← Chapters

အခန်း ၄၆၂

Vol. 47 Ch. 462

အခန်း ၄၆၂

Vol. 47 Ch. 462

အခန်း(၄၆၂) ဘာကိုရှာနေတာလဲ

ဟင်းလင်းပြင်ချောက်နက်။

အဖြူရောင်ဝတ် ဓားသမားက နယ်ရုပ်ကို ချထားရင်း အနည်းငယ် ရပ်တန့်သွားသည်။

မက်မွန်ပန်း တစ်ပွင့်က စစ်တုရင်ခုံပေါ်သို့ ကျဆင်းလာ၏။

သူ၏ မျက်နှာချင်းဆိုင်ရှိ အမျိုးသမီးက တောက်ပစွာ ပြုံးလိုက်သည်။ "ဘာလဲ။ ကျွန်မတို့ရဲ့ စစ်တုရင် ဆရာကြီးတောင် ဘယ်လို ကစားရမလဲမသိတဲ့ အချိန်တွေ ရှိတာပဲလား။"

မျက်နှာချင်းဆိုင်ရှိ ဓားသမားက မည်သည့်ရွှေ့ကွက်မျှ မလုပ်ဘဲ နယ်ရုပ်များကို သေတ္တာထဲ ပေါ့ပေါ့ပါးပါး ပစ်ထည့်လိုက်သည်။

အမျိုးသမီး၏ အပြုံးက ရုတ်တရက် ပျောက်ကွယ်သွားပြီး အဖြူရောင်ဝတ်ဓားသမားကို အံ့အားသင့်စွာ စိုက်ကြည့်နေသည်။

သူက ဤဓားသမားကို သိလာခဲ့သည်မှာ အချိန်အတော်ကြာပြီ ဖြစ်သော်လည်း သူ၏မျက်လုံးထဲတွင် ပျော်ရွှင်မှုကို မြင်ရသည်မှာ ယခုမှ ပထမဆုံးအကြိမ် ဖြစ်သည်။

ထိုပျော်ရွှင်မှုသည် ခဏတာသာ ဖြစ်လင့်ကစား။

ပထမဆုံး အံ့အားသင့်မှုအပြီးတွင် မနာလိုမှုနှင့် နာကြည်းမှု လှိုင်းလုံးတစ်ခု ဝင်ရောက်လာသည်။

ရေခဲတမျှ အေးစက်သော အဖြူရောင်ဝတ်ဓားသမားကို မည်သည့်အရာက ပျော်ရွှင်မှုဖြစ်စေသနည်းဟု သူ မတွေးတတ်အောင် ဖြစ်ရသည်။

အဲဒါက စွမ်းအားလား။ ဒါပေမဲ့ အဖြူရောင်ဝတ်ဓားသမားက လောကမှာ အစွမ်းဆုံး ဖြစ်နေပြီပဲ။

အာဏာလား။ ဒါပေမဲ့ ဟင်းလင်းပြင်ချောက်နက်မှာ သူ အာဏာကို မလိုအပ်ဘူး။ ဟင်းလင်းပြင်ချောက်နက်ကနေ သူ ထွက်သွားတာနဲ့ ချင်းယွန်ဘုံတစ်ခုလုံးမှာ ဘယ်သူကများ သူ့ကို ဦးညွှတ်ပြီး လက်အောက်မခံရဲမှာလဲ။

အင်မော်တယ် ဖြစ်လာဖို့အတွက် အခွင့်အရေးများလား။

သို့သော်လည်း အဖြူရောင်ဝတ်ဓားသမား၏ အင်မော်တယ်ဖြစ်ချင်သော ဆန္ဒက အတွေးတစ်ခု သက်သက်သာ ဖြစ်ကြောင်းကို အမြီကိုးချောင်းမြေခွေးမက သေချာသိသည်။ သူတို့ နှစ်ယောက်စလုံးက မဟာတက်လှမ်းခြင်းအဆင့် တတိယမြောက်အတိဒုက္ခ သုံမဟာပြီးပြည့်စုံခြင်းအဆင့်တွင် ရှိနေသော်လည်း သူက အဖြူရောင်ဝတ်ဓားသမားရှေ့တွင် ကျားတစ်ကောင်ရှေ့မှ ကလေးလေးတစ်ယောက်လို ဖြစ်နေပြီး ခုခံချင်သော အတွေးလေး တစ်စွန်းတစ်စပင် မမွေးနိုင်ပေ။

အပေါ်ကဟာတွေ တစ်ခုမှမဟုတ်ဘူးဆိုရင် အဲဒါက မိန်းမတစ်ယောက်ပဲ ဖြစ်ရမယ်။

ဒါပေမဲ့ အမြီးကိုးချောင်းရှိတဲ့ငါက ပြိုင်ဘက်ကင်း အလှပိုင်ရှင်လေ။ ငါတောင်မှ အဖြူရောင်ဝတ် ဓားသမားရဲ့အာရုံကို မဖမ်းစားနိုင်ဘူး။ ဒါဆို ဘယ်သူကများ သူ့ရဲ့အာရုံစိုက်မှုနဲ့ ထိုက်တန်နိုင်မှာလဲ။

အမြီးကိုးချောင်းမြေခွေးမ လုံးဝ ခေါင်းရှုပ်နေချိန် အဖြူရောင်ဝတ် ဓားသမားက မတ်တတ်ရပ်လိုက်ပြီး သူ့ကို တစ်ချက်ပင် မကြည့်ခဲ့ပေ။

"ကမ္ဘာနှစ်ခုကြားက ကံကြမ္မာကြိုးတန်း နောက်ဆုံးတော့ သေချာသွားပြီ။" အဖြူရောင်ဝတ်ဓားသမားက မက်မွန်တောကိုကြည့်ရင်း သူ့ဘာသာ တီးတိုးရေရွတ်လိုက်သော်လည်း မျက်မှောင်ကြုတ်လိုက်သည်။ "ဒါပေမဲ့ ကမ္ဘာနှစ်ခုကို ပေါင်းစပ်ဖို့ စွမ်းအားကတော့ မလုံလောက်သေးဘူး..." သူက မက်မွန်တောရှေ့တွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး မျက်နှာပေါ်တွင် ဒေါသနှင့်ရူးသွပ်မှုများ တဖြည်းဖြည်း ပေါ်လာသည်။

ကိုးမြီးက အနည်းငယ်ဝေးသော နေရာမှနေ၍ တိတ်ဆိတ်စွာ စောင့်ကြည့်နေသည်။

သောင်းကျန်းနေသော ဓားချီများက မက်မွန်တောကို နဂါးလေဆင်နှာမောင်းတစ်ခုကဲ့သို့ အရုပ်ဆိုးသော မြေရိုင်းတစ်ခုအဖြစ် ခုတ်ထစ်ပစ်လိုက်သည်ကို ကြည့်နေသည်။

ဓားသမား မည်သည့်အရာများ တီးတိုးပြောနေကြောင်း သူ မကြားနိုင်ပေ။ စကားလုံးများအားလုံးသည် ဓားခုတ်သံများကြားတွင် နစ်မြုပ်နေ၏။

သို့သော် အဖြူရောင်ဝတ်ဓားသမား မည်သည်ကို တွေးနေကြောင်း သူ အလွန် သိချင်နေသည်။

"ဒီတွားသွားကောင်စုတ်တွေ။ အရင်းအမြစ်တွေ အများကြီး ဖြုန်းတီးနေတာ။ သူတို့ အသက်ရှင်နေတာ ဘာအဓိပ္ပာယ်ရှိလို့လဲ။ သူတို့သေတာ နည်းတောင် နည်းနေသေးတယ်။"

ဓားသမားက အံကြိတ်လိုက်ပြီး ရုတ်တရက် ရပ်တန့်သွားကာ သူ၏ စူးရှသောမျက်လုံးများတွင် ကြောက်မက်ဖွယ် မီးတောက်တစ်ခု လင်းလက်သွား၏။

"ဒါဆို ဘယ်လိုလဲ။ လစ်လပ်နေတဲ့နေရာကို အရင်ဖြည့်ဖို့ တစ်ခုကို ထည့်ထားပြီးတော့ နောက်တစ်ခုကို ဆက်ပြီး ရိတ်သိမ်းခိုင်းထားရင်ကော။"

ဖြေရှင်းနည်း တစ်ခုကို နောက်ဆုံးတွင် ရှာတွေ့သွားပုံ၏။ ဓားသမား၏ ဒေါသများ ပျောက်ကွယ်သွားပြီး သူ၏ပတ်လည်ရှိ သောင်းကျန်းနေသော ဓားချီများလည်း တဖြည်းဖြည်း ငြိမ်သက်သွားသည်။

ထိုအခါမှသာ အပိုင်းအစလေးများအဖြစ် ပိုင်းခံထားရသော ပန်းပွင့်ဖတ်များက မိုးရွာသကဲ့သို့ ကျဆင်းလာတော့သည်။

၎င်းကို မြင်သောအခါ အမြီးကိုးချောင်းမြေခွေးမက ရှေ့သို့တိုးပြီး အကြောင်းအရာကို မေးချင်ခဲ့သည်။

နောက်စက္ကန့်တွင် ငွေရောင်ဓားကန့်လန့်ကာကြီးက ကောင်းကင်မှ ကျဆင်းလာပြီး မြေပြင်ပေါ်တွင် အကျယ်(၁၀)ပေရှိကာ အဆုံးမဲ့သလိုဖြစ်နေသော ဓားရာကြီးတစ်ခုကို ချန်ထားရစ်ခဲ့သည်။

အမြီးကိုးချောင်းမြေခွေးမက ထိုနေရာတွင်ပင် အေးခဲသွား၏။

"နောက်နေ့မှ ဆက်ကစားကြတာပေါ့။ ငါ အရမ်းကို အလုပ်ရှုပ်နေတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး ငါ့ကို လာမနှောင့်ယှက်ပါနဲ့။"

ထိုသို့ပြောပြီးနောက် အဖြူရောင်ဝတ်ဓားသမားက ခြေတစ်လှမ်းလှမ်းလိုက်ကာ သူ၏ပုံရိပ် ချက်ချင်း ပျောက်ကွယ်သွားသည်။

အမြီးကိုးချောင်းမြေခွေးမက အဖြူရောင်ဝတ်ဓားသမား ပျောက်ကွယ်သွားသော ဦးတည်ချက်ကို အချိန် အတော်ကြာ မှင်တက်စွာ စိုက်ကြည့်နေပြီး ပိုတွေးလေလေ ပိုပြီးခေါင်းရှုပ်လေလေ ဖြစ်လာသည်။

သူ၏ တောက်ပပြီးလှပသော မျက်နှာက အဖြူရောင်မှ အနီရောင်၊ ထိုမှတစ်ဆင့် အနီရောင်မှ အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး တစ်ကိုယ်လုံး တုန်ယင်နေသည်။

"ဒီချင်းယွန်ဘုံမှာ ရှင် ဒီလောက် စိတ်ဝင်စားစရာကောင်းနေရတာ ဘာလဲဆိုတာ သိချင်လိုက်တာ။"

သူက အံကြိတ်လိုက်ရာ မိစ္ဆာချီများ ကောင်းကင်သို့ ထိုးတက်သွားသည်နှင့်အမျှ သူ၏နောက်ကျောရှိ အမြီးကိုးချောင်း ထွက်ပေါ်လာသည်။

ချင်းယွန်ဘုံတွင် ဝင်ရောက်မစွက်ဖက်တော့ဟု မူလက ကတိပြုထားခဲ့သော မိစ္ဆာမျိုးနွယ်သည် ယခုအခါ မိစ္ဆာမျိုးနွယ်တွင် ချန်ထားရစ်ခဲ့သော စွမ်းအားများကို အသုံးပြုရန် ဖိအားပေးခံရလေပြီ။

အမြီးကိုးချောင်းမြေခွေးမသည် ဘယ်သောအခါမှ ကြင်နာတတ်သောသတ္တဝါ မဟုတ်ခဲ့ပေ။

အတိတ်ကဆိုလျှင် သူ၏စွမ်းအားကို တိုးမြှင့်ရန်အတွက် နှလုံးသန်းပေါင်းများစွာကို စားသုံးဖို့သက်သက် လူသားတိုင်းပြည်တစ်ခုလုံးကို သတ်ဖြတ်ရန် ဆန္ဒရှိခဲ့သည်။

ယခု အဖြူရောင်ဝတ်ဓားသမား မည်သည်ကို လိုချင်နေကြောင်း သိရရန်အတွက် သူက ချင်းယွန်ဘုံ တစ်ခုလုံးကို လွယ်လွယ်ကူကူ သတ်ဖြတ်ပစ်နိုင်ပြီး ဂိုဏ်းအတွင်းမှာ မည်သူ့ကိုမှ အသက်ရှင်ရက် ချန်ထားခဲ့မည် မဟုတ်ပေ။

...

...

အရုဏ်ဦး၏ ပထမဆုံးနေခြည်များက ပြတင်းပေါက်မှတစ်ဆင့် ဝင်ရောက်လာပြီး ကုတင်ပေါ်သို့ ကျရောက်လာသည်။

လီချင်းရန်က ပါးပြင်ပေါ်တွင် နွေးထွေးသော အထိအတွေ့ကို ခံစားလိုက်ရပြီး မျက်လုံးများကို ဖြည်းညှင်းစွာ ဖွင့်လိုက်သည်။

သူက မည်သည့်နေရာသို့ ရောက်နေမှန်းမသိဘဲ ခဏတာ ဇဝေဇဝါ ဖြစ်သွားသည်။

အမြင်အာရုံ တဖြည်းဖြည်း ရှင်းလင်းလာတော့မှ မနေ့ညက ဆရာ့၏ အင်မော်တယ်လိုဏ်ဂူထဲတွင် အနားယူခဲ့ကြောင်းကို သတိရသွား၏။

၎င်းကို ပြန်အမှတ်ရလိုက်သည်နှင့် ချက်ချင်းပင် သူက ခေါင်းကြည်သွားပြီး နှလုံးခုန်သံများ အလိုလို မြန်လာတော့သည်။

ခေါင်းလှည့်ကြည့်လိုက်ရာ ဆရာက မည်သည့်အချိန်ကတည်းက နိုးနေမှန်းမသိဘဲ ဘေးတစောင်း လှဲနေပြီး သူ့ကို ပြုံးရွှင်သောမျက်လုံးများနှင့် ကြည့်နေသည်ကို တွေ့လိုက်ရ၏။

"ဆရာ... မင်္ဂလာနံနက်ခင်းပါ။" လီချင်းရန် တိုးတိုးလေး ပြောလိုက်ရာ သူ၏အသံတွင် အခုလေးတင် နိုးလာသူ တစ်ယောက်၏ ပျင်းရိခြင်းနှင့်ရှက်ရွံ့မှု အနည်းငယ် ပါဝင်နေသည်။ သူက စောင်ကို အလိုလို အနည်းငယ် ဆွဲတင်လိုက်ပြီး မေးစေ့ကိုဖုံးထားကာ သတိဝီရိယရှိသော ကြောင်ပေါက်လေး တစ်ကောင်ကဲ့သို့ပင် တောက်ပသော မျက်လုံးများကိုသာ ပေါ်နေစေသည်။

"မင်္ဂလာနံနက်ခင်းပါ။" ချန်ဟွိုက်အန်က အပြုံးဖြင့် တုံ့ပြန်လိုက်ပြီး လီချင်းရန်၏ နဖူးပေါ်မှ ဆံစလေး တစ်စကို ညင်သာစွာ ဖယ်ရှားပေးလိုက်သည်။ "မနေ့ညက အိပ်လို့ကောင်းရဲ့လား။"

လီချင်းရန် ခေါင်းညိတ်လိုက်ပြီး ထို့နောက် ခေါင်းခါပြကာ နောက်ဆုံးတွင် သူ၏ အောက်နှုတ်ခမ်းကို ကိုက်လိုက်သည်။ "ကောင်းပါတယ်။ နည်းနည်းတော့ အနေရခက်တယ်။"

"ဪ။" ချန်ဟွိုက်အန် မျက်ခုံးပင့်လိုက်သည်။ "မင်း ဘာကို အသားမကျတာလဲ။"

"ကျွန်မ အသားမကျတာက... အနားမှာ တစ်ယောက်ယောက် ရှိနေတာကိုပါ။" လီချင်းရန် တိုးတိုးလေး ပြောသည်။ "ကျွန်မ ငယ်ငယ်ကတည်းက ကျင့်ကြံလာခဲ့တာဆိုတော့ တစ်ယောက်တည်း နေလာခဲ့တာ နှစ်တွေ အများကြီး ရှိပြီ။ အရင်က ဘယ်သူနဲ့မှ ဒီလောက်... မနီးစပ်ဖူးဘူး။"

ချန်ဟွိုက်အန် ရယ်မောလိုက်သည်။ "ဒါဆို မနေ့ညက ငါ့တံခါးဝကို ဘာလို့ လာတာလဲ။"

လီချင်းရန် နှုတ်ခမ်းစူကာ အပြစ်တင်လိုက်သည်၊ "ဆရာသိရက်သားနဲ့ ဘာလို့ မေးနေတာလဲ။"

သူက ထိုင်ရန်ကြိုးစားလိုက်သော်လည်း ဆံပင်ရှည်တစ်စက တစ်ခုခုနှင့် ငြိနေကြောင်း တွေ့လိုက်ရသည်။

၎င်းက ဘယ်လိုဖြစ်ပြီး ချန်ဟွိုက်အန်၏ လက်ချောင်းတွင် သွားငြိနေမှန်း မသိပေ။

"အာ့…ငြိနေပြီ။" သူက ၎င်းကို ဖြည်ရန် အလောတကြီး ကြိုးစာလိုက်သည်။

ချန်ဟွိုက်အန်က သူ့ကို ကူညီရန် အလောတကြီး မလုပ်ပေ။ ထိုအစား သူက ဆံစလေးကို ညင်သာစွာ ဆွဲလိုက်ပြီး ပြောသည်။ "မင်းရဲ့ ဆံပင်တွေကလည်း သူ့သခင်ဆီကနေ မခွဲခွာချင်ဘူး ထင်ပါတယ်။"

"ဆရာ။" လီချင်းရန်၏မျက်နှာ နီရဲသွားပြီး တိုးတိုးလေး ရေရွတ်လိုက်သည်။ "နောက်မနေပါနဲ့တော့..."

ရုန်းကန်နေရင်း သူ ချန်ဟွိုက်အန်၏ရင်ဘတ်ကို မတော်တဆထိမိသွားရာ လက်က ဖြတ်သန်းသွား၏။

လီချင်းရန် မှင်တက်သွားသည်။

မနေ့ညက သူတို့နှစ်ယောက် အိပ်ရာတစ်ခုတည်းတွင် အတူအိပ်ခဲ့ကြသော်လည်း သူတို့က အချင်းချင်း ဖက်ပြီး အိပ်ရုံသာ အိပ်ခဲ့ကြသည်။ ဆရာ့ရင်ခွင်၏ နွေးထွေးမှုကိုပင် သူ အမှန်တကယ် မခံစားနိုင်ခဲ့ပေ။

"ဘာဖြစ်လို့လဲ။" ချန်ဟွိုက်အန်က လီချင်းရန်၏အမူအရာ ပြောင်းလဲသွားသည်ကို သတိပြုမိသွားသည်။

လီချင်းရန် ခေါင်းခါလိုက်သော်လည်း နှုတ်ခမ်းထောင့်များ အနည်းငယ် နိမ့်ဆင်းသွားသည်။ "ဘာမှ မဖြစ်ပါဘူး။ နည်နည်း... နည်းနည်းတော့ စိတ်မကောင်းဖြစ်မိလို့ပါ။"

ကမ္ဘာမြေပေါ်က လူတစ်ယောက် ပြဿနာတွေဖန်တီးနေလို့ ဆရာက ချင်းယွန်ဘုံကို အာရုံမစိုက်နိုင်တာ။ အားလုံးက အဲဒီလူကြောင့်ပဲ။

ချန်ဟွိုက်အန် နားလည်သွားပြီး ကောင်မလေး၏မျက်နှာကို သူ၏လက်နှစ်ဖက်ဖြင့် ညင်သာစွာ ဆုပ်ကိုင်လိုက်သည်။ "ဒါပေမဲ့ မင်းကို ငါ ခံစားလို့ရတယ်။ အဲဒါက လုံလောက်ပါတယ်။"

လီချင်းရန်၏မျက်လုံးများ အနည်းငယ် နီရဲလာသော်လည်း ရုတ်တရက် ပြုံးလိုက်ပြီး စနောက်ကာ မေးလိုက်သည်။ "ဒါဆိုရင် ဆရာက ဘာတွေ ခံစားမိလဲ။"

"ငါ ခံစားမိတာကတော့..." ချန်ဟွိုက်အန်က လက်ချောင်းများကို ဆုပ်လိုက်ပြီး တွေးတောနေဟန် ဖန်တီးကာ ပြောသည်။ "ငါ့တပည့်လေးရဲ့ ပါးပြင်လေးတွေက နူးညံ့တယ်။ ငါ တွေးထားတာထက်တောင် ပိုပြီး နူးညံ့သေးတယ်။"

"တခြားကော။"

"ပြီးတော့ ငါ့တပည့်လေးက အအိပ် အရမ်းကြမ်းတယ်ဆိုတာလည်း သတိထားမိတယ်။ ညဘက်မှာ စောင်ကို သုံးကြိမ်တောင် ကန်ထုတ်ပစ်တယ်။"

"ကျွန်မ အဲဒီလို မလုပ်ပါဘူး။" လီချင်းရန်က ရှက်ရွံ့ခြင်းနှင့် အနည်းငယ်စိတ်တိုခြင်းတို့ဖြင့် လက်ကို တွန်းဖယ်လိုက်သော်လည်း မေးလိုက်သေးသည်။ "တကယ်ပဲလား။"

ချန်ဟွိုက်အန် ရယ်လိုက်သည်။ "နောက်နေတာပါ။ မင်းက ကြောင်ပေါက်လေး တစ်ကောင်လို အေးအေးချမ်းချမ်း အိပ်ပျော်နေတာ။"

လီချင်းရန် နောက်ဆုံးတော့ စိတ်သက်သာရာ ရသွားသော်လည်း၊ တစ်ခုခုကို သတိရသွားပြီး မျက်နှာ နီရဲသွားသည်။ "ဒါဆို... ကျွန်မ အိပ်ရင်းနဲ့ ယောင်ကောယောင်သေးလား။"

ချန်ဟွိုက်အန်၏မျက်လုံးများတွင် စဉ်းလဲသော အရောင်တစ်ခု လင်းလက်သွား၏။ "ယောင်တာလား။"

"ကျွန်မ... ကျွန်မ ဘာပြောမိလို့လဲ။" လီချင်းရန်က စိုးရိမ်တကြီး မေးလိုက်သည်။

"မင်း ပြောတာက..." ချန်ဟွိုက်အန်က စကားများကို တမင်ဆွဲဆန့်ကာ ပြောသည်။ "မင်း ပြောတာက ဆရာကအရမ်းချောတာပဲတဲ့။ ပြီးတော့ ဆရာ့အတွက် ဝဝကစ်ကစ် ကလေး(၁၀)ယောက် ဒါမှမဟုတ် အယောက်(၁၀၀)လောက် မွေးပေးချင်တယ်တဲ့။"

"ကျွန်မ... ကျွန်မ အဲဒီလို လုံးဝပြောမှာ မဟုတ်ဘူး။"

ဒေါသထွက်သွားသော လီချင်းရန်က ချန်ဟွိုက်အန်၏ရင်ဘတ်ကို ခေါင်းဖြင့်တိုက်ရန် ကြိုးစားလိုက်သော်လည်း နောက်ဆုံးတွင် ခေါင်းအုံးပေါ်သို့သာ ပြုတ်ကျသွားသည်။

ချန်ဟွိုက်အန် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

မိမိ၏ "တိုက်ခိုက်မှု"က မည်သည့်အကျိုးသက်ရောက်မှုမှ မရှိသည်ကို မြင်သောအခါ လီချင်းရန်သည် အနိုင်ကျင့်ခံရသော ငါးပူတင်းလေးတစ်ကောင်လို မျက်လုံးပြူးကာ ချန်ဟွိုက်အန်ကို စိုက်ကြည့်နေလိုက်သည်။

သူ၏ပုံစံကိုကြည့်ပြီး ချန်ဟွိုက်အန်၏နှလုံးသား နူးညံ့သွားကာ သူ၏နှာခေါင်းဖျားလေးကို ညင်သာစွာ ခေါက်လိုက်သည်။

"ဟုတ်ပါပြီ။ ငါ မင်းကို မနောက်တော့ပါဘူး။ မင်း တကယ် အိပ်ရင်းနဲ့ မယောင်ပါဘူး။ မင်း လုံးဝကို အိပ်ပျော်နေတာ။"

လီချင်းရန် စိတ်သက်သာရာ ရသွားသော်လည်း အနည်းငယ် စိတ်ပျက်သွားသည်။ "ဆရာ မနေ့ညက လုံးဝ မအိပ်ဘူးလား။"

"နှစ်ပေါင်းများစွာ ကျင့်ကြံလာခဲ့တော့ သိပ်အိပ်မပျော်တာကို ကျင့်သားရနေပါပြ။ အိပ်ရင်တောင်မှ အချိန်တိုလေးပဲ အိပ်တာ။"

ချန်ဟွိုက်အန်က နူးညံ့စွာ ပြောသည်။ "ပြီးတော့ မင်း အိပ်နေတာကို ကြည့်ရတာက ငါကိုယ်တိုင် အိပ်ရတာထက် အများကြီး ပိုပြီးတော့ စိတ်ဝင်စားစရာ ကောင်းတယ်။"

ဆရာက ငါ အိပ်နေတုန်းမှာ လှတယ်လို့ ချီးကျူးနေတာလား။

လီချင်းရန်၏ ရင်ထဲတွင် ချိုမြိန်သော နွေးထွေးမှုတစ်ခုကို ခံစားလိုက်ရပြီး ဆံပင်များကို နားနောက်သို့ အလိုလိုသပ်တင်ကာ ခေါင်းငုံ့ပြီး တိုးတိုးလေး ပြောသည်။

"ဒါဆို၊ ဒါဆို ဆရာအားတဲ့အခါတိုင်း တပည့်နဲ့အတူ လာအိပ်ပေးနော်..."

"ဒါပေါ့။" ချန်ဟွိုက်အန်က ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

လီချင်းရန်က ချန်ဟွိုက်အန်ကို ခဏတာ စိုက်ကြည့်နေပြီးနောက် ရုတ်တရက် အနားသို့တိုးသွားကာ ချန်ဟွိုက်အန်၏ လက်ချောင်းထိပ်ကို ညင်သာစွာ နမ်းလိုက်သည်။

ထို့နောက် သူက ကုတင်ပေါ်မှ အမြန် ခုန်ဆင်းကာ ထွက်ပြေးသည့်အလား တံခါးဆီသို့ ပြေးသွားသည်။ "ဒါဆို တပည့် မနက်စာ သွားပြင်လိုက်ဦးမယ်။"

ချန်ဟွိုက်အန်က ထိုနေရာတွင် မှင်တက်စွာ ရပ်နေပြီး အနမ်းခံလိုက်ရသော သူ၏လက်ချောင်းများကို ကြည့်ကာ အပြုံးတစ်ခုက သူ၏နှုတ်ခမ်းများပေါ်တွင် အလိုအလျောက် ပျံ့နှံ့သွားတော့သည်။

ငါတို့ တစ်ယောက်ကိုတစ်ယောက် အပြည့်အဝ မပိုင်ဆိုင်နိုင်သေးပေမယ့် ဒီမနက်ခင်းလေးက လုံလောက်အောင်ကို လှပနေခဲ့တယ်။

ငါ မနေ့ညက တစ်ရေးမှ မအိပ်ခဲ့ဘူူး။

လီချင်းရန်ရဲ့ ချစ်စရာကောင်းတဲ့ပုံစံကြောင်း အိပ်မရတဲ့အပြင်ကို အလုပ်လည်း ရှုပ်နေခဲ့တာ။

ကမ္ဘာနှစ်ခုလုံးမှာ မြင်ကြားခဲ့ရတာတွေကို ပေါင်းစပ်ပြီး မနေ့ညက မှတ်ဉာဏ်တွေကို ငါ စီစဉ်ခဲ့တယ်။

အင်မော်တယ်ယွိစီနဲ့ ဆင်တူတဲ့ ဗေဒင်ဆရာမလေးက တကယ်တမ်း ဘယ်သူလဲဆိုတာကို ငါ သိသလိုပဲ။

သူက အတိဒုက္ခကို ကျော်ဖြတ်တဲ့နေရာမှ ကျရှုံးသွားပြီးတော့ အင်မော်တယ်တစ်ပိုင်း ဖြစ်သွားတယ်။ ဒါပေမဲ့ အဲဒီလိုဆိုရင်တောင် သူ့ရဲ့ကျင့်စဉ်က မဟာတက်လှမ်းခြင်းအဆင့် တတိယမြောက် အတိဒုက္ခမှာ ရှိနေတုန်းပဲ။

အထွတ်အထိပ်စွမ်းရည်တွေရှိတဲ့ ကျင့်ကြံသူတစ်ဦးအနေဖြင့် ပုံမှန်နည်းလမ်းတွေနဲ့ အင်မော်တယ် မဖြစ်နိုင်တာကို တွေ့ပြီးတော့ တခြားနည်းလမ်းတွေကို သေချာပေါက် ရှာမှာပဲ။

အလောင်းသုံးခု ဖြတ်တောက်ခြင်းက အတော်လေး ပျံ့နှံ့နေတဲ့ နည်းလမ်းတွေထဲက တစ်ခုပဲ။

မဟာတက်လှမ်းခြင်းအဆင့်ကို မိစ္ဆာချိတ်ပိတ်မျှော်စင်ရဲ့ နံရံဆေးရေးပန်းချီတွေမှာ ပုံဖော်ထားတယ်။ အဲဒီမြင်ကွင်းက ကျင့်ကြံသူဟာ အလောင်းသုံးခုကို ဖြတ်တောက်ပြီး အင်မော်တယ်တံခါးကို ခေါက်နေတဲ့ပုံစံ ပုံဖော်ထားတယ်။

အဲဒီမှာ သတင်းအချက်အလက်တစ်ခု မှတ်တမ်းတင်ထားတယ်။

အလယ်အလောင်းနတ်ဘုရားဖန်ကျိက ငွေကို စွဲလမ်းတယ်။ ဒါပေမဲ့ သူက ကံကြမ္မာကို ဖီဆန်နိုင်တယ်။

ငွေကိုစွဲလမ်းပြီး၊ စကြဝဠာရဲ့လျှို့ဝှက်ချက်တွေကို ဖော်ထုတ်တဲ့နေရာမှာ ကျွမ်းကျင်တယ်။

သူက အင်မော်တယ်ယွိဏီနဲ့ ရုပ်ချင်းလုံးဝတူပေမယ့် သဘောသဘာဝတော့ မတူဘူး။

အဲဒီဗေဒင်ဆရာမလေးက အင်မော်တယ်ယွိစီရဲ့ အလယ်အလောင်း မဟုတ်ဘူးလား။

"ဒီအင်မော်တယ် ယွိစီတောင်မှ မိတ်ဆွေလား ရန်သူလား မသိဘူး..."

ချန်ဟွိုက်အန်က လက်သီးများကို ဆုပ်လိုက်ပြီး မျက်နှာမှာ တဖြည်းဖြည်း မှောင်မိုက်သွားသည်။

လောကကူးပြောင်း လာမရှာခင်ကတည်းက ငါ လီချင်းရန်ရဲ့ တာအိုလက်တွဲဖော် ဖြစ်နေခဲ့တာပဲ...

သူ့အတွက် မတည်ငြိမ်တဲ့ အကြောင်းရင်းတွေအားလုံးကို ငါ ဖယ်ရှားပေးရမယ်။

...

All Chapters