← Chapters

အခန်း ၄၆၆

Vol. 47 Ch. 466

အခန်း ၄၆၆

Vol. 47 Ch. 466

အခန်း(၄၆၆) ထပ်ပြီးတော့ အခိုးခံရပြီလား

ယနေ့က တောင်တန်းတစ်သောင်း၏ အနက်ရှိုင်းဆုံးနေရာမှ မိစ္ဆာများအတွက် အထူးခြားဆုံး နေ့တစ်နေ့ ဖြစ်သည်။

အကြောင်းမှာ သူတို့၏မိစ္ဆာသခင်မ၊ မိစ္ဆာမျိုးနွယ်တွေထဲတွင် အစွမ်းအထက်ဆုံး၊ အမြီးကိုးချောင်း မဟာပဏ္ဍိတ တုရှန်ယွဲ့က ဟင်းလင်းပြင်ချောက်နက်မှ ပြန်လာ၍ပင်။

"ပြန်လာတာ ကြိုဆိုပါတယ်၊ သခင်မ။"

မိစ္ဆာမျိုးနွယ်၏ မဟာပဏ္ဍိတ(၅)ဦးက ရိုသေလေးစားသော အမူအရာများဖြင့် တုရှန်ယွဲ့ အရှေ့တွင် ဒူးထောက်လိုက်ကြသည်။

သူတို့အားလုံးက မဟာပဏ္ဍိတများ ဖြစ်သော်လည်း သူတို့ကြားတွင် ကွာခြားချက်များ ရှိပေသည်။ တုရှန်ယွဲ့က သူတို့အားလုံးကို လက်တစ်ဖက်တည်းနှင့် သတ်ပစ်နိုင်၏။

တုရှန်ယွဲ့ ဖြည်းညှင်းစွာ မတ်တတ်ရပ်လိုက်ရာ သူ၏ ခရမ်းရောင်နှင့်အနီရောင် ရောစပ်နေသော ဝတ်ရုံက ရင်သပ်ရှုမောဖွယ် ခန္ဓာကိုယ်ကောက်ကြောင်းများကို ပိုမို၍ ပေါ်လွင်စေပြီး သူ၏အသားအရေကို နှင်းထက်ပင် ပိုမို၍ပင် ဖြူဝင်းနေစေသည်။

ထိုကျဉ်းမြောင်းသော ဇာမဏီငှက်ပုံစံ မျက်လုံးများတွင် အေးစက်မှုနှင့် မာနထောင်လွှားမှုများ အပြည့် ရှိနေပြီး မျက်လုံးထောင့်များရှိ ကခုန်နေသော မီးတောက်တစ်ခုကဲ့သို့ ဆွဲဆောင်မှုရှိသော အနီရောင် အမှတ်အသားလေး တစ်ခု ရှိနေ၏။

"အားလုံးပဲ၊ ဟင်းလင်းပြင်ချောက်နက်မှာ တံခါးပိတ် ကျင့်ကြံနေခဲ့တဲ့နှစ်တွေအတွင်းမှာ၊ ငါ ထိုးထွင်း သိမြင်မှုတွေ အများကြီး ရခဲ့ပြီးတော့ အခုဆိုရင် အင်မော်တယ်တံခါးကို ဖွင့်နိုင်ဖို့ ၇၀%လောက် ယုံကြည်မှု ရှိနေပြီ။ ဒီနေ့ ငါ ပြန်လာတာက ကိစ္စအဟောင်း ကိစ္စတချို့ကို ရှင်းလင်းဖို့ပဲ။"

တုရှန်ယွဲ့က တိမ်တိုက်များနှင့်တူသော မြေခွေးအမြီး ကိုးချောင်းကို နောက်ဘက်တွင် ယမ်းပြလိုက်ရာ မိစ္ဆာအရှိန်အဝါများ ပို၍ပင် အားကောင်းလာသည်။

အနီးအနားရှိ မိစ္ဆာများမှာ မည်သည့်အဆင့်ပင် ဖြစ်စေ အသက်ရှူမဝလုနီးပါးအထိ ဖိနှိပ်ခံလိုက်ရ၏။

မိစ္ဆာမျိုးနွယ် မဟာပဏ္ဍိတ(၅)ဦး၏ ကွဲပြားသော အတွေးများသည်လည်း ဤဖိအားအောက်တွင် လုံးဝ ပျောက်ကွယ်သွားခဲ့သည်။

"ဘာကိစ္စလဲဆိုတာ မေးလို့ရမလား၊ သခင်မ။ ကျွန်တော်တို့က သခင်မအတွက် အဆုံးစွန်သော သစ္စာရှိမှုနဲ့ အလုပ်အကျွေးပြုဖို့ အဆင်သင့်ပါပဲ။"

ခွန်ဖန်မဟာပဏ္ဍိတက ပထမဆုံး စကားပြောလာပြီး နောက်တွင် တောင်ရွှေ့မဟာပဏ္ဍိတ၊ စွမ်းအားပြ မဟာပဏ္ဍိတ၊ လေနက်မဟာပဏ္ဍိတနှင့် အဆိပ်ရန်သူမဟာပဏ္ဍိတတို့ကလည်း အသီးသီး ပြောလာကြသည်။

တုရှန်ယွဲ့က ပြန်မဖြေဘဲ ရိုးရှင်းစွာ မေးလိုက်သည်။ "သိပ်မကြာခင်က ချင်းယွန်ဘုံက လူသား ဂိုဏ်းတွေကြားမှာ ပုံမှန်မဟုတ်တဲ့ အခြေအနေ တစ်ခုခု ရှိလား။"

မိစ္ဆာပဏ္ဍိတများ အချင်းချင်း ကြည့်လိုက်ကြသည်။

"သခင်မကို သတင်းပို့ရရင်တော့ ကျွန်တော်တို့က လူသားဂိုဏ်းတွေနဲ့ အဆက်အသွယ် မလုပ်တာ နှစ်ပေါင်းများစွာ ကြာပြီမို့ လူသားတွေရဲ့ အခြေအနေကို သိပ်မသိပါဘူး။" ခွန်ဖန်မဟာပဏ္ဍိတက ခဏတာ ရပ်ပြီးနောက် စကားစကို ပြောင်းလိုက်သည်။ "ဒါပေမဲ့ မကြာသေးခင်က အဲဒီဘက်မှာ အဖြစ်အပျက်ကြီး တစ်ခု ဖြစ်ခဲ့တယ်။ သူတို့ရဲ့ မြင့်မြတ်နယ်မြေ သုံးခုစလုံး မရှိတော့ဘူး။ အစကတော့ မြင့်မြတ်နယ်မြေသုံးခုက အချင်းချင်း တိုက်ခိုက်နေကြတာ။ ဒါပေမဲ့ နောက်ပိုင်းကျတော့ သူတို့အားလုံးကို ဓားကျောင်းတော်လို့ ခေါ်တဲ့ အင်အားစုတစ်ခုက သိမ်းသွင်းသွားတဲ့ပုံပဲ။ ဒါက လူသားတွေအတွက် အားအနည်းဆုံးအချိန် ဖြစ်လောက်တယ်။"

"ဓားကျောင်းတော် ဟုတ်လား။" တုရှန်ယွဲ့ အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီ ဘာကြောင့်မှန်းမသိ အဖြူရောင်ဝတ်ဓားသမား၏ ပုံရိပ်က သူ့စိတ်ထဲတွင် ဖြတ်ပြေးသွားသည်။

သူက အဖြူရောင်ဝတ်ဓားသမားကို ဘယ်ဂိုဏ်းကလဲဟု တစ်ခါက မေးဖူးသည်။

အဖြူရောင်ဝတ်ဓားသမားက သူ့ဂိုဏ်းသည် အလွန်ရှေးကျပြီး ဂိုဏ်းထဲမှ ကျင့်ကြံသူများအားလုံးက ဓားကျင့်ကြံသူချည်းသာဖြစ်ပြီး သူက ဂိုဏ်း၏ဘိုးဘေးကြီးဟု ပြောခဲ့သည်။

ထို့ပြင် ထိုဂိုဏ်းတွင် သူ့အတွက် ရည်စူးထားသော ကမ္ပည်းတိုင်တစ်ခု ရှိနေသေးကြောင်းကိုလည်း ပြောခဲ့သည်။

ဒါဆို၊ ဓားကျောင်းတော်ဆိုတာ အဖြူရောင်ဝတ်ဓားသမား အရင်ကပိုင်ဆိုင်ခဲ့တဲ့ ဂိုဏ်းများလား။

မနေ့က သူ့ရဲ့ စိတ်လှုပ်ရှားမှုတွေက ဓားကျောင်းတော်နဲ့များ ပတ်သက်နေမလား။

အပြင်ပန်းတွင် တုရှန်ယွဲ့က ခွန်ဖန်မဟာပဏ္ဍိတ ပြောခဲ့သည်များကို ဂရုမစိုက်ဟန် ပြနေသော်လည်း ရင်ထဲတွင်တော့ ထိုဂိုဏ်းကို တိတ်တဆိတ် မှတ်သားထားလိုက်ပြီ ဖြစ်သည်။

"အဲဒါအပြင် တခြား ဘာရှိသေးလဲ။ မြန်မြန် ပြောစမ်း။ အချိန်မဆွဲနဲ့။"

တုရှန်ယွဲ့က ရင်သပ်ရှုမောဖွယ်အမျိုးသမီး ကျင့်ကြံသူတစ်ဦး ပေါ်လာပြီး "ပန်းတစ်ရာအလှစာရင်း"ကဲ့သို့ စာရင်းတစ်ခုခုတွင် ပါဝင်လာသည်ဟူသော သတင်းမျိုးကို ကြားချင်နေခြင်း ဖြစ်သည်။

သူ ဟင်းလင်းပြင်ချောက်နက်ထဲကို ဝင်သွားစဉ်က ချင်းယွန်ဘုံမှာ အလှစာရင်းတစ်ခု ရှိနေသေးသည် မဟုတ်ပါလား။

ထိုသို့ဆိုလျှင် သူက ထိုအလှစာရင်းမှတစ်ဆင့် အလှမယ်များက အဖြူရောင်ဝတ်ဓားသမားနှင့် ဆက်စပ်မှုရှိမရှိ ဆိုသည်ကို ဆက်ပြီးစုံစမ်း၍ ရနိုင်ပေမည်။

အကယ်၍ သူနှင့် နည်းနည်းလေးပင် ပတ်သက်နေသူကို တွေ့ပါက သတ်ပစ်ပေမည်။

"အခုတော့ အကုန်လုံး အဆင်ပြေနေေသေးတာပဲ မဟုတ်လား။" ခွန်ဖန်မဟာပဏ္ဍိတက အခြားမိစ္ဆာ ပဏ္ဍိတများကို ကြည့်လိုက်သည်။

သို့သော် အခြား မိစ္ဆာပဏ္ဍိတများကလည်း ခေါင်းခါပြကြသည်။

တကယ်တမ်း သူ၏ မူလရည်ရွယ်ချက်မှာ လူသားဂိုဏ်းများကို တိုက်ခိုက်လိုသော တုရှန်ယွဲ့၏ဆန္ဒကို လှုံ့ဆော်ပေးရန် ဖြစ်သော်လည်း တုရှန်ယွဲ့တွင် ထိုဆန္ဒမျိုး ရှိပုံမပေါ်ပေ။

အကယ်၍ တုရှန်ယွဲ့တွင် ထိုဆန္ဒမျိုး မရှိပါက…

သူတို့သည် ကျင့်ကြံသူဂိုဏ်းများကို မဆင်မခြင် သွားမတိုက်ခိုက်ရဲကြပေ။

သူတို့အားလုံးက မဟာတက်လှမ်းခြင်းအဆင့်တွင် ရှိနေပြီး တစ်ယောက်တည်းနှင့် အများကြီးကို ယှဉ်တိုက်နိုင်သော်လည်း ထိုကျင့်ကြံသူများက အရေအတွက် များပြားသည့်အပြင် ဟင်းလင်းပြင်ချောက်နက်မှ ရှေးဟောင်းလူသားမိစ္ဆာကြီးများနှင့်လည်း အဆက်အသွယ် ရှိနိုင်ကြသည်။

ထိုကျင့်ကြံသူများ၊ ဂိုဏ်းများနှင့် မြင့်မြတ်နယ်မြများသည်ပင် ကြောက်စရာ မဟုတ်ပေ။ ဟင်းလင်းပြင်ချောက်နက်ထဲမှ ရှေးဟောင်းလူသားမိစ္ဆာကြီးများ မသေမချင်း သို့မှမဟုတ် အင်မော်တယ်အဖြစ် မတက်လှမ်းမချင်း သူတို့က မိစ္ဆာမျိုးနွယ်၏ခေါင်းပေါ်မှ တွဲလောင်းကျနေသော ဓားတစ်လက်လိုပင်။

တုရှန်ယွဲ့က တိုက်ခိုက်ရန် ဆန္ဒရှိလျှင်တော့ တစ်မျိုးပင်...

တစ်ချိန်လုံး တိတ်ဆိတ်နေခဲ့သော တောင်ရွှေ့မဟာပဏ္ဍိတ၏ မျက်လုံးများတွင် ရုတ်တရက် တောက်ပသော အကြံဉာဏ်တစ်ခု ပေါ်လာသည်။ သူက ရှေ့သို့ ခြေနှစ်လှမ်းတိုးလာပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ ကျယ်လောင်စွာ ပြောလိုက်သည်။ "သခင်မ၊ ကျွန်တော်တို့ကို တရားမျှတမှု ပေးရပါမယ်။"

တုရှန်ယွဲ့၏ အေးစက်သောအကြည့်များက တောင်ရွှေ့ဘုရင်ပေါ်သို့ ကျရောက်သွားပြီး မေးလိုက်သည်၊ "မင်းက ဘာကို တာဝန်ယူထားတာလဲ။"

"သခင်မ၊ ကျွန်တော့်နယ်မြေထဲက အဆင့်မြင့် ဝိညာဉ်ကြော ခိုးယူခံလိုက်ရပြီးတော့ မိုင်းတွင်းတစ်ခုလုံး အခွံကြီးပဲ ကျန်ခဲ့တယ်။ သူခိုးက ကိုယ့်ကိုယ်ကိုယ် ဖုံးကွယ်တဲ့နေရာမှာ အရမ်း ကျွမ်းကျင်တယ်။ အခုအချိန်အထိ ကျွန်တော်တို့ မိစ္ဆာမျိုးနွယ်ဘက်ကနေ ဘာသဲလွန်စမှ မရသေးဘူး။ ဒါပေမဲ့ အဲဒီဝိညာဉ်ကြောကို လူသား ကျင့်ကြံသူ တစ်ယောက်က ခိုးသွားတာဆိုတာကိုတော့ ကျွန်တော်တို့ သေချာပေါက် သိပါတယ်။"

တောင်ရွှေ့မဟာပဏ္ဍိတ ပြောသည်ကို ကြားသောအခါ ခွန်ဖန်မဟာပဏ္ဍိတ၏ မျက်လုံးများ အရောင် လက်သွားသည်။

ဒါက လူသားဂိုဏ်းတွေကို တိုက်ခိုက်ဖို့ ပြီးပြည့်စုံတဲ့ ဆင်ခြေတစ်ခု မဟုတ်ဘူးလား။

မနေ့က တောင်ရွှေ့မဟာပဏ္ဍိတသည် အခြားမိစ္ဆာမျိုးနွယ်များက ဤအဆင့်မြင့် ဝိညာဉ်ကြောကို မထိခဲ့ကြောင်း သူတို့နှင့် အတည်ပြုပြီးပြီ ဖြစ်သည်။ ဆိုလိုသည်မှာ ဤကျယ်ပြန့်လှသော ချင်းယွန်ဘုံတွင် လူသားကျင့်ကြံသူများသာ ကျန်ရှိတော့သည်ဟု အဓိပ္ပာယ်ရသည်။ ၎င်းတို့အနက် လုံးဝနီးပါး အမြစ်ပြတ် သုတ်သင်ခံလိုက်ရသော မိစ္ဆာကျင့်ကြံသူများမှလွဲ၍ လမ်းမှန်ဂိုဏ်းများနှင့် မြင့်မြတ်နယ်မြေ သုံးခုသာ ရှိတော့သည်။

သူတို့သာ အဆင့်မြင့် ဝိညာဉ်ကြောကို ယူသွားကြောင်း စဉ်းစားကြည့်စရာပင် မလိုဘဲ သိနိုင်သည် မဟုတ်ပါလား။

အဆင့်မြင့် ဝိညာဉ်ကြောများသည် အရေးကြီးသော အရင်းအမြစ်တစ်ခု ဖြစ်ပြီး မိစ္ဆာမျိုးနွယ်၏ အခြေခံအုတ်မြစ် ဖြစ်သည်။

လူသားကျင့်ကြံသူတွေက မိစ္ဆာမျိုးနွယ်ရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခါရဲတယ်ပေါ့။

ဒီလိုကိစ္စကြီးကို တုရှန်ယွဲ့က ဘယ်လိုလုပ် လက်ပိုက်ကြည့်နေနိုင်မှာလဲ။

ခွန်ဖန်မဟာပဏ္ဍိတ ခန့်မှန်းထားသည့်အတိုင်းပင် တုရှန်ယွဲ့က အမှန်တကယ်ပင် ဝင်ရောက်စွက်ဖက်ရန် ဆုံးဖြတ်လိုက်သည်။

"အဆင့်မြင့်ဝိညာဉ်ကြော အခိုးခံရတာလား။ ဒါမှမဟုတ် ဝိညာဉ်ကျောက်တုံးတွေ အခိုးခံရတာလား။" တုရှန်ယွဲ့ အနည်းငယ် ဇဝေဇဝါ ဖြစ်သွားသည်။

"မဟုတ်ပါဘူး။ သခင်မကြီး။ ဝိညာဉ်ကြော တစ်ခုလုံး ပျောက်သွားတာပါ။"

ဤစကားကို ကြားသောအခါ တုရှန်ယွဲ့ ဒေါသတကြီး ရယ်မောလိုက်သည်။ "ငါ့ကို အရူးလို့ ထင်နေတာလား။ ဒီလောက်ကြီးမားတဲ့ အဆင့်မြင့်ဝိညာဉ်ကြောကြီးက ဘယ်လိုလုပ် ပျောက်သွားနိုင်မှာလဲ။ ဝိညာဉ်ကြောကို တကယ်ပဲ ရွှေ့ပြောင်းနိုင်တယ် ဆိုရင်တောင် တောင်ကြီး ပြင်းပြင်းထန်ထန် တုန်ခါသွားတာကို သတိမထားမိဘဲ နေမလား။ ငါ့ကို လမ်းပြ။ တစ်ခုခု လိမ်ညာထားတာ တွေ့လို့ကတော့ မင်း အရေခွံ အခွာခံရဖို့သာ ပြင်ထားပေတော့။"

ထိုမိစ္ဆာပဏ္ဍိတများက လှည့်ကွက်တစ်ခုခု သုံးနေကြောင်း သူ ခံစားနေရသည်။

ဆယ်မိနစ်အကြာတွင် သူက တောင်ရွှေ့မဟာပဏ္ဍိတနောက်သို့ လိုက်ကာ ဝိညာဉ်ကြော တည်ရှိရာ တောင်တန်းဆီသို့ ရောက်လာခဲ့သည်။

တောင်ကြီး၏ ဟာလာဟင်းလင်း အခွံကြီးသာ ကျန်ရစ်ပြီး ထိုနေရာတွင် ဝက်ဝံနက်မိစ္ဆာ တစ်စုသည် မိုင်းကျင်းထဲတွင် စိတ်ပျက်လက်ပျက် ရပ်နေကြကာ မျက်လုံးများတွင် အသက်ရှင်သန်ရန် မျှော်လင့်ချက်များ ကင်းမဲ့နေသည်။

"အဲဒါ... အဲဒါ တကယ်ပဲ ရွှေ့ခံလိုက်ရတာလား။" တုရှန်ယွဲ့ မှင်တက်သွားသော်လည်း ထို့နောက် ဒေါသမီးတောက်တစ်ခု ခေါင်းပေါ်သို့ ထိုးတက်သွားသည်။ သူက နောက်လှည့်ကာ တောင်ရွှေ့မဟာပဏ္ဍိတကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။ "ငါ့မိစ္ဆာမျိုးနွယ်ရဲ့ အခြေခံအုတ်မြစ်ကို ဒီလိုမျိုး စောင့်ရှောက်ရသလား။ အသုံးမကျတဲ့ကောင်။"

တောင်ရွှေ့မဟာပဏ္ဍိတက မြေပြင်ပေါ်တွင် ဒူးထောက်ကာ စကားတစ်ခွန်းမှ မဟရဲပေ။

အခြားမိစ္ဆာပဏ္ဍိတများက တိတ်တဆိတ် ဝမ်းသာနေကြသည်။

မျောက်ဘုရင်က ယခုတစ်ခါတော့ ဒုက္ခကြီးကြီး ရောက်ပြီဟု သူတို့ဘာသာ တွေးနေကြသည်။

တောင်ရွှေ့မဟာပဏ္ဍိတကို မည်သို့ အပြစ်ပေးရမည်ဟု တုရှန်ယွဲ့ တွေးတောနေစဉ်မှာပင် ရုတ်တရက် အလောတကြီး ခြေသံများ နီးကပ်လာသည်။

ပထမဆုံးအနေဖြင့် ခွန်ဖန်မဟာပဏ္ဍိတ၏ မိစ္ဆာငယ်တစ်ကောင်ဖြစ်သော ရွှေတောင်ပံမိစ္ဆာက အလောတကြီး ပျံသန်းလာသည်။ ၎င်းက လိမ့်ကျကာ ကပြာကယာ ထလာပြီးနောက် မိစ္ဆာပဏ္ဍိတများ အရှေ့တွင် ဆင်းသက်ကာ ထိတ်လန့်တကြား ပြောသည်။ "မဟာပဏ္ဍိတ။ ပြဿနာကြီး ဖြစ်နေပြီ။ ကျွန်တော်တို့ စောင့်ရှောက်နေတဲ့ အဆင့်မြင့်ဝိညာဉ်ကြောလည်း အခိုးခံလိုက်ရပြီ။ တောင်ကြီးရဲ့ အတွင်းပိုင်း တစ်ခုလုံး ဟာလာဟင်းလင်း ဖြစ်နေပြီ။"

"ဘာပြောတယ်။" ခွန်ဖန်မဟာပဏ္ဍိတက မျက်လုံးများ ပြူးကျယ်လျက် ရုတ်တရက် မတ်တတ်ရပ်လိုက်သည်။

၎င်း စကားမပြောနိုင်မီမှာပင် အနက်ရောင်သံချပ်ကာ ကင်းမြီးကောက်မိစ္ဆာတစ်ကောင် ပြေးလာပြီး အဆိပ်ရန်သူမဟာပဏ္ဍိတရှေ့တွင် ဝပ်စင်းကာ နာကျင်စွာဖြင့် အော်ဟစ်လိုက်သည်။ "မဟာပဏ္ဍိတ။ ဆိုးရွားတဲ့ ကိစ္စကြီး ဖြစ်နေပြီ။ ကျွန်တော်တို့ စောင့်ရှောက်နေတဲ့ အဆင့်မြင့်ဝိညာဉ်ကြောက အခုလေးတင် ပျောက်သွားပြီ။ ပြီးတော့ အထဲမှာ သတ္တုတူးဖော်နေတဲ့ မိစ္ဆာလေးတွေအားလုံးလည်း ပျောက်သွားပြီ။"

အဆိပ်ရန်သူမဟာပဏ္ဍိတ၏ ခြေသည်းများ တုန်ယင်သွားပြီး ဧရာမ အနက်ရောင်ညှပ်ကြီးများက မြေပြင်သို့ ဝုန်းခနဲ ကျရောက်သွားကာ ထစ်ငေါ့စွာ မေးလိုက်သည်။

"အဲဒါ... အဲဒါလည်း အခိုးခံရတာလား။ မင်း သူခိုးကို မြင်လိုက်လား။"

"မမြင်လိုက်ဘူး။" ကင်းမြီးကောက်မိစ္ဆာက ထိတ်လန့်တကြား အော်ပြောလိုက်သည်။

"အဲဒီအချိန်တုန်းက ဝိညာဉ်ကြောကြီး အသက်ဝင်လာပြီးတော့ ရှည်လျားတဲ့နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းသွားပြီးတော့ မြေကြီးထဲကိုတိုးဝင်ပြီး အသံတိတ် ပျောက်ကွယ်သွားတာပဲ။"

မိုင်းတွင်း တစ်ခုလုံး တိတ်ဆိတ်သွား၏။

တုရှန်ယွဲ့၏ ရင်ဘတ်မှာ အပြင်းအထန် နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ဖြူဝင်းသော မျက်နှာမှာ အနီရောင်၊ ထိုမှတစ်ဆင့် အစိမ်းရောင်သို့ ပြောင်းလဲသွားကာ လက်သီးများကို တင်းကျပ်စွာ ဆုပ်ထားလိုက်၏။

"ဒါတော့ လွန်လွန်းနေပြီ။ ငါ့ကို အဲဒီ ခေါ်သွားစမ်း။"

"ငါ့မိစ္ဆာမျိုးနွယ်ရဲ့ အခြေခံအုတ်မြစ်ကို ဘယ်သူကများ လာကျူးကျော်ရဲလဲ ကြည့်ချင်သေးတယ်။"

...

All Chapters