← Chapters

အခန်း ၄၆၇

Vol. 47 Ch. 467

အခန်း ၄၆၇

Vol. 47 Ch. 467

အခန်း(၄၆၇) ကောင်းကင်မိစ္ဆာဂိုဏ်းကို ပြန်တည်ဆောက်ခြင်း

အမြီးကိုးချောင်းကောင်းကင်မြေခွေးသည် ကောင်းကင်လျှို့ဝှက်ချက်မြေခွေးလို နက္ခတ်ဗေဒင်ပညာတွင် အထူးပြုသော မိစ္ဆာသားရဲ မဟုတ်သော်လည်း….

ကောင်းကင်၏လျှို့ဝှက်ချက်များကို ချောင်းကြည့်သည့်နေရာတွင်လည်း ကျွမ်းကျင်သည်။ မည်သို့ဆိုစေ သူက တုရှန်မျိုးနွယ်စုတွင် ဘက်စုံတော်သော တည်ရှိမှု တစ်ခု ဖြစ်သည်။

မိစ္ဆာငယ်တစ်စုက လမ်းပြကာ သူက ခွန်ဖန်မဟာပဏ္ဍိတ စောင့်ကြပ်နေသည့် မိုင်းတွင်းထဲ ဝင်သွားပြီး ဘယ်ညာ ရှာဖွေကြည့်သော်လည်း မည်သည့် သဲလွန်စမျှ မတွေ့ရပေ။ မိုင်းတွင်းတစ်ခုလုံးသည် လေထဲတွင် ပျောက်ကွယ်သွားသကဲ့သို့ ဖြစ်နေသည်။ မိုင်းတွင်းနှင့် ပတ်ဝန်းကျင်ရှိ ကျောက်တုံးများကြား ခြားနားချက်မှာ အပြစ်ကင်းစင်လွန်းလှပြီး ဝိညာဉ်ကျောက်တုံး အမှုန်အမွှားလေးတစ်ခုပင် ကျန်ရစ်ခြင်း မရှိခဲ့ပေ။ သို့သော်လည်း မိုင်းတွင်းထဲတွင် အလုပ်လုပ်နေသော မိစ္ဆာငယ်များကိုမူ တစ်ကောင်မျှ ဖမ်းဆီးသွားခြင်း မရှိပေ။ သူတို့၏ သတ္တုတူးဖော်ရေး ကိရိယာများကိုသာ ယူဆောင်သွားခဲ့သည်။

ကြားခံ မရှိဘဲ ကောင်းကင်၏လျှို့ဝှက်ချက်များကို အတိအကျ သိမြင်နိုင်ရန် မဖြစ်နိုင်ပေ။

တုရှန်ယွဲ့က မိစ္ဆာငယ်ကို အဆိပ်ရန်သူမဟာပဏ္ဍိတ၏နယ်မြေသို့ ခေါ်သွားခိုင်းရန်သာ တွန့်ဆုတ်စွာ သဘောတူလိုက်ရသည်။

ယခုတစ်ခါတော့ မိုင်းတွင်းထဲတွင် မြေကြီးထဲသို့ ဒေါင်လိုက်ဆင်းသွားသော ဧရာမကျင်းကြီးတစ်ခု အပါအဝင် အသေးစိတ် အချက်အလက်များ ပိုကျန်နေခဲ့သည်။

မိစ္ဆာငယ်၏အဆိုအရ ဝိညာဉ်ကြောသည် ရှည်လျားသော နဂါးကြီးတစ်ကောင် အဖြစ် ပြောင်းလဲသွားပြီး မြေအောက်သို့ တိုးဝင်ထွက်ခွာသွားသည်ဟုဆိုရာ ၎င်းမှာ ချန်ထားရစ်ခဲ့သောကျင်းကြီး ဖြစ်နိုင်သည်။

ဤနေရာတွင် ဝိညာဉ်ကျောက်တုံး အများအပြား ကျန်နေသေးပြီး မိုင်းတူးရန်သုံးသော မိစ္ဆာငယ်များနှင့် ကိရိယာများကိုလည်း ယူသွား၏။ သူခိုးနှစ်ယောက်က လူတစ်ယောက်တည်း မဟုတ်နိုင်ပေ။

ပထမနည်းလမ်းက ပိုခေတ်မီဆန်းပြားပြီး သဲလွန်စ မကျန်ခဲ့သည်မှာ အသေအချာပင်။

ဒုတိယနည်းလမ်းကိုတော့ သူ တွက်ဆပြီးသွားပြီ ဖြစ်သည်။ ၎င်းမှာ သရဲတစ္ဆေနတ်ဘုရား တောင်ရွှေ့ အတတ်နှင့် မြေကမ္ဘာဘဏ္ဍာတိုက်နဂါးခွဲဝေလက်တို့ ပေါင်းစပ်ထားခြင်းပင်။

ထိုမျှလောက်ကြီးမားသော မိုင်းတွင်းကြီးကို ရွှေ့ပြောင်းနိုင်ရန် တစ်ဖက်လူက အနည်းဆုံး မဟာတက်လှမ်းခြင်းအဆင့် ဒုတိယမြောက် အတိဒုက္ခ သို့မဟုတ် ထိုထက်မြင့်သော အဆင့်ရှိသည့် တည်ရှိမှု တစ်ခု ဖြစ်ရပေမည်။

"သခင်မ၊ ဘယ်လိုလဲ။ ဘာတိုးတက်မှုများ ရှိလဲ။" မဟာပဏ္ဍိတ(၅)ဦးက ဆောင့်ကြောင့်ထိုင်လျက် တုရှန်ယွဲ့ကို စိတ်အားထက်သန်သော မျက်လုံးများဖြင့် ကြည့်နေကြသည်။

"ခွန်ဖန်စောင့်ကြပ်နေတဲ့ မိုင်းတွင်းနဲ့ပတ်သက်ပြီးတော့ ဘာသဲလွန်စမှ မရသေးဘူး။ ဒါပေမဲ့ အဆိပ်ရန်သူရဲ့မိုင်းတွင်းနဲ့ ပတ်သက်ပြီးတော့ ဘာတွေဖြစ်နေလဲဆိုတာ တွက်ချက်ကြည့်ဖို့ ကြိုးစားလို့ရတယ်။" တုရှန်ယွဲ့က မျက်နှာပျက်မည်ကို အလွန်အမင်း ဂရုစိုက်တတ်သော လူစားမျိုး မဟုတ်ပေ။ သူ ထင်သည့်အတိုင်း ပြောလိုက်သည်။ သူ၏အဆင့်တွင် ဤမိစ္ဆာပဏ္ဍိတများ သူ့အပေါ် မည်သို့ ထင်မြင်မည်ကို ဂရုမစိုက်တော့ပေ။

"ကြိုတင်ပြင်ဆင်မှုတချို့ လုပ်ဖို့လိုအပ်တယ်။ အခိုးမခံရသေးတဲ့ အဆင့်မြင့် ဝိညာဉ်ကြောနှစ်ခု ကျန်သေးတယ် မဟုတ်လား။ အဲဒါတွေကို သေချာစောင့်ကြည့်ဖို့ လူတွေ လွှတ်ထားပြီးတာ့ မှတ်တမ်းတင် ကျောက်တုံးတွေနဲ့ အချိန်တိုင်း စောင့်ကြည့်ခိုင်းထား။"

ပြောပြီးသည်နှင့် တုရှန်ယွဲ့က သိုလှောင်လက်စွပ်ထဲမှ ပစ္စည်းများထုတ်ယူကာ တွက်ချက်ခြင်း အခင်းအကျင်း ကို စတင် တည်ဆောက်လေသည်။

သူက သူခိုး၏သရုပ်ကို တွက်ချက်ရန်အတွက် သရဲတစ္ဆေနတ်ဘုရာတောင်ရွှေ့အတတ်ကြောင့် ကျန်ရစ်သော ဧရာမကျင်းကြီးကို ကြားခံ အဖြစ် အသုံးပြုမည်ဖြစ်ပြီး ၎င်းမှာ ကြီးမားလှသော လုပ်ငန်းစဉ်တစ်ခု ဖြစ်သည်မှာ အသေအချာပင်။

...

တစ်ချိန်တည်းမှာပင်။

လူသားလောကမှ ကျိုးမြို့တော်တွင်။

ဝုန်း…

မိုးခြိမ်းသံကဲ့သို့ ဟိန်းဟောက်သံကြီးနှင့်အတူ မြေကြီးက ပြင်းထန်စွာ တုန်ခါသွားသည်။

ဤမျှ ကြီးမားသော ဆူညံသံကြီး ထွက်ပေါ်လာသော်လည်း ကျိုးမြို့တော် တစ်ခုလုံးသည် သေမတတ် တိတ်ဆိတ်နေဆဲဖြစ်သည်။

အိမ်ထောင်စု သောင်းချီရှိသော ဤမြို့ကြီးက ယခုအခါ သေဆုံးနေသော မြို့ကြီးတစ်မြို့နှင့် တူနေသည်။

သို့သော် ချွင်းချက်တစ်ခု ရှိသည်။ မြို့တော်ရှိ ယီဟုန် ခြံဝင်းပင်။ လူသူကင်းမဲ့နေသော မြို့ကြီးနှင့် နှိုင်းယှဉ်လျှင် ၎င်းသည် ဆိုးရွားသော တေးဂီတသံများ လေထဲတွင် ပျံ့လွင့်နေပြီး ထိန်းကွပ်မဲ့ ရမ္မက်ဆန္ဒများ ပြည့်နှက်နေသော နေရာတစ်ခု ဖြစ်သည်။

"ကြိုဆိုပါတယ်၊ ဘိုးဘေးကြီး။"

ဆွဲဆောင်မှုရှိပြီး ညှို့ငင်နိုင်သော အော်သံတစ်ခုနှင့်အတူ။

ကောင်းကင်မိစ္ဆာဂိုဏ်း၏ ဘိုးဘေးကြီးဖြစ်သော ရှောင်ဖုန်းသည် ဂိုဏ်းမှ မိစ္ဆာအမျိုးသမီးတစ်စု၏ ဝိုင်းရံမှုဖြင့် ယီဟုန်ခြံဝင်းအတွင်းသို့ ဝင်ရောက်လာသည်။

သို့သော်လည်း ဘေးနှစ်ဖက်စလုံးတွင် အမျိုးသမီးများ ဝိုင်းရံနေသည့် ဤဆက်ဆံမှုက ရှောင်ဖုန်း၏ မျက်နှာပေါ်တွင် သာယာသော အမူအရာတစ်ခုကို မယူဆောင်လာပေးနိုင်ခဲ့ပေ။

အထူးသဖြင့် ကောင်းကင်မိစ္ဆာဂိုဏ်း၏ လက်ရှိ ခေါင်းဆောင်ကို မြင်လိုက်ရသောအခါ ရှောင်ဖုန်း၏ မူလက ကောင်းမွန်နေသော စိတ်အခြေအနေမှာ ထပ်မံ ထိုးကျသွား၏။

ကောင်းကင်မိစ္ဆာဂိုဏ်း၏ လက်ရှိခေါင်းဆောင်မှာ ယီဟုန်ခြံဝင်း၏မဒမ် ဖြစ်သည်။

ရှောင်ဖုန်း မရောက်လာမီက သူသည် ပြည့်တန်ဆာအိမ်တစ်ခုကို အပြင်ပန်းအားဖြင့် ဖွင့်လှစ်ထားပြီး ဓနဥစ္စာများကို စုဆောင်းကာ တစ်ချိန်တည်းမှာပင် မပြည့်စုံသော ကောင်းကင်မိစ္ဆာအတတ်ကို အသုံးပြု၍ အမျိုးသမီးကျင့်ကြံသူများကို စုဆောင်းနေခဲ့သည်။ ထို့နောက် ဤအမျိုးသမီး ကျင့်ကြံသူများက ကောင်းကင်မိစ္ဆာ အတတ်မှ မိစ္ဆာဖြည့်တင်းခြင်းကို လေ့ကျင့်ခြင်းဖြင့် သူတို့၏ စွမ်းအားကို မြှင့်တင်ကြမည်ဖြစ်သည်။

"ဒီအမိုက်အမဲလေးတော့။" ရှောင်ဖုန်းက ယီဟုန်ခြံဝင်းသခင်မ၏ မျက်နှာကို ဖြတ်ရိုက်လိုက်ပြီး ဟိန်းဟောက်လိုက်သည်။ "မနေ့က ယောကျ်ားလေး အဝတ်အစားတွေ ပြန်ဝတ်ဖို့ ငါ ပြောထားတယ်လေ။ ဒီနေ့လည်း မိန်းမစိုးတစ်ယောက်လို ဖြစ်နေတုန်းပဲ။ အခုချက်ချင်း သွားပြီး အဝတ်အစားလဲလိုက်။ ပြီးတော့ မင်းမျက်နှာပေါ်က မိတ်ကပ်တွေကို ဖျက်လိုက်။ မဟုတ်ရင် ငါ မင်းကို တစ်ချက်တည်းနဲ့ သတ်ပစ်မယ်။"

မဒမ်က စကားမပြောရဲဘဲ မျက်နှာကိုအုပ်ကာ ငိုယိုပြီး ပြေးထွက်သွားတော့သည်။

ရှောင်ဖုန်း သက်ပြင်းချလိုက်ပြီး မျက်မှောင်ကြုတ်ကာ ပတ်ဝန်းကျင်ကို ကြည့်လိုက်သည်။

တစ်ချိန်က ကောင်းကင်မိစ္ဆာဂိုဏ်း ဘယ်လောက် ကြီးကျယ်ခမ်းနားခဲ့သလဲဆိုတာ တွေးကြည့်စမ်း။ အခုတော့ ဂိုဏ်းဝင်တွေက တသားတည်းအတတ်ကို လေ့ကျင့်နေတဲ့ ပြည့်တန်ဆာတွေ ဖြစ်နေပြီ။ ဒါက လုံးဝကို ရှက်စရာကောင်းလွန်းတယ်။

သို့သော်လည်း အချက်တစ်ချက်ကိုတော့ အသိအမှတ်ပြုရပေမည်။

ထိုရွှင်ပျော်ပေါင်းစည်းပညာရပ်က ကောင်းကင်မိစ္ဆာအတတ်၏ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဤလူများကလည်း အမှန်တကယ်ပင် ကောင်းကင်မိစ္ဆာဂိုဏ်း၏ တပည့်များ ဖြစ်ကြသည်။

ဘိုးဘေးကြီး တစ်ယောက်အနေနဲ့ ငါ ဘာလုပ်နိုင်မှာလဲ။

ကောင်းကင်မိစ္ဆာဂိုဏ်းရဲ့ ကျန်တဲ့ မိစ္ဆာကျင့်ကြံသူတွေ အားလုံးကို သတ်ပစ်ရမှာလား။

အချိန်အတော်ကြာ စဉ်းစားပြီးနောက် နောက်ဆုံးတွင် အကူအညီပေးရန် သူ ဆုံးဖြတ်လိုက်သည်။

ဒီတပည့်တွေ အဆင့်အနိမ့်ဆုံးဖြစ်တဲ့ ဟဲဟွမ်အတတ်ကို ကျင့်ကြံနေရတဲ့ အကြောင်းရင်းက သူတို့မှာ အရင်းအမြစ်တွေမရှိလို့ပဲ မဟုတ်ဘူးလား။ သူတို့မှာ ပိုကောင်းတဲ့အတတ်တွေ ရှိရင်တောင်မှ၊ ဝိညာဉ်ကျောက်တုံး ထောက်ပံ့မှုမရှိဘဲနဲ့ ကျင့်ကြံလို့ မရနိုင်ဘူးလေ။

ထို့ကြောင့် သူက မိစ္ဆာမျိုးနွယ်ဆီမှ အဆင့်မြင့်ဝိညာဉ်ကြောတစ်ခုကို ရိုးရိုးရှင်းရှင်းပင် ခိုးယူခဲ့သည်။

သူက သရဲတစ္ဆေနတ်ဘုရား တောင်ရွှေ့အတတ်နှင့် မြေကမ္ဘာဘဏ္ဍာတိုက်နဂါးခွဲဝေလက်ကို သုံးခဲ့၏။

ပထမတစ်ခုက မိစ္ဆာကျင့်ကြံသူများ၏ စွမ်းအားတွေကို ရည်ညွှန်းပြီး ဒုတိယတစ်ခုက ဖြောင့်မတ်ပြီး လေးနက်သောဂိုဏ်းများကို စွမ်းအားများကို ရည်ညွှန်းသည်။

အဓိကအကြောင်းအရာမှာ လျှို့ဝှက်ဆန်းကြယ်မှုနှင့် သံသယဖြစ်စေရန် ဖန်တီးထားခြင်းပင်။

ထို့အပြင် မဟာတက်လှမ်းခြင်းအဆင့် တတိယမြောက်အတိဒုက္ခ မိစ္ဆာကျင့်ကြံသူတစ်ယောက် အနေဖြင့် သူ့တွင် တခြားသူများကို အပြစ်ပုံချခြင်း၊ တာဝန်လွှဲချခြင်းလိုမျိုး ဖုံးကွယ်ထားသောနည်းလမ်းများ၊ တန်ပြန် အစီအမံများ အများအပြား ရှိနေသေးသည်။ အတိုချုပ်ပြောရလျှင် မိစ္ဆာမျိုးနွယ်မှ ထိုမဟာပဏ္ဍိတများအနေနှင့် မိုင်းတွင်းကို ရှာတွေ့ရန်မှာ အိပ်မက်မက်နေခြင်း သက်သက်ပင်။

နောက်နှစ်အနည်းငယ်ကြာ၍ သူတို့ ဤနေရာကို ရှာတွေ့သွားလျှင်ပင် ကောင်းကင်မိစ္ဆာဂိုဏ်းက ချင်းယွန်ဘုံကို လွှမ်းမိုးထားပြီးလောက်လေပြီ။

မိစ္ဆာတွေကိုလည်း ငါ သတ်ပစ်မယ်။

ဤအတွေးဖြင့် ရှောင်ဖုန်း၏ လေးလံနေသော စိတ်အခြေအနေက အနည်းငယ် ပြေလျော့သွားသည်။

သူက တိတ်ဆိတ်နေသော အမျိုးသမီးကျင့်ကြံသူများကို တစ်ချက် ဝေ့ကြည့်လိုက်ပြီး မျက်နှာသေဖြင့် ပြောသည်။ "မင်းတို့အားလုံး အဲဒီမှာ ဘာရပ်လုပ်နေကြတာလဲ။ အဆင့်မြင့်ဝိညာဉ်ကြောကို ငါ ယူလာပြီးပြီ။ အခုကစပြီး မပြည့်စုံတဲ့ ကောင်းကင်မိစ္ဆာအတတ်က ရွှင်ပျော်ပေါင်းစည်းပညာရပ်ကို မင်းတို့ ဆက်ကျင့်ဖို့ မလိုတော့ဘူး။ အဲဒါက ကျင့်ကြံဖို့ လွယ်ကူပြီး ကျင့်ကြံမှုအဆင့်ကို မြန်မြန် တိုးတက်စေတယ်ဆိုပေမယ့် အဲဒါက နောက်ဆုံးမှာ လမ်းသွယ်လေးတစ်ခု သက်သက်ပဲ။ ကြီးမားတဲ့အရာတွေကို ပြီးမြောက်ဖို့ ခက်ခဲတယ်။"

မိစ္ဆာမလေး တစ်စုက အချင်းချင်း ကြည့်လိုက်ကြပြီး သူတို့၏မျက်လုံးများတွင် ရှုပ်ထွေးမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေသည်။

အစွမ်းအထက်ဆုံး အလှမယ်များထဲမှ တစ်ဦးဖြစ်ပြီး၊ ပြည့်တန်ဆာအိမ်၏ ထိပ်တန်းအလှမယ်လည်း ဖြစ်သော အမျိုးသမီးတစ်ဦးက လူအုပ်ထဲမှ ကျက်သရေရှိစွာ ထွက်လာသည်။ သူ၏ ချယ်ရီနှုတ်ခမ်းလေးများ အနည်းငယ် တုန်ယင်နေပြီး ရှက်ရွံ့စွာ မေးလိုက်သည်။ "ဘိုးဘေးကြီးကို မေးခွင့်ပြုပါ၊ ကျွန်မတို့က အဲဒါကို မကျင့်ကြံရဘူးဆိုရင် အနာဂတ်မှာ ဘယ်လိုကျင့်ကြံခြင်းနည်းလမ်းမျိုးကို လေ့ကျင့်ရမှာလဲ။"

ရှောင်ဖုန်း အေးစက်စက် နှာမှုတ်လိုက်ပြီး သူ၏လက်မောင်းကို ဝှေ့ယမ်းကာ သိုလှောင်လက်စွပ်ထဲမှ ရှေးဟောင်း ကျောက်စာတိုင်တစ်ခုကို ထုတ်ယူလိုက်သည်။ သူက ၎င်းကို ဝုန်းခနဲ အသံကြီးဖြင့် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ရိုက်ချလိုက်ရာ ကြမ်းပြင် ချက်ချင်း အက်ကွဲသွားပြီး ဖုန်လုံးများ ထောင်းခနဲ ထသွား၏။

"ဒါက ကောင်းကင်မိစ္ဆာအတတ်ရဲ့ အကြမ်းဖျဉ်း အစီအစဉ်ပဲ။" ရှောင်ဖုန်းက ကျောက်စာတိုင်ကို လက်ညှိုးထိုးပြကာ သူ၏အမူအရာမှာ မာနထောင်လွှားနေသည်။ "ကောင်းကင်မိစ္ဆာအတတ်ရဲ့ အဓိက အနှစ်သာရက တကယ်တော့ ခန္ဓာကိုယ်သန့်စင်ခြင်း ပညာရပ်တစ်ခုပဲ။ စွမ်းအားကြီးတဲ့ ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကသာ ပိုမိုများပြားတဲ့ စစ်မှန်တဲ့အနှစ်သာရကို ခံနိုင်ရည် ရှိမှာ။ ကောင်းကင်မိစ္ဆာအတတ်က အပြင်ဘက်မှာ ရှိတဲ့ အရေပြားနဲ့အသားတွေကို သန့်စင်ပေးပြီးတော့ ရက္ခိုက်နှလုံးသားကျမ်းက အတွင်းပိုင်းမှာရှိတဲ့ စစ်မှန်တဲ့ အနှစ်သာရကို သန့်စင်ပေးတယ်။ ခန္ဓာကိုယ်နဲ့ ကျင့်စဉ်နှစ်ခုစလုံးကို ကျင့်ကြံမှပဲ အမြင့်မြတ်ဆုံး လမ်းစဉ်ကို ရရှိနိုင်မှာ။"

စကားပြောပြီးသည်နှင့်တစ်ပြိုင်နက် ရှောင်ဖုန်းက အင်္ကျီကို ရုတ်တရက် ဆွဲဖြဲလိုက်ရာ စပါးကြီးမြွေ တစ်ကောင်ကဲ့သို့ ကြီးမားပြီးဖုထစ်နေသော ကြွက်သားများဖြင့် ပြည့်နှက်နေသည့် ခန္ဓာကိုယ် ပေါ်ထွက်လာ၏။ သူက ခြေလက်များကို ဆန့်ထုတ်လိုက်သောအခါ၊ ခန္ဓာကိုယ်ပေါ်ရှိ ကြွက်သားတိုင်းက အသက်ဝင်နေသကဲ့သို့ လှုပ်ရှား ခုန်ပေါက်နေပုံရသည်။ ထိုမြင်ကွင်းက လှပမှု လုံးဝကင်းမဲ့နေပြီး ထိုအစား နက်ရှိုင်းသော ကြောက်ရွံ့မှုနှင့် မသက်မသာ ဖြစ်မှုများကိုသာ ဖြစ်ပေါ်စေသည်။

"ဘိုးဘေးကြီး၊ ဒါက... ဒါက ကောင်းကင်မိစ္ဆာအတတ်ကို ကျင့်ကြံခြင်းရဲ့ ရလဒ်လား။"

အမျိုးသမီး ကျင့်ကြံသူ၏အသံမှာ တုန်ယင်နေပြီး မျက်နှာမှာ ဖြူရော်သွားကာ ဘာဖြစ်လာမည်ကို ကြိုတင် ခန့်မှန်းမိနေသည့်အလား ပြောလိုက်သည်။ "ကျွန်မတို့ ကောင်းကင်မိစ္ဆာအတတ်ကို ကျင့်ကြံရင် ဒီလို ဖြစ်သွားမှာလား။"

"ဒါပေါ့။" ရှောင်ဖုန်းက လက်မောင်းများကို ကျယ်ကျယ်ဆန့်ထုတ်ကာ သံမဏိကဲ့သို့ ကြွက်သားများကို ဂုဏ်ယူဝင့်ကြွားစွာ ပြသလိုက်သည်။ "ဒါက စွမ်းအားရဲ့ အရင်းအမြစ်ပဲ။ မင်းတို့လည်း ပိုပြီးတော့ ခန့်ညားတဲ့ ခန္ဓာကိုယ်တွေ၊ ပိုပြီးကြမ်းတမ်းတဲ့ဖွဲ့စည်းပုံတွေနဲ့ ပိုပြီးကြောက်စရာကောင်းတဲ့ မျက်နှာတွေ ပိုင်ဆိုင်လာလိမ့်မယ်။ ဒီအန္တိမလမ်းစဉ်ဟာ ငါတို့ကောင်းကင်မိစ္ဆာဂိုဏ်း မိစ္ဆာကျင့်ကြံသူတွေရဲ့ အန္တိမရည်မှန်းချက်ပဲ။"

"ဘိုးဘေးကြီး။ ကျွန်မတို့က ဉာဏ်ထိုင်းတဲ့အတွက် ဒီလမ်းကို မလျှောက်နိုင်မှာ စိုးရိမတယ်။" မိစ္ဆာမလေး တစ်စုသည် တုန်ယင်နေပြီး သူတို့၏မျက်နှာများမှာ ပြာနှမ်းနေသည်။ အရှေ့ဆုံးမှ ဦးဆောင်နေသော မိစ္ဆာမက အပြုံးတစ်ခုကို အတင်းဖန်တီးကာ သတိထား၍ အကြံပြုသည်။ "ကျွန်မတို့က မြို့တော်ထဲက ယောကျ်ားတွေ အားလုံးကို ဖမ်းထားပြီးပြီလေ။ သာယာမှုလမ်းစဉ်ကို လွယ်လွယ်ကူကူ လျှောက်လို့ ရပါတယ်..."

"ပါးစပ်ပိတ်ထား။ မင်းတို့မှာ ရွေးချယ်ခွင့်မရှိဘူး။"

ရှောင်ဖုန်းက လက်သီးကို တင်းကျပ်စွာ ဆုပ်လိုက်ရာတွင် လက်ဆစ်များမှ စူးရှသော အသံတစ်ခု ထွက်ပေါ်လာကာ မျက်နှာက ရက်စက်ကြမ်းကြုတ်သော အပြုံးတစ်ခုဖြင့် တွန့်လိမ်သွားပြီး ကြက်သီးမွေးညင်း ထစရာ ကောင်းသော အပြုံးတစ်ခုကို ပြသလိုက်သည်။

"ကောင်းကင်မိစ္ဆာအတတ်နဲ့ ရက္ခိုက်နှလုံးသားကျမ်းကို ကျင့်ကြံမလား။ ဒါမှမဟုတ် ငါရိုက်သတ်တာကို ခံမလား။"

ကောင်းကင်မိစ္ဆာဂိုဏ်းဘိုးဘေးကြီး တစ်ဦးအနေဖြင့် ဤအချက်ကို မည်သူ့ထက်မဆို သူ ပိုနားလည်၏။

ယခုတွင် ကယ်တင်လို့မရနိုင်လောက်အောင် ဖြစ်နေသော ကောင်းကင်မိစ္ဆာဂိုဏ်းကို အပြည့်အဝ ပြန်လည်ရှင်သန်စေချင်လျှင် အတင်းအကျပ် အစီအမံများကို လုပ်မှရပေမည်

...

All Chapters