← Chapters

အခန်း ၄၆၅

Vol. 47 Ch. 465

အခန်း ၄၆၅

Vol. 47 Ch. 465

အခန်း(၄၆၅) ပိုက်ဆံထုတ်စက် အလုံး(၁၀၀) မြင်ချင်တယ်

ကောင်မလေးက လည်ပင်းကို ဆန့်ထုတ်ကာ မျက်နှာကို တင်းမာစွာ လွှဲလိုက်ပြီး မျက်လုံးများကို မှိတ်ထားလိုက်သည်။ "ဝိညာဉ်ကျောက်တုံးတွေကို ကျွန်မ ပြန်မအန်ထုတ်နိုင်ဘူး။ အဲဒီတော့ သတ်သာ လိုက်ပါတော့။"

"ဟေး။ ဒီကောင်မလေးက ဒေါသထွက်လွယ်တာပဲ။" ချန်ဟွိုက်အန်က အင်္ကျီလက်ကို ခေါက်တင်ကာ ကြေးခွံနက်ဓားကို ဆွဲထုတ်လိုက်သည်။ "ငါ မင်းကို မသတ်ရဲဘူး ထင်နေတာလား။ ဟမ်။"

ထိုကပ်ဘေးကို ဓားတစ်ချက်တည်းနှင့် သတ်ပစ်ရန် သူ စဉ်းစားနေခဲ့သည်။

တန်ပိုင်နှင့်အတူ အပြေးရောက်လာသော တန်ယွန်က သူတို့ကို တားဆီးရန် အမြန် ဝင်ရောက်လာသည်။ "ဘိုးဘေးကြီး။ အဲဒီလို မလုပ်ပါနဲ့။ အလောင်းကို သတ်လိုက်ရင် သူက ပျောက်ကွယ်သွားမှာ မဟုတ်ဘဲ သူတော်စင်ယွိစီရဲ့ ခန္ဓာကိုယ်နဲ့ သွားပေါင်းသွားလိမ့်မယ်။ ပစ်မှတ်ကို လက်လွတ်ခံလိုက်ရရင် သူတော်စင်ယွိစီကို ရှာတွေ့နိုင်တော့မှာ မဟုတ်ဘူး။ ပြီးတော့ အခုက ဖြစ်ပြီးသွားပြီဆိုတော့ ဝိညာဉ်မိုင်းတွင်းအတွက် ဘယ်သူကမှ လျော်ကြေးပေးမှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား။ အကျိုးအမြတ် အများဆုံးရအောင်လုပ်ပေါ့။"

စဉ်းစားကြည့်ပြီးနောက် ချန်ဟွိုက်အန်လည်း ၎င်းမှာ အဓိပ္ပာယ်ရှိကြောင်း နားလည်သွားသည်။

သူက မှုန်ကုပ်နေသော မျက်နှာဖြင့် ကောင်မလေးကို အောက်သို့ ချပေးလိုက်ရသည်။

"ကောင်းပြီ၊ ကောင်းပြီလေ။ ဒါဆို တန်ယွန်။ ငါတို့ ဘာဆက်လုပ်သင့်တယ်လို့ အကြံပေးချင်လဲ။" မိုင်းတွင်း၏ ဟာလာဟင်းလင်းဖြစ်နေသော အခွံတစ်ဝက်ကို ကြည့်ရင်း သူ အလွန် ဒေါသထွက်နေ၏။

၎င်းမှာ အမှန်တကယ် ကြောက်စရာကောင်းလှသည်။ အချိန်တိုလေး အတွင်းမှာပင် အဆင့်မြင့် ကျောက်ကြောကြီး တစ်ခုလုံး၏ တစ်ဝက်လောက်ကို ယူသွားခဲ့ခြင်းပင်။

ငါသာ ခြေတစ်လှမ်းလောက် နောက်ကျသွားရင် အကုန်ပြောင်အောင် စားခံလိုက်ရမှာ မဟုတ်ဘူးလား။

ဒီလိုအလောင်းမျိုးက ဝိညာဉ်ကျောက်တုံးတွေကို ဒီလောက်တောင် လိုအပ်နေတာလား။ ဒါ အစားကြူး သားရဲကြီးတစ်ကောင်လားများ။

ဒေါသထွက်နေသော ချန်ဟွိုက်အန်နှင့် အရှက်မရှိသော ဗေဒင်ဆရာမလေးကို ကြည့်ရင်း တန်ယွန်မှာ ဘာလုပ်ရမှန်း မသိဖြစ်နေသည်။ သူက အတင်းပြုံးကာ ပြောလိုက်သည်၊ "စီနီယာ။ ရှင် တခြား ရှုထောင့်ကနေ စဉ်းစားကြည့်သင့်တယ်။ အဆင့်မြင့် ဝိညာဉ်ကျောက်တုံး မိုင်းတွင်း တစ်ဝက်ကို ဆုံးရှုံးလိုက်ရပေမယ့် ဒီအလောင်းရဲ့ ကျင့်ကြံမှုအရှိန်ကိုလည်း မြှင့်တင်ပေးလိုက်တာပဲ။ နောက်ပိုင်းမှာ သိပ်ပြီး ရင်းနှီးမြှုပ်နှံစရာမလိုဘဲ သူတော်စင်ယွိစီရဲ့ မူလခန္ဓာကိုယ်က သူ့ကို ပြန်ဆင့်ခေါ်နိုင်လိမ့်မယ်။"

ချန်ဟွိုက်အန် ဖမ်းထားသော ဗေဒင်ဆရာမလေးက အဆက်မပြတ် ခေါင်းညိတ်ပြသည်။ "ဟုတ်တယ်၊ ဟုတ်တယ်။"

တန်ယွန်က ဆက်ပြောသည်။ "ပြီးတော့ ရှင်က လျော်ကြေးရအောင် သူ့ရဲ့စွမ်းရည်တွေကို သုံးလို့ရတယ်။ သူ့ရဲ့ လက်ရှိစွမ်းအားနဲ့ဆိုရင် ဂိုဏ်းထဲမှာ အလုပ်သမား အဖြစ်လည်း အသုံးချလို့ ရတယ်။ အဲဒါကို သူ့အတွက် ပေးဆပ်မှုလို့ သတ်မှတ်လို့ရတာပဲ။"

ကောင်မလေးက ဆက်ပြီး ခေါင်းညိတ်နေသည်။ "ဟုတ်တယ်။ အမှန်ပဲ။ ဟုတ်တယ်၊ ဟုတ်တယ်။"

"ဘာတွေဖြစ်နေတာလဲ။ မင်းကို စကားပြောခိုင်းလို့လား။" ချန်ဟွိုက်အန်က ကောင်မလေး၏နဖူးကို ခေါက်ပြီး တန်ယွန်ကိုကြည့်ကာ ပြောသည်။ "ဒါဆို ငါ သူ့ကို ဝိညာဉ်ကျောက်တုံးတွေ ဆက်ကျွေးနေရဦးမှာပေါ့။"

တန်ယွန်က အနေခက်စွာ ရယ်မောလိုက်သည်။ "ပြောရရင် အဲဒီလိုပါပဲ။"

ချန်ဟွိုက်အန်က နှလုံးသားထဲရှိ ဒေါသများကို ဖိနှိပ်ထားရန် ကြိုးစားနေသည့်အလား အသက်ပြင်းပြင်း ရှူသွင်းလိုက်သည်။

သူ ခဏတာ တွေးတောနေစဉ် မျက်လုံးများတွင် မသေချာမှုများ တဖျပ်ဖျပ် လင်းလက်နေ၏။

ဒီအဆင့်မြင့်ကျောက်ကြောတွေကို ပိုက်ဆံနဲ့ ဝယ်ထားတာ။ ဒါပေမဲ့ လက်တွေ့ကမ္ဘာမှာ မကြာခင် ငွေကြေးစနစ် ပြောင်းလဲတော့မှာဆိုတော့ ပိုက်ဆံတွေက မကြာခင် တန်ဖိုးမဲ့သွားတော့မယ်။ တခြားနည်းနဲ့ ပြောရရင် အဆင့်မြင့် ဝိညာဉ်ကျောက်ကြော နည်းနည်းလောက်ကို ပိုက်ဆံနဲ့ ထပ်ဝယ်လိုက်ရင်၊ငွေကြေးစနစ် ပြောင်းသွားတဲ့အခါ အလကားဝယ်ထားတဲ့ ကျောက်ကြောတွေနဲ့ ဘာများ ကွာခြားသွားတော့မှာလဲ။

ငါ့ရဲ့ လက်တွေ့စွမ်းအားနဲ့ဆိုရင် ပိုက်ဆံထုတ်စက် အလုံး၁၀၀ ဒါမှမဟုတ် ၁၀၀၀လောက် တပ်ဆင်တာက ကိတ်မုန့်စားရသလို လွယ်ကူမှာပဲ မဟုတ်လား။

သူက ကမ္ဘာငယ်တည်ဆောက်ရေး စတိုးဆိုင်ကို အမြန်ဖွင့်ပြီး ကြည့်လိုက်သည်။

မှန်ပေသည်။ ထိုအဆင့်မြင့် ဝိညာဉ်ကျောက်တုံးမိုင်းတွင်းဈေးနှုန်းက အတူတူပင်။ ပြောင်းလဲမသွားပေ။

မြန်မြန်လုပ်မှ ရမယ်။

"မင်းနာမည် ဘယ်လိုခေါ်လဲ။" ချန်ဟွိုက်အန်က သူ၏ရှေ့သို့ ကောင်မလေးကို ဆွဲယူလိုက်စဉ် အမူအရာ အနည်းငယ် ပျော့ပျောင်းသွားပြီး သူတို့နှစ်ဦး မျက်လုံးချင်း ဆုံသွားကြသည်။

"မသိဘူး။" ကောင်မလေးက ခေါင်းခါပြသည်။ "ကျွန်မမှာ နာမည် မရှိဘူး။"

"ကောင်းပြီလေ။ ဒါဆိုရင် အခု မင်းကို နာမည်ပေးလိုက်မယ်။ သေချာနားထောင်။ မင်းကို ဖန်တုံလို့ ခေါ်မယ်။"

"ဒီနာမည်က နားထောင်လို့ မကောင်းပါဘူး။ နာမည်ပြောင်းလိုက်ရင်ကော။"

"ပါးစပ်ပိတ်ထား။ မင်းကို ရွေးချယ်ခွင့် မပေးထားဘူး။"

ချန်ဟွိုက်အန်က သူ၏ခြေရင်းရှိ မိုင်းတွင်းကို လက်ညှိုးထိုးပြသည်။ "ဒီအဆင့်မြင့် ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတစ်ခုလုံးကို မင်း စားပစ်လို့ရတယ်။ ဒါပေမဲ့ မင်းအတွက် ငါ့ရဲ့ သတ်မှတ်ချက်တစ်ခု ရှိတယ်။ မင်း ဂိုဏ်းကတပည့်တွေအတွက် နေ့တိုင်း ဗေဒင်ကို အခမဲ့ ဟောပေးရမယ်။ ဥပမာ သူတို့ ဂိုဏ်းတာဝန်တွေ ထမ်းဆောင်ဖို့ အပြင်ထွက်တဲ့အခါ သူတို့ အန္တရာယ်ရှိမရှိ ဟောပေးရမယ်။"

"ဟမ်…" ဖန်တုံဟု အမည်ပြောင်ပေးခံရသော ကောင်မလေးမှာ မျက်နှာ ဝင်းလက်သွား၏။ "ကျွန်မကို အကုန်စားစေချင်တာ တကယ်လား။ ပြဿနာ မရှိပါဘူး။ တာဝန်ကို ပြီးမြောက်အောင် လုပ်မယ်လို့ အာမခံတယ်။ စောင့်သာကြည့်နေလိုက်။ သူတို့တွေ နေ့တိုင်း အတွင်းခံ ဘယ်အရောင်ဝတ်တယ်ဆိုတာကိုပါ ကျွန်မ မှတ်ထားပေးဦးမယ်။ ဒါတင်မကသေးဘူး။ ဂိုဏ်းကို သန့်ရှင်းရေးလုပ်ဖို့လည်း ကူညီပေးနိုင်တယ်။ ဂိုဏ်းရဲ့ အစောင့်အရှောက် သားရဲအဖြစ်တောင် လုပ်ပေးနိုင်သေးတယ်။"

ခြံထဲတွင် အိပ်နေသော ခွေးကြီးက တုန်ယင်သွားပြီး ၎င်း၏ကျောရိုးတစ်လျှောက် အေးစိမ့်သွားသလို ရုတ်တရက် ခံစားလိုက်ရ၏။

၎င်းက လှိမ့်လိုက်ပြီး ပတ်ဝန်းကျင်ကို သတိထားကာ ကြည့်လိုက်သော်လည်း မည်သည့်ခြိမ်းခြောက်မှု မတွေ့သဖြင့် ခေါင်းခါကာ မူးဝေဝေဖြင့် ပြန်လှဲအိပ်လိုက်သည်။

"ဒါပေမဲ့ မင်းက ဒီမိုင်းတွင်းကိုပဲ စားခွင့် ရှိတယ်။ ငါ့ရဲ့ဘဏ္ဍာတိုက် ဒါမှမဟုတ် တခြားမိုင်းတွင်းတွေကို မထိရဘူး။"

ချန်ဟွိုက်အန်က လေးနက်သော အမူအရာဖြင့် ပြောသည်။ "မင်း ကောင်းကင်တာအိုကို တိုင်တည်ပြီး သစ္စာဆိုရမယ်။"

ဤစကားကို ကြားသောအခါ ကောင်မလေးက ကောင်းကင်သို့ လက်ချောင်းလေးချောင်းကို ချက်ချင်း ထောင်လိုက်သည်။ "ဖန်တုံဖြစ်တဲ့ ကျွန်မက ဒီအဆင့်မြင့်မိုင်းတွင်းကဟာကိုပဲ စားပါ့မယ်။ တခြား ဘာကိုမှ မထိပါဘူးလို့ ကောင်းကင်တာအိုကို တိုင်တည်ပြီး သစ္စာဆိုပါတယ်။"

"သိပ်ကောင်းတယ်။" ချန်ဟွိုက်အန် သက်ပြင်းချလိုက်သည်။

သူတော်စင်ယွိစီက အင်မော်တယ်ဖြစ်လာဖို့ ကံပါလာသူ။ သူက ကောင်းကင်ကို တိုင်တည်ပြီး ဒီသစ္စာကို ဆိုခဲ့တာ။ ဘယ်သူပဲဖြစ်ဖြစ် ဒီသစ္စာကို မစောင့်ထိန်းရဲဘူးဆိုရင် မိုးကြိုးအတိဒုက္ခရဲ့ ပြင်းထန်တဲ့အပြစ်ပေးမှုကို ခံရဖို့သာ မျှော်လင့်နေလိုက်တော့။

ဒီအလောင်းတွေက သူတို့ရဲ့ တာဝန်နဲ့သရုပ်မှန်ကို သိသိ မသိသိ၊ မမြင်ရတဲ့လောကမှာ သူတို့ကြား ဆက်စပ်မှုတစ်ခု ရှိနေရတယ်။

မဟုတ်ရင် သူက ကောင်းကင်ကိုတိုင်တည်ပြီး ဒီလိုသစ္စာမျိုး လုံးဝဆိုရဲမှာ မဟုတ်ဘူး။

"ဘိုးဘေးကြီး၊။ ဒီအဆင့်မြင့်မိုင်းတွင်းတွေအားလုံး သူ့ကို ပေးလိုက်တော့မယ်လို့ ဆိုလိုတာလား။"

"ဘိုးဘေးကြီး။ အဲဒီလို မလုပ်ပါနဲ့။ ဘိုးဘေးကြီး။"

ပတ်ဝန်းကျင်ရှိ လရိပ်ဂိုဏ်းမှ တပည့်များအားလုံး စိတ်ထိန်းမရတော့ပေ။

သတင်းကို ကြားသောအခါ စုချီနျန်က မျက်ရည်များစီးကျလျက် အပြေးရောက်လာသည်။ "ဘိုးဘေးကြီး။ ဒီဝိညာဉ်ကျောက်ကြောက ကျွန်တော်တို့ရဲ့ အသက်သွေးကြောပါ။ ဘယ်လိုလုပ်ပြီး တခြားလူကို အလွယ်တကူ ပေးလိုက်လို့ ရမှာလဲ။" သူက အခက်အခဲများနှင့် ယဉ်ပါးနေပြီး ဝိညာဉ်ကျောက်ကြောမရှိသော ဘဝက မည်မျှခက်ခဲကြောင်း သိသည့်အတွက် အခုလို အဆင့်မြင့်ဝိညာဉ်ကြောတစ်ခု ရလာသည့်အခါ ပိုပြီး တန်ဖိုးထားခဲ့ခြင်း ဖြစ်သည်။

အကြီးအကဲလျူ၏ တုံ့ပြန်မှုမှာ စုချီနျန်ထက်ပင် ပို၍ လွန်ကဲနေသေးသည်။

အဘိုးကြီးက ဝိညာဉ်ကျောက်တုံးမိုင်းတွင်းပေါ်တွင် ဖင်ကုန်းကာ လှဲအိပ်လိုက်ပြီ ဖယ်ပေးရန် ငြင်းဆန်နေသည်။ သူ၏မျက်လုံးများမှာ ပြင်းထန်သော နာကြည်းမှုကြောင့် နီရဲနေသည်။ "ဟုတ်ပါတယ်။ ဘိုးဘေးကြီး။ ငြိမ်းချမ်းနေတဲ့ အချိန်မှာတောင် အန္တရာယ်အတွက် ကြိုတင်ပြင်ဆင်ထားရမယ်။"

"တော်ပြီ။ ပါးစပ်ပိတ်ထားကြ။" ချန်ဟွိုက်အန်၏ အမြင်အာရုံ မှောင်မိုက်သွားပြီး အင်္ကျီလက်ကို ခါယမ်းကာ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "မင်းတို့ရဲ့ သနားစရာကောင်းတဲ့ပုံစံတွေကို ကြည့်စမ်း။ ဝိညာဉ်ကျောက်တုံးမိုင်းတွင်းကို သူ့ဆီ ပေးလိုက်တာက ကြီးမားတဲ့အရေးပါမှု ရှိတယ်။ ပြီးတော့ ဂိုဏ်းအတွက် အဆင့်မြင့်ဝိညာဉ်ကျောက်တုံး မိုင်းတွင်းတစ်ခုကို ငါ ယူပေးနိုင်ရင် နောက်တစ်ခုကိုလည်း ထပ်ယူပေးနိုင်တာပဲ။"

ဤစကားကို ကြားသောအခါ တပည့်များက အချင်းချင်း အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

အဆင့်မြင့်ဝိညာဉ်ကျောက်ကြောဆိုတာ ဂေါ်ဖီထုပ်တွေလို ပေါနေတာ မဟုတ်ဘူးလေ။ ဘိုးဘေးကြီးက အဲဒါတွေကို အလွယ်လေး ရနိုင်တယ်လို့ တကယ်ကြီး ထင်နေတာလား။

စုချီနျန်၏ မျက်လုံးများ ဟိုဟိုဒီဒီ ကစားသွားပြီး၊ သတိထား၍ ပြောသည်။ "ဒါဆို ဘိုးဘေးကြီး၊။ ဒုတိယ အဆင့်မြင့်ဝိညာဉ်ကြောကို ရလာတဲ့အခါမှ အခုလက်ရှိကို သူ့ဆီ ပေးလိုက်ပါလား။"

"ဒုတိယတစ်ခု ရလာရင်တောင် သူ့ကို မပေးဘူး။" အကြီးအကဲလျူက ဒေါသတကြီး ပြောသည်။ "ဘာလို့ ပေးရမှာလဲ။ တစ်သက်လုံး ကြိုးကြိုးစားစား အလုပ်လုပ်ခဲ့တာတောင် ဝိညာဉ်ကျောက်တုံး ဒီလောက် အများကြီး တစ်ခါမှ မသုံးဖူးဘူး။"

ချန်ဟွိုက်အန်က ပတ်ဝန်းကျင်ရှိ ဆူညံသံများကြောင့် ယင်ကောင် သန်းပေါင်းများစွာ ပတ်ချာလည် ပျံသန်းနေသကဲ့သို့ စိတ်အနှောင့်အယှက် ဖြစ်လာသည်။

"ဒီနေ့အတွက် ဒီလောက်ပဲ။ ငါ ခရီးဝေးတစ်ခု သွားမလို့။ ဆွေးနွေးစရာကိစ္စတွေ ရှိရင် ဂိုဏ်းချုပ်လီနဲ့ တိုင်ပင်ကြ။"

ထိုသို့ပြောပြီးနောက် ချန်ဟွိုက်အန်က တစ်စက္ကန့်မျှ ထပ်မနေချင်တော့ဘဲ ချက်ချင်းပင် လော့ဂ်အောက် လုပ်လိုက်သည်။

အကျဉ်းခန်း နံပါတ်(၀)သို့ ပြန်ရောက်သောအခါ ဂိမ်းထဲသို့ ဝင်ရောက်ပြီးကတည်းက နာရီ(၄၀)နီးပါး ကုန်လွန်သွားခဲ့ပြီ ဖြစ်ကာ ဝမ်ရှိုယီနှင့် သဘောတူထားသော အချိန်ရောက်ရန် တစ်ရက်ပင် မလိုတော့ပေ။

"မြန်မြန်လုပ်မှ ရမယ်။"

ချန်ဟွိုက်အန် ဖုန်းကို ထုတ်ကာ ဖုန်းခေါ်လိုက်သည်။

[ ဟယ်လို၊ အုပ်ချုပ်ရေးမှူး။ ရှင့်ဘာသာရှင် လက်အောက်ငယ်သားတွေကို ဖုန်းဆက်လာတာလား။]

ဖုန်းတစ်ဖက်စွန်းမှ ကျောက်ရင်း၏ အံ့အားသင့်နေသောအသံ ထွက်ပေါ်လာသည်။

ပြန်စဉ်းစားကြည့်လျှင် ၎င်းသည် ကျောက်ရင်းနှင့် အခြားသူများထံသို့ သူကိုယ်တိုင် ဖုန်းစခေါ်သည်မှာ ပထမဆုံးအကြိမ် ဖြစ်လောက်သည်။

"အဓိပ္ပာယ်မရှိတာတွေ တော်တော့။ ခင်ဗျားတို့ကို တာဝန်ချထားပေးဖို့ အရေးကြီးတဲ့ကိစ္စတွေ ရှိတယ်။"

ဤစကားကို ကြားသောအခါ ကျောက်ရင်း၏ အမူအရာ လေးနက်သွား၏။ "တစ်နေရာရာမှာ ပုံမှန်မဟုတ်တဲ့ အဖြစ်အပျက်တစ်ခုခု ဖြစ်လို့လား။ ပြောပါ။"

"မဟုတ်ဘူး။" ချန်ဟွိုက်အန်က အသံဩဩဖြင့် ပြောသည်။ "ဘယ်လိုနည်းလမ်းကိုပဲ သုံးသုံး၊ အခုချက်ချင်း ပိုက်ဆံထုတ်စက် အလုံး(၁၀၀)လောက် ရှာပြီးတော့ ကျွန်တော့်အတွက် ပိုက်ဆံတွေ အခုချက်ချင်း ရိုက်ထုတ်ပေး။ တချို့အဖွဲ့အစည်းတွေက ပိုက်ဆံထုတ်စက်တွေကို လွှဲမပြောင်းပေးချင်ဘူးဆိုရင် ခင်ဗျားတို့ အတင်းအကျပ် အစီအမံတွေကို သုံးလို့ရတယ်..."

"အတိုချုပ်ပြောရရင်တော့ သုံးနာရီအတွင်း အကျဉ်းခန်းထဲမှာ ပိုက်ဆံထုတ်စက် အလုံး(၁၀၀) စပြီးတော့ လည်ပတ်နေတာကို မြင်ချင်တယ်။"

ကျောက်ရင်း - "(๑°⌓°๑)..."

…

All Chapters