← Chapters

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း ၁၃၄

Vol. 14 Ch. 134

အခန်း (၁၃၄) - ကမ္ဘာတစ်သောင်းညီလာခံ (၂)

“အဲဒီပွဲမှာ ကျွန်တော်တို့ရော ပါဝင်သင့်လားလို့ တွေးနေတာ၊ မပါဝင်ဘူးဆိုရင်တော့ တခြားသူတွေက ကျွန်တော်တို့ကို လူမှုဆက်ဆံရေးမရှိတဲ့သူတွေလို့ မြင်သွားကြမှာ သေချာတယ်”

“ဒါပေမယ့် ပါဝင်မယ်ဆိုရင်လည်း ကျွန်တော်တို့လူတွေအတွက် အန္တရာယ်ရှိလာနိုင်တယ်၊ ဒါကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော် တွေဝေနေမိလို့ အရှင့်ရဲ့ အကြံဉာဏ်ကို လာတောင်းခံတာပါ”

ကျိုးရီသည် ခေတ္တမျှ တွေဝေသွား၏။

“ကမ္ဘာတစ်သောင်းညီလာခံ ဟုတ်လား”

ဤကိစ္စကို ပွင့်ပွင့်လင်းလင်းဆိုရလျှင် လူအချို့က သူတို့၏ အင်အားကို ကြွားဝါပြသရန် အသုံးပြုသည့် အရာတစ်ခုမျှသာ။

အကြောင်းမူကား သူတို့သည် စစ်ပွဲများကို လက်လွတ်စပယ် စတင်၍မရနိုင်ပေ။ အကယ်၍ စစ်ပွဲများ စတင်လိုက်ပါက သူတို့၏ တစ်ကမ္ဘာလုံးကိုပါ စစ်မီးလျှံထဲသို့ ဆွဲသွင်းသလို ဖြစ်သွားနိုင်ပြီး ၎င်းတို့အတွက် အန္တရာယ်ကြီးမားလှပေသည်။

သို့သော် ဤကဲ့သို့သော ပြိုင်ပွဲမျိုးတွင် ပါဝင်ယှဉ်ပြိုင်မည်ဆိုပါက သူတို့အနေဖြင့် မည်သည့်အရာကိုမျှ စိုးရိမ်နေရန် မလိုအပ်တော့ချေ။

ပြိုင်ပွဲအတွင်း ပြိုင်ဘက်ကို မတော်တဆ သတ်ဖြတ်မိခဲ့လျှင်ပင် ပြိုင်ဘက်၏ ပေါ့ဆမှုနှင့် မိမိကိုယ်တိုင်က စွမ်းအား မထိန်းချုပ်နိုင်မှုကြောင့်ဟု အကြောင်းပြချက်ပေးနိုင်ပေသည်။

ရှုံးနိမ့်သူများအတွက်မူ သဘာဝကျစွာပင် ဂုဏ်ယူဝင့်ကြွားဖွယ်ရာ မည်သည့်အရာမျှ ရှိမည်မဟုတ်သော်လည်း အနိုင်ရသူများအတွက်မူ ဤသည်မှာ သူတို့၏နာမည်ကို ထင်ရှားကျော်ကြားစေရန်အတွက် အလွန်ကောင်းမွန်သောအခွင့်အရေးတစ်ခု ဖြစ်လာနိုင်ပေသည်။

ထို့အပြင် ယင်းသည် အဖွဲ့အစည်းတစ်ခုစီတွင် အင်အား မည်မျှကျန်ရှိနေသေးသည်ကို အကဲဖြတ်ဆုံးဖြတ်ရန်အတွက်လည်း အများစု အသုံးပြုလေ့ရှိကြသည်။

အကယ်၍ တစ်ဖက်လူ၏အင်အားက ကြီးမားနေပါက အခြားကမ္ဘာများအနေဖြင့် အနာဂတ်တွင် မိမိတို့၏ ပေါ့ဆမှုကြောင့် ပျက်စီးဆုံးရှုံးရခြင်းမှ ကာကွယ်ရန် သူတို့ကို သေချာပေါက် ရှောင်ကြဉ်ကြမည်ဖြစ်သည်။

တစ်ဖက်လူ၏ အင်အားက မလုံလောက်သေးပါကလည်း သတင်းအချက်အလက်များ စုဆောင်းရန် ဤအခွင့်အရေးကို ဆုပ်ကိုင်ထားနိုင်ပေသည်။

ထို့နောက်ကျလာသောအခါ တစ်ဖက်လူအား သေစေလောက်သည့် ထိုးနှက်ချက်တစ်ခုကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

ထို့ကြောင့် မည်သို့ပင် ကြည့်ရှုသုံးသပ်စေကာမူ ၎င်းတို့ကသာ အကျိုးအမြတ် ရရှိနေပေသည်။ သေချာသည်ကတော့ ပြိုင်ပွဲသို့မပါဝင်ရန် ရွေးချယ်သူများအတွက် အကျိုးဆက်များက အလွန်ဆိုးရွားပေလိမ့်မည်။

အဘယ်ကြောင့်ဆိုသော် ‘မတိုက်ခိုက်လိုပါ’ ဟူသော ဆိုင်းဘုတ်ကို ချိတ်ဆွဲရန် ရွေးချယ်လိုက်ခြင်းက သူတို့ အလွန်အားနည်းနေကြောင်း သွယ်ဝိုက်သောနည်းဖြင့် ညွှန်ပြနေသောကြောင့်ပင်။

မည်သို့ပင်ဆိုစေကာမူ အားနည်းသူများသာလျှင် ထိုကဲ့သို့ ရွေးချယ်ကြမည်သာ။ သို့မဟုတ်ပါက မည်သည့်အင်အားကြီးအဖွဲ့အစည်းက မိမိ၏စွမ်းအားကို ပြသရန် ဤမျှကောင်းမွန်သော အခွင့်အရေးကို လက်လွှတ်ခံပါမည်နည်း။

ထို့ကြောင့် ဤရှုထောင့်မှကြည့်လျှင် တစ်စုံတစ်ယောက်ကသာ ထိုဆိုင်းဘုတ်ကို ချိတ်ဆွဲချင်ပါက ထိုသူသည် အနာဂတ်တွင် ပထမဆုံးရှင်းလင်းခံရမည့်သူ သေချာပေါက် ဖြစ်လာပေလိမ့်မည်။

အခြားကမ္ဘာများမှ လူများက သူ့အား ဝိုင်းဝန်း၍ရှင်းလင်းရန် ကြိုးစားကြမည်ဖြစ်သည်။ ဤအချက်ကြောင့်ပင် ဤသည်မှာ လူတိုင်းကို နေရာတစ်ခုတည်းတွင်စုဝေးကာ အတင်းအကျပ်တိုက်ခိုက်ခိုင်းနေခြင်းနှင့် တူညီနေပေသည်။

ကမ္ဘာတိုင်းတွင် ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းများ ရှိသည်ဟုသာ ဆိုရမည်ဖြစ်သည်။ ဤလောကတွင် အသက်ရှင်သန်နိုင်ရန် ၎င်း၏ စည်းမျဉ်းများကို လိုက်နာရမည်သာ။

သို့မဟုတ်ပါက အရာအားလုံးက လေထဲတွင် လေလွင့်ပျောက်ကွယ်သွားရပေလိမ့်မည်။

မိမိက မည်မျှပင် ငွေကြေးများစွာ ရှာဖွေနိုင်ပါစေ၊ မိမိ၏ ကျင့်ကြံခြင်းအဆင့်များ မည်မျှပင် တိုးတက်လာပါစေ အဆုံးသတ်တွင်မူ အရာအားလုံးသည် မည်သည့်အရာမျှ ကျန်ရစ်ခဲ့ခြင်းမရှိဘဲ အရိုးပြာပုံတစ်ပုံအဖြစ်သို့သာ ပြောင်းလဲသွားရမည်ဖြစ်သည်။

ကျိုးရီက လေးနက်တည်ကြည်သောလေသံဖြင့် ဆုံးဖြတ်ချက်ကို ချမှတ်ပေးလိုက်သည်။

“ဒီလိုဆိုမှတော့ မင်းတို့တွေ ပါဝင်သင့်တယ်၊ ဒီလိုကိစ္စမျိုးမှာ မပါဝင်တာက အကျိုးအမြတ် သိပ်များများစားစား ရလာနိုင်မှာ မဟုတ်ဘူး၊ ပါဝင်တာကလည်း သိပ်တော့ထူးလာမှာ မဟုတ်ဘူးဆိုပေမယ့်ပေါ့”

“ဒါပေမယ့် ပါဝင်ယှဉ်ပြိုင်တာက အနည်းဆုံးတော့ ကိုယ့်မှာ သတ္တိရှိတယ်ဆိုတာကို သက်သေပြနိုင်တယ်၊ ဒါ့အပြင် ငါတို့အနေနဲ့ အဆင့်ကောင်းကောင်းတစ်ခု ရနိုင်မယ်ဆိုရင် အနာဂတ်မှာ ငါတို့ကို ကျူးကျော်ချင်တဲ့လူတွေ နည်းသွားလိမ့်မယ်”

သဘာဝကျစွာပင် ကျိုးရီသည် အခြားသူများ ကျူးကျော်လာမည်ကို မကြောက်ရွံ့ပေ။ ဤကဲ့သို့သော ကိစ္စရပ်များကို သူ လုံးဝ ဂရုမစိုက်ခဲ့။

သူဂရုစိုက်သော တစ်ခုတည်းသောအရာမှာ အချိန်ကြာမြင့်စွာ တိတ်တဆိတ် ထပ်မံနေထိုင်နိုင်ရန်သာ။

မည်သို့ပင်ဆိုစေကာမူ သူသည် သတ်ဖြတ်ခြင်းနှင့် တိုက်ခိုက်ခြင်းများကို အမြဲတစေ မုန်းတီးရွံရှာခဲ့သူဖြစ်သည်။

ကျိုးရီ၏ စကားကို ကြားလိုက်ရချိန်တွင် ရွှမ်ရဲသည် ချက်ချင်းပင် ယုံကြည်မှုများ ပြည့်နှက်သွားခဲ့သည်။

“ဒီလိုဆိုမှတော့ ကျွန်တော် လူတွေကိုခေါ်ပြီး သွားရောက်ပါဝင်လိုက်ပါမယ်”

ကျိုးရီက သတိပေးစကားဆိုလိုက်သည်။

“ဘာအမှားအယွင်းမှ မဖြစ်အောင်လို့ လူနည်းနည်းပိုခေါ်သွားလိုက်ပါ၊ ပထမ မရရင်တောင်မှ အနည်းဆုံးတော့ သင့်တင့်လျောက်ပတ်တဲ့ အဆင့်တစ်ခုကို ရအောင်ယူခဲ့၊ ဒါမှသာ ဒီပြိုင်ပွဲမှာ ပါဝင်ရတာ အဓိပ္ပာယ်ရှိမှာ"

“မဟုတ်ရင် ဘယ်သူကမှ လက်ခံယုံကြည်မှာမဟုတ်တဲ့အပြင် မင်းအတွက်လည်း အနာဂတ်မှာ ပြဿနာတွေပိုများလာလိမ့်မယ်”

ရွှမ်ရဲသည် ခေါင်းညိတ်၍ အတည်ပြုလိုက်သည်။

“စိတ်မပူပါနဲ့၊ ကျွန်တော်မျိုး ဒီကမ္ဘာမှာ အင်အားအကြီးဆုံး ဖြစ်တည်မှုတွေကို သေချာပေါက်ခေါ်သွားမှာပါ၊ အခု သူတို့အားလုံးက ကျွန်တော့်ကို အရမ်းနာခံနေကြပါပြီ"

“ကျွန်တော်က အမိန့်ပေးလိုက်တာနဲ့ သူတို့က ဘာမဆိုလုပ်ဖို့ ဆန္ဒရှိနေကြတယ်၊ ပြိုင်ပွဲမှာ အဆင့်ကောင်းကောင်းရအောင် သူတို့ကို သေချာပေါက် ဦးဆောင်သွားပါ့မယ်”

စကားပြောနေရင်း သူ ခဏတာ ရပ်တန့်သွားကာ ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားဟန်ဖြင့် ဆက်ပြောလာသည်။

“အရှင်သခင်... ကျွန်တော်တို့နဲ့အတူ လာကြည့်ချင်ပါသလား၊ ဒါက အရှင်သခင့်အတွက် ပိုကောင်းတဲ့ အတွေ့အကြုံတွေကို ပေးနိုင်လောက်တယ်”

“အဲဒီဟာက အရှင်သခင့်အတွက်လည်း အရမ်းကောင်းမွန်တဲ့ ကိစ္စတစ်ခု ဖြစ်လာနိုင်တယ်လေ၊ ဘာပဲဖြစ်ဖြစ် ဒါက နှစ်ပေါင်းများစွာကြာမှ တစ်ကြိမ်သာ ကျင်းပလေ့ရှိတဲ့ ကြီးကျယ်ခမ်းနားတဲ့ ပွဲတော်ကြီးတစ်ခုပါ”

“ဒီပွဲက အရင်ကနဲ့မတူအောင် အထူးတလည် ခမ်းနားကြီးကျယ်နေမှာသေချာတယ်၊ အရှင်သခင်ကိုယ်တိုင် သွားကြည့်လိုက်မယ်ဆိုရင် သေချာပေါက် နောင်တရမှာမဟုတ်ပါဘူး”

ကျိုးရီသည် အသံတိုးတိုးဖြင့် ရေရွတ်လိုက်ကာ ခေတ္တမျှ အတွေးနက်သွားသော်လည်း သူ့မျက်နှာအမူအရာက လျင်မြန်စွာပင် ပုံမှန်အတိုင်းပြန်ဖြစ်သွားသည်။

“အပြင်ထွက်ကြည့်ရမယ်”

တကယ်တမ်းတွင် သူ သွားရောက်ကြည့်ရှုခြင်းကလည်း မှားယွင်းသောကိစ္စတစ်ခု မဟုတ်ပေ။ ဤစကြဝဠာကြီးက အလွန်ကျယ်ပြောလှလေ၏။

အကယ်၍ သူသာ ယင်းကို ကြိုတင်နားလည်သဘောပေါက်ထားမည်ဆိုပါက အချို့သောကိစ္စရပ်များနှင့် အနာဂတ်တွင် ဖြစ်ပေါ်လာနိုင်သည့် ပြဿနာများမှ သူ့ကိုယ်သူ ကယ်တင်နိုင်မည်ဖြစ်သည်။

ထို့အပြင် တစ်ဖက်လူပြောသကဲ့သို့ပင် သူသည်လည်း ထူးခြားသော ထိုးထွင်းသိမြင်မှုအချို့ကို ရရှိလာနိုင်ကောင်း ရရှိလာပေလိမ့်မည်။

ထိုခဏ၌ အလွန်အရေးကြီးသော ကိစ္စရပ်တစ်ခုကို သူ ရုတ်တရက် တွေးမိသွားသည်။ ကမ္ဘာပေါင်းများစွာ ပါဝင်ယှဉ်ပြိုင်ကြမည်ဆိုပါက သူသည် တစ်ကြိမ်တည်းနှင့် လူများစွာကို တွေ့ဆုံနိုင်မည်မဟုတ်လော။

ထိုလူများအထဲတွင် ကမ္ဘာမြေမှ လာသောသူများ ပါဝင်နေနိုင်သကဲ့သို့ ကမ္ဘာမြေနှင့် အထူးဆက်နွယ်မှုရှိသော သူများလည်း ပါဝင်နေနိုင်ပေသည်။

ထိုသို့ဆိုလျှင် သူ၏ ယခင်ကမ္ဘာဟောင်းဆီသို့ အလွယ်တကူ ပြန်သွားနိုင်ရန်အတွက် ထိုသူများမှတစ်ဆင့် ဆက်သွယ်ရန်သာ လိုအပ်တော့မည်ဖြစ်သည်။ ဤသည်မှာ ရိုးရှင်းစွာပင် ကြီးမားလှသော ကံကောင်းမှုကြီးတစ်ခု ဖြစ်ပေသည်။

ဤသည်ထက် ပိုမိုကောင်းမွန်သောအရာဟူ၍ မရှိနိုင်တော့ပေ။

အချိန်များကုန်လွန်လာခဲ့သော်လည်း သူသည် အိမ်သို့ပြန်ရန် အမြဲတစေ တောင့်တနေခဲ့ရသည်မဟုတ်လော။

ထိုသို့ တွေးမိလိုက်သည်နှင့် သူသည် ဆက်လက်၍ တွေဝေမနေတော့ဘဲ ချက်ချင်းတုံ့ပြန်လိုက်သည်။

“ကောင်းပြီ... ဒီလိုဆိုမှတော့ ငါလည်း လိုက်ကြည့်တာပေါ့”

ရွှမ်ရဲသည် ဝမ်းသာအားရဖြင့် အရိုအသေပေးလိုက်သည်။

“အရှင်သခင် ကြွရောက်ပေးမယ့်အတွက် ကျေးဇူးတင်ပါတယ်၊ ကျွန်တော်မျိုး အခုပဲ ကမ္ဘာတစ်သောင်းညီလာခံမှာ ပါဝင်ယှဉ်ပြိုင်မယ့် တခြားလူတွေကို သွားရှာလိုက်ပါဦးမယ်”

ကျိုးရီက လက်တစ်ချက်ဝှေ့ယမ်းပြလိုက်ကာ ရွှမ်ရဲအား မပေါ့လျော့နေစေရန် အချက်ပြလိုက်သည်။

“သွားတော့လေ”

“ဒါက ကိစ္စသေးသေးလေးပါ၊ ငါ လုံးဝဂရုမစိုက်ဘူး၊ မင်းရဲ့ အကြံပြုချက်ကို လက်ခံပြီးတော့ ဒီကမ္ဘာကြီးက ဘယ်လိုမျိုးလဲဆိုတာကို ပျော်ပျော်ပါးပါးလေး လေ့လာကြည့်ချင်ရုံ သက်သက်ပဲ'

‘ဒါကြောင့် မင်းလည်း သိပ်ပြီး စိတ်လှုပ်ရှားနေဖို့မလိုဘူး၊ မင်းရဲ့အလုပ်ကို သေချာလုပ်ဖို့ပဲ အာရုံစိုက်ထား”

ရွှမ်ရဲက အသံကျယ်ကျယ်ဖြင့် ပြန်လည်ဖြေကြားသည်။

“ဟုတ်ကဲ့ပါ”

ထိုစကားကို ကြားပြီးနောက် ရွှမ်ရဲ၏ စိတ်အခြေအနေက သိသိသာသာ တည်ငြိမ်သွားခဲ့ပြီး သူ့အလုပ်များကို ဆက်လက်လုပ်ဆောင်ရန် ချက်ချင်းထွက်ခွာသွားခဲ့သည်။

ရက်အနည်းငယ် ကြာပြီးနောက် တိုက်ပွဲဝင်ရန်ပြင်ဆင်နေကြသော ကျွမ်းကျင်သူများ အားလုံးကို သူ စုဆောင်းထားပြီ ဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင် လီရွှန်ကျိုးနှင့် ဟော်ထျန်းတို့ကို သူ သေချာပေါက် ရွေးချယ်ခဲ့သည်။ သူတို့နှစ်ဦးလုံးသည် ဤခေတ်ကာလ၏ ထူးချွန်ထက်မြက်သော ပုဂ္ဂိုလ်များ ဖြစ်ရုံသာမက ကိုယ်တိုင်ကိုယ်ကျ လေ့ကျင့်ပြုစု ပျိုးထောင်ပေးခဲ့သော ကျွမ်းကျင်သူများလည်း ဖြစ်ကြသည်။

အကယ်၍ သူတို့နှစ်ဦးလုံးသာ ပါဝင်လာမည်ဆိုပါက အနိုင်ရနိုင်ခြေ အလွန်တရာ မြင့်မားသွားမည်ဖြစ်သည်။ သူတို့ အနိုင်မရခဲ့လျှင်ပင် အနည်းနှင့်အများဆိုသလို ပြိုင်ပွဲတွင် ပါဝင်ခဲ့ရပြီဖြစ်သည်။

ပြောရမည်ဆိုလျှင် တကယ်တမ်း၌ သူသည် ကျိုးရီအား မျက်နှာပန်းလှစေရန်သာ ကြိုးစားနေခြင်းပင်။ သူ့အတွက် အရေးအကြီးဆုံးသော အခြေခံအုတ်မြစ်မှာ ကျိုးရီသာ ဖြစ်သည်။

ကျိုးရီမှလွဲ၍ အခြားမည်သည့်အရာမျှ မရှိပေ။

အကယ်၍ သူတို့သာ အနိုင်ရခဲ့မည်ဆိုပါက သူတို့၏ နိုင်ပွဲက ကျိုးရီကို ဝမ်းမြောက်ဝမ်းသာ ဖြစ်စေပေလိမ့်မည်။

ကျိုးရီ ဝမ်းသာပျော်ရွှင်နေချိန်တွင် သူ့ကို ပိုမိုကောင်းမွန်သော အရာများကို ပေးသနားလာမည်ဖြစ်ပြီး ထိုအခါ သူသည် နောက်ထပ် အကျိုးအမြတ်အများအပြား ရရှိလာမည်ဖြစ်သည်။

ဤသည်ထက် ပိုမိုကြီးမားသော ပျော်ရွှင်မှုမျိုး မရှိနိုင်တော့ပေ။

အကယ်၍ သူတို့ ရှုံးနိမ့်ခဲ့လျှင်လည်း သူ စိုးရိမ်ပူပန်နေရန် သို့မဟုတ် ဝန်ထုပ်ဝန်ပိုးများ ခံစားနေရန်မလိုအပ်ပေ။ နောက်ဆုံးတွင် ရှုံးနိမ့်ရခြင်းမှာ သူ၏ အမိန့်ပေးကွပ်ကဲမှု ညံ့ဖျင်းခြင်းကြောင့်ဟုဆိုကာ တာဝန်ကို သူခေါင်းပေါ် တင်လိုက်မည်သာ။

ဤသို့ဆိုလျှင် ကျိုးရီသည် သူ့အား သေချာပေါက် အပြစ်တင်မည်မဟုတ်သည့်အပြင် အလုပ်တွင် အလွန်စွမ်းဆောင်ရည်ပြည့်ဝသည်ဟုပင် ချီးကျူးလာနိုင်ပေသည်။

All Chapters