အခန်း ၃၂၉
Vol. 33 Ch. 329
အခန်း ၃၂၉ - ဝူချင်းယွီ၊ မှတ်ဉာဏ်များ နိုးထခြင်း
"ဘိုးဘေး... ဘိုးဘေး ဘယ်တုန်းက ပြန်ရောက်လာတာလဲ..."
ဝူဟောက်ကို မြင်တွေ့လိုက်ရချိန်တွင် စူးယွဲ့ရို နှင့် အခြားသူများသည် အနည်းငယ် အံ့အားသင့်သွားကြပြီး အလျင်အမြန် မတ်တပ်ရပ်လိုက်ကြ၏။
ဝူဟောက် က လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"ငါ ပြန်ရောက်တာ ကြာပြီ..."
ဝူဟောက်ကို မြင်တွေ့လိုက်ရချိန်တွင် ဝူလီက အလျင်အမြန် ပြောဆိုလိုက်၏။
"ဘိုးဘေး... ကျွန်တော့်ရဲ့ သမီးလေးကို နာမည်ပေးဖို့ တောင်းဆိုချင်ပါတယ်..."
အနီးနားတွင် ရပ်နေသော ချင်ဝမ် လည်း အလျင်အမြန် ဖြည့်စွက်ပြောဆိုလိုက်၏။
"ဟုတ်ပါတယ် ဘိုးဘေး... သမီးတို့ သူ့ကို နာမည် မပေးရသေးဘူး... အဘိုး ကိုပဲ နာမည်ပေးစေချင်တာပါ..."
"ငါ နာမည်ရွေးပေးရမလား..."
ဤသည်ကို ကြားချိန်တွင် ဝူဟောက်သည် ခဏတာ စဉ်းစားပြီးနောက် အလျင်အမြန် ပြောဆိုလိုက်၏။
"ဒီလိုဆိုရင်လည်း သူ့ကို ဝူချင်းယွီ လို့ ခေါ်လိုက်ကြတာပေါ့... သူမက အိမ်သူအိမ်သားတွေရဲ့ အလိုကျ နူးညံ့သိမ်မွေ့တဲ့ အမျိုးသမီးလေး တစ်ယောက် ဖြစ်လာမယ်လို့ ငါ မျှော်လင့်တယ်..."
"ကျေးဇူးတင်ပါတယ် ဘိုးဘေး... ယာယာ ဒီနာမည်ကို ကြိုက်တဲ့ပုံပဲ..."
ယာယာ သည် ဝူလီနှင့် ချင်ဝမ်တို့က သူမ၏ သမီးကို ပေးထားသော အမည်ပြောင်ဖြစ်ပြီး ၊ ဝူဟောက် လာရောက် ရွေးချယ်ပေးမည့်အချိန်ကို စောင့်မျှော်ရင်း ပေးထားခြင်း ဖြစ်သည်။
ဝူဟောက်၏ နာမည်ပေးမှုကို ဝူလီနှင့် ချင်ဝမ် တို့ကလည်း ကျေနပ်စွာဖြင့် သဘောတူလိုက်ကြ၏။
ဝူဟောက်သည် ဝူလီ၏ သမီးကို နာမည်ပေးလိုက်သည့် အခိုက်အတန့်တွင် ဝူလီ၏ အမူအရာမှာ ပြောင်းလဲသွားပြီး ၊ သူ၏ နေရာမှ ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။
"ဘိုးဘေး... ဝူလီ က... ဒါ ဘာတွေ ဖြစ်နေတာလဲ..."
ချင်ဝမ်က စိုးရိမ်တကြီးဖြင့် မေးမြန်းလိုက်၏။
ဝူဟောက်ကမူ စိုးရိမ်ခြင်းမရှိဘဲ လက်ကိုဝှေ့ယမ်းကာ ပြောဆိုလိုက်သည်။
"ဘာမှမဖြစ်ပါဘူး... သူ အင်မော်တယ် အရှင်မြတ် အဆင့်ကို ချိုးဖောက်ဝင်ရောက် သွားပြီး ကပ်ဘေးဖြတ်ကျော်ခြင်း ပြုလုပ်ဖို့ ပြင်ဆင်နေတာပါ... ပြီးတော့ သူ့ရဲ့ မှတ်ဉာဏ်တွေလည်း နိုးထတော့မှာ..."
ဝူဟောက်သည် စကားအဆုံးထိ ဆက်မပြောခဲ့ချေ။ အကယ်၍ ထိုသို့ပြောလိုက်ပါက ဝူလီအပေါ် ထားရှိသော မိသားစုဝင်များ၏ ခံစားချက်များကိုပါ ထိခိုက်သွားမည်ကို သူ စိုးရိမ်မိသည်။
ဝူလီ ကိုယ်တိုင် ပြောပြတဲ့အထိ စောင့်ဆိုင်းခြင်းသည် အကောင်းဆုံးသာ ဖြစ်ပေမည်။
နတ်ဘုရားဘုရင် အဆင့်သို့ ရောက်ရှိပြီးနောက် ဝူဟောက်သည် အချို့သော လူများ၏ ကံကြမ္မာများကို ရှင်းလင်းစွာ မြင်နိုင်ခဲ့သည်။ ထို့ကြောင့် သူ ပြန်ရောက်လာပြီး ဝူလီကို မြင်တွေ့လိုက်ရချိန်တွင် ဝူလီသာ အင်မော်တယ် အရှင်မြတ် နယ်ပယ်သို့ ချိုးဖောက်ဝင်ရောက်သွားသည်နှင့် သူ၏ ယခင်ဘဝက မှတ်ဉာဏ်များ နိုးထလာမည်ဖြစ်ကြောင်း ဝူဟောက် သိရှိခဲ့သည်။
ဤသည်ကို ကြားလိုက်ရချိန်တွင် ချင်ဝမ်၏ စိုးရိမ်မှုများများမှာ ပြေလျော့သွားခဲ့သည်။ သူမသည် ခင်ပွန်းဖြစ်သူ၏ ပါရမီကို သိရှိထားပြီး ကပ်ဘေးဖြတ်ကျော်ခြင်း သက်သက်သာ ဖြစ်သောကြောင့် သူ့အတွက် ဘာအန္တရာယ်မှ မဖြစ်နိုင်ပေ။
ချင်ဝမ် ခန့်မှန်းထားသည့်အတိုင်း ရွှေရောင်မိုးကြိုးသစ်သား ဓားဝင်္ကပါ ၏ အကူအညီဖြင့် ဝူလီသည် ကပ်ဘေးဖြတ်ကျော်ခြင်း ကို အလျင်အမြန် ပြီးမြောက်သွားခဲ့သည်။
ဝူလီ လှည့်ပြန်ရန် ပြင်လိုက်စဉ် သူ၏ အနောက်တွင် ပုံရိပ်တစ်ခု ပေါ်လာသည်ကို မြင်တွေ့လိုက်ရ၏။
ဝူလီသည် ထိုပုံရိပ်ကို မြင်တွေ့လိုက်ရချိန်တွင် နေရာတွင်ပင် မှင်သက်သွားခဲ့သည်။ အဘယ်ကြောင့်ဆိုသော် ထိုပုံရိပ်မှာ သူကိုယ်တိုင်ပင် ဖြစ်သည်။
သို့သော် သူ၏ ဆန့်ကျင်ဘက်တွင် ရပ်နေသူ၏ အငွေ့အသက်မှာ ယခုလက်ရှိ သူနှင့် မတူဘဲ လုံးဝ ကွာခြားနေခဲ့၏။ သူသည် ကမ္ဘာကြီးကို ငုံ့ကြည့်နေသော ပြိုင်ဘက်ကင်း ဘုရင် တစ်ပါးနှင့် တူပေသည်။
ဝူလီ အလျင်အမြန် ခေါင်းခါယမ်းကာ လေးနက်စွာ ပြောဆိုလိုက်၏။
"အိပ်မက်လား... ဒါ ဘယ်အချိန်က ဖြစ်သွားတာလဲ..."
ထိုသို့ပြောပြီးနောက် ဝူလီသည် ထို အိပ်မက် ကို ချိုးဖျက်ရန် ပြင်လိုက်စဉ် ထိုအချိန်တွင် အခြားတစ်ဖက်မှ ဝူလီကို စကားပြောလာခဲ့၏။
"မဟုတ်ဘူး... ဒါက အိပ်မက် မဟုတ်ဘူး... မင်းက ငါပဲ... ငါက မင်းပဲ..."
ဤသည်ကို ကြားလိုက်ရချိန်တွင် ဝူလီ နေရာတွင်ပင် မှင်သက်သွားပြီး မျက်မှောင်ကြုတ်သွားခဲ့၏။ သူ တစ်ခုခု ပြောရန် ပြင်လိုက်စဉ် ပုံရိပ်မှာ ချက်ချင်း သူ၏ရှေ့သို့ ပေါ်ထွက်လာခဲ့သည်။ ဝူလီ တုံ့ပြန်ရန်ပင် အချိန်မရလိုက်ချေ။ တစ်ဖက်လူသည် သူ၏လက်ညှိုးဖြင့် မိမိ၏ နဖူးကို တို့ထိလိုက်သည်ကို ကူကယ်ရာမဲ့စွာ ကြည့်နေခဲ့ရသည်။
နောက်တစ်စက္ကန့်တွင် ကြီးမားသော မှတ်ဉာဏ်များသည် ဝူလီ၏ စိတ်ထဲသို့ စီးဝင်လာခဲ့ပြီး၊ ထိုအကြောင်းကြောင့်ပင် အင်မော်တယ် အရှင်မြတ် အဆင့်သို့ ရောက်နေပြီဖြစ်သော ဝူလီ သည်ပင် ခေါင်းကိုက်ဝေဒနာကို ခံစားလိုက်ရသည်။
အတန်ကြာပြီးနောက် ဝူလီသည် မျက်လုံးများကို ထပ်မံ ဖွင့်လိုက်၏။ သို့သော် ထိုမှတ်ဉာဏ်ကို စုပ်ယူပြီးနောက် ဝူလီ၏ အမူအရာမှာ အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။ သူ၏ ယခင်ဘဝသည် အလွန် စွမ်းအားကြီးမားပြီး အင်မော်တယ် ဧကရာဇ် နှောင်းပိုင်းအဆင့် စွမ်းအားကြီးမားသူ တစ်ဦး ဖြစ်လိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
ယခင်ဘဝက သူသည် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် စွမ်းအားကြီးမားသူ တစ်ဦးဖြစ်ပြီး ၊ အချိန်နှင့်ဟင်းလင်းပြင် အင်မော်တယ် မဟာဧကရာဇ် ဟု လူသိများသည်။ သူသည် အချိန်နှင့်ဟင်းလင်းပြင် တာအို ကို ထိန်းချုပ်နိုင်ပြီး တာအိုပုလင်း ၏ အကူအညီဖြင့် အထက်ကမ္ဘာ တွင် အစွမ်းထက်ဆုံး ဖြစ်ခဲ့သည်။ မဟာမြင့်မြတ်နယ်မြေငါးခု ပင်လျှင် အချိန်နှင့်ဟင်းလင်းပြင် အင်မော်တယ် မဟာဧကရာဇ် ကို အရိုအသေပေးခဲ့ရသည်။
သို့သော် ချိုးဖောက်ဝင်ရောက်ခြင်း က အလွန် မြန်ဆန်လှသဖြင့် အချိန်နှင့်ဟင်းလင်းပြင် အင်မော်တယ် မဟာဧကရာဇ် သည် အင်မော်တယ် မဟာဧကရာဇ် နှောင်းပိုင်းအဆင့် သို့ ရောက်ရှိချိန်တွင် ကျင့်ကြံပါရမီ ကုန်ဆုံးသွားခဲ့သည်။ ထို့အပြင် သူသည် အထက်ကမ္ဘာကို ချိတ်ပိတ် ထားသည့် ကိစ္စကိုသိရှိသွားပြီးနောက် ဤအစီအစဉ်ကို ရေးဆွဲခဲ့ခြင်းဖြစ်သည်။
ပြန်လည်ဝင်စားခြင်းဖြင့် အခြေခံအုတ်မြစ်ကို ခိုင်မာစေပြီး ပိုမို စွမ်းအားကြီးစေမည်။ ထို့အပြင် သူသည် အထက်ကမ္ဘာ မှ ထွက်ခွာရန် နည်းလမ်း ရှာတွေ့ခဲ့သည်။ ဆိုလိုသည်မှာ သူသည် အင်မော်တယ် မဟာဧကရာဇ် ထက် ပိုမြင့်သော နယ်ပယ် သို့ ကျင့်ကြံ နိုင်မည် ဖြစ်သည်။
သူသည် ဝူလီအခြားတစ်ယောက်ကို ထပ်ကြည့်လိုက်ချိန်တွင် ထိုသူမှာ ပျောက်ကွယ်သွားပြီး သူနှင့် ပေါင်းစပ်သွားခဲ့ပြီ ဖြစ်သည်။ ဤသည်မှာ သူ ချန်ထားခဲ့သော အရန်အစီအစဉ် တစ်ခုဖြစ်သည်။ အင်မော်တယ် အရှင်မြတ်သို့ ကျင့်ကြံ ပြီးသည်နှင့် သူ၏ မှတ်ဉာဏ်များက နိုးထလာလိမ့်မည် ဖြစ်သည်။
"ကောင်းပြီ... ငါ့ရဲ့ လက်ရှိ စွမ်းရည်နဲ့ဆိုရင် အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့် ကို ချိုးဖောက်ဝင်ရောက်ဖို့ ခက်ခဲလောက်တယ်... ဒါပေမဲ့ ဘိုးဘေး ရဲ့ အကူအညီနဲ့ဆိုရင် အင်မော်တယ် မဟာဧကရာဇ် အထက်ကို ချိုးဖောက်ဝင်ရောက်ဖို့ သိပ်ခက်ခဲမှာ မဟုတ်ဘူး..."
ဘိုးဘေးသည်လည်း သူ၏ ဇာစ်မြစ်ကို အစောကြီးကတည်းက သိရှိထားပုံရသည်။သို့သော် သေချာ စဉ်းစားကြည့်ပါက ၎င်းမှာ သဘာဝကျပေသည်။ မည်သို့ပင်ဆိုစေကာမူ၊ ဘိုးဘေး သည် အလွန် စွမ်းအားကြီးမားသူ ဖြစ်သည်။
သူ၏ ယခင်ဘဝ မှတ်ဉာဏ်များဖြင့် တွေးတောကြည့်မည်ဆိုပါက မိမိ၏ ဘိုးဘေး သည် အင်မော်တယ် မဟာဧကရာဇ် ထက်ပင် ပိုမို စွမ်းအားကြီးမားသူ ဖြစ်ကြောင်း သဘာဝကျကျ သိမြင်နိုင်သည်။ သူ၏ ဇာစ်မြစ် ကို ဖောက်ထွင်းမြင်နိုင်ခြင်းမှာ အံ့အားသင့်စရာ မရှိချေ။
ထို့အပြင် ဘိုးဘေး သည် သူ့ကို မထိခိုက်စေသဖြင့် သူသည် ဤကိစ္စကို ဂရုမစိုက်မှန်း ထင်ရှားသည်။
"ငါ ဘိုးဘေးရဲ့ မြစ် အဖြစ်ပဲ ဆက်နေတာ ပိုကောင်းမယ်... မဟုတ်ရင် ငါ ဘယ်လို သေသွားမှန်းတောင် သိမှာ မဟုတ်ဘူး..."
ဝူလီသည် ခေါင်းခါလိုက်ပြီး မစဉ်းစားသင့်သော အတွေးများကို ဖိနှိပ်ကာ အိမ်ပြန်သွားခဲ့သည်။
ပြန်ရောက်လာချိန်တွင် ချင်ဝမ် သည် ဝူလီ တစ်ခုခု မှားယွင်းနေကြောင်း သတိပြုမိသွားပြီး မေးမြန်းလိုက်၏။
"ယောကျ်ား... ကပ်ဘေးဖြတ်ကျော်ခြင်း ပြီးပြီးနောက်မှာ ရှင့်ကို ကြည့်ရတာ အခြားလူ ဖြစ်သွားသလိုပဲ..."
"အို... ဟုတ်လား..."
ဝူလီ သည် အရူးလို ဟန်ဆောင်ခဲ့သော်လည်း သူ၏ အတွင်းစိတ်မှာတော့ ထိတ်လန့်နေခဲ့၏။ ချင်ဝမ် သည် သူ၏ အပြောင်းအလဲ ကို ဖောက်ထွင်းမြင်နိုင်လိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။
သို့သော် ထိုအချိန်တွင် ဝူဟောက် က ဖြတ်ပြောလိုက်သည်။
"သာမန်ပါပဲ... ကပ်ဘေးဖြတ်ကျော်ခြင်းက မူလသက်ရှိကို အသစ်ပြန်လည် အစားထိုးခြင်း ပဲ... ဒါပေမဲ့ သူက ငါ ဝူဟောက် ရဲ့ မြစ် ဖြစ်နေတုန်းပဲ... ဝူမိသားစုရဲ့ အဖွဲ့ဝင်လည်း ဟုတ်သလို မင်းရဲ့ တာအိုလက်တွဲဖော်အဖြစ် အမြဲရှိနေဦးမှာပါ"
ဝူဟောက်၏ စကားကို ကြားလိုက်ရချိန်တွင် ဝူလီသည် မိမိ၏ ဘိုးဘေးမှာ သူ၏ အထောက်အထားကို သိရှိပြီး သူ့ကို အသိအမှတ်ပြု လက်ခံကြောင်း နားလည်သွားခဲ့သည်။
ဝူလီ သည် ချင်ဝမ် ကို ပြုံးကြည့်ကာ ပြောဆိုလိုက်၏။
"ဟုတ်တယ်... ငါက ဝူမိသားစု ရဲ့ အဖွဲ့ဝင် တစ်ယောက် အမြဲ ဖြစ်နေမှာပါ... ပြီးတော့ မင်းရဲ့ တာအိုလက်တွဲဖော် အဖြစ်လည်း အမြဲ ရှိနေမှာပါ..."
ဤအချိန်တွင် ဝူလီသည် အတိတ်ကို စွန့်လွှတ်လိုက်ပြီဖြစ်သည်။ အတိတ် က အတိတ် ၊ ပစ္စုပ္ပန်သည် ပစ္စုပ္ပန်ပင် ဖြစ်သည်။ သူသည် ဝူမိသားစု၏ အဖွဲ့ဝင်၊ ဝူဟောက်၏ မြစ် နှင့် ချင်ဝမ်၏ တာအိုလက်တွဲဖော်သာ ဖြစ်သည်။