်ကျင်တော့မည် မဟုတ်ပေ။
မိုဟုန်လျန်က တစ်ခုတည်းကိုသာ တောင်းဆိုသည်။ ကျောက်လင် သူမကို လက်ထပ်ရန်၊ သူမအပေါ် စိတ်ရင်းမှန်ဖြင့် ဆက်ဆံရန်နှင့် သူမ၏ တောင်းဆိုချက်တိုင်းကို လိုက်လျောရန်သာ ဖြစ်သည်။
မကြာမီ ရှန်ချန်းရွှယ်က အမျိုးသမီး (၉၄) ယောက်ကို နေရောင်ခြည်စွမ်းအင်သုံး ဖန်လုံအိမ်သို့ ခေါ်ဆောင်သွားလိုက်သည်။
"ခင်ပွန်း... ကျွန်မ ဒီအမျိုးသမီးတွေအားလုံးကို စည်းရုံးပြီးပြီ... သူတို့အားလုံး ရှင့်ကို လက်ထပ်ဖို့ သဘောတူကြတယ်..."
ရှန်ချန်းရွှယ်က တည်ငြိမ်စွာ ပြောလိုက်သည်။
ကျောက်လင်က ရှန်ချန်းရွှယ်၏ ပါးပြင်ကို ထိတွေ့ကာ သူမ၏ လုပ်ဆောင်ချက်အတွက် ကျေးဇူးတင်ကြောင်း ပြသလိုက်၏။
“ဒါက တကယ်ပဲ ကိုယ့်ကို အလုပ်အတော်များများ သက်သာသွားစေတယ်”
ဤမျှစွမ်းဆောင်ရည်ရှိပြီး ရက်ရောသော ဇနီးသည်မျိုး ရှိထားသည့်အတွက် ကျောက်လင်မှာ အမှန်တကယ်ပင် ကံကောင်းလှပေသည်။
"ကောင်းပြီ... ကျွန်တော့်ရဲ့ ဇနီးလေး... မင်း အရမ်း ပင်ပန်းသွားပြီ..."
"သူတို့ကို အာကာသတဲတွေထဲမှာပဲ နေခိုင်းလိုက်ပါ..."
ကျောက်လင်က အပြုံးဖြင့် ပြောလိုက်သည်။
မိုချန်းချွမ်း၏ ရှေ့မှောက်တွင် ကျောက်လင်က ဤအမျိုးသမီးများကို အလိုလိုက်လိုကြောင်း ပြောရန် မဖြစ်နိုင်ပေ။
"ဟုတ်ကဲ့..."
ရှန်ချန်းရွှယ်က ပြန်ဖြေလိုက်ပြီးနောက် အမျိုးသမီး (၉၄) ယောက်ကို အာကာသတဲတစ်ခုစီသို့ နေရာချထားပေးရန် ခေါ်ဆောင်သွားသည်။
၎င်းကို မြင်လိုက်ရသောအခါ မိုချန်းချွမ်းမှာ ကျောက်လင်၏ ဘေးတွင် ဆက်၍ မရပ်နေလိုတော့ပေ။ သူသည် အနှောင့်အယှက် ဖြစ်နေသည်ဟု ခံစားလိုက်ရသည်။
ထို့ကြောင့် မိုချန်းချွမ်းက အကြောင်းပြချက်တစ်ခု ပေး၍ ထွက်ခွာသွားလိုက်၏။
သူ၏ အဘိုး ထွက်သွားသည်ကို ကြည့်ပြီးနောက် မိုဟုန်လျန်က ကျောက်လင်ကို စိုက်ကြည့်လိုက်သည်။
"ကျွန်မရဲ့ ခင်ပွန်း... ကျွန်မအဘိုးလည်း သဘောတူပြီးပြီ... အခု ကျွန်မ ခင်ပွန်းရဲ့ ဇနီးအဖြစ် လိုချင်တယ်..."
"ဒီည... ကျွန်မကို ယူမှာလား..."
မိုဟုန်လျန်က ရဲရင့်စွာပင် ပြောလိုက်သည်။
ကျောက်လင်က ခေါင်းခါလိုက်၏။
"မရဘူး... အဘိုးမိုကို ပေးထားတဲ့ ကတိအတိုင်း တည်ရမယ်..."
"ဘတ္ထရီနည်းပညာကို သူ့လက်ထဲ မအပ်ရသေးခင် ကိုယ်တို့ ဒီခြေလှမ်းကို မလှမ်းနိုင်သေးဘူး..."
ကျောက်လင်က တည်ငြိမ်စွာ ပြန်ဖြေလိုက်သည်။
မိုဟုန်လျန်က စိတ်မကောင်းဖြစ်စွာဖြင့် ခြေထောက်ကို စောင့်ချလိုက်ပြီး ရုတ်တရက် ရှေ့သို့ တိုးဝင်လာ၏။
ကျောက်လင်ကို ငြင်းဆန်ရန် အခွင့်အရေး မပေးဘဲ ကျောက်လင်၏ ခန္ဓာကိုယ်ကို ပွေ့ချီကာ အာကာသတဲထဲသို့ ပျံသန်းဝင်ရောက်သွားသည်။
ကျောက်လင်မှာ အံ့အားသင့်သွားပြီး မည်သို့ ဆန့်ကျင်ရမှန်း မသိတော့ပေ။
ထို့နောက် ကျောက်လင်သည် အဂ္ဂိရတ်သမီးပျို၏ ရဲရင့်မှုကို ကိုယ်တိုင် ခံစားလိုက်ရသည်။ သူသည် မလှုပ်မယှက် နေလိုက်ပြီး မိုဟုန်လျန်၏ အနှိပ်အစက်ကို ခံယူလိုက်၏။
အဆုံးမရှိသော အရှက်တကွဲ ဖြစ်ရပ်များကို ကျော်ဖြတ်ပြီးနောက် ကျောက်လင်၏ အသိစိတ်က စနစ်မျက်နှာပြင်ဆီသို့ ရောက်သွားသည်။
[ဂုဏ်ယူပါတယ်... ပိုင်ရှင်... ဇနီးသည် မိုဟုန်လျန်နှင့် အောင်မြင်စွာ မင်္ဂလာဦးညကို ကျော်ဖြတ်နိုင်ခဲ့ပါပြီ... စနစ်က ပိုင်ရှင်ကို ကျင့်စဉ် (၂၀) နှစ်စာ ဆုချီးမြှင့်လိုက်ပါတယ်…]
[ပိုင်ရှင်၏ ဇနီးသည် မိုဟုန်လျန်၏ ကိုယ်ဝန်အောင်မြင်စွာ ရရှိမှုအတွက် ဂုဏ်ယူပါသည်... စနစ်က ပိုင်ရှင်ကို အသွင်ပြောင်းနယ်ပယ်ပုတီးစေ့တစ်ခု ဆုချီးမြှင့်လိုက်ပါတယ်…]
ကျင့်စဉ် (၂၀) နှစ်စာမှာ ကျောက်လင် မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်သည်။
အသွင်ပြောင်းနယ်ပယ်ပုတီးစေ့ဆုက ကျောက်လင်ကို အလွန်အမင်း ပျော်ရွှင်စေ၏။
၎င်းမှာ မှော်ရတနာတစ်ပါးဖြစ်ပြီး အဂ္ဂိရတ်ပညာရှင်များ တောင့်တကြသော အရာတစ်ခု ဖြစ်သည်။
အသွင်ပြောင်းနယ်ပယ်ပုတီးစေ့မှာ ဟင်းလင်းပြင် ရတနာတစ်ခု ဖြစ်သည်။ အဂ္ဂိရတ်ပညာရှင်တစ်ယောက်က ၎င်းကို ပိုင်ရှင်အဖြစ် အသိအမှတ်ပြုပြီးနောက်တွင် သူ၏ အသိစိတ်က အသွင်ပြောင်းနယ်ပယ်ပုတီးစေ့အတွင်း၌ နည်းပညာအမျိုးမျိုးကို စမ်းသပ်နိုင်ပေသည်။
ဥပမာအားဖြင့် မိုဟုန်လျန်က အသွင်ပြောင်းနယ်ပယ်ပုတီးစေ့ကို အောင်မြင်စွာ ပေါင်းစပ်ပြီးနောက် ကျောက်လင်က သူမကို ဘတ္ထရီနည်းပညာ သင်ပေးလိုက်ပါက သူမသည် ဘတ္ထရီနည်းပညာဆိုင်ရာ ညွှန်ကြားချက်များကို လိုက်နာကာ အသွင်ပြောင်းနယ်ပယ်ပုတီးစေ့အတွင်း၌ ဘတ္ထရီထုတ်လုပ်မှု လုပ်ငန်းစဉ်တစ်ခုလုံးကို အသိစိတ်ဖြင့် အတုယူ စမ်းသပ်နိုင်ပေလိမ့်မည်။
ဤနည်းဖြင့် မိုဟုန်လျန်မှာ စမ်းသပ်ထုတ်လုပ်ရာတွင် ပစ္စည်းများ အလဟဿ ဖြစ်သွားမည် မဟုတ်ပေ။
မိုဟုန်လျန်က စိတ်လှုပ်ရှားပြီးနောက် နောက်ဆုံးတွင် ထိုအံ့သြဖွယ် ခံစားချက်ကို မြည်းစမ်းလိုက်ရပြီး ကျေနပ်စွာဖြင့် အိပ်ပျော်သွားတော့သည်။
"ဒီအသွင်ပြောင်းနယ်ပယ်ပုတီးစေ့ကို ဟုန်လျန်ကို ပေးလိုက်ရမှာပဲ..."
ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။
မည်သို့ပင်ဆိုစေ ကျောက်လင်ကိုယ်တိုင်မှာ အဂ္ဂိရတ်ပညာကို သင်ယူရန် စွမ်းအင် မရှိပေ။ ယခုအခါ ဤအဂ္ဂိရတ်ပါရမီရှင် ဇနီးသည် ရရှိထားပြီဖြစ်ရာ အသွင်ပြောင်းနယ်ပယ်ပုတီးစေ့အတွက် အကောင်းဆုံးနေရာမှာ မိုဟုန်လျန်သာ ဖြစ်သည်။
မိုဟုန်လျန်က အသွင်ပြောင်းနယ်ပယ်ပုတီးစေ့ကို ရရှိပြီးနောက် သူမ စမ်းသပ်အောင်မြင်သော အဂ္ဂိရတ် ထွက်ကုန်များအားလုံးမှာ ကျောက်လင်အတွက် အကျိုးကျေးဇူး ဖြစ်လာလိမ့်မည်။
ထို့ကြောင့် ကျောက်လင်က အသွင်ပြောင်းနယ်ပယ်ပုတီးစေ့ကို ထုတ်ယူ၍ မိုဟုန်လျန်၏ လက်ထဲသို့ ထည့်ပေးလိုက်သည်။
ချက်ချင်းပင် ကျောက်လင်က မိုဟုန်လျန်ကို မနိုးရက်တော့သဖြင့် ရေချိုးပြီးနောက် အာကာသတဲထဲမှ ထွက်ခွာလာခဲ့သည်။
ညမှာ အလွန်ရှည်လျားလှသည်။
ကျောက်လင်က ဤအခွင့်အရေးကို လက်လွတ်ခံမည် မဟုတ်ပေ။ သူ့တွင် စောင့်ဆိုင်းနေသော ဇနီးသည် (၉၄) ယောက် ကျန်ရှိနေသေးသည်။
ဇနီးသည်များအားလုံးနှင့် အတူရှိနေပြီးနောက် ကျောက်လင်မှာ ပေါင်းစည်းခြင်းနယ်ပယ်သို့ တက်လှမ်းရန် လုံလောက်သော စနစ်ဆုချီးမြှင့်သည့် ကျင့်စဉ်အမှတ်များကို ရရှိလိုက်သည်။
ထို့ကြောင့် ကျောက်လင်မှာ အချိန်ပိုအဖြစ် မနားမနေ ကြိုးစားလုပ်ဆောင်ရတော့မည် ဖြစ်သည်။