အခန်း ၂၁၄
Vol. 15 Ch. 214
အပိုင်း(၂၁၄) အစေခံအသစ်က မာနကြီးပြီး ဗိုလ်ကျတယ်
"ထူးဆန်းတယ်။ တစ်ပတ်လောက် ကြာသွားပြီ။ ဗုဒ္ဓတိုင်းပြည်ကနေ ဘာလို့ ဘာလှုပ်ရှားမှုမှ မရှိသေးတာလဲ။"
"အတ္တကင်းမဲ့ဗုဒ္ဓက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို တက်လှမ်းပြီးသွားပြီ။ တွေးကြည့်ရင် သခင်လေးက ဗုဒ္ဓတိုင်းပြည်ရဲ့ အခြေခံအုတ်မြစ်ကို လှုပ်ခတ်ပစ်လိုက်မှတော့ သူ ဒေါသထွက်ပြီး လှုပ်ရှားသင့်တာပေါ့။"
တုန်းဖန်လျူလီက လက်ဖက်ရည်နှင့် သရေစာများတင်ထားသော ဗန်းကို ကိုင်ထားပြီး မုန့်ချင်ကျိုး၏ဘေးတွင် ရပ်ကာ ငြိမ်သက်နေသော ရေကန်ကို ငေးကြည့်နေသည်။
နေ့တစ်ဝက်လောက် ငါးမျှားနေသည့်တိုင် ငါးတစ်ကောင်လေးမှ တောင်းထဲ မရောက်လာပေ။
လန်ယကိုထိန်းချုပ်ပြီး လေးရက်မြောက်နေ့တွင်၊ အရှေ့နန်းတော်၌ ငါးမျှားနေသော်လည်း ရန်သူကတော့ အလုပ်မလုပ်သေးပေ။
"မင်းလား။"
"မင်းရဲ့ လက်ရှိအခန်းကဏ္ဍက အိပ်ရာနွေးအစေခံဆိုတာကို ငါ သတိပေးရလိမ့်မယ်။ အိပ်ရာနွေးပေးဖို့၊ ငါနဲ့ အတူအိပ်ဖို့၊ အလုပ်အကျွေးပြုဖို့၊ ဓားသယ်ပေးဖို့၊ ရေနွေးကြမ်းဆက်သဖို့၊ အဝတ်လျှော် ဟင်းချက်ဖို့၊ ပန်းပင်တွေကို ပြုစုပြီး ခွေးလမ်းလျှောက်ထွက်ဖို့အတွက် တာဝန်ရှိတယ်။ မင်း ဝါကြီးကို မခေါ်လာခဲ့ဘူးဆိုတော့ ခွေးနဲ့ လမ်းလျှောက်ထွက်ဖို့တော့ မလိုဘူးပေါ့။ အခု မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ပေးမယ်။ ငါ့ကို ဘယ်လို ခေါ်သင့်လဲ။" မုန့်ချင်ကျိုးက အားလုံးကိုအလွတ်ရနေသလိုပင် လက်ချောင်းဖြင့် ရေတွက်ပြလိုက်သည်။
တုန်းဖန်လျူလီက လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ဖြည်လိုက် လုပ်နေပြီး၊ ခဏတာ တိတ်ဆိတ် နေလိုက်သည်။ စကားနားမထောင်ပါက နှင်ထုတ်ခံရမည်ကို စိုးရိမ်သဖြင့် ဒေါသကို မျိုသိပ်ကာ ပြောလိုက်သည်။
"သခင်လေး... "
"မဟုတ်သေးဘူး။ သခင်လေးလို့ ခေါ်တာက အရမ်း ရိုးအီနေပြီ။ ချင်ချိုးနဲ့ ဝူတျဲတို့ကတော့ သဘာဝကျကျ သုံးနေကြလို့ သူတို့ကို ပြင်ပေးဖို့ ငါ ပျင်းနေတာ။ မင်းက အခုမှ ရောက်လာတာဆိုတော့ ဒီကနေ့ကစပြီး ငါ့ကို သခင်၊ အရှင်မင်းကြီး ဒါမှမဟုတ် အရှင်လို့ ခေါ်ရမယ်။"
တုန်းဖန်လျူလီ၏ရင်ဘတ်က နိမ့်ချည်မြင့်ချည် ဖြစ်နေပြီး ပန်းပင်များနှင့် ပေါင်းပင်များကို ရေလောင်း နေဟန်ဆောင်ကာ ခိုးနားထောင်နေသော စုချင်ချိုးကို ဘေးတိုက် စွေကြည့်လိုက်သည်။ ထို့နောက် ပြင်းပြင်းထန်ထန် ချောင်းဆိုးလိုက်သည်။
စုချင်ချိုးက ပျင်းရိသွားပြီး နားကို မတတ်သာဘဲအုပ်လိုက်ကာ အာရုံများကို ပိတ်လိုက်သည်။
ဘေးတွင် ရပ်နေသော ဝူတျဲမှာ တွေဝေသွားသည်။ သူက မျက်နှာဖုံးစွပ်အမျိုးသမီး၏ သရုပ်မှန်ကို မသိဘဲ စုချင်ချိုးက လက်နက်ချရန် ရောက်လာသော နံနက်ခင်းအလင်းနယ်ပယ်မှ အစွမ်းထက် ကျင့်ကြံသူ တစ်ယောက်နှင့် တွေ့ခဲ့သည်မှာ ကံကောင်းသွားသည်ဟုသာ ထင်နေခဲ့သည်။
"ဟေး... ဘာလို့ နားကို အုပ်ထားတာလဲ။" ဝူတျဲက စုချင်ချိုးကို တံတောင်ဆစ်ဖြင့်တွတ်ကာ မေးလိုက်သည်။
"အဲဒီအကြောင်း စိတ်မပူပါနဲ့။" စုချင်ချိုးက သူ့ကို မပြောပြချင်ဘဲ ပြောလိုက်သည်။
ဒီလို အရည်ရွှမ်းတဲ့အတင်းအဖျင်းမျိုးကို ကိုယ့်ဘာသာ သိမ်းထားတာ အကောင်းဆုံးပဲ။
တခြားသူတွေနဲ့ မျှဝေတာထက် အိပ်ရာထဲမှာ တစ်ယောက်တည်း ပျော်ရွှင်မှုကိုခံစားရတာက ပိုကောင်းတယ်။
"နင် ငါ့ပြောတာကို ကြားရလား။ နင်က ခေါင်းကို သဲထဲမြှုပ်ထားရုံပဲ မဟုတ်လား။" ဝူတျဲက ရုတ်တရက် စိတ်ဝင်စားသွားသည်။
ပုံမှန်အားဖြင့် ချစ်စရာကောင်းပြီး ဘာမှမသိသော စုချင်ချိုးကို ဤမျှ ထူးထူးဆန်းဆန်းပြုမူအောင် ဘာကများ လုပ်နိုင်မည်နည်း။
"သခင်... "
မျက်စိတစ်မှိတ်အတွင်းမှာပင် စုချင်ချိုးက နားကိုအုပ်ထားလျက် မျက်လုံးများ သိသိသာသာ တောက်ပလာကာ ဖုံးကွယ်မထားနိုင်သော အပြုံးတစ်ခုက နှုတ်ခမ်းပေါ်တွင် ပေါ်လာသည်ကို ဝူတျဲ မြင်လိုက်ရသည်။
ဝူတျဲက လုံးဝ တွေဝေသွားသည်။ "..."
ခဏအကြာတွင် တုန်းဖန်လျူလီက နူးညံ့သော လက်လေးများဖြင့် လက်ဖက်ရည် တစ်ခွက်ကို ဆက်သရင်း သူ့နားနားတွင် ချိုသာစွာ တိုးတိုးလေး ပြောလိုက်သည်။ "လာပါ သခင်။ ဒီအစေခံက သခင့်ကို လက်ဖက်ရည် သောက်ဖို့ ဖိတ်ခေါ်ပါတယ်။"
ထိုသို့ပြောပြီးနောက် တုန်းဖန်လျူလီက ပူလောင်နေသော လက်ဖက်ရည်ကို မုန့်ချင်ကျိုး၏ နှုတ်ခမ်းတွင် တေ့ပေးလိုက်ပြီး သူ သဘောတူသည်ဖြစ်စေ မတူသည်ဖြစ်စေ လည်ချောင်းထဲသို့ လောင်းချလိုက်ကာ အပြုံးဖြင့် ပြောလိုက်သည်။ "များများ သောက်ပါ။ သခင်…"
ဘာပဲဖြစ်ဖြစ် ငါက မျက်နှာထူပြီး ထိခိုက်မှာမဟုတ်ဘူးဆိုတော့ ဒေါသထွက်တာကို ဖွင့်ထုတ်လိုက်တာ ကောင်းပါတယ်။
ငါတို့က သီးသန့်အချိန်တွေမှာ နှိမ့်ချတဲ့နာမည်မျိုးစုံကို သုံးခဲ့ကြပေမဲ့ အဲဒါတွေက အခုလိုမျိုး မဟုတ်ဘဲနဲ့ သီးသန့်နဲ့ အထူး အခြေအနေတွေအောက်မှာပဲလေ။
သူ၏ လက်ရှိသရုပ်မှာ ခိုလှုံရန် ရောက်လာသော လူသစ်တစ်ယောက် ဖြစ်သည်။ ငါးပိကောင်က သူ့ကို အိပ်ရာနွေးအစေခံအဖြစ် အရင်ဆုံး အတင်းအကျပ် လက်ခံခဲ့ပြီးနောက် ယခု စုချင်ချိုးရှေ့တွင် လက်ဖက်ရည်နှင့် ရေကို ဆက်သခိုင်းကာ ဤသို့ ရွံစရာကောင်းသောနာမည်မျိုး ခေါ်ခိုင်းနေသည်။
ကံကောင်း၍ သူက မျက်နှာဖုံးတစ်ခု တပ်ထားသဖြင့်သာ ဖြစ်သည်။ ထိုသို့မဟုတ်ပါက စုချင်ချိုးသည် သူ၏ နီရဲနေသော မျက်နှာကို သေချာပေါက် မြင်သွားမည်ဖြစ်သည်။
"အား... ပူလိုက်တာ... "
"ဟေး... ဟေး... ဟေး... အိပ်ရာနွေးအစေခံ မင်းက ငါ့ကို လုပ်ကြံဖို့ ကြိုးစားနေတာလား။" မုန့်ချင်ကျိုးက အလွန်ပင် မကျေမနပ်ဖြစ်ကာ ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ဝူတျဲ၏ လှပသောမျက်လုံးများက ယုံကြည်နိုင်စရာ မရှိသော အရာတစ်ခုကို ကြားလိုက်ရသလို ရုတ်တရက် ပြူးကျယ်သွားသည်။
အိပ်ရာနွေးအစေခံ...တဲ့လား။
"နင် ဘာဖြစ်သွားတာလဲ။" စုချင်ချိုးက ဝူတျဲ၏စိတ်အခြေအနေ သိပ်မမှန်ဘူးကြောင်း သတိပြုမိပြီး တိုးတိုးလေး မေးလိုက်သည်။
ဝူတျဲက တွေဝေစွာ လှည့်ကြည့်လိုက်ပြီး သူ၏မျက်လုံးများက ဗလာကျင်းနေကာ ပြောလိုက်သည်။
"ဘာမှမဖြစ်ပါဘူး။"
"အဲ... အဆင်ပြေပါတယ်။ ရာသီဥတုက ပူလာပြီဆိုတော့ ရေနွေးများများ သောက်ပေါ့။"
ဝူတျဲက ပိုးပဝါကို ဆုပ်ကိုင်ထားပြီး မျက်နှာဖုံးစွပ်အမျိုးသမီးကို မျက်စိဒေါက်ထောက် ကြည့်ကာ ထောင့်ပေါင်းစုံမှ အကဲခတ်နေရင်း မျက်မှောင်များ အလိုအလျောက် တွန့်ချိုးသွားတော့သည်။
သခင်လေးရဲ့ တစ်သက်တာအချစ်က ဧကရီပဲလို့ ငါ အစက ထင်ခဲ့တာ။
ငါက မျှော်လင့်ချက်တွေအားလုံးကို လက်လွှတ်ပြီး ဧကရီနဲ့ဧကရာဇ်ရဲ့ဘေးမှာ နေဖို့အတွက် အစေခံမလေး တစ်ယောက်အဖြစ်ပဲ နေချင်ခဲ့တာ။
ငါက သဘာဝလွန်စွမ်းရည်တွေကို နားလည်ဖို့ နေ့တစ်ဝက်လောက် အခန်းအောင်းနေခဲ့ပြီး ပြန်ထွက်လာတော့ အမျိုးသမီးတစ်ယောက် ကောင်းကင်ကနေ ကျဆင်းလာခဲ့တယ်။
သူက အလုပ်ကို တစ်ဝက်တစ်ပျက်နဲ့လုယူသွားပြီး အိပ်ရာနွေးသူအဖြစ် ရာထူးတိုးသွားခဲ့တယ်...
ဒါပေမဲ့ ဘယ်လိုပဲ ကြည့်ကြည့် သူ့ရဲ့အသံက အမျိုးသမီးတစ်ယောက်ရဲ့အသံနဲ့ တူနေတာကလွဲရင် သူ့ရဲ့ ခန္ဓာကိုယ်တစ်ခုလုံးကို ဖုံးကွယ်ထားတယ်။ သူက မျက်နှာဖုံးတပ်ထားတော့ မျက်နှာကို လုံးဝ မမြင်ရဘူး။ သခင်လေးက သူ့ဆီမှာ ဘာကို အတိအကျ မြင်တွေ့ခဲ့တာလဲ။
ဝူတျဲမှာ စိုးရိမ်ပူပန်ပြီး ဒုက္ခရောက်နေပုံပေါ်နေသည်။
"နင် သဝန်တိုနေတာတော့ မဟုတ်ပါဘူးနော်။" စုချင်ချိုးက မျက်လုံးပြူးကြီးများကို ပုတ်ခတ်ပုတ်ခတ်လုပ်ရင်း ဝူတျဲကို စူးစိုက်ကြည့်ကာ နောက်ဆုံးတွင် သဲလွန်စတစ်ခုကို သတိပြုမိသွားသည်။
"ဟုတ်တော့ရော ဘာဖြစ်လဲ။ သခင်လေးက ဧကရီ တစ်ပါးတည်းကိုပဲ မြတ်နိုးတယ်ဆိုရင် ငါက တခြား ရည်ရွယ်ချက်တွေ ထားမှာမဟုတ်ဘဲ တာဝန်ကျေတဲ့ အစေခံမလေး တစ်ယောက်ပဲ ဖြစ်နေမှာပါ။" ဝူတျဲက ရိုးရိုးရှင်းရှင်းပင် ပြောလိုက်သည်။
"ဒါပေမဲ့ အခုတော့ ကောင်းကင်ကနေ အိပ်ရာနွေးတဲ့သူ တစ်ယောက် ကျလာပြီးတော့ သူ့ရဲ့ အဆင့်အတန်းက ငါတို့နှစ်ယောက်စလုံးထက် ကျော်လွန်သွားပြီ။ နည်းနည်းလေး ပိုသန်မာတာကလွဲရင် သူ့မှာ ဘာအားသာချက်မှ လုံးဝ မရှိဘူး။ ဘာဖြစ်လို့လဲ။ ငါတို့က အရင်ရောက်လာခဲ့တဲ့ သူတွေလေ။ နင် စုချင်ချိုးက... ငါ့ထက် အရင် အိပ်ရာနွေးတဲ့သူအဖြစ် ရာထူးတိုးသွားရင်တောင်မှ ငါ မကျေမနပ် ဖြစ်မှာမဟုတ်ဘူး။"
ထိုစကားကို ကြားသောအခါ စုချင်ချိုး၏ အတင်းအဖျင်းစိတ်များက မျက်လုံးများထဲတွင် တောက်ပလာသည်။
ကောင်းပြီ။ ကောင်းပြီလေ...
ဝူတျဲလိုလည်သောသူပင် မျက်နှာဖုံးစွပ်အမျိုးသမီးမှာ ဧကရီဖြစ်သည်ကို မသိလိုက်ဘဲ အထင်လွဲသွားသေးသည်။
"ဝူတျဲ... နင်ပြောတာ မှန်တယ်လို့ ငါ ထင်တယ်။ ငါတို့က ဒီကို အရင်ရောက်တာ။ ဒါပေမဲ့ လူသစ်က ငါတို့ကို ကျော်တက်သွားတယ်။ ငါတို့တွေ ထိရောက်တဲ့ အစီအမံတွေ မလုပ်ဘူးဆိုရင်၊ ဒီအိပ်ရာနွေးတဲ့သူအသစ်က မာနထောင်လွှားပြီး အထက်စီးဆန်လာလိမ့်မယ်။ သူ့ကို ငါတို့ ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်... " စုချင်ချိုးက လက်သီးကို ဝှေ့ယမ်းရင်း ဒေါသတကြီး ပြောလိုက်သည်။
ဝူတျဲက ထိုအကြောင်းကို တွေးလေ ဒေါသပိုထွက်လေဖြစ်ပြီး ရုတ်တရက် အေးခဲသွားကာ ခေါင်းလှည့်ပြီး စုချင်ချိုးကို စူးစိုက်ကြည့်ရင်း တုံ့ဆိုင်းစွာ ပြောလိုက်သည်။
"ဒါပေမဲ့ နင် ငါ့ကို တစ်ခုခု ဖုံးကွယ်ထားတယ်လို့ ငါ ခံစားနေရတယ်။"
"ဟား... ဟားဟား။ မဟုတ်ပါဘူး... နင် အတွေးလွန်နေတာပါ။" စုချင်ချိုး၏ ကြီးမားပြီး ဆော့ကစားချင်သော မျက်လုံးများက ဟိုဟိုဒီဒီ လှည့်ကြည့်နေပြီး ခြောက်ကပ်ကပ် ရယ်မောကာ လက်ဝှေ့ယမ်းပြလိုက်သည်။
ဝူတျဲက လက်ပိုက်ကာ သူ့ကို ရင်ဆိုင်လိုက်သည်။ "ပြောစမ်း... အဲဒီလိုမှမဟုတ်ရင် ဒီည နင် အိပ်တဲ့အခါ မျက်လုံးတစ်ဖက် ဖွင့်ပြီး အိပ်တာ ပိုကောင်းလိမ့်မယ်။"
စုချင်ချိုးက အလွန်ပင် စိုးရိမ်ပူပန်နေသည်။
ဤကဲ့သို့ ကြီးကျယ်သောပြဇာတ်ကို သူ မလွတ်ချင်သော်လည်း ကံမကောင်းစွာခြင့် သူက လိမ်ပြောရာတွင် အလွန်ညံ့ဖျင်းပြီး ဝူတျဲက စိတ်ခံစားမှုများကို အကဲခတ်ရာတွင် အရမ်းတော်လွန်း၍ အမှန်တရားကို ဖုံးကွယ်ရန် ခက်ခဲနေသည်။
အတော်ကြာ စဉ်းစားပြီးနောက် အခြေအနေကို ရှုပ်ထွေးသွားစေရန် ဝူတျဲ၏ စိတ်ခံစားမှုများကို အာရုံခံနိုင်စွမ်းကို အသုံးပြုကာ မီးလောင်ရာလေပင့်ရန် စုချင်ချိုးက ဆုံးဖြတ်လိုက်၏။
"ငါ နင့်ကို မပြောပြချင်ခဲ့ဘူး။ ဒါပေမဲ့ တကယ်တမ်းကျ အိပ်ရာနွေးတဲ့သူအသစ်က ငါ့ကို သတိပေးထားပြီးပြီ။ လိမ်လိမာမာနေဖို့နဲ့ ပြဿနာမရှာဖို့ သူ ငါ့ကို ပြောတယ်။ ခုနကတင်... သူမက ငါ့ကို သတိပေးနေသလိုမျိုးတောင် စွေကြည့်သွားသေးတယ်။" စုချင်ချိုးက ဝမ်းနည်းစွာဖြင့် ပြောလိုက်သည်။
ဝူတျဲက တိတ်တဆိတ် စိုက်ကြည့်နေပြီး စိတ်ခံစားမှုများကို ဖတ်ရှုနိုင်စွမ်းကို အားကိုးလိုက်သည်။
စုချင်ချိုး၏ စိုးရိမ်ပူပန်မှု ကြီးထွားလာနေပြီး နှလုံးသားထဲတွင် အကြောက်တရားအချို့လည်း ရှိနေကြောင်းကို သူ မြင်နိုင်ခဲ့သည်။
၎င်းကို မြင်သော် ဝူတျဲ ချက်ချင်း ဒေါသပေါက်ကွဲသွားပြီး အော်ဟစ်လိုက်သည်။
"ဒီလိုကိုး... "
"အိပ်ရာနွေးတဲ့သူအသစ်က အရမ်းကို မာနကြီးလွန်းတယ်... "
"လာ... ငါ့နောက်လိုက်ခဲ့။ ငါ နင့်အတွက် လက်စားချေပေးမယ်... "
…