← Chapters

အခန်း ၁၆၀၄

Vol. 107 Ch. 1604

အခန်း ၁၆၀၄

Vol. 107 Ch. 1604

အခန်း (၁၆၀၄) မြေပြင်ပေါ်သို့ ဆင်းသက်စေ (၂)

ကျန်းဟယ်၏ ဦးနှောက်ထဲတွင် ဝေဝါးသွားပြီး အကြောင်းရင်းကို စဉ်းစားရန်ပင် အချိန်မရလိုက်ပေ။ သူသည် ရိုက်ခတ်လာသော စွမ်းအင်များကို မခုခံနိုင်တော့ဘဲ ဒဏ်ရာအပြင်းအထန် ရရှိသွားကာ သွေးများ အန်ကျလာတော့၏။

‘ဒါ လှည့်ကွက်တစ်ခု ထပ်လုပ်တာပဲ’ ကျန်းဟယ်သည် မင်ရှစ်ရင်ကို စူးရဲစွာ စိုက်ကြည့်လိုက်ပြီး ပြင်းထန်သော နာကျင်မှုကို သည်းခံရန် သွားကို တင်းတင်းကြိတ်ထားလိုက်၏။ သူသည် ယခင်နည်းလမ်းကို အသုံးပြု၍ ထွက်ပြေးရန် စီစဉ်လိုက်သော်လည်း အောက်သို့ ပြုတ်ကျနေစဉ် သူ့အောက်ရှိ ဟင်းလင်းပြင်ကြီး ပုံပျက်ရှုံ့တွသွားသည်ကို မြင်တွေ့လိုက်ရသည်။

“ဟင်းလင်းပြင်ရဲ့ မဟာနိယာမလား”

ကျန်းဟယ်သည် လိမ်ကောက်ရှုံ့တွနေသော ဟင်းလင်းပြင်အတွင်းသို့ ပြုတ်ကျသွားတော့၏။

ဝှစ်

ပေ ၃၀၀၀ အမြင့်မှာ အလွန်တရာ လျော့ကျသွားသည့်အလား ကျန်းဟယ်သည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ကျသွားတော့သည်။ သူသည် ပျက်စီးနေသော ပြိုင်ကွင်းမြေပြင်ပေါ်တွင် ပြားပြားဝပ်နေရရှာ၏။

တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့ပြီဖြစ်ပြီး တိတ်ဆိတ်ငြိမ်သက်ခြင်းများ ပြန်လည် လွှမ်းမိုးသွားတော့သည်။

…

မြောက်ဘက် တာအိုခန်းမဆောင်နှင့် တောင်ပိုင်း တိမ်တိုက်ရှုခင်းကြည့်စင်မြင့် နှစ်ခုလုံးရှိ လူတိုင်းသည် မင်ရှစ်ရင်ကို ဇဝေဇဝါဖြင့် ကြည့်လိုက်ကြ၏။

ပုံမှန်အခြေအနေအရဆိုလျှင် ကျွမ်းကျင်သော ပညာရှင်များ၏ ရှေ့မှောက်၌ တူညီသော လှည့်ကွက်တစ်ခုကို နှစ်ကြိမ်တိုင်တိုင် အသုံးပြု၍ မရနိုင်ပေ။ သို့သော်လည်း မင်ရှစ်ရင်ကမူ ၎င်းကို လုပ်ဆောင်နိုင်ခဲ့သည်။ ထို့အပြင် မည်သူကမျှ သူ၏ လှည့်ကွက်ကို ဖောက်ထွင်းမသိမြင်နိုင်ခဲ့ကြချေ။ ပြင်းထန်သော ရိုက်ခတ်မှုများ သို့မဟုတ် အကြိတ်အနယ် တိုက်ပွဲများ မရှိခဲ့ဘဲ ကျန်းဟယ်သည် ဒီအတိုင်းပင် ကျဆင်းသွားခဲ့ရခြင်း ဖြစ်ပေသည်။

မင်ရှစ်ရင်က ပြုံးလျက် ပြောလိုက်၏။ “ငါက ခင်ဗျားကို မြေပြင်ပေါ် ဆင်းသက်ဖို့ ပြောရင် ခင်ဗျား ဆင်းသက်ရမှာပေါ့”

…

တာအိုခန်းမဆောင်အတွင်း၌ ဖြစ်၏။

ရွှမ်းယီနှင့် နန်လီတို့သည် ဇဝေဇဝါ ဖြစ်နေကြသည်။

လုကျိုးသည် တစ်စုံတစ်ခုကို သတိထားမိလိုက်ပုံရပြီး သူ၏ လက်ဖဝါးအတွင်းရှိ ဝဲကတော့မှာ တဖြည်းဖြည်း ပျောက်ကွယ်သွားတော့၏။

“မျှော်နန်းသခင်လု”

လုကျိုးသည် သူ၏ လက်ကို နှုတ်ခမ်းနားသို့ တေ့ကာ ဖွဖွလေး ချောင်းဟန့်လိုက်ပြီးနောက် ပြောလိုက်၏။

“တောင်ပိုင်း မီးတောက်စစ်ရဲ့ အနံ့က နည်းနည်း စူးရှပြီး ခံရခက်တယ်”

ရွှမ်းယီသည် ဘယ်ညာသို့ လှည့်ကြည့်ရင်း နှာခေါင်းကို အနည်းငယ် ရှုံ့လိုက်၏။ ‘အနံ့ရှိလို့လား’

အခြားတစ်ဖက်တွင်မူ နန်လီ မျက်မှောင်ကြုတ်သွား၏။ မည်သို့ပင်ဖြစ်စေ သူက ပြောလိုက်သည်။

“တပ်မှူးကျန်း တကယ်ပဲ ရှုံးသွားခဲ့ပြီ”

ရွှမ်းယီ သက်ပြင်းချလိုက်ပြီး ဆိုလိုက်၏။

“ကျန်းဟယ်ကို နိုင်စေချင်ပေမဲ့ ဒါကို ငါ မျှော်လင့်ထားပြီးသားပါ။ ဘာပဲဖြစ်ဖြစ် မျှော်နန်းသခင်လု လောင်းကြေးထပ်ထားတဲ့လူက သာမန်တော့ ဘယ်ဟုတ်ပါ့မလဲ”

နန်လီသည် ဟန်ဆောင်ပန်ဆောင်သာ ခေါင်းညိတ်ပြလိုက်၏။

“သူ ဒါကို ဘယ်လို လုပ်လိုက်တာလဲ”

လုကျိုးက နှာခေါင်းရှုံ့လိုက်၏။

“သူက နည်းနည်းလေး ပါးနပ်ရုံတင်ပါ... ကြီးကျယ်ခမ်းနားတယ်လို့တော့ သတ်မှတ်လို့ မရသေးပါဘူး”

ထိုစကားကို ကြားသောအခါ ရွှမ်းယီသည် ပြိုင်ကွင်းကို သေချာစွာ ထပ်မံ အကဲခတ်ကြည့်ရှုလိုက်ပြီးနောက် ပြုံးလျက် ဆိုလိုက်၏။ “ငါ သဘောပေါက်ပြီ”

နန်လီက အနည်းငယ် လောဆော်သော လေသံဖြင့် မေးလိုက်၏။ “ဘာကိုလဲ။ ငါ့ကို ထိန်ချန်မထားစမ်းပါနဲ့”

ရွှမ်းယီသည် ပြိုင်ကွင်းကို လက်ညှိုးထိုးပြကာ ဆိုလိုက်၏။ “နတ်ဘုရင်နန်လီ... ကျေးဇူးပြုပြီး သေချာကြည့်လိုက်ပါဦး”

မြေပြင်ပေါ်တွင် သစ်သားစများ ပြန့်ကျဲနေပေသည်။

စောစောက ကျန်းဟယ် ဖောက်ထွင်းဝင်ရောက်သွားခဲ့သောအရာမှာ မင်ရှစ်ရင် မဟုတ်ဘဲ အပြာရောင်သစ်သားတုံး တစ်တုံးသာ ဖြစ်ပေသည်။

“စိတ်ဝင်စားစရာပဲ” နန်လီက ခေါင်းညိတ်လျက် ပြောလိုက်၏။

“အပြာရောင်သစ်သားကို အသုံးပြုပြီး ကိုယ်ပွားဖန်တီးနိုင်ဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စ မဟုတ်ဘူး”

ရွှမ်းယီက ကျေနပ်စွာ ခေါင်းညိတ်လျက် ဆိုလိုက်သည်။

“ဒီကလေးက ပညာသင်ပေးရကျိုး နပ်မဲ့ ကလေးပဲ”

နန်လီက ပြောလိုက်၏။ “ကိုယ်ပွားတွေ ဖန်တီးဖို့ဆိုရင် သွေးသန့်စွမ်းအင် အမြောက်အမြားကို စတေးဖို့ လိုအပ်တယ်။ ကိုယ်ပွားမှာ တိုက်ခိုက်နိုင်စွမ်း ရှိလာဖို့အတွက် အထွတ်အမြတ် အမွေအနှစ်လို အရာမျိုးကို အသုံးပြုပြီး သူ့ရဲ့ ကိုယ်ပိုင်အသိစိတ်တစ်ခု ထည့်ပေးရတယ်။ ဒါက ကလေးမွေးသလိုပဲလေ။ အဲဒါကို သူက ဒီလောက် အချိန်တိုလေးအတွင်းမှာ ဘယ်လိုလုပ်လိုက်တာလဲ”

ရွှမ်းယီက ရှင်းပြလိုက်၏။

“မင်းပြောနေတာက အချိန်အတိုင်းအတာ တစ်ခုအထိ တည်ရှိနေဖို့ လိုအပ်တဲ့ ကိုယ်ပွားတွေအကြောင်းပဲ။ ဒါပေမဲ့ တကယ်လို့ ကိုယ်ပွားက ခဏတဖြုတ်ပဲ တည်ရှိနေမယ်ဆိုရင်တော့ သွေးသန့်စွမ်းအင်ဖြစ်ဖြစ်၊ ကြီးမားတဲ့ စွမ်းအင်ဖြစ်ဖြစ် မလိုအပ်ဘူး။ အဲဒီအတွက် ထိန်းချုပ်နိုင်စွမ်းသာ လိုအပ်တယ်။ အားနည်းချက်ကတော့ အဲဒါက တိုက်ပွဲမှာ အာရုံလွင့်သွားစေနိုင်ပြီး စိတ်ပိုင်းဆိုင်ရာ တည်ငြိမ်မှု အများကြီး လိုအပ်တယ်။ လူတိုင်းတော့ အဲဒီလို လုပ်နိုင်မှာ မဟုတ်ဘူး” ထို့နောက် သူက ချီးကျူးသော လေသံဖြင့် ဆက်ပြောလိုက်သည်။

“တကယ့်ကို ရှားပါးတဲ့ ပါရမီရှင်ပဲ။ အကယ်လို့ သူသာ ရွှမ်းယီခန်းမရဲ့ တပ်မှူးအသစ် ဖြစ်လာမယ်ဆိုရင် သူ့ကို ငါ လှိုက်လှိုက်လှဲလှဲ ကြိုဆိုမှာပါ”

ရွှမ်းယီ၏ စကားသံ ဆုံးသွားသည်နှင့် တစ်ပြိုင်နက် အောက်ဘက်မှနေ၍ လှောင်ပြောင်သရော်သည့် အသံတစ်သံ ထွက်ပေါ်လာတော့၏။

“ရွှမ်းယီခန်းမ ဟုတ်လား။ ငါ့ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုမယ် ဟုတ်လား။ ငါ သဘောတူတယ်လို့ ဘယ်သူပြောလို့လဲ”

ရွှမ်းယီ “…”

မင်ရှစ်ရင်က ဆက်ပြောလိုက်၏။ “ပျင်းစရာကောင်းလိုက်တာ။ ဒီမှာ တိုက်နိုင်ခိုက်နိုင်တဲ့လူ တစ်ယောက်မှ မရှိဘူးလား။ ဟေ့... ဟေ့... မင်းတို့တွေ ဘယ်မှာလဲ”

မင်ရှစ်ရင်၏ အသံမှာ ကျယ်လောင်စွာ ပဲ့တင်ထပ်သွားတော့သည်။

ရွှမ်းယီ၏ အနောက်တွင် ရပ်နေကြသော ကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာ ချက်ချင်းပင် မည်းမှောင်သွားတော့၏။

မင်ရှစ်ရင်သည် သူ၏ ရန်စမှုများကို ဆက်လက် ပြုလုပ်နေခဲ့၏။ “ထွက်ခဲ့ကြစမ်း... ထွက်ခဲ့ကြစမ်း။ ဒါ အပေးအယူပဲ။ လူတစ်ယောက်စာ တန်ဖိုးနဲ့ နှစ်ယောက်ကို ပွဲသိမ်းပေးမယ်”

နောက်ဆုံးတွင် ကျန်းဟယ်သည် တစ်ပတ်လည်သွားပြီး မင်ရှစ်ရင်ကို စူးရဲစွာ စိုက်ကြည့်လိုက်၏။

“မင်းက အရမ်းကို မောက်မာလွန်းတယ်။ မင်းကများ ရဲတင်းလှချည်လား”

မင်ရှစ်ရင်သည် လက်နှစ်ဖက်ကို ဖြန့်ကာ ပခုံးတွန့်ပြလိုက်၏။ “စကားမပြောရဘူးဆိုတဲ့ စည်းမျဉ်းမှ မရှိတာ။ ဒါ့အပြင် ငါ့မှာ လွတ်လပ်စွာ ပြောဆိုခွင့် ရှိတယ်လေ” ထို့နောက် သူက ခေါင်းကို မော့ကာ ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ “လွတ်လပ်စွာ ပြောဆိုခွင့်”

“…”

‘ငါ တကယ် ဒေါသထွက်မိတာပဲ’ ကျန်းဟယ်သည် ရှုံးနိမ့်သွားခဲ့ပြီ ဖြစ်သည်။ အကယ်၍ သူသာ ဆက်လက် တိုက်ခိုက်မည်ဆိုလျှင်လည်း ရှုံးနိမ့်မည်သာ ဖြစ်ပေ၏။ ပြဿနာကို သွားရှာနေသကဲ့သို့သာ ဖြစ်ပေလိမ့်မည်။ ထို့အပြင် အစွန်းရောက်သော လုပ်ရပ်များကိုလည်း ခွင့်မပြုထားပေ။ နောက်ဆုံးတွင် သူသည် သူ၏ ဒေါသကိုသာ မျိုသိပ်ထားလိုက်ရတော့သည်။

ထိုအခိုက်အတန့်တွင် တာအိုခန်းမဆောင်အတွင်းမှနေ၍ ရွှမ်းယီသည် သူ၏ ဝတ်ရုံလက်ကို ဝှေ့ယမ်းကာ အသံနက်ကြီးဖြင့် ပြောလိုက်၏။ “အရမ်းကို မောက်မာလွန်းတယ်”

ထို့နောက် ရွှမ်းယီ၏ အနောက်မှ လူတစ်ယောက်သည် ကြယ်ကြွေသကဲ့သို့ ခုန်ဆင်းလာပြီး မင်ရှစ်ရင်၏ ရှေ့မှောက်၌ ပေါ်ထွက်လာတော့၏။ သူသည် အကြမ်းပတမ်းနိုင်ပြီး လွှမ်းမိုးနိုင်စွမ်းရှိကာ သူ၏ လက်ထဲရှိ ကြယ်တံခွန်တူကို ဝှေ့ယမ်းလိုက်သည်။

မင်ရှစ်ရင်သည် လျှပ်တစ်ပြက် အောက်သို့ ထိုးဆင်းသွားပြီးနောက် အဝေးသို့ ပျံသန်းသွားတော့၏။

“မင်းက ပေါ်လာတာနဲ့ကို အရမ်းကို ကြမ်းတမ်းနေတော့တာပဲ။ ငါ သေမတတ် လန့်သွားတာပဲ”

ကြယ်တံခွန်တူကို ကိုင်ဆောင်ထားသူက အော်ဟစ်လိုက်၏။ “မပြေးနဲ့”

မင်ရှစ်ရင်က အဝေးသို့ မပျံသန်းမီ ပြောလိုက်၏။ “ငါ့ကို မပြေးရဘူးလို့ စည်းမျဉ်းသတ်မှတ်ထားတာမှ မရှိတာ။ ပြိုင်ကွင်းက ဒီလောက် ကျယ်တာ... ငါ့ကို မင်း ဘယ်လို တားမှာလဲ”

ကြယ်တံခွန်တူကိုင်ဆောင်ထားသူမှာ ဆွံ့အသွားပြီး ပြောလိုက်၏။ “မင်းက ကြွက်တစ်ကောင်လို သတ္တိကြောင်တာပဲ။ မင်းက တပ်မှူးနေရာအတွက် ဘယ်လိုလုပ် ယှဉ်ပြိုင်နိုင်မှာလဲ”

မင်ရှစ်ရင်က ပြန်ပြောလိုက်၏။ “အိုး... ဒါဆို ငါက မင်းစကားကို နားထောင်ပြီး ငြိမ်ငြိမ်လေး ရပ်နေပေးပြီး ငါ့ကို အပိုင်းပိုင်းအစစဖြစ်အောင် ထုခိုင်းရမှာလား။ မင်းက အရူးလား”

“ဘာ”

“မင်း အရူးလားလို့ ငါ မေးလိုက်တာ” မင်ရှစ်ရင်က ဆိုလိုက်၏။

ကြယ်တံခွန်တူကိုင်ဆောင်ထားသူမှာ အလွန်အမင်း ဒေါသထွက်သွားတော့၏။ “မင်း... မင်းကို ငါ အရှင်လတ်လတ် အရေခွံဆုတ်ပစ်မယ်”

ကြယ်တံခွန်တူကိုင်ဆောင်ထားသူ ပျံသန်းထွက်ခွာလာခဲ့၏။

တစ်ချိန်တည်းမှာပင် မြေပြင်ပေါ်ကနေ စပျစ်နွယ်ပင် ထောင်ပေါင်းများစွာ ထွက်ပေါ်လာတော့သည်။ ၎င်းတို့ အားလုံးသည် ရွှေရောင်အလင်းတန်းများဖြင့် လွှမ်းခြုံနေသည်။

၎င်းကို မြင်သောအခါ ကျန်းဟယ်သည် မြေပြင်ကို ဆောင့်နင်းလိုက်ပြီး စစ်မြေပြင်မှ ထွက်ခွာသွားတော့၏။ သူ ရှုံးနိမ့်သွားသည်မှာ ပြဿနာမရှိပေ။ သို့သော် ဤနေရာ၌ ဆက်လက် နေထိုင်ရန် မလိုအပ်တော့ပေ။ သူသည် ဘေးဘက်သို့ ရွေ့သွားကာ သူ၏ ရင်ဘတ်ကို ဖိလျက် တိုက်ပွဲကို ကြည့်ရှုနေလိုက်သည်။ ထို့နောက် အဝေးရှိ မြေပြင်ပေါ်တွင် မင်ရှစ်ရင် ဆောင့်ကြောင့်ထိုင်ကာ သူ့ကို အရူးတစ်ယောက်ကဲ့သို့ ကြည့်နေသည်ကို သူ မြင်တွေ့လိုက်ရတော့၏။

…

All Chapters