← Chapters

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း ၁၄၀

Vol. 14 Ch. 140

အခန်း (၁၄၀) - မိတ်ဆွေဟောင်းတစ်ဦးနှင့် တွေ့ဆုံခြင်း (၂)

ထို့ကြောင့် သူတို့ ပြောချင်ရာ ပြောနေလျှင်ပင် ကျိုးရီ ဂရုမစိုက်တော့ပေ။

အကြီးအကဲလိန်သည် အချိန်အတော်ကြာအောင် ထိတ်လန့်နေခဲ့ပြီးနောက်မှ သူ၏ ခံစားချက်များကို ဖြည်းညင်းစွာ တည်ငြိမ်သွားစေခဲ့သည်။

“မင်းကတော့ တကယ့်ပါရမီရှင်ပဲ ကောင်လေးရာ၊ မိုးပြာနဂါးလေးက ဘာလို့ မင်းနောက်ကို လိုက်ချင်နေရတာလဲဆိုတာကို အခုတော့ ငါနားလည်သွားပြီထင်တယ်”

အဘယ်ကြောင့်ဆိုသော် ကျိုးရီသည် အလွန်အမင်း အင်အားကြီးမားလွန်းလှပြီး သူ၏ ပါရမီကလည်း အထွတ်အထိပ်တွင် ရှိနေသောကြောင့်ပင်။

လက်ရှိအခြေအနေအရဆိုလျှင် ကျိုးရီအနေဖြင့် နောက်ထပ်အဆင့်တစ်ခုသို့ တက်လှမ်းနိုင်ရန် အချိန်များစွာ လိုအပ်တော့မည်မဟုတ်ဟု သူ ခန့်မှန်းမိလေသည်။

ထိုအဆင့်က ကမ္ဘာတစ်ခုလုံးကို အုပ်စိုးနိုင်ရုံသာမက နယ်မြေသခင်တစ်ပါးပင် ဖြစ်လာနိုင်ပေသည်။

အဆင့်မြင့်သွေးမျိုးဆက် ရရှိထားသော မြင့်မြတ်သားရဲတစ်ကောင်အနေဖြင့် မိုးပြာနဂါးလေးသည် အရူးတစ်ကောင် မဟုတ်သလို သဘာဝကျကျပင် ဂုဏ်မောက်လေ့ ရှိသည်။ သူသည် မည်သူ့ကိုမျှ အလွယ်တကူ သခင်အဖြစ် အသိအမှတ်ပြုမည်မဟုတ်ချေ။

တစ်ဖက်လူက အလွန်တရာအင်အားကြီးမားသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေလျှင်ပင် မြင့်မြတ်သားရဲ မိုးပြာနဂါးအနေဖြင့် တစ်ဖက်လူ၏ ဖိနှိပ်ခံရခြင်းကို မလိုလားပါက ကိုယ့်ကိုယ်ကိုယ် ဖောက်ခွဲဖျက်ဆီးပစ်ရန်ပင် ရွေးချယ်နိုင်ပေသည်။

ယေဘုယျအားဖြင့် ဆိုရလျှင် မြင့်မြတ်သားရဲ မိုးပြာနဂါးသည် မယုံနိုင်လောက်အောင် ဂုဏ်မောက်သော ဖြစ်တည်မှုတစ်ခုဖြစ်ပြီး မည်သူ့ကိုမျှ သူ၏ဂုဏ်သိက္ခာကို အလွယ်တကူ နင်းခြေခွင့်ပြုမည်မဟုတ်ချေ။

သို့သော် သူ့အား ကျိုးရီက အောင်နိုင်ခဲ့၏။

ထို့အပြင် တစ်ဖက်လူနှင့်အတူ ရပ်တည်ရန် ရွေးချယ်ခဲ့ခြင်းက တစ်ဖက်လူ၌ မိုးပြာနဂါးလေးကို အပြည့်အဝ ယုံကြည်လက်ခံသွားစေနိုင်သည့် ထူးခြားသော ကိုယ်ရည်ကိုယ်သွေးတစ်ခု ပိုင်ဆိုင်ထားကြောင်းကို ပြသရန် လုံလောက်နေပေသည်။

မိုးပြာနဂါးလေးက ကြီးမြတ်သောနဂါးမျိုးနွယ်စုထံသို့ ပြန်မသွားဘဲ သူ့နောက်သို့လိုက်ရန် ဆန္ဒရှိနေခြင်းမှာ အံ့သြစရာမဟုတ်တော့ချေ။

တစ်ချိန်တည်းမှာပင် လီရွှန်ကျိုးနှင့် အခြားသူများ စောစောက အဘယ်ကြောင့် ထိုမျှလောက် အံ့အားသင့်နေခဲ့ကြသည်ကိုလည်း သူ နားလည်သွားခဲ့လေသည်။

တစ်ဖက်လူ၏ အရှိန်အဝါကို သူ အာရုံမခံနိုင်ခဲ့ကြောင်းကို သူတို့ စိတ်ကူးဖြင့်ပင် မတွေးမိခဲ့ကြသည်မှာ သေချာနေပေသည်။

ဤကောင်လေးက ပုံမှန်အားဖြင့် သူ့ကိုယ်သူအရမ်းကို နက်နက်ရှိုင်းရှိုင်း ဖုံးကွယ်ထားတတ်ပုံရသည်။

‘သူ့လက်အောက်ငယ်သားတွေတောင် သူ့စွမ်းအားကို မသိကြဘူးတဲ့လား၊ အနာဂတ်မှာ သူနဲ့ ရင်းရင်းနှီးနှီး ပေါင်းသင်းဆက်ဆံရရင်တောင်မှ သူ့အကြောင်း သတင်းအချက်အလက်တွေကို အလွယ်တကူ ရနိုင်မှာမဟုတ်ဘူး'

‘ဒါပေမယ့် အဲဒီအကြောင်း ‌သိထားရုံနဲ့တင် လုံလောက်နေပါပြီ၊ အဲဒီအရာတွေကို သိထားလို့လည်း ငါ့အတွက် အကျိုးရှိလာမှာ မဟုတ်ဘူး။ အခုအချိန်မှာ မိုးပြာနဂါးလေးက တစ်ဖက်လူရဲ့ လက်ထဲမှာ ရှိနေတာ။ ငါတတ်နိုင်တာ မရှိဘူး'

‘တကယ်လို့ တစ်ဖက်လူကို သတ်ချင်တယ်ဆိုရင်တောင် နဂါးမျိုးနွယ်စုက အကြီးအကဲ တစ်ယောက်ယောက်ကို ဖိတ်ခေါ်ရမှာပဲ၊ ငါယ်တိုင်တော့ မဖြစ်နိုင်ဘူး၊ ငါ့မှာ အဲဒီလောက် စွမ်းအားမရှိသလို နည်းလမ်းလည်း လုံးဝမရှိဘူး'

ရုတ်တရက် နဂါးမျိုးနွယ်စုမှ လူငယ်တစ်ဦးက မတ်တတ်ရပ်ကာ ကျိုးရီကို အေးစက်စက် မျက်နှာထားဖြင့် စိုက်ကြည့်လာလေသည်။

“အကြီးအကဲလိန်... သူက ကျွန်တော်တို့ရဲ့ မြင့်မြတ်သားရဲ မိုးပြာနဂါးလေးကို ယူသွားတဲ့ အကြီးအကဲပြောတဲ့ လူသားမျိုးနွယ်ဝင်ဆိုတာလား”

ထိုလူငယ်၏ မျက်လုံးများထဲတွင် ပြင်းထန်သော ခြိမ်းခြောက်မှုနှင့် ရန်လိုမှုများ ပြည့်နှက်နေပြီး သူက ကျိုးရီကို စိန်ခေါ်ချင်နေကြောင်း သိသာထင်ရှားနေလေသည်။

သို့သော် ကျိုးရီကမူ သူ့ကို တစ်ချက်လေးပင် မကြည့်ခဲ့ချေ။ သူ့ကဲ့သို့ အင်အားကြီးကျင့်ကြံသူ တစ်ဦးအတွက်မူ တစ်ဖက်လူနှင့် တိုက်ပွဲဝင်ခြင်းက တစ်ဖက်လူကို အနိုင်ကျင့်ရာ ရောက်ပေလိမ့်မည်။

သူနိုင်သွားလျှင်ပင် ဂုဏ်ယူစရာ မရှိသလို ရှုံးနိမ့်သွားပါက ပို၍ပင် အရှက်ရဖွယ် ကောင်းပေလိမ့်မည်။

သို့သော် သူ လုံးဝ ရှုံးနိမ့်မည်တော့မဟုတ်ပေ။

‘နွားငယ်လေးက ကျားကို မကြောက်ဘူး ဆိုသလိုပဲ၊ ငါလည်း အဲဒီအရွယ်ကို ဖြတ်သန်းခဲ့ဖူးပါတယ်။ ဒါပေမယ့် လက်တွေ့ဘဝက ဘယ်လိုနေထိုင်ရမလဲဆိုတာ သူ့ကို သင်ပေးပါလိမ့်မယ်'

ကျိုးရီက စကားမပြောခဲ့သော်လည်း အကြီးအကဲလိန်က စကားမပြောနိုင်ဟု မဆိုလိုပေ။

အကြီးအကဲလိန်၏ မျက်နှာက အေးစက်သွားပြီး ချက်ချင်းပင် ဟောက်လိုက်သည်။

“လိန်လီ... မင်း သေချင်နေပြီလား၊ သေချင်တယ်ဆိုရင် အခုချက်ချင်း မင်းကို ငါ သတ်ပေးလို့ရတယ်၊ ဒီနေရာမှာ ပေါက်ကရလာလုပ်မနေနဲ့”

လိန်လီက မကျေမနပ်ဖြင့် ပြန်လည်ချေပလေသည်။

“ဘာဖြစ်လို့လဲ၊ ကျွန်တော်က အမှန်တရားကို ပြောနေတာလေ၊ သူက ကျွန်တော်တို့ မျိုးနွယ်စုရဲ့ မြင့်မြတ်သားရဲ မိုးပြာနဂါးကို ယူသွားတာတောင်မှ ကျွန်တော်တို့က သူ့ကို ဘာမှ အရေးယူမလုပ်ဘူး၊

အဲဒါက အရမ်း ယုတ္တိမရှိလွန်းဘူးလို့ အကြီးအကဲ မထင်ဘူးလား”

“အကြွေးဆိုတာ ဆပ်ရမယ်၊ လူသတ်သမားဆိုတာ အသက်ပေးရမယ်ဆိုတဲ့ စကားပုံလည်း ရှိတယ်လေ၊ သူက ကျွန်တော်တို့ရဲ့ မြင့်မြတ်သားရဲကို ယူသွားတာဆိုတော့ သူ့ကို သတ်ပြီး ကျွန်တော်တို့ရဲ့ မြင့်မြတ်သားရဲကို ပြန်ယူရမှာပေါ့”

အကြီးအကဲလိန်က ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

“မင်း…. လူမိုက်က သေလမ်းရှာနေတာပဲ၊ ဒီလိုဆိုမှတော့ မင်းကို ငါ တိုက်ရိုက်သတ်ပစ်လိုက်မယ်”

အကြီးအကဲလိန်သည် သူ့အား အနည်းငယ်မျှပင် အလွတ်မပေးတော့ပဲ လက်မြှောက်ကာ လက်ဝါးတစ်ချက်ဖြင့် တိုက်ခိုက်လိုက်ရာ ထိုလူငယ်မှာ ချက်ချင်းပင် သွေးမြူများအဖြစ်သို့ ပြောင်းလဲသွားလေတော့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရသော အခြားနဂါးမျိုးနွယ်စုမှ ကျင့်ကြံသူအားလုံး တုန်လှုပ်ချောက်ချားသွားကြလေသည်။

သူတို့၏ ရင်ထဲတွင် မကျေနပ်မှုအချို့ ရှိနေသော်လည်း ဤနေရာတွင် မည်သည့်စကားကိုမျှ လွယ်လွယ်ကူကူ မပြောရဲကြတော့ချေ။

မည်သို့ပင်ဆိုစေကာမူ သူတို့၏ မျက်စိရှေ့တွင်ပင် မျိုးနွယ်စုဝင်တစ်ဦးသည် ဤကဲ့သို့သော ကံကြမ္မာဆိုးနှင့် ကြုံတွေ့သွားခဲ့ရသည်မဟုတ်လော။

သူတို့အားလုံးတွင် ပြုစုစောင့်ရှောက်ရမည့် ဇနီး၊ သားသမီးများနှင့် သက်ကြီးရွယ်အိုများ ရှိကြရာ သူတို့ကိုယ်သူတို့ ပြဿနာထဲသို့ လွယ်လွယ်ကူကူ ဆွဲမသွင်းရဲကြတော့ချေ။

အကြီးအကဲလိန်က လှောင်ပြောင်လိုက်သည်။

“သူက ငါတို့နဂါးမျိုးနွယ်စုအတွက် စကားပြောပေးတာဖြစ်လို့ သူ့ကို ငါသတ်လိုက်တာက အရမ်း လွန်သွားတယ်၊ ငါ မသတ်သင့်ဘူးလို့ မင်းတို့ ထင်နေကြတာလား”

မည်သူကမျှ စကားမပြောရဲကြသော်လည်း သူတို့လည်း ထိုကဲ့သို့ပင် တွေးနေကြကြောင်း သိသာထင်ရှားနေပေသည်။

အကြီးအကဲလိန်က ဆက်လက်၍ လှောင်ပြောင်လေသည်။

“တကယ့်ကို ရယ်စရာကောင်းတာပဲ၊ သူက ငါတို့ရဲ့ အရေးအကြီးဆုံးပိုင်ဆိုင်မှုနဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို ဒီနေရာမှာ အသံကျယ်ကျယ်နဲ့ကြေညာပြီး ဖြန့်ဝေနေတာလေ၊ ဒီအချက်တစ်ချက်တည်းနဲ့တင် သူက သေသင့်နေပြီ”

“အကြီးအကဲများကောင်စီက ဒီကိစ္စနဲ့ပတ်သက်ပြီး တခြားဘယ်သူ့ကိုမဆို ဆွေးနွေးခွင့်မပြုဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချမှတ်ထားပြီးသား၊

ဒါပေမယ့် သူက သူ့ရဲ့ နာမည်ဂုဏ်သတင်းကို ကျော်ကြားချင်ရုံသက်သက်နဲ့ ဒီကိစ္စကို အတင်းအကျပ် ထုတ်ပြောချင်နေတာ”

“သူက ဒီလောက်တောင် အသိဉာဏ်ကင်းမဲ့နေမှတော့ သူ ဆက်အသက်ရှင်နေဖို့ မလိုအပ်တော့ဘူး”

အမှန်တကယ်ပင် အခြားသော နဂါးမျိုးနွယ်စုဝင်များသည် အကြီးအကဲများကောင်စီအကြောင်း ကြားလိုက်ရသောအခါ မျက်နှာအမူအရာများ ချက်ချင်း ပြောင်းလဲသွားကြပြီး မည်သည့်မကျေနပ်မှုကိုမျှ မပြရဲကြတော့ချေ။

ထိုအခါမှသာ အကြီးအကဲလိန်က ကျိုးရီကို ကြည့်လိုက်ပြီး အပြန်အလှန် အရိုအသေပေးလိုက်ကြသည်။

“အရှင်ကျိုးရီ... အဆင်‌ပြေပြေရှိရဲ့လား”

ကျိုးရီကလည်း ခေါင်းညိတ်ကာ ပြန်လည်အရိုအသေပေးလိုက်သည်။

သူတို့နှစ်ဦးသည် တစ်ချိန်က ရန်သူများ ဖြစ်ခဲ့ကြသော်လည်း ယခုအခါတွင် တစ်ဖက်လူက ဤမျှလောက် ယဉ်ကျေးနေရာ သူကလည်း အလိုက်အထိုက် ဆက်ဆံရပေမည်။

‘ရန်ငြိုးဖွဲ့တာထက် ရန်ငြိုးပြေတာက ပိုကောင်းတယ်ဆိုတဲ့ စကားပုံလိုပေါ့၊ ရန်သူများတာထက် မိတ်ဆွေများတာက ပိုကောင်းတာပါပဲ'

ကျိုးရီက သိချင်စိတ်ဖြင့် မေးမြန်းလိုက်သည်။

“ဒါနဲ့ စကားမစပ်... ကျွန်တော့်မှာ အမြဲတမ်းသိချင်နေတဲ့ မေးခွန်းတစ်ခုရှိတယ်၊ ခင်ဗျားက မိုးပြာနဂါးလေးနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့ နဂါးမျိုးနွယ်စုရဲ့ အကြီးအကဲများကောင်စီဆီ ပြန်သွားမယ်လို့ အရင်တုန်းက ပြောခဲ့တယ်လေ၊ ဒါပေမယ့် အဲဒီနောက်ပိုင်း ဘာလို့ ကျွန်တော့်ဆီ ပြန်မလာခဲ့တာလဲ”

“ခင်ဗျားတို့အားလုံး ဘာတွေစဉ်းစားနေကြတာလဲ၊ ခင်ဗျားတို့က ကျွန်တော့်ကိုဖြေရှင်းဖို့ အစွမ်းကုန်ကြိုးစားလာမလားဆိုပြီး ကျွန်တော်လည်း ခန့်မှန်းနေခဲ့တာ၊

ဒါပေမယ့် အခုလက်ရှိ အခြေအနေအရတော့ ခင်ဗျားတို့က ကျွန်တော့်အပေါ် အဲဒီလောက်ကြီး မုန်းတီးနေပုံမပေါ်ဘူး”

“ခင်ဗျားတို့ရဲ့ ဆွေးနွေးမှု ရလဒ်လေးကို ကျွန်တော့်ကို နည်းနည်းလောက် ပြောပြလို့ရမလား”

အကြီးအကဲလိန်က အလွယ်တကူ သဘောတူလိုက်သည်။

“ကောင်းပါပြီ”

ကျိုးရီသည် ဤကိစ္စနှင့် ပတ်သက်၍ အတော်လေး စိုးရိမ်ပူပန်နေဆဲဖြစ်ကြောင်း အကြီးအကဲလိန် ရိပ်မိလေသည်။

ထို့ကြောင့် သူက ချက်ချင်းပင် ရှင်းပြလေသည်။

“အစတုန်းကတော့ ကျွန်တော်တို့ နဂါးမျိုးနွယ်စုထဲက အစွန်းရောက်တချို့က အရှင့်ကိုသတ်ဖို့ ပြင်ဆင်နေခဲ့ကြတာ၊ ဒါပေမယ့် ကံကောင်းထောက်မစွာနဲ့ပဲ နောက်ဆုံးမှာ အဲဒီလိုမလုပ်ဖို့ သူတို့ ဆုံးဖြတ်လိုက်ကြတယ်”

“နောက်ထပ် အုပ်စုတစ်စုကတော့ နောက်ဆက်တွဲ အခြေအနေကို အရင်ဆုံးစောင့်ကြည့်ဖို့ ရွေးချယ်ခဲ့ကြတယ်”

“ဒါပေမယ့် သူတို့အားလုံးမှာ တူညီတဲ့အကြံအစည်တစ်ခု ရှိနေတယ်၊ အကယ်၍ အရှင်က တစ်ယောက်ယောက်ကို ပြစ်မှားမိပြီး အဲဒီပြိုင်ဘက်နဲ့ အရှင့်ကြားမှာ ကြီးမားတဲ့တိုက်ပွဲကြီး ဖြစ်ပွားလာခဲ့မယ်၊ ပြီးတော့ နှစ်ယောက်လုံး သေဆုံးသွားခဲ့မယ် ဆိုရင် သူတို့က ဝင်မစွက်ဖက်ဘူးတဲ့၊

သူတို့က အရှင်သေသွားမယ့်အချိန်နဲ့ မိုးပြာနဂါးလေးလည်း သေသွားမယ့်အချိန်ကိုပဲ စောင့်နေကြမယ်၊ ပြီးမှ မိုးပြာနဂါးလေးရဲ့အလောင်းကို ယူပြီးတော့ အသစ်ထပ်ပြီးဖန်တီးမယ်တဲ့”

ကျိုးရီက ချီးကျူးစကား ဆိုလိုက်သည်။

“သူတို့က ဒီလောက်တောင် ရဲတင်းလိမ့်မယ်လို့ မထင်ထားခဲ့ဘူး၊ တော်တော်လေး စိတ်ဝင်စားဖို့ကောင်းတာပဲ”

ဤမျိုးနွယ်စုသည် ရိုးရှင်းစွာပင် အလွန်တရာ ရက်စက်လွန်းလှပေသည်။ မိုးပြာနဂါးလေးသည် သူတို့အတွက် အလွန်အရေးကြီးလှပေသည်။

သို့သော် ထိုသို့ဖြစ်နေလျှင်ပင် သူတို့သည် မိုးပြာနဂါးတစ်ကောင်တည်းအတွက် ကျိုးရီနှင့် ပူးပေါင်းကာ သူ့အတွက်တိုက်ခိုက်ပေးရန် ရွေးချယ်မည်မဟုတ်ချေ။

သူတို့သည် အနောက်တွင်ရပ်ကာ ကျိုးရီသေဆုံးသွားမည့် အချိန်ကို စောင့်ကြည့်နေရန်နှင့် သူတို့နှင့် သက်ဆိုင်သောအရာကို ပြန်လည်ရယူရန်သာ ရွေးချယ်ကြမည် ဖြစ်သည်။

‘ဒီကောင်တွေက တကယ်ကို ရက်စက်လွန်းတယ်၊ သာမန်ရက်စက်တာမျိုး မဟုတ်ဘူး'

‘သူတို့က တစ်စကြဝဠာလုံးမှာ အင်အားအကြီးဆုံးမျိုးနွယ်စု ဖြစ်လာနိုင်တာ အံ့သြစရာတော့မဟုတ်ဘူး။ ငါသာဆိုရင် ဒီလိုလုပ်နိုင်မှာမဟုတ်ဘူး။

ကိုယ့်အတွက် အရမ်းအရေးကြီးတဲ့ သူတစ်ယောက်သာ တစ်ဖက်လူရဲ့လက်ထဲမှာ ရောက်နေတယ်ဆိုရင် တစ်ဖက်လူသေမယ့်အချိန်ကို အေးအေးဆေးဆေးစောင့်ပြီးမှ လက်စားချေဖို့ လုံးဝလုပ်မှာမဟုတ်ဘူး'

ကျိုးရီက စိတ်ပေါ့ပါးသွားပြီး သက်ပြင်းချလိုက်သည်။

“ထားလိုက်ပါတော့၊ ဘာပဲဖြစ်ဖြစ် ဒါက ကောင်းတဲ့ကိစ္စပါပဲ၊ အနည်းဆုံးတော့ အခုချိန်မှာ မိုးပြာနဂါးလေးရဲ့ကိစ္စအတွက် ကျွန်တော် စိတ်ပူနေစရာမလိုတော့ဘူးလေ”

အကြီးအကဲလိန်က တည်ငြိမ်စွာ တုံ့ပြန်လိုက်သည်။

“နားလည်ပေးလို့ ဝမ်းသာပါတယ်”

မလှမ်းမကမ်းတွင်မူ လူအများအပြားသည် နားမလည်နိုင်သော အမူအရာများဖြင့် သူတို့ထံသို့ လှမ်းကြည့်နေကြလေသည်။

All Chapters