အခန်း ၂၀၇
Vol. 15 Ch. 207
အပိုင်း(၂၀၇) ရန်သူကို ကိုယ်တိုင်သတ်ပစ်ခြင်း၊ ကျောက်တိုင်းပြည်ကို ကယ်တင်ရန် ဝေ့တိုင်းပြည်ကို ဝိုင်းရံခြင်း
တားမြစ်မြို့တော်အတွင်းတွင် သွေးကန်များက မြစ်များအဖြစ် စီးဆင်းနေသည်။ တောက်ပသော နေရောင်အောက် ပြင်းထန်သောအပူရှိန်က သွေးနီရောင် စီးကြောင်းများကို အငွေ့ပျံစေပြီး သွေးများ ခဲသွားကာ လေထုမှာ ပူပြင်းလာသဖြင့် ဂနာမငြိမ်ဖြစ်မှုကို ဖြစ်ပေါ်စေသည်။
လန်ယက အနောက်ဘက်အစွန်ဆုံးတွင် တည်ရှိသည်။ (၃)လအစောပိုင်း နွေဦးပေါက်ရာသီဖြစ်သော်လည်း (၆)လပိုင်း သို့မဟုတ် (၇)လပိုင်း နွေရာသီကဲ့သို့ ပူပြင်းသည်။
နူးညံ့သော အသက်ရှူသံက အထူးသတိထားမိစရာ ဖြစ်နေသည်။ ပျော်ရွှင်ခြင်းအရဟတ္တ၏ ခန္ဓာကိုယ်တစ်ခုလုံး တောင့်တင်းသွားပြီး ရေတံခါးဖွင့်လိုက်သလို ချွေးများ ဒလဟော ကျဆင်းလာသည်။ မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်သော နှလုံးခုန်သံကို အရိုးများမှတစ်ဆင့် သူ ရှင်းလင်းစွာ ကြားနိုင်၏။ သူ၏ မျက်လုံးများမှာ မယုံကြည်နိုင်စွာ ပြူးကျယ်သွားပြီး အနက်ရောင်ဝတ် လူငယ်လေးကို တွေဝေစွာစိုက်ကြည့်နေရင်း သူ၏ သူငယ်အိမ်များ ရုတ်တရက် ကျုံ့ဝင်သွားသည်။
ဤအခိုက်အတန့်တွင် စကားတစ်ခွန်းက သူ၏ စိတ်ထဲတွင် မသိစိတ်မှ ပေါ်လာသည်။
ငါ့ဘဝတော့ ပြီးပြီ...
"ဘယ်သူ..." ပျော်ရွှင်ခြင်းအရဟတ္တက သူ၏ဒေါသကို မဆိုထားနှင့်။ ပျော်ရွှင်သော မျက်နှာအမူအရာကိုပင် ဆက်လက် မထိန်းသိမ်းနိုင်တော့ပေ။ ဓာတ်လိုက်ခံရသကဲ့သို့ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး တုန်ယင်နေ၏။
သူတို့ကို အာရုံလွှဲရန် စကားအနည်းငယ် ထပ်ပြောပြီးနောက် ထွက်ပြေးချင်ခဲ့သည်။
"ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ စွမ်းအားကို ငါ အကြမ်းဖျင်း ခံစားကြည့်ပြီးပြီ။ မဆိုးပါဘူး။" မုန့်ချင်ကျိုး၏ နှုတ်ခမ်းပါးလေးများ အနည်းငယ် ဟသွားပြီး သူ၏အသံမှာ သံလိုက်ဓာတ် ပါဝင်နေကာ စိတ်ကို တည်ငြိမ်စေသည်။
"ကြီးကျယ်ခမ်းနားတဲ့ အိပ်မက်တစ်ခု၊ လူ့ဘဝရဲ့ ပုံရိပ်လေးတစ်ခုက နက်ရှိုင်းတဲ့ အထင်အမြင်ကို ချန်ရစ်ခဲ့တယ်။"
"လူ့လောကထဲ ဝင်လာကတည်းက စုစုပေါင်း လေးနှစ်တောင် မပြည့်သေးဘူး။ ငါ့မှာ အတွေ့အကြုံတွေ အများကြီး လိုအပ်နေတယ်။ ပညာဉာဏ်အလင်းက အဲဒါကို အတိုင်းအတာတစ်ခုအထိ အများကြီး ဖြည့်ဆည်းပေးခဲ့တယ်။ ကျေးဇူးပါပဲ။"
မုန့်ချင်ကျိုးက အသိအမှတ်ပြုသည့်အနေဖြင့် အနည်းငယ် ခေါင်းညိတ်လိုက်ပြီး ပျော်ရွှင်ခြင်းအရဟတ္တက ဝမ်းသာမှု မပြသနိုင်မီမှာပင် သူက ဆက်ပြောလိုက်သည်။
"ဒါပေမဲ့ မင်း ရှုံးသွားပြီဆိုတော့... "
"သဘောတူညီချက်ကို ဖြည့်ဆည်းရမယ့် အချိန်ရောက်ပြီ။"
သူ စကားမဆုံးမီမှာပင် တောက်ပသော ဓားအလင်းတန်းတစ်ခုက ထိုနေရာကို ဖြတ်သန်းသွားပြီး ပျော်ရွှင်ခြင်း အရဟတ္တ၏ နဖူးပေါ်တွင် အကြွေစေ့အရွယ်အစားရှိ အပေါက်တစ်ခု ပေါ်လာကာ အရှေ့မှ အနောက်သို့ ဖောက်ထွင်းမြင်နေရပြီး သူ၏ ဝိညာဉ်စင်္ကြံမှာ အပိုင်းပိုင်း ကွဲကြေသွားတော့သည်။
သူက လူတွေကို စကားလုံးတွေနဲ့တင် သတ်နိုင်တယ်...
ဓားသူတော်စင်ရဲ့ စွမ်းအား...
ကျိုတိုစီရင်စု၏ တရားသူကြီးနှင့် တရားစီရင်ရေးပြန်လည်သုံးသပ်မှုတရားရုံး၏ တရားသူကြီးချုပ် နှစ်ဦးစလုံးမှာ ဖြူရော်နေသော်လည်း မီးခိုးရောင်-အဖြူရောင် အချိန်-နေရာလွတ်တွင် ပိတ်မိနေပြီး လုံးဝကို မလှုပ်ရှားနိုင်ပေ။ သူတို့ သနားညှာတာရန် တောင်းပန်ချင်လျှင်ပင် မတောင်းပန်နိုင်ပေ။
သူတို့က အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်သွားလေပြီ။
ဓားသူတော်စင်ရှေ့တွင် ပျော်ရွှင်ခြင်းအရဟတ္တဆိုသည်မှာ ပုရွက်ဆိတ်တစ်ကောင်လိုပင်။ လက်တစ်ချက် လှုပ်လိုက်ရုံနှင့် အလွယ်တကူ ချေမှုန်း၍ ရနိုင်၏။
သူ ခံစစ်အနေအထားတွင် ရှိနေခဲ့ရသော အကြောင်းရင်းက မုန့်ချင်ကျိုးသည် ကိုယ်တိုင် ပါဝင်ပတ်သက်ရန် ရွေးချယ်ခဲ့၍ပင်။ ကောင်းကင်ထောက်တိုင်နယ်ပယ်၏ နက်နဲသောစွမ်းအားကို သူ မျက်မြင်တွေ့ချင်ခဲ့သည်။ ထို့ကြောင့် ပညာဉာဏ်အလင်း၊ ဇန်တရားနှင့် သကျမုနိဂါထာ စသော ကောင်းကင်ထောက်တိုင်နယ်ပယ်၏ နတ်ဘုရားစွမ်းအားများကို ကိုယ်တိုင်ကိုယ်ကျ တွေ့ကြုံခံစားခဲ့ခြင်းပင်။
မည်သို့ဆိုစေ ဓားသူတော်စင်၏ ယခုခရီးစဉ် ရည်ရွယ်ချက်က အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ဖြစ်ရန် များသည်။ ထို့ပြင် အတ္တကင်းမဲ့ဗုဒ္ဓနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ကံကြမ္မာ ပါလာခဲ့သည်။ ထို့ကြောင့် ပြိုင်ဘက်ကို ကြိုတင် နားလည်ထားရန် အလွန် လိုအပ်ပေသည်။
ဘုတ်...
ပျော်ရွှင်ခြင်းအရဟတ္တက မြေပြင်ပေါ်သို့ တည့်တည့်မတ်မတ် လဲကျသွားပြီး ရွှေရောင်ခန္ဓာကိုယ်မှာ အပိုင်းပိုင်း ကွဲကြေသွားကာ မျက်လုံးသူငယ်အိမ်များမှာ အာရုံလွတ်သွားပြီး လုံးဝ သေချာပေါက် သေဆုံးသွားပြီဖြစ်ကြောင်း ထင်ရှား၏။
"သခင်လေး... "
အနက်ရောင်ဝတ်ရုံနှင့်ပုံရိပ်၏ နောက်ကျောကို ကြည့်ရင်း လျန်ယွဲ့၏မျက်လုံးများ မျက်ရည်များဖြင့် ပြည့်နေပြီး မခေါ်ဘဲမနေနိုင်အောင် ဖြစ်သွားသည်။ သူက ရှေ့သို့ (၂)လှမ်း လှမ်းလိုက်သော်လည်း သူတို့ ခွဲခွာနေခဲ့ရသည်မှာ အချိန်အတော်ကြာပြီဖြစ်သဖြင့် အနည်းငယ် သူစိမ်းဆန်နေမည်ကို သတိပြုမိကာ ရပ်တန့်လိုက်သည်။
သူ အိပ်မက်မက်နေသလို ခံစားရ၏...
လွန်ခဲ့သည့် (၆)လက သခင်လေးမုန့်နှင့် ခွဲခွာခဲ့ရသည်။ ထိုအချိန်က သူသည် ပင်လယ်လွှမ်းနယ်ပယ်တွင်သာ ရှိသေးပြီး ရှေးဟောင်းနတ်ဘုရားမြို့တော်၏ မြို့တော်ဝန်အပေါ် အနည်းငယ် စိုးရိမ်နေခဲ့သေးသည်။ ယခု သူတို့ ပြန်တွေ့သောအခါ သူက အရဟတ္တများကို ကြက်များ၊ခွေးများ သတ်သလို လွယ်လွယ်ကူကူ သတ်နိုင်နေပြီ ဖြစ်သည်။
လျန်ယွဲ့၏ရင်ထဲတွင် ခံစားချက်များ ပြည့်လျှံနေပြီး မုန့်ချင်း၏ အားပေးစကားများကို ပြန်လည်အမှတ်ရလာ၏။
"သန်မာလာဖို့အတွက် အခက်အခဲများစွာကို ဖြတ်သန်းရမယ်။ သခင်လေးမုန့်ရဲ့ ဒီကနေ့ အောင်မြင်မှုတွေက စိတ်ကူးလို့မရနိုင်တဲ့ အခက်အခဲတွေနဲ့ ဒုက္ခတွေကနေ လာတာဖြစ်ရမယ်။"
"ငါက (၆)လပဲ အကျဉ်းကျခံခဲ့ရတာ။ ဘာအရှုံးမှလည်း မရှိခဲ့ဘဲနဲ့ လုံးဝကို စိတ်ပျက်အားငယ်နေခဲ့တာ... "
"မဟုတ်ဘူး... "
"ငါ့ရဲ့ခရီးက အခုမှ စတင်ရုံပဲ ရှိသေးတယ်။ တစ်နေ့နေ့ကျရင် ထိပ်ဆုံးမှာ ငါ ရပ်တည်နိုင်ရမယ်။"
လျန်ယွဲ့၏မျက်လုံးများ တဖြည်းဖြည်း ခိုင်မာလာ၏။ မုန့်ချင်ကျိုးက သူ့နှလုံးသားထဲမှ ကျော်ဖြတ်၍မရနိုင်သော တောင်တန်းကြီးကို အလွယ်တကူ ရှင်းလင်းဖယ်ရှားလိုက်သည်ကို မြင်သောအခါ ရှေ့မှ ကြမ်းတမ်းသောလမ်းက ရှေ့ဆက်ရမည့် လမ်းပေါ်မှ တွင်းပေါက်လေးများ သက်သက်သာ ဖြစ်ပြီး သူ့ကို ထပ်ပြီး ခလုတ်တိုက်မိအောင် လုပ်နိုင်မည် မဟုတ်ကြောင်း သူ ရုတ်တရက် နားလည်သွားခဲ့သည်။
"သခင်လေး ဒုက္ခများသွားပြီ။ လက်ဖက်ရည်လေး သောက်ပါဦး။" ဝမ်းသာအားရဖြစ်သွားသော၊ စုချင်ချိုးသည် သိုလှောင်လက်စွပ်ထဲမှ လက်ဖက်ရည်ခွက်တစ်ခုကို ထုတ်ယူကာ နှင်းခဲလက်ဖက်ရွက်အချို့ကို ထည့်လိုက်ပြီး ရေနွေးငွေ့ဖြစ်စေရန် လက်ဝှေ့ယမ်းကာ ခွက်ထဲသို့ လောင်းထည့်ပြီး ကမ်းပေးလိုက်သည်။
"သခင်လေး... သခင့်လေးရဲ့ချွေးတွေကို သုတ်ပေးပါရစေ။" ဝူတျဲက ပဝါတစ်ထည်ကို ထုတ်ယူကာ အနားသို့ တိုးကပ်ပြီး မုန့်ချင်ကျိုး၏ နဖူးပေါ်မှ မရှိသော ချွေးများကို ဂရုတစိုက် သုတ်ပေးလိုက်သည်။
မုန့်ချင်ကျိုးက ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "အိပ်မက်တစ်ခုပါပဲ။ ဘာအခက်အခဲမှ မရှိပါဘူး။"
"ကိစ္စကမပြီးသေးဘူး၊ မြို့တစ်ခုလုံးကလည်း ကြည့်နေတယ်။"
ထိုသို့ပြောရင်း မုန့်ချင်ကျိုးက ပုံရိပ်ယောင်အခင်းအကျင်းကို လက်ညှိုးထိုးပြလိုက်သည်။
စုချင်ချိုးက ချက်ချင်းပင် ပျာယာခတ်သွားပြီး မျက်နှာနီရဲကာ ရှက်ရွံ့တုံ့ဆိုင်းသွားသော်လည်း ဝူတျဲကတော့ ထုံးစံအတိုင်း ရဲရဲတင်းတင်းပင် ဂရုမစိုက်ပေ။
လျန်ယွဲ့သက ဤနွေးထွေးသော မြင်ကွင်းကို ကြည့်နေရင်း မျက်လုံးများတွင် ဝမ်းနည်းမှု အရိပ်အယောင်တစ်ခု ဖျတ်ခနဲ ပေါ်လာသည်။ အနားသို့ သွားရောက် နှောင့်ယှက်ရန် မဝံ့ရဲသဖြင့် သူက အဝေးတွင် ရပ်ကာ အဝတ်စကို ဆုပ်ကိုင်ရင်း ခေါင်းငုံ့ကာ ပုရွက်ဆိတ်များကို ရေတွက်နေခဲ့သည်။
ရုတ်တရက် နွေးထွေးပြီး ကြီးမားသော လက်တစ်ဖက်က လျန်ယွဲ့၏ခေါင်းကို ညင်သာစွာ ပုတ်လိုက်ပြီး နေဝင်ဆည်းဆာ၏အရိပ်က သူ့ကို ဖုံးလွှမ်းသွားကာ ရင်းနှီးသော အသံတစ်ခုက အနီးအနားမှ ထွက်ပေါ်လာသည်။
"မင်း လက်စားချေချင်လား။"
လျန်ယွဲ့ ရုတ်တရက် ခေါင်းမော့ကြည့်လိုက်ရာ သူနှင့် အလွန်နီးကပ်နေသော သခင်လေးမုန့်ကို မြင်လိုက်ရသည်။ ရုတ်တရက် သူက ကြီးမားလှသော ဝမ်းနည်းကြေကွဲမှုတစ်ခုကို ခံစားလိုက်ရပြီး လှပသော မျက်လုံးများတွင် မျက်ရည်များ ပြည့်လာသည်။
"အင်း... "
"ရော့... " မုန့်ချင်ကျိုးက ပုစဉ်းရင်ကွဲတေးသံဓားကို လျန်ယွဲ့ထံ ကမ်းပေးရင်း တိုးတိုးလေး ပြောလိုက်သည်။
"ဓားက မင်းလက်ထဲမှာ ရှိတယ်။ မင်းရဲ့ ရန်သူက မင်းရှေ့မှာရှိနေတယ်။ လှုပ်ရှားလိုက်တော့။"
လျန်ယွဲ့က ပုစဉ်းရင်ကွဲတေးသံဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်ပြီး အကျဉ်းကျနေသော ကျိုတိုစီရင်စု၏ တရားသူကြီးနှင့် တရားစီရင်ရေးပြန်လည်သုံးသပ်မှုတရားရုံး၏ တရားသူကြီးချုပ်တို့ဆီသို့ အကြည့်လွှဲလိုက်ရာ သူ၏မျက်လုံးများ ရုတ်တရက် စူးရှသွားသည်။
ထိုစဉ်က သူသည် တောင်များ မြစ်များကို ဖြတ်ကျော်ပြီး လန်ယတိုင်းပြည်ကို ရောက်လာခဲ့သည်။ မမျှော်လင့်ဘဲ ခြုံခိုတိုက်ခိုက်ခံရပြီး အရှင်လတ်လတ် ဖမ်းဆီးခံခဲ့ရတယ်။ တရားခံတွေက ထိုနှစ်ယောက်ပင်...
အစ်မကြီးချုံး၏ ကိုယ်ရံတော်များအနေဖြင့် သူက လူသတ်ရန် တစ်ခါမျှ မတွန့်ဆုတ်ခဲ့ပေ။ ယခုတွင် ဓားကို ကိုင်ဆောင်ထားစဉ်တွင် သူက မျိုသိပ်ထားရသော မကျေနပ်မှုများကိုသာ ဖွင့်ထုတ်ချင်နေကြသည်။
ဖျပ်... ဖျပ်... ဖျပ်...
ခြေသံများ နီးကပ်လာသည်နှင့်အမျှ၊ ကျိုတိုစီရင်စု၏ တရားသူကြီးမှာ အလွန် ကြောက်ရွံ့သွားပြီး အသံတိတ် အော်ဟစ်နေခဲ့သည်။
"ဟင့်အင်း... " တရားစီရင်ရေးပြန်လည်သုံးသပ်မှုတရားရုံး၏ တရားသူကြီးချုပ်က သေမင်း နီးကပ်လာသည်ကို ခံစားလိုက်ရသည်။ ခြေသံများက လူတို့၏ဝိညာဉ်များကို ငရဲသို့ သွေးဆောင်ခေါ်ယူရန် ကြိုးစားနေသော သံကြိုးများကို ဆွဲငင်လာသည့် အဖြူအမည်း တမန်တော်များကဲ့သို့ ကြားနေရသည်။
ရွှီး...
ရွှီး...
သွေးတန်းနှစ်ခု ဖျတ်ခနဲ ပေါ်လာပြီး ထိုအခိုက်အတန့်တွင် လျန်ယွဲ့အတွက် လောကကြီးတစ်ခုလုံး တိတ်ဆိတ်၍ သွားသကဲ့သို့ ဖြစ်သွားသည်။
ကောင်းကင်ကို မော့ကြည့်လိုက်ရာ ကြည်လင်တောက်ပနေသော ကောင်းကင်ပြာကြီးနှင့် ငှက်များ လွတ်လပ်စွာ ပျံသန်းနေသည်ကို မြင်လိုက်ရသည်။ သူ၏နှလုံးသားက လေပြေနှင့်အတူ လွင့်မျောသွားသလို ဖြစ်နေသည်။
ဂွက်...
လျန်ယွဲ့၏ နှလုံးသားထဲမှ အဖုအထုံးမှာ ရုတ်တရက် ပြေလည်သွားပြီး ကျောက်စိမ်းသော့ခလောက်ကို ရုတ်တရက် ချိုးဖျက်ကာ လရောင်ထွန်းလင်းနယ်ပယ် အစောပိုင်းအဆင့်မှ အလယ်အဆင့်သို့ တိုက်ရိုက် ဖောက်ထွက်သွားတော့သည်။
၎င်းမှာ သဘာဝအတိုင်း ဖြစ်သွားခြင်းပင်။ မည်သည့်အတားအဆီးမှ မရှိခဲ့ပေ။
အချိန်အနည်းငယ် ကြာပြီးနောက်။
လျန်ယွဲ့က နှုတ်ခမ်းနီနီများကို စေ့ထားကာ တောင်ပံခြောက်ဖက်ကို ပိတ်လိုက်ပြီး ပုစဉ်းရင်ကွဲတေးသံဓားကို မုန့်ချင်ကျိုးထံ ရိုသေစွာ ပြန်ပေးလိုက်သည်။ ထို့နောက် မျက်လုံးများကို မော့ကြည့်ကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် သခင်လေး။"
"အခု ဒီကိစ္စ ပြီးသွားပြီဆိုတော့ သခင်လေးက ဗုဒ္ဓတိုင်းပြည်ဆီ ခရီးဆက်ဖို့ ပြင်ဆင်နေတာလား။"
တိုက်ပွဲကို ကြည့်ရှုနေစဉ် လျန်ယွဲ့က သူတို့၏ ခရီးစဉ် ရည်ရွယ်ချက်အကြောင်း စုချင်ချိုးထံမှ ကြားသိခဲ့ရပြီး လွန်ခဲ့သော (၆)လအတွင်း ဖြစ်ပျက်ခဲ့သော အဓိကအဖြစ်အပျက်များကို အကြမ်းဖျင်း နားလည်သွားခဲ့သည်။
တိုင်းပြည် (၇)ပြည်၏ မဟာမိတ်များနှင့် တန်ပြန်မဟာမိတ်များအပေါ် ပြတ်ပြတ်သားသား အောင်ပွဲခံခဲ့ခြင်း...
ကောင်းကင်ပြည်နယ်မှ ဧည့်သည်များကို ပြန်သွားအောင် အတင်းအကျပ် လုပ်နိုင်ခဲ့ခြင်း...
ဂိုဏ်းပေါင်းစုံမဟာမိတ်အဖွဲ့နှင့် နောက်ဆုံးတိုက်ပွဲက တောရိုင်းမြေကို စည်းလုံးညီညွတ်စေမည့် စစ်ပွဲကို မီးမွှေးပေးလိုက်ခြင်း...
နံနက်ခင်းအလင်းနယ်ပယ် အယောက်(၁၀၀)ကို သတ်ပြီး အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို စစ်ကြေညာခဲ့ခြင်း...
မဟာကျင်းက အမြင့်ဆုံးနေရာဆီသို့ တိုက်ရိုက် ဓားလွှဲထားပြီးဖြစ်ကာ ဓားသူတော်စင် မုန့်ချင်းက လိပ်ပြာအဖြစ် အသွင်ပြောင်းသွားပြီး တိုင်းပြည်၏ စစ်မှန်သောမဏ္ဍိုင်ကြီး ဖြစ်လာခဲ့သည်။
"မဟုတ်ဘူး။"
မမျှော်လင့်ဘဲ မုန့်ချင်ကျိုးက ခေါင်းအနည်းငယ် ယမ်းကာ အေးဆေးစွာ ပြောလိုက်သည်။
"အစီအစဉ် ပြောင်းသွားပြီ။ နန်းရင်းဝန်ကို အခက်အခဲကနေ ကယ်တင်ဖို့ ဗုဒ္ဓတိုင်းပြည်ဆီ သနားစရာကောင်းတဲ့ ပုံစံနဲ့ သွားမယ့်အစား... ဗုဒ္ဓကို ငါ့ဆီ လာတွေ့ခိုင်းတာက ပိုကောင်းလိမ့်မယ်... "
မုန့်ချင်ကျိုးက တိတ်တဆိတ် စဉ်းစားလိုက်ရာ သူ့တွင် အကြံတစ်ခု ရလာခဲ့၏။
လန်ယတိုင်းပြည်သည် ဗုဒ္ဓတိုင်းပြည်၏ လက်ပါးစေဖြစ်ပြီး အမျိုးသမီးကျွန်များကို မွေးမြူထားကြောင်း သိကတည်းက သူ့တွင် ဤရည်ရွယ်ချက် ရှိနေခဲ့သည်။
ယုံကြည်သူများ၏ ဆုတောင်းစွမ်းအားက ဗုဒ္ဓတိုင်းပြည် အသက်ရှင်သန်ရေးအတွက် အရေးကြီးသော အရင်းအမြစ်တစ်ခု ဖြစ်ပြီး ယုံကြည်သူများ ထွက်ခွာသွားသည်ကို သေချာပေါက် မြင်တွေ့လိုမည် မဟုတ်ပေ။
လန်ယတွင်ကွပ်ကဲပြီး ဗုဒ္ဓတိုင်းပြည်၏ အရုပ်ဆိုးသော မျက်နှာစာကို ဖွင့်ချခြင်းဖြင့် သူသည် ထိုလာမာများ၏ အထိနာဆုံးနေရာကို သေချာပေါက် ထိမိလိမ့်မည်ဖြစ်ပြီး ထိုအချိန်တွင် လန်ယက အစွမ်းထက်သော ပုဂ္ဂိုလ်များ စုဝေးရာ နေရာတစ်ခု မလွဲမသွေ ဖြစ်လာလိမ့်မည်။
ပြောရင်မည်ဆိုလျှင် "ကျောက်တိုင်းပြည်ကို ကယ်တင်ရန် ဝေ့တိုင်းပြင်ကို ဝိုင်းရံခြင်း"ပင်။
…