အခန်း ၁၁၁
Vol. 12 Ch. 111
အခန်း (၁၁၁) လီလန်၏ အကွက်ကျကျ သရုပ်ဆောင်မှုနှင့် ပိုင်ကျဲ့၏ ကျရှုံးမှု
“ဟင့်..”
ပိုင်ကျဲ့သည် လီလန်၏ ကျယ်ပြန့်သော ရင်ခွင်ထဲတွင် ခေါင်းကို မှီတွယ်ထားပြီး သူ၏ဆံပင်များမှာ ပွယောင်းနေ၏။
နှမ်းစေ့အရွယ် ချွေးစက်များမှာ သူမ၏နုနယ်သော လည်တိုင်တန်းဆီသို့ တဖြည်းဖြည်း စီးကျနေသည်။
သူတို့နှစ်ယောက်စလုံး ချွေးတို့ဖြင့် ရွှဲစိုနေလေပြီ။
"ရှောင်လန်... မင်းက တကယ့်ကို ထူးချွန်တာပဲ..."
"ဒါဆို... နောက်တစ်ခါ ထပ်လုပ်ရအောင်လား..."
"မလိုတော့ပါဘူး... ငါ့အရိုးတွေတောင် ပြုတ်ထွက်တော့မလို ဖြစ်နေပြီ..."
"ကောင်းပါပြီ... ဒီနေ့တော့ အစ်မကို အလွတ်ပေးလိုက်ပါတော့မယ်..."
လီလန် ထရပ်လိုက်ပြီး စောင်ကို ခေါက်သိမ်းကာ ကန်းပေါ်မှ ဆင်းရန် ပြင်ဆင်လိုက်သည်။ သူသည် အပေါ်ရုံကုတ်အင်္ကျီကို ဝတ်ဆင်၍ အိမ်သို့ ပြန်ရန် ဟန်ပြင်လိုက်၏။
"ဒီညတော့ ဒီမှာပဲ နေခဲ့ပါတော့လား..."
"မဖြစ်ပါဘူး... အဘိုးပိုင်ပြန်လာတဲ့အခါ ဒါကိုမြင်သွားရင် မကောင်းဘူးလေ..."
"ရပါတယ်... ငါ့အဖေ ပြန်လာရင် ဘာမှမပြောဘဲ သူ့ကို လှည့်စားလိုက်ရင်ရတာပဲ..."
ပိုင်ကျဲ့သည် လီလန်၏ ကြံ့ခိုင်သော လက်မောင်းကို ဆွဲကိုင်၍ နွဲ့နွဲ့နှောင်းနှောင်းဖြင့် ပြောလိုက်သည်။
လီလန်က အားမလိုအားမရဖြင့် ပြောလိုက်၏။
"အဘိုးပိုင်ကိုတော့ ဘယ်လိုပဲ ဖြေရှင်းပါစေ... အိမ်ကအဖေကတော့ ဘယ်လိုဖြစ်လာမလဲဆိုတာ မပြောနိုင်ဘူး... ပြန်လာမယ်လို့ အိမ်မှာ ပြောခဲ့ပြီးသားမို့လို့..."
"ဒါဆိုလည်း ကောင်းပါပြီ..."
ပိုင်ကျဲ့သည် စိတ်ပျက်လက်ပျက် ဖြစ်သွားကာ လီလန်၏ လက်မောင်းကို လွှတ်ပေးလိုက်သည်။
"မနက်ဖြန် တောင်ပေါ်က ပြန်လာရင် ကျွန်တော် အစ်မဆီကို ထပ်လာခဲ့မယ်..."
ပိုင်ကျဲ့၏ အမူအရာကို ကြည့်၍ လီလန်မှာ ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။
သူမမှာ လုံလောက်စွာ မရရှိသေးသည်မှာ ထင်ရှားနေ၏။
"တောင်ပေါ် တက်မလို့လား... မနက်ဖြန် တောင်ပေါ်ကို ဘာကိစ္စနဲ့ သွားမှာလဲ..."
ပိုင်ကျဲ့သည် ရုတ်တရက် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
ယခုအခါ လီလန်သည် သူမ၏ ယောက်ျား ဖြစ်နေပြီဖြစ်ရာ တောင်ပေါ်တွင် အန္တရာယ်ရှိသော သားရဲများ ပေါများသဖြင့် သူမမှာ စိုးရိမ်ပူပန်နေမိခြင်း ဖြစ်၏။
"ချောင်တျန်းကျီရွာက အမဲလိုက်ခွေးနှစ်ကောင် ပျောက်ဆုံးနေတယ်... ဝံပုလွေတွေ ခေါ်သွားတာ ဖြစ်မယ်လို့ သံသယရှိနေကြလို့ ဟေးလုံနဲ့ ပိုင်လုံကို ခေါ်ပြီး သူတို့ကို ရှာပေးဖို့ အကူအညီတောင်းထားတယ်..."
"ဟေးလုံဆိုတာ မင်းမွေးထားတဲ့ မွန်ဂိုလီးယား အမဲလိုက်ခွေး မဟုတ်လား..."
ပိုင်ကျဲ့သည် ဟေးလုံကို လီလန်၏ အိမ်တွင် ယခင်က မြင်ဖူးခဲ့ခြင်းဖြစ်သည်။
"ဟုတ်တယ်..."
"ဒါဆို... ပိုင်လုံကတော့..."
"ပိုင်လုံကတော့ အာဂျင်တီးနားဒိုဂိုခွေးမျိုးနွယ်ပဲ..... အဲ့ခွေးက နိုင်ငံခြားမျိုးကို ကျွန်တော် စန်းဟော့ရွာကနေ လွန်ခဲ့တဲ့ နှစ်ရက်ကပဲ ရလာတာ..."
လီလန်က ရှင်းပြလိုက်၏။
ယခုအခါ ပိုင်ကျဲ့သည် သူ၏ မိန်းမ ဖြစ်နေပြီဖြစ်ရာ လီလန်သည် ဘာကိုမျှ ဖုံးကွယ်ထားစရာ မလိုတော့ဘဲ ပိုင်လုံ၏ နောက်ကြောင်းကို ထုတ်ဖော် ပြောပြလိုက်သည်။
"အယ်... နိုင်ငံခြားခွေးမျိုးလား..."
ပိုင်ကျဲ့မှာ အံ့အားသင့်သွား၏။
ပိုင်ကျဲ့သည် အမဲလိုက်ခွေးများနှင့် ပတ်သက်၍ အများကြီး နားမလည်သော်လည်း သူမ၏ ဖခင်မှာ မုဆိုးတစ်ယောက် ဖြစ်သည့်အတွက် ငယ်စဉ်ကတည်းက အနည်းငယ် သိရှိနားလည်ထားခဲ့သည်။
"ဒါဆို တောင်ပေါ်သွားရင် သတိထားပါနော်... အဲဒီက ဝံပုလွေတွေက အရမ်းရက်စက်တယ်... ကလေးတွေကိုတောင် စားတယ်လို့ ကြားဖူးတယ်..."
ပိုင်ကျဲ့သည် လီလန်ကို စိုးရိမ်သော အကြည့်ဖြင့် ကြည့်လိုက်သည်။
"စိတ်မပူပါနဲ့... ကျွန်တော့်မှာ သေနတ်ပါပါတယ်..."
လီလန်သည် သူမ၏ ဖြူဖွေးသွယ်လျသော လက်မောင်းကို ဆုပ်ကိုင်လိုက်သည်။
"ဟုတ်ပါပြီ... အိမ်မှာပဲ စောင့်နေပါ့မယ်..."
လီလန်၏ မျက်နှာချင်းဆိုင်တွင် ထိုင်နေသော ထိုအမျိုးသမီးမှာ တောက်ပသော အပြုံးဖြင့် ဆွဲဆောင်မှုရှိကာ မြင်သူတို့၏ စိတ်ကို ညို့ယူနိုင်စွမ်းရှိသည်။
လီလန်၏ ညာလက်သည် အောက်သို့ ရောက်ရှိသွားကာ ပိုင်ကျဲ့၏ ချောမွေ့သော အရေပြားပေါ်တွင် ပွတ်သပ်လိုက်၏။
"ရပ်လိုက်ပါတော့... အရမ်းယားတယ်..."
ပိုင်ကျဲ့က ချွဲနွဲ့စွာဖြင့် ပြောလိုက်သည်။
သူမက မလုပ်ဖို့ ပြောနေသော်လည်း သူမ၏ ခန္ဓာကိုယ် အမူအရာကမူ လီလန်ကို ကြည့်နေသော သူမ၏ လှပသော မျက်လုံးများထဲတွင် တပ်မက်မှုများဖြင့် ပြည့်နှက်နေသည်မှာ သိသာထင်ရှားနေ၏။
လီလန်သည် ပြုံးလိုက်ပြီး သူ၏ လက်ကို ပြန်ရုတ်သိမ်းလိုက်သည်။
"ကျေးဇူးပြုပြီး ရပ်ပေးပါ..."
လီလန်က အနည်းငယ် ပြုံးလိုက်ပြီးနောက် ရုတ်တရက် သူ၏ လက်နှစ်ဖက်ကို ကွေးလိုက်ကာ ထိုအသားလုံး နှစ်ခုဆီသို့ တိုးဝင်လိုက်သည်။
“ဒီကလေးကတော့ အကွက်ကျကျ အနိုင်ယူနေတာပဲ…”
သူမ၏ ဖြူဖွေးနုနယ်သော မျက်နှာမှာ တစ်ဖန်ပြန်၍ ရဲတက်လာပြန်သည်။
"အချိန်လည်း နောက်ကျနေပြီ... ငါ ပြန်တော့မယ်..."
လီလန်က လက်ကို ရုတ်သိမ်းလိုက်ပြီး ကန်းပေါ်မှ ဆင်းကာ ဖိနပ်စီးလိုက်သည်။
"အဲဒီကော့ကေးရှန်း ခွေးပေါက်လေးကို သေချာဂရုစိုက်ထားပါ... ဘယ်သူမှ ခိုးမသွားပါစေနဲ့... ဒီခွေးပေါက်တွေက ကြီးလာရင် အရမ်းရက်စက်တယ်... ပိုင်ရှန်းမြို့တစ်ခရိုင်လုံးမှာတောင် လက်ချိုးရေလို့ရတဲ့ အရေအတွက်ပဲ ရှိတာ..."
လီလန်က သတိပေးလိုက်သည်။
"ဟုတ်ကဲ့ပါ... နားလည်ပါတယ်..."
ပိုင်ကျဲ့က ခေါင်းညိတ်လိုက်သည်။
"အစ်မကို တောဝက်သား (၅)ကျင်း ပေးခဲ့တယ်... ခွေးပေါက်လေးတွေကို အဲဒါပဲ ကျွေးလိုက်နော်... အသားစားရင် သူတို့ ပိုမြန်မြန် ကြီးလာလိမ့်မယ်..."
"အသားတွေ ကုန်သွားရင် ကျွန်တော့်ကို ပြောလိုက်... နောက်ထပ် ထပ်ယူလာပေးမယ်..."
လီလန်၏ စကားများသည် ပိုင်ကျဲ့၏ နှလုံးသားကို နွေးထွေးသွားစေသည်။
သူမမှာ မိုက်မဲသူ မဟုတ်သဖြင့် လီလန်သည် သူမကို ဤကော့ကေးရှန်း ခွေးပေါက်လေး ပေးထားခြင်းမှာ သူမ၏ အိမ်ကို စောင့်ရှောက်နိုင်စေရန်နှင့် သူမကိုယ်တိုင်ကို ကာကွယ်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပေးထားခြင်း ဖြစ်ကြောင်း ကောင်းစွာ နားလည်လိုက်သည်။
လီလန် ယခုလုပ်နေသည်မှာ သူမအား "မင်းက ငါ့မိန်းမပဲ... မကြောက်ပါနဲ့... ငါ မင်းကို ကာကွယ်ပေးမယ်" ဟူသော စိတ်လုံခြုံမှုကို ပေးလိုက်ခြင်း ဖြစ်၏။
[ဒင်.. ပိုင်ကျဲ့၏နှစ်သက်ခြင်းအမှတ်+၈၀၀]
[ဒင်… ပိုင်ကျဲ့၏ နှစ်သက်ခြင်းအမှတ် +၈၀၀]
ပိုင်ကျဲ့မှာ အလွန်ပင် စိတ်လှုပ်ရှားသွားပြီး မျက်လုံးများမှာလည်း နီရဲလာကာ ပြောလိုက်၏။
"နားလည်ပါပြီ...ငါကိုယ်တိုင်ကို သေချာ ဂရုစိုက်ပါ့မယ်..."
"ကောင်းပြီ... ဒါဆိုရင် ကျွန်တော် ပြန်တော့မယ်..."
လီလန်သည် အိပ်ခန်းတံခါးကို ဖွင့်လိုက်ရာ တံခါးဝတွင် လဲလျောင်းနေသော ခွေးပေါက်လေးမှာ အိပ်ခန်းထဲသို့ တွားဝင်ရန် ကြိုးစားလိုက်သည်။
"ကောင်လေး... အစ်မနဲ့အတူတူ နေခဲ့ပါ... နောက်ပိုင်းကျရင် ငါ မင်းကို အသားတွေ ကျွေးမှာပါ..."
လီလန်သည် အောက်သို့ ထိုင်ချလိုက်ပြီး ကော့ကေးရှန်း ခွေးပေါက်လေးကို ပွေ့ချီကာ နွေးထွေးသော အိပ်ခန်းထဲသို့ ပြန်ထားပေးလိုက်သည်။
နောက်တစ်နေ့တွင် နေမြင့်သည်အထိ အိပ်ပျော်နေမိသည်။
"သေပါရော... ငါလည်း အကြာကြီး အိပ်ပျော်သွားတာပဲ..."
နာရီကို ကြည့်လိုက်ရာ နံနက် ၁၁ နာရီခွဲပင် ရှိနေပြီဖြစ်သည်။
"ဟာ... ပြန်လည်မွေးဖွားလာရရင်တောင် ငါ့ရဲ့ အသက် (၂၀)အရွယ် ခန္ဓာကိုယ်ကို ဒီလောက်ထိ မသုံးစွဲသင့်ဘူး... မဟုတ်ရင် ငါ့ကျောက်ကပ်တွေက လက်ခံတော့မှာ မဟုတ်ဘူး..."
မနေ့ညက အစ်မပိုင်ကျဲ့ ခုနစ်ကြိမ်တိုင်တိုင် အော်ဟစ်ခဲ့ရသည်။
"နိုးပြီလား..."
အဘိုးကြီး လီတာ့ဟိုင်သည် အိမ်ထဲသို့ ဝင်လာပြီး ဟင်းချိုနှင့် ပေါင်းမုန့်နှစ်လုံး၊ ကြက်ဥတစ်လုံးကို ယူဆောင်လာသည်။
"သွားမျက်နှာသစ်လိုက်ပါ... မင်းအတွက် မနက်စာကို ငါ အပူပေးထားပြီးပြီ..."
လီတာ့ဟိုင်သည် မနက်စာကို ချပေးလိုက်ပြီးနောက် စိုးရိမ်တကြီးဖြင့် မေးလိုက်သည်။
"သား... ဒီနေ့ ဘာဖြစ်တာလဲ... နေမကောင်းဘူးလား... ဘာလို့ ဒီလောက်တောင် အကြာကြီး အိပ်ပျော်နေရတာလဲ... နေမြင့်နေပြီကို..."
ထရပ်ရန် ပြင်နေသော လီလန်မှာ ခြေချော်ပြီး ကန်းပေါ်မှ ပြုတ်ကျတော့မလို ဖြစ်သွားသည်။
"မဟုတ်ပါဘူး... ဘာမှ မဖြစ်ပါဘူး... အနည်းငယ် အအေးမိသွားတာ ဖြစ်နိုင်ပါတယ်...ဘာမှမဟုတ်ပါဘူး..."
လီလန်က အဆင်မပြေစွာဖြင့် ပြုံးလိုက်သည်။
"သား... လွန်ခဲ့တဲ့ ရက်အနည်းငယ်က အရမ်း အလုပ်များနေလို့လား... နည်းနည်း ပင်ပန်းနေပုံပဲ... ဒီနေ့တော့ အိမ်မှာပဲ နားပါလား..."
"..."
ဤအဘိုးကြီးကတော့ တောင်ပေါ်မှာ ဆယ်စုနှစ်များစွာ အမဲလိုက်လာတဲ့ အတွေ့အကြုံရင့် မုဆိုးတစ်ယောက်ဆိုတော့ သူ့မျက်လုံးတွေက တကယ့်ကို ထက်မြက်လွန်းလှသည်။
"မနားပါဘူး... ရေထဲစိမ်သောက်ဖို့ အောင်းအောင်ကျောင်းအနည်းငယ် လိုအပ်နေလို့ပါ"
လီလန်သည် ချောင်တျန်းကျီရွာသို့ သွားရောက်ကာ ပစ္စည်းအချို့ကို စုဆောင်းရန်နှင့် လမ်းတွင် ဝံပုလွေအုပ် တောင်ပေါ်မှ ဆင်းလာခြင်း ရှိမရှိ စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။
ဝံပုလွေများကို အမဲလိုက်ရန် တောင်ပေါ် တက်ရခြင်းမှာ ကြီးမားသော ကိစ္စဖြစ်သည်။ သူသည် အမဲလိုက်ခွေးနှစ်ကောင်ကို ခေါ်သွားရုံနှင့် မလုံလောက်သေးဘဲ သူ၏ အပေါင်းအဖော်များမှာလည်း ယုံကြည်စိတ်ချရသူများဖြစ်ဖို့ လိုအပ်သည်။
လီလန်သည် အလျင်အမြန် မျက်နှာသစ်လိုက်ပြီး ပူနွေးသော တဘက်ဖြင့် မျက်နှာကို သုတ်လိုက်ကာ ကန်းပေါ်တွင် ထိုင်၍ မနက်စာကို စားလိုက်သည်။
သူသည် မုန့်ပေါင်းကို ဆွဲဖြဲလိုက်ပြီး ပါးစပ်ထဲ ထည့်ကာ ပတ်ဝန်းကျင်ကို ကြည့်၍ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
"ဒုတိယအစ်မနဲ့ အငယ်ဆုံးညီမလေးတို့ ဘယ်ရောက်သွားလဲ..."
"ဆရာမလွီက ဒီမနက် စောစောစီးစီး ရောက်လာပြီး ရှောင်ရွှယ်နဲ့ နောက်ကောင်မလေးကို စာသင်ဖို့ ခေါ်သွားပြီ..."
ထိုစကားကို ကြားလိုက်ရသောအခါ လီလန်မှာ အနည်းငယ် အံ့အားသင့်သွားသည်။
လုအန်းနာဆိုတဲ့ ထိုပညာတတ် အမျိုးသမီးလေးက ဘယ်အချိန်ကတည်းက ဤမျှလောက်ထိ ဂရုစိုက်တတ်လာတာလဲ။
ယခုဆိုရင် သူတို့ ညီအစ်မနှစ်ယောက်ကို စာဖတ်တတ်စေရန်အတွက် လာပြီး ခေါ်ဆောင်သွားကြသည်။
"ဆရာမလွီက မနေ့ကလည်း လာသေးလား..."
လီလန်က သူ့အဖေကို မေးလိုက်သည်။
"ဟုတ်တယ်... ဆရာမလွီလည်း လာတယ်..."
လီတာ့ဟိုင်က ခေါင်းညိတ်လိုက်၏။
"ဒီဆရာမလွီက တကယ် သဘောကောင်းတဲ့သူပဲ... ပညာလည်း တတ်တယ်၊ ရုပ်ရည်လည်း လှတယ်... ဘယ်လို လူငယ်လေးက သူ့ကို ပိုင်ဆိုင်သွားမလဲ မသိဘူး..."
"..."
"အို... ဟုတ်သားပဲ သား... ဆရာမလွီက ခုထိ ဘယ်သူနဲ့မှ မတွဲသေးဘူးမလား..."
"ဘယ်ဖြစ်မလဲ..."
"ဆရာမလွီကို မင်းနဲ့ အဆင်ပြေအောင် ပညာတတ်လူငယ်ရုံးက တာဝန်ခံဟွမ်ကို ပြောပြီး ပွဲစားလုပ်ပေးခိုင်းရင် ကောင်းမလား..."
*ဟာ... တုံယွီရှုတောင် ချိန်းတွေ့ဖို့ မလုပ်ရသေးဘူး၊ အခု လုအန်းနာ ရောက်လာပြန်ပြီ...
အဖေက မြေးမွေးဖို့ ဒီလောက်တောင် အလျင်လိုနေတာလား…*
လီလန် ငြင်းဆန်ရန် ပြင်လိုက်စဉ်...
သူ့စိတ်ထဲတွင် အေးစက်သော စက်ရုပ်တစ်သံ ထွက်ပေါ်လာ၏။
[ဒင်… ဒီနေ့အတွက် လျှို့ဝှက်သေတ္တာကို အပ်ဒိတ်လုပ်ပြီးပါပြီ]
လီလန် နာရီကို ကြည့်လိုက်ရာ အချိန်မှာ တိတိကျကျ မွန်းတည့် ၁၂ နာရီပင် ရှိနေလေပြီ။