အခန်း ၁၅၉၈
Vol. 107 Ch. 1598
အခန်း (၁၅၉၈) မျှော်နန်းသခင်က တကယ်ကို အံ့မခန်းပါပဲ (၁)
ဤကဲ့သို့သော အခြေအနေမျိုးနှင့် ရင်ဆိုင်လိုက်ရချိန်တွင် လူတိုင်းသည် ထိတ်လန့်တုန်လှုပ်သွားရုံသာမက ဇဝေဇဝါပါ ဖြစ်သွားကြရတော့သည်။
ယခင်က လီချွင်းသည် လုကျိုးကို လေးစားအားကျခဲ့ပြီး လုကျိုးသည် အနည်းဆုံးတော့ တာအိုသူတော်စင်တစ်ပါး ဖြစ်လောက်သည်ဟု ခံစားခဲ့ရ၏။ ယခု လုကျိုးနှင့် ကျန်းဟယ်တို့၏ အပြန်အလှန် ရင်ဆိုင်မှုကို ကိုယ်တိုင်ကိုယ်ကျ မျက်မြင်တွေ့ရှိလိုက်ရပြီးနောက်တွင်မူ လုကျိုး၏ ကျင့်ကြံမှုအဆင့်မှာ အလွန်မြင့်မားကြောင်း သူ ပို၍ပင် သေချာသွားခဲ့တော့သည်။ သို့သော်လည်း ခမ်းနားထည်ဝါလှသော ရွှမ်းယီနန်းဆောင်၏ သခင်ကိုယ်တိုင်က လုကျိုးအား မျက်နှာသာပေးကာ သူ၏ သစ္စာရှိသော လက်အောက်ငယ်သားကို စွန့်ပစ်လိုက်ရသည်အထိတော့ မဖြစ်သင့်ချေ။ ထို့ထက်ပို၍ အံ့ဩဖွယ်ကောင်းသည်မှာ ရွှမ်းယီက ကျန်းဟယ်ကိုပင် အပြစ်ပေးလိုက်ခြင်း ဖြစ်ပေသည်။
ကျန်းဟယ် ကိုယ်တိုင်လည်း ဇဝေဇဝါဖြစ်နေရှာ၏။ သူက ဦးညွှတ်ကာ မေးလိုက်သည်။
“အရှင်မင်းကြီး... ဘာဖြစ်လို့လဲ”
ကျန်းဟယ် တိတ်တဆိတ် နေလိုက်မည်ဆိုလျှင် ကိစ္စမရှိသော်လည်း သူ စကားဆိုလိုက်သည်နှင့် တစ်ပြိုင်နက် ရွှမ်းယီက မျက်မှောင်ကျုံ့သွားတော့သည်။ ရွှမ်းယီက ဆိုလိုက်၏။ "ကျန်းဟယ်... ငါ့ရဲ့စကားတွေက မင်းအတွက် အရာမထင်တော့ဘူးလား”
ထိုစကားကြောင့် ကျန်းဟယ်မှာ ပို၍ ထိတ်လန့်သွားပြီး နောက်ထပ် ဘာမှ မပြောရဲတော့ချေ။ သူက ဦးညွှတ်ပြီး ပြောလိုက်သည်။
"ကျွန်တော် အပြစ်ဒဏ်ကို အခုပဲ ခံယူပါ့မယ်"
ထိုသို့ပြောပြီးနောက် ကျန်းဟယ်သည် လုကျိုးနှင့် မိစ္ဆာဝေဟင်မျှော်နန်းမှ လူများကို တစ်ချက်ဝေ့ကြည့်လိုက်ပြီးနောက် လှည့်ထွက်သွားတော့သည်။
လီချွင်းက ကမန်းကတမ်း ဝင်ပြောလိုက်၏။ "ညီအစ်ကိုကျန်း... ညီအစ်ကိုကျန်း... စိတ်အေးအေးထားပါဦး"
ရွှမ်းယီက လီချွင်းကို ကြည့်ပြီး မေးလိုက်သည်။ "ဘာလို့လဲ။ မင်းက သူနဲ့အတူ အပြစ်ပေးခံချင်လို့လား”
လီချွင်းက အလျင်အမြန် ဦးညွှတ်ကာ ပြောလိုက်တော့သည်။
"မရဲဝံ့ပါဘူး"
"မင်းတို့အားလုံး သွားကြတော့”
"နားလည်ပါပြီ”
ထို့နောက် ရွှမ်းယီသည် ဖျတ်ခနဲ လှုပ်ရှားလိုက်ပြီး လုကျိုး၏ရှေ့ ပေအနည်းငယ်အကွာ၌ ပေါ်လာတော့၏။ ထို့နောက် သူက ပြုံးလျက် ဖိတ်ခေါ်လိုက်သည်။
"ကြွပါ"
၎င်းနောက်တွင် ရွှမ်းယီနှင့် လုကျိုးတို့သည် တစ်ချိန်တည်းလိုလိုပင် ပျောက်ကွယ်သွားကြသည်။
လူတိုင်း ထပ်မံ၍ ထိတ်လန့်သွားကြပြန်သည်။
"ငါ မမှားဘူးဆိုရင်... အရှင်မင်းကြီးက ကြွပါဆိုတဲ့ စကားလုံးကို သုံးသွားတာ ကြားလိုက်တယ်”
"မင်း ကြားတာ မှားနေတာဖြစ်ရမယ်။ လူသစ်က ဘယ်လောက်ပဲ အစွမ်းထက်နေပါစေ... အရှင်မင်းကြီးက သူ့ကို ကြွပါလို့ ပြောစရာ အကြောင်းမှ မရှိတာ”
"ထားပါတော့။ ငါ အကြားမှားခဲ့တယ်ဆိုရင်တောင်... အမြင်တော့ သေချာပေါက် မမှားခဲ့ပါဘူး။ အရှင်မင်းကြီးက သူ့ကို ပြုံးပြနေတာ ငါ မြင်လိုက်တယ်"
"..."
ဤအခိုက်အတန့်တွင် လီချွင်းက လေးနက်သော လေသံဖြင့် ပြောလိုက်လေ၏။
"မင်းတို့မှာ လုပ်စရာ တခြားအလုပ် မရှိကြတော့ဘူးလား"
ထိုအခါမှသာ အနက်ရောင်အစောင့်အရှောက်များသည် အလျင်အမြန် လူစုခွဲသွားကြတော့သည်။
လီချွင်းသည် ဉာဏ်ကောင်းသူ ဖြစ်သည်။ တစ်ခါတစ်ရံတွင် မိမိ၏ အဆင့်အတန်းကို အသုံးပြု၍ အခြားသူများကို ဖိအားပေးခြင်းသည် အသုံးဝင်ကြောင်း သူ သိရှိထားသော်လည်း ထိုသို့ပြုလုပ်ခြင်းမှာ လူအပေါ်၌ မူတည်ကြောင်းကိုလည်း သူ ကောင်းစွာ နားလည်ထားပေသည်။ သူ ဆောင်းဦးနှင်းစက်တောင်သို့ ပထမဆုံးအကြိမ် သွားရောက်ခဲ့စဉ်ကတည်းက လုကျိုးသည် သာမန်မဟုတ်ကြောင်း သိရှိခဲ့ပြီး ဖြစ်သည်။ အဖြူရောင်ဧကရာဇ်၏ တံဆိပ်တော်ကို သူ ပြန်လည်အမှတ်ရလိုက်ပြီး လုကျိုးသည် စကားစမြည်ပြောဆိုရန် ဖိတ်ခေါ်ခံရခြင်းမှာ သိပ်ပြီး အံ့ဩစရာ မကောင်းလှဟု တွေးလိုက်သည်။ ထိုသို့တွေးရင်း သူသည် မျက်နှာပေါ်၌ အပြုံးတစ်ခုကို ဆင်မြန်းလျက် အနက်ရောင်ခန်းမအတွင်းမှ ထွက်ခွာသွားတော့သည်။
...
ရွှမ်းယီနန်းဆောင်၏ မဟာခန်းမကြီးဖြစ်သော ရွှမ်းယီခန်းမအတွင်း၌ ဖြစ်သည်။
ခန်းမကြီးမှာ အလွန်ပင် ခမ်းနားထည်ဝါလှ၏။
သူတို့ ရောက်ရှိချိန်တွင် ရွှမ်းယီသည် လုကျိုးကို ကြည့်ကာ တွန့်ဆုတ်တွန့်ဆုတ်ဖြင့် မေးလိုက်သည်။
"ငါ့ကို မင်း သိလား"
လုကျိုးက ခပ်ဖျော့ဖျော့ ပြုံးလိုက်ပြီး ခန်းမအတွင်းရှိ ရာဇပလ္လင်ကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"အဲဒီပလ္လင်ပေါ်မှာ ငါ စကားတစ်ခွန်း ချန်ထားခဲ့တယ်"
ထို့နောက် လုကျိုးသည် သူ၏လက်ချောင်းဖြင့် လေဟာပြင်ထက်၌ စာရေးခြစ်လိုက်၏။
'တိတ်ဆိတ်ငြိမ်သက်ခြင်း' ဟူသော စာသားပါဝင်သည့် စွမ်းအင်တံဆိပ်တစ်ခုသည် ရာဇပလ္လင်ဆီသို့ လွင့်ပျံသွားပြီး ရာဇပလ္လင်ကို အနည်းငယ် တုန်ခါသွားစေတော့သည်။
ထိုမြင်ကွင်းကို မြင်လိုက်ရသောအခါ ရွှမ်းယီမှာ ထိတ်လန့်တုန်လှုပ်သွားရသည်။ သူ့မှလွဲ၍ ရာဇပလ္လင်ပေါ်ရှိ 'တိတ်ဆိတ်ငြိမ်သက်ခြင်း' ဟူသော စကားလုံးအကြောင်းကို သိသူဟူ၍ တစ်ယောက်တည်းသာ ရှိပေသည်။ သူက အာမေဍိတ်သံဖြင့် အော်ဟစ်လိုက်၏။
"ဆိုးယုတ်သူတစ်ပါး... အဲဒါ အရှင်ပဲကိုး"
လုကျိုးက ခေါင်းအနည်းငယ် ညိတ်ပြလိုက်သည်။
ယုံကြည်ရန် ခက်ခဲနေသော ရွှမ်းယီမှာ အနည်းငယ် တုန်ရီနေရှာ၏။ အချိန်မည်မျှ ကုန်လွန်သွားသည်မသိ၊ နောက်ဆုံးတွင် သူက ပြောလိုက်သည်။ "ဒါ... ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။ မဟာလေဟာနယ်က ပြောတာကျတော့ အရှင်က..."
"သေသွားပြီလို့လား” လုကျိုးသည် လက်နောက်ပစ်လျက် လှည့်လိုက်ပြီး ခန်းမအပြင်ဘက်ကို ကြည့်ကာ ပြောလိုက်သည်။ "ငါက ပြန်လည်ရှင်သန်ခြင်း နည်းစနစ်ကို ကျွမ်းကျင်ပိုင်နိုင်နေပြီလေ”
ဤစကားကို ကြားသောအခါ ရွှမ်းယီသည် သူ၏ မာနများကို စွန့်ပယ်ကာ ဒူးထောက်ကျသွားတော့သည်။ ထို့နောက် လုကျိုးအား ရိုသေစွာ ဦးညွှတ်လိုက်ပြီး ပြောလိုက်သည်။
"ဂါရဝပြုပါတယ်..."
လွန်ခဲ့သော စက္ကန့်ပိုင်းက ရွှမ်းယီသည် ခမ်းနားထည်ဝါလှသော ရွှမ်းယီနန်းဆောင်၏ သခင်ဖြစ်ခဲ့သော်လည်း ယခုအခါတွင်မူ ယဉ်ကျေးလိမ္မာသော ကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်နေပေပြီ။ ဘာပဲဖြစ်ဖြစ် သူ၏ရှေ့မှောက်ပုဂ္ဂိုလ်မှာ မည်သူမည်ဝါဖြစ်ကြောင်း သူ သေချာပေါက် အတည်ပြုနိုင်ခဲ့ပြီ မဟုတ်ပါလော။
ဤအခိုက်အတန့်တွင် ရွှမ်းယီသည် 'ဂါရဝပြုပါတယ်' ပြောပြီးနောက် အနည်းငယ် အနေရခက်နေရှာသည်။ သူ၏ရှေ့ရှိပုဂ္ဂိုလ်ကို မည်သို့ ခေါ်ဝေါ်ရမည်ကို သူ မသိတော့ပေ။ မဟာလေဟာနယ်ကြီး တစ်ခုလုံးက သူ့ကို ဆိုးယုတ်သူတစ်ပါးတစ်ပါးဟု ရည်ညွှန်းခေါ်ဝေါ်ကြသော်လည်း သူတို့နှစ်ဦး၏ ဆက်ဆံရေးအရ သူ့ကို ဆိုးယုတ်သူတစ်ပါးတစ်ပါးဟု ခေါ်ဆိုရန်မှာ ရိုသေမှု ကင်းမဲ့ရာကျနေပေမည်။
လုကျိုးသည် စိတ်ခံစားမှုများဖြင့် သက်ပြင်းချလိုက်၏။
"ရှေးဟောင်းကာလတုန်းက လူသားတွေနဲ့ ကြမ်းတမ်းခက်ထန်သားရဲတွေဆိုတာ ခွဲခြားရခက်ခဲ့တယ်။ အဲဒီတုန်းက လူသားတွေမှာ ဒီလောက်များပြားတဲ့ စည်းမျဉ်းစည်းကမ်းတွေလည်း မရှိခဲ့ဘူး။ နှစ်ပေါင်း တစ်သိန်းဆိုတဲ့ အချိန်ကာလက မျက်စိတစ်မှိတ်အတွင်းမှာတင် ကုန်လွန်သွားခဲ့တယ်။ အရာအားလုံးက မြန်မြန်ဆန်ဆန်ကို ပြောင်းလဲသွားခဲ့တာပဲ”
"အရှင် ပြောတာ မှန်ပါတယ်”
လုကျိုးက တည်ငြိမ်သော မျက်နှာထားဖြင့် ပြောလိုက်၏။
"တခြားသူတွေလိုပဲ ငါ့ကို မျှော်နန်းသခင်လု လို့ပဲ ခေါ်နိုင်ပါတယ်"
"ဒါက..." ရွှမ်းယီသည် ခေတ္တမျှ စဉ်းစားလိုက်သည်။ ထို့နောက် သူက ခေါင်းခါယမ်းကာ ပြောလိုက်သည်။
"အဲဒီတုန်းက အရှင်က ကျွန်တော်ကို လမ်းညွှန်ပြသမှု တချို့ ပေးခဲ့ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင်... ကျွန်တော်က အရှင့်ကို ဆရာ လို့ပဲ ခေါ်ချင်ပါတယ်"
"ထားလိုက်ပါတော့" လုကျိုးကလည်း ခေါင်းခါယမ်းလျက် ပြောလိုက်၏။
"အဲဒီ လမ်းညွှန်မှုလေးတွေက ဘာမှ မဟုတ်ပါဘူး။ နောက်ဆုံးတော့လည်း မင်း အခုလို အောင်မြင်မှုတွေ ရလာတာဟာ မင်းကိုယ်မင်း အားကိုးခဲ့လို့ပဲလေ"
ထိုအချိန်တွင် ရွှမ်းယီက သက်ပြင်းချလိုက်သည်။ "အဲဒီတုန်းက အရှင့်ရဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ကျွန်တော် ဘာမှ မတတ်နိုင်ခဲ့ပါဘူး"
လက်ရှိ လောကကြီးတွင် လူတစ်ယောက်ကို သမိုင်းမှတ်တမ်းများထဲမှ အပြီးတိုင် ဖျက်ပစ်ရန်မှာ ခက်ခဲသော ကိစ္စမဟုတ်ပေ။ အကယ်၍ တစ်စုံတစ်ရာ မှားယွင်းနေသည်ဟု ခံစားရပါက ကလောင်တံတစ်ချောင်း ယူကာ ပြန်လည် ရေးသားလိုက်ရုံသာ ဖြစ်၏။ အလွန်ဆုံး လိုအပ်လာပါက အစအနမကျန် ဖျက်ပစ်နိုင်ရန်အတွက် အားစိုက်ထုတ်မှု အနည်းငယ်သာ ပိုလုပ်ရုံမျှသာ။
ဤအချက်ကို ရွှမ်းယီက မည်ကဲ့သို့ နားမလည်ဘဲ နေမည်နည်း။ သို့သော်လည်း ထိုစဉ်က သူ လေးစားခဲ့ရသော လူကြီးသူမတစ်ဦးသည် လောကကြီးကို ထိတ်လန့်တုန်လှုပ်စေသော ဆိုးယုတ်သူတစ်ပါးတစ်ပါးအဖြစ်သို့ အဘယ်ကြောင့် ရုတ်တရက် ပြောင်းလဲသွားရသနည်းဟု သူ တွေးတောရင်း အံ့ဩခဲ့ရသည်။
ရွှမ်းယီသည် သူ၏လက်ကို ဝှေ့ယမ်းကာ လူများ ခိုးနားထောင်ခြင်းကို တားဆီးရန်အတွက် အသံလုံအရံအတားကို အသက်သွင်းလိုက်သည်။
တစ်ချိန်တည်းမှာပင် ရွှမ်းယီခန်းမ၏ အပြင်ဘက်၌ စူးရှတောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွားပြီး ရွှမ်းယီကို မည်သူမျှ မနှောင့်ယှက်ရန် အချက်ပြလိုက်လေသည်။
ရွှမ်းယီသည် စကားကို လှည့်ပတ်မနေတော့ဘဲ မေးမြန်းလိုက်သည်။
"ဘာတွေများ ဖြစ်ခဲ့တာလဲ" မေးမြန်းလိုက်၏။
လုကျိုးက ထပ်မံ သက်ပြင်းချလိုက်ပြီး ပြောလိုက်လေ၏။ "အများကြီးကို ငါ မမှတ်မိတော့ဘူး"
ဤစကားကို ကြားသောအခါ ရွှမ်းယီ၏ မျက်နှာပေါ်တွင် နှမြောတသဖြစ်သော အမူအရာ ပေါ်ထွက်လာ၏။ ထို့နောက် သူက ပြောလိုက်သည်။
"အရှင်နဲ့ ထူဝေ့တို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့ကြပြီး နှစ်ယောက်စလုံး ပြင်းထန်တဲ့ ဒဏ်ရာတွေရကာ ချောက်နက်ကြီးထဲကို ပြုတ်ကျသွားတယ်လို့ ကျွန်တော် ကြားခဲ့ရပါတယ်"
လုကျိုးက လှောင်ပြောင်လိုက်သည်။
"ထူဝေ့က ငါနဲ့ တစ်တန်းတည်း ထားပြီး ပြောခံရလောက်အောင် ထိုက်တန်လို့လား”
"..."
ရွှမ်းယီက ခေါင်းညိတ်လိုက်၏။
"အရှင် ပြောတာ မှန်ပါတယ်”
လုကျိုးသည် ဘေးဘက်သို့ လျှောက်သွားကာ နံရံပေါ်ရှိ နံရံဆေးရေးပန်းချီများကို ကြည့်လိုက်ပြီး မေးလိုက်သည်။
"နှစ်ပေါင်း တစ်သိန်းတောင် ကြာခဲ့ပြီကို... မင်းက ဒါတွေကို သိမ်းထားတုန်းပဲလား”
"အဲဒီတုန်းက အရှင်က ပြောခဲ့တယ်လေ... ဒီနံရံဆေးရေးပန်းချီတွေကို နေ့တိုင်း သေသေချာချာ ကြည့်ရှုလေ့လာပြီး တရားထိုင်မယ်ဆိုရင် တစ်ခုခုကို သေချာပေါက် ရရှိလိမ့်မယ်လို့။ လွန်ခဲ့တဲ့ နှစ်ပေါင်း တစ်သိန်းအတွင်းမှာ ကျွန်တော် ဘယ်တုန်းကမှ မရပ်နားခဲ့ပါဘူး" ရွှမ်းယီက ပြန်လည်ဖြေကြားလိုက်သည်။
…