← Chapters

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း ၃၃၀

Vol. 33 Ch. 330

အခန်း ၃၃၀ - ဆက်သွယ်ရေး ဝင်္ကပါ

ပြင်ဆင်မှု တစ်နှစ် ကြာပြီးနောက် သွေးဧကရာဇ် သည် နောက်ဆုံး၌ ပြီးမြောက်သွားခဲ့ပြီ ဖြစ်သည်။

သွေးဧကရာဇ်၏ ရှေ့တွင် ဝင်္ကပါ ကြီးတစ်ခု တည်ဆောက်ထားသည်။

"အဖေ... ဒါက သွေးနတ်ဘုရား နဲ့ ချိတ်ဆက်ပေးမယ့် မဟာဝင်္ကပါ လား..."

ရွှယ်ယွမ် သည် သွေးဧကရာဇ် ၏ ဘေးတွင် ရပ်နေရင်း စပ်စုချင်စိတ်ဖြင့် မေးမြန်းလိုက်၏။

"အင်မော်တယ် မဟာဧကရာဇ် အထွတ်အထိပ်အဆင့်ကို ချိုးဖောက်ဝင်ရောက်ပြီးနောက်မှာ ဒီ ဝင်္ကပါ ရဲ့ ထူးခြားမှုကို ကျွန်တော် ပိုပြီး သိရှိလာသလိုပဲ..."

ဤသည်ကို ကြားချိန်တွင် သွေးဧကရာဇ်က ခေါင်းညိတ်လိုက်သော်လည်း တစ်ခုခုကို သတိရသွားသည့်အလား ဖြည်းညင်းစွာ ခေါင်းခါလိုက်၏။

"မဟုတ်ဘူး... ဒါက သွေးနတ်ဘုရား နဲ့ ချိတ်ဆက်ပေးမယ့် မဟာဝင်္ကပါ မဟုတ်ဘူး... သွေးနတ်ဘုရား ရဲ့ အဆင့်အတန်း က ငါတို့နဲ့ မဆက်သွယ်နိုင်လောက်အောင် မြင့်မြတ်လွန်းတယ်... အမှန်တကယ်တော့ ငါ့ကို အံ့ဖွယ် အမှု များ ပေးသနားခဲ့သူ က သွေးနတ်ဘုရား မဟုတ်ဘူး... သွေးနတ်ဘုရားရဲ့ ကွပ်ကဲမှုအောက်မှာ ရှိတဲ့ အစောင့် ၁၂ ဦးပဲ.."

"ဒီ မဟာဝင်္ကပါ က နတ်ဘုရားကမ္ဘာ က သွေးဝိညာဉ်ဂိုဏ်း နဲ့ ချိတ်ဆက်ပေးနိုင်ပြီး အဲဒီကနေတစ်ဆင့် ငါတို့ရဲ့ အခြေအနေကို ပြောပြနိုင်တယ်.. ဒါဆို သူတို့က စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တွေကို စေလွှတ်ပေးလိမ့်မယ်..."

ထိုသို့ပြောနေစဉ် ၊ သွေးဧကရာဇ် ၏ မျက်လုံးများထဲ၌ ကြည်ညိုမှုများ ပြည့်နှက်နေခဲ့ရာ သူသည် သွေးဝိညာဉ်ဂိုဏ်းမှာ အလွန် စွမ်းအားကြီးမားပြီး ဂိုဏ်း၏ အကြီးအကဲ တစ်ဦးကို စေလွှတ်ရုံဖြင့် ရွှမ်ယွမ်ကမ္ဘာကို အလွယ်တကူ ရှင်းပစ်နိုင်မည်ဖြစ်ကြောင်း သဘာဝကျကျပင် သိရှိထားသည်။

ဤသည်ကို ကြားချိန်တွင် ရွှယ်ယွမ် နှင့် သွေးဝိညာဉ်ဂိုဏ်း ၏ အကြီးအကဲများသည် စိတ်လှုပ်ရှားသွားပြီး အလျင်အမြန် ပြောဆိုလိုက်၏။

"ဒီလိုဆိုရင်တော့ ဂိုဏ်းချုပ်... မဟာဝင်္ကပါ ကို ချက်ချင်း အသက်သွင်းကြရအောင်..."

ဤသည်ကို ကြားချိန်တွင် သွေးဧကရာဇ်မှာ ထပ်မံ ပြောဆိုခြင်း မရှိတော့ချေ။ သူသည် မဟာဝင်္ကပါ၏ ရှေ့သို့ ဖြည်းညင်းစွာ လျှောက်သွားသည်။ သူ၏ မျက်လုံးများထဲ၌ နာကျင်မှု အရိပ်အယောင်တစ်ခု ဖြတ်ပြေးသွားသော်လည်း နောက်တစ်စက္ကန့်တွင် သူ၏ ခန္ဓာကိုယ်ထဲမှ သက်စောင့်သွေး တစ်စက်ကို အတင်းအဓမ္မ ထုတ်ယူလိုက်၏။

ထို့နောက် သက်စောင့်သွေးကို မဟာဝင်္ကပါထဲသို့ တိုက်ရိုက် ထည့်သွင်းလိုက်သည်။

သက်စောင့်သွေး သည် မဟာဝင်္ကပါ ထဲသို့ ဝင်ရောက်သွားသည်နှင့် မဟာဝင်္ကပါ၏ ဘေးပတ်ပတ်လည်မှ နီရဲနေသော အလင်းတန်း များစွာ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့သည် ဝင်္ကပါ၏ အလယ်ဗဟိုသို့ စီးဝင်သွားလေ၏။

ဗဟိုချက်မရှိ နတ်ဘုရားတိုင်လုံးဆီသို့ ရောက်ရှိသွားချိန်တွင် တောက်ပနီမြန်းနေသော နတ်ဘုရားအမှတ်အသားများမှာ ထိုတိုင်လုံးထံမှ ပေါက်ဖွားထွက်ပေါ်လာပြီး ကမ္ဘာမြေတစ်ခွင်သို့ ပျံ့နှံ့သွားလေတော့သည်။

​ရွှယ်ယွမ်သည် ဤနတ်ဘုရားတိုင်လုံးကို ခပ်ရေးရေး မှတ်မိနေ၏။ ယခင်ကတည်းက သူ၏ဖခင်ဖြစ်သူသည် သွေးဝိညာဉ်ဂိုဏ်း၏ အပြင်ဘက်တစ်နေရာမှ ၎င်းကို ယူဆောင်လာခဲ့ခြင်း ဖြစ်သည်။ ဤတိုင်လုံးသည် နတ်ဘုရားဘုံ၏ ဖန်တီးမှုတစ်ရပ် ဖြစ်ပြီး နတ်ဘုရားအမှတ်အသားများမှာမူ နတ်ဘုရားအဆင့် ရေးဆွဲဖန်တီးထားသော အစီအရင်အတတ်ပညာများပင် ဖြစ်ပေသည်။

​မကြာမီမှာပင် ဝင်္ကပါအစီအရင် သက်ဝင်လှုပ်ရှားလာပြီး ဟင်းလင်းပြင်တစ်ခုလုံး လှိုင်းထကာ တုန်ခါသွားခဲ့သည်။ ထို့နောက် ပတ်ဝန်းကျင်ရှိ သွေးချင်းချင်းနီနေသော သွေးစွမ်းအင်များမှာ အဆုံးမရှိ စီးဝင်လာပြီး အစီအရင်ထဲသို့ တဟုန်ထိုး စုပ်ယူခံလိုက်ရကာ ချက်ချင်းပင် ထူးခြားဆန်းပြားသော ပုံသဏ္ဌာန်တစ်ခုအဖြစ် ပြောင်းလဲဖွဲ့စည်းသွားတော့၏။

​ထိုနေရာတွင် ပေါ်ထွက်လာသော တာအိုပုံရိပ်ကြီးသည် အမြင့်ဆယ်မီတာကျော်ခန့်ရှိပြီး တစ်ကိုယ်လုံး နီရဲတောက်ပနေကာ ထူးဆန်းပြီး အကျည်းတန်လှပေသည်။

​သို့သော်လည်း သွေးဝိညာဉ်ဂိုဏ်းသားများထဲမှ မည်သူတစ်ဦးတစ်ယောက်မျှ လှောင်ပြောင်ရယ်မောခြင်း မပြုဝံ့ကြချေ။ အဘယ်ကြောင့်ဆိုသော် သူတို့အားလုံးသည် မိမိတို့ရှေ့မှောက်ရှိ ပုဂ္ဂိုလ်ကြီး၏ ကြောက်မက်ဖွယ် ကောင်းသော ဖိအားကို အတိုင်းသား ခံစားနေရသောကြောင့် ဖြစ်သည်။

ဝင်္ကပါအစီအရင်ဖြင့် ခြားနားထားသည်ဆိုသော်ငြားလည်း ထိုသူကသာ အလိုရှိပါက သူတို့အားလုံးကို အမှုန့်ခြေဖျက်ပစ်ရန် လက်ဖျောက်တစ်ချက်တီးရုံမျှသာ လိုအပ်မည်ကို သူတို့ ကောင်းကောင်းကြီး သိရှိကြသည်။

​"ဘာကိစ္စရှိလို့လဲ..."

​သွေးဝိညာဉ်ဂိုဏ်း သံတမန်၏ အကြည့်များသည် အရာရာကို လျစ်လျူရှုထားသည့် အေးစက်မှုများဖြင့် ပြည့်နှက်နေ၏။ သူသည် အခြားသူများကို အဖက်ပင်မလုပ်ဘဲ သွေးဧကရာဇ်ကိုသာ စူးစိုက်ကြည့်ကာ မေးမြန်းလိုက်ခြင်း ဖြစ်သည်။

​"အရှင်သခင်... လက်ရှိ ရွှမ်ယွမ်ကမ္ဘာထဲမှာ ထူးဆန်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ပွားနေပြီး ကမ္ဘာ့မူလအရင်းအမြစ်စွမ်းအင်တွေက အဆင့်မြင့်မားလာနေပါတယ်... ဒါဟာ နတ်ဘုရားဘုံက စွမ်းအားကြီးမားတဲ့ ပုဂ္ဂိုလ်တစ်ယောက်ယောက်ရဲ့ ဝင်ရောက်စွက်ဖက်မှုကြောင့် ဖြစ်နိုင်ပါတယ်..."

​သွေးဧကရာဇ်သည် အလျင်အမြန်ပင် ရိုသေစွာ ဦးညွှတ်၍ လျှောက်တင်လိုက်၏။

​"အင်း..."

သွေးဝိညာဉ်ဂိုဏ်း သံတမန်သည် ချက်ချင်းပင် မျက်မှောင်ကြုတ်သွားခဲ့သည်။ သူသည် မျက်လုံးများကို မှိတ်ကာ ပတ်ဝန်းကျင် စိတ်အာရုံဖြင့် သေချာစွာ အာရုံခံလိုက်ပြီးနောက် အေးစက်စွာ ပြောဆိုလိုက်၏။

"ငါ သိပြီ... မကြာခင် ငါကိုယ်တိုင် ရွှမ်ယွမ်ကမ္ဘာဆီကို ဆင်းသက်ခဲ့မယ်... ဒါပေမဲ့ မင်းတို့အနေနဲ့ အနှစ်ငါးဆယ်တော့ စောင့်ဆိုင်းရလိမ့်မယ်..."

"နားလည်ပါပြီ အရှင်သခင်.."

ဤစကားကို ကြားလိုက်ရချိန်တွင် သွေးဧကရာဇ်သည် ရင်ထဲ၌ အတိုင်းမသိ ဝမ်းသာသွားခဲ့သည်။ သံတမန်ဖြစ်သူ ဆင်းသက်လာခြင်း မပြုမည်ကို သူ အလွန်စိုးရိမ်နေခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် လက်ရှိကြုံတွေ့နေရသည့် အကျပ်အတည်းမှာ သူ၏စွမ်းအားတစ်ခုတည်းဖြင့် ဖြေရှင်းရန် လုံးဝမဖြစ်နိုင်သောကြောင့် ဖြစ်သည်။

"တခြားထူးခြားတာမရှိရင်တော့ ဒီနေ့အတွက် ဒီမှာတင် ရပ်နားကြစို့..."

သွေးဝိညာဉ်ဂိုဏ်း သံတမန်သည် စကားဆုံးသည်နှင့် သွေးဧကရာဇ်နှင့် အခြားဂိုဏ်းသားများ၏ ရှေ့မှောက်၌တင် ဝိုးတဝါးဖြစ်ကာ ပျောက်ကွယ်သွားလေတော့သည်။

အတန်ကြာမှသာ သွေးဧကရာဇ်နှင့် အခြားသူများသည် မတ်တတ်ပြန်ရပ်ဝံ့ကြပြီး သက်ပြင်းချလိုက်ကြသည်။

"ကောင်းပြီ... အားလုံးပဲ တိုက်ပွဲအတွက် ပြင်ဆင်ကြတော့... မူလက အနှစ်ငါးဆယ်နေမှ စစ်ပွဲစတင်ဖို့ ရည်ရွယ်ထားပေမဲ့ လတ်တလော အခြေအနေအရ ကြည့်ရရင် ငါတို့ အနှစ်သုံးဆယ်အတွင်းမှာတင် စတင်လှုပ်ရှားဖို့ လိုအပ်လိမ့်မယ်..."

သွေးဧကရာဇ်၏ အမူအရာမှာ အလွန်တရာ တည်ကြည်လေးနက်နေခဲ့သည်။ ရွှမ်ယွမ်ကမ္ဘာ၏ ကမ္ဘာ့နိယာမတရားများ ပြောင်းလဲလာမှုကြောင့် အင်မော်တယ်မဟာဧကရာဇ် အထွတ်အထိပ်အဆင့်သို့ ချိုးဖောက်ဝင်ရောက်တော့မည့် အရှိန်အဟုန်သည် သိသိသာသာ မြင့်တက်လာသည်ကို မြင်တွေ့နေရသဖြင့် သွေးဧကရာဇ်၏ စိတ်ထဲတွင် လေးလံနေခဲ့၏။

​ဤစကားကို ကြားလိုက်ရသောအခါ ရွှယ်ယွမ်နှင့် အခြားသူများသည် သဘောတူညီစွာဖြင့် ခေါင်းညိတ်လိုက်ကြပြီးနောက် အနှစ်သုံးဆယ်အကြာတွင် ဆင်နွှဲရမည့် မဟာတိုက်ပွဲကြီးအတွက် အင်တိုက်အားတိုက် ပြင်ဆင်ကြလေတော့သည်။

​ထိုအချိန်တွင် ကောင်းကင်တာအို အတွင်း၌ ဝူဟောက်သည် ကမ္ဘာ့အရင်းအမြစ် နှင့် နတိဘုရားအရှင်သခင် အဆင့်ရှိ အရင်းအမြစ် တို့ကို ပေါင်းစပ်ထိန်းချုပ်နေသည်။ သူသည် သွေးဝိညာဉ်ဂိုဏ်းရှိရာ အရပ်ကို ငေးကြည့်ရင်း အေးစက်စက် ပြုံးလိုက်သည်။

​"မင်းတို့ သွေးဝိညာဉ်ဂိုဏ်းက ပို့လိုက်တဲ့ လူတွေနဲ့ ဆက်သွယ်နိုင်မယ်လို့ ထင်နေလား ... ငါစောင့်နေလိုက်မယ် ၊ ယီဖန် ကျင့်ကြံမှုကနေ ထွက်လာတဲ့အချိန်က သွေးဝိညာဉ်ဂိုဏ်းရဲ့ အဆုံးသတ်ပဲ ဖြစ်လိမ့်မယ်"

​ဝူဟောက်၏ ဘေးနားတွင် စောနက သွေးဧကရာဇ် မြင်တွေ့ခဲ့ရသော သွေးဝိညာဉ်ဂိုဏ်းမှ သံတမန်တစ်ဦး ရပ်နေသည်။ သို့သော် မျက်စိတစ်မှိတ်အတွင်းမှာပင် ထိုသူ၏ ပုံရိပ်သည် လေထဲတွင် ပျောက်ကွယ်သွားတော့သည်။

ဝူဟောင်အတွက် သွေးဧကရာဇ်၏ အတွေးများကို ဖတ်ရှုရခြင်းမှာ အလွန်လွယ်ကူသည်။ အကယ်၍ သံတမန်သာ အမှန်တကယ် ရောက်ရှိလာခဲ့လျှင်ဖြင့် ၊ သူကိုယ်တိုင် ဝင်မစွက်ဖက်ပါက ကံကြမ္မာ၏ သားသမီးအတွက် အကြီးအကျယ် အန္တရာယ်ရှိနိုင်ကြောင်းကို ဝူဟောက် နားလည်ထားသည်။ သို့သော်လည်း မလိုအပ်ဘဲ သူတို့၏ ကံကြမ္မာကို ဝင်ရောက်နှောင့်ယှက်မည် မဟုတ်။

​သို့သော် ဝူဟောက်သည် သူ၏ လှုပ်ရှားမှုတိုင်းက ကံကြမ္မာကို ပြောင်းလဲစေနေကြောင်း သိရှိသည်။ သူသည် ရွှမ်ယွမ်ကမ္ဘာ တစ်ခွင်ရှိ ကံကြမ္မာ၏ သားသမီးများကို လှမ်းကြည့်လိုက်သည်။ သူသည် ဝူမိသားစုဝင်မဟုတ်သော ကံကြမ္မာ၏ သားသမီးတစ်ဦး ဖြစ်သည့် ကျိုးဝူတောက်ကို တွေ့လိုက်ရသည်။

"ငါရှိနေလို့သာ ဝူမိသားစုထဲမှာ ကံကြမ္မာသားတော်တွေ အများကြီး ပေါ်ထွက်လာတာဖြစ်မယ် ၊ ငါသာ မရှိရင် ဒီလောကမှာ ကျိုးဝူတောက်တစ်ယောက်ပဲ ရှိနေလိမ့်မယ်"

​သူ၏ ဝင်ရောက်စွက်ဖက်မှုသာ မရှိခဲ့ပါက သွေးဧကရာဇ်သည် သွေးဝိညာဉ်တံခါးနှင့် ဆက်သွယ်မိမည်ဖြစ်ပြီး သက်ရှိအားလုံး အမြစ်ပြတ် ချေမှုန်းခံရမည် ဖြစ်သည်။ ကံကြမ္မာ၏ သားသမီးများပင်လျှင် ကြီးမားသော ပေးဆပ်မှုဖြင့်သာ လွတ်မြောက်နိုင်မည်ဖြစ်သည်။

​ဝူဟောင်သည် ခေါင်းခါလိုက်ပြီး စိတ်ထဲမှ ထိုအကြောင်းများကို ထုတ်ပစ်လိုက်သည်။ သူ ရှိနေသရွေ့ မည်သည့် မမျှော်လင့်ထားသော အခြေအနေမျိုးမှ ဖြစ်လာမည်မဟုတ်ပေ။

ကောင်းကင်တာအို၏ ထောက်ပံ့မှုဖြင့် အစီအရင်ကြီးကို နောက်ထပ် သုံးနှစ်အတွင်း အပြီးသတ်နိုင်မည်ဟု သူ ခန့်မှန်းထားသည်။ ထိုအခါ ရွှမ်ယွမ်နယ်မြေသည် အသစ်တစ်ဖန် ပြန်လည်မွေးဖွားလာမည် ဖြစ်သည်။

​တစ်ဖက်တွင်မူ ဝူမိုဝူသည် အခက်အခဲများနှင့် ကြုံတွေ့နေရသည်။ သူမသည် ဝူရှန်းနီ ထံမှ လွတ်မြောက်လာပြီးနောက် မြောက်ဘက်ရှိ ပျက်စီးနေသော နေရာတစ်ခုသို့ ရောက်ရှိလာသည်။ ထိုနေရာသည် သူမ၏ နတ်ဆိုးဝါးမျိုဂိုဏ်း ဖြစ်ပြီး ၊ ယခုမူ ဖျက်ဆီးခံထားရသည်။ ထို့အပြင် သူမနှင့် အတူတူ ဒုက္ခခံပြီး တည်ထောင်ခဲ့သော အကြီးအကဲငါးဦး၏ အလောင်းများကို မြင်လိုက်ရချိန်တွင် ဝူမိုဝူ၏ ဒေါသမှာ အဆမတန် ပေါက်ကွဲလာတော့သည်။

All Chapters