အခန်း ၂၁၇
Vol. 15 Ch. 217
အပိုင်း(၂၁၇) တိုက်ခိုက်ရေးစွမ်းအားများ မြင့်တက်လာခြင်း၊ အခြေအနေကို ခန့်မှန်းတွက်ချက်ခြင်း
အစွမ်းထက်သော ချီနှင့်သွေးများက ပြင်းထန်သော မီးတောက်များအဖြစ် ပြောင်းလဲသွားပြီး၊ ခြေလက် အင်္ဂါများနှင့် အရိုးများအတွင်းသို့ ဝင်ရောက်ကာ အထူး သွေးကြောကြီး(၈)ခုကို ဖောက်ထွင်းဝင်ရောက်ပြီး ကြွက်သား၊ အရိုးနှင့် အသားများ၏ လက်မတိုင်းကို လောင်ကျွမ်းစေသည်။
အချိန်-နေရာလွတ်၏ လှိုင်းဂယက်များက ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး နွေဦး၏ မွေးဖွားခြင်း၊ နွေရာသီ၏ ဖွံ့ဖြိုးတိုးတက်ခြင်း၊ ဆောင်းဦး၏ ညှိုးနွမ်းခြင်းနှင့် ဆောင်းရာသီ၏ ပျက်စီးယိုယွင်းခြင်း စသည့် ရာသီ(၄)ခုကို ဖော်ပြနေသည်။ ပိုးဖလံလေး တစ်ကောင်၏ ဘဝသက်တမ်းလည်း ပါဝင်ပြီး မွေးဖွားလာသည့် အချိန်မှစ၍ ပထမဆုံး ခြေလှမ်းကို လှမ်းသည့်အချိန်အထိ မွေးဖွားခြင်း၊ အိုမင်းခြင်း၊ ဖျားနာခြင်းနှင့် သေဆုံးခြင်းတို့ကို တစ်ခုပြီးတစ်ခု ဖြတ်သန်းသွား၏။ ကမ္ဘာပေါ်ရှိ မရေမတွက်နိုင်သော အရာများ၊ မင်းဆက်များ၏ အတက်အကျများက အချိန်ကုန်လွန်ခြင်း၏ မြင်ကွင်းများပင်။
ဝှစ်...
ဓားအသိက ကိုယ်တိုင် စုစည်းကာ အသွင်ပြောင်းသွားပြီး ဓားစွမ်းအင်များ ပြည့်နှက်နေသည့် ဆူးတောကြီးကို ငှက်များ သီကျူးပြီး ပန်းများ ပွင့်လန်းသည့် ကောင်းကင်နှင့် မြေကြီး ကျယ်ပြောပြီး၊ နေထွက်ကာ လဝင်သည့်၊ ကြယ်များဖြင့် တန်ဆာဆင်ထားသည့် ကမ္ဘာတစ်ခုအဖြစ် ပြောင်းလဲသွားတော့သည်။
"ဟူး... "
မုန့်ချင်ကျိုးက မသိစိတ်မှ တင်ပလ္လင်ခွေထိုင်လိုက်ကာ ချီနှင့် သွေးများက တိမ်တိုက်များအဖြစ် စုစည်းသွားပြီး သူ၏ဘဝအဆင့်မှာ အဆက်မပြတ် တဟုန်ထိုး တက်နေသည်။
"အချိန်-နေရာလွတ် တာအိုက နက်နဲသိမ်မွေ့ပြီး အတိုင်းအတာ မရှိဘူး။ ဒါပေမဲ့ ကောင်းကင်ထောက်တိုင်ကို ဖောက်ထွက်ဖို့ဆိုတာ ကမ္ဘာပေါ်က အချိန်-နေရာလွတ် မဟာတာအို အားလုံးကို ကိုယ့်ရဲ့ အတွင်းစကြဝဠာထဲ ပေါင်းစပ်ထည့်သွင်းဖို့ မလိုအပ်ဘူးဆိုတာကို အခု ငါ ခံစားမိလာပြီ။ အဲဒါက လက်တွေ့မကျဘူး။ ပြီးတော့ ကောင်းကင်ထောက်တိုင် အထက်က အနက်နဲဆုံး နယ်ပယ်တွေတောင်မှ လုပ်နိုင်မှာ မဟုတ်ဘူး။ ကမ္ဘာပေါ်မှာ စစ်မှန်တဲ့ နတ်ဘုရားတစ်ပါး ရှိနေတာမျိုး မဟုတ်ရင်ပေါ့။"
"ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွက်ဖို့ မဟာတာအိုရဲ့ မြစ်လက်တက်တစ်ခုကို ကြားဖြတ်ယူပြီး ကိုယ့်ရဲ့ အတွင်းစကြဝဠာထဲ နေရာချပြီးရင် ဖြည်းဖြည်းချင်း ကြီးထွားလာအောင် ပြုစုပျိုးထောင်ဖို့ပဲ လိုတယ်။ ဒီနည်းနဲ့မှ ဒီမဟာတာအိုက ကိုယ့်ရဲ့ ကိုယ်ပိုင် အစစ်အမှန် ဖြစ်လာနိုင်မယ်။"
"သစ်ကိုင်းတစ်ကိုင်းကို ချိုးပြီးတော့ မြေကြီးထဲ စိုက်လိုက်သလိုပဲ။ တစ်နေ့ကျရင် အဲဒါက သစ်ပင်ကြီးတစ်ပင် ဖြစ်လာလိမ့်မယ်။"
မုန့်ချင်ကျိုးက တောက်ပနေပြီး ခွန်အားများ ပြည့်ဝနေ၏။
ကောင်းကင်ထောက်တိုင်သို့ ဖောက်ထွက်ရန် နည်းလမ်းကို သူ အပြည့်အဝ နားလည်သဘောပေါက်သွားပြီး၊ တွေဝေမှု အနည်းငယ်သာ ကျန်ရှိတော့ကာ ၎င်းကိုလည်း လုံးဝ ဖယ်ရှားရှင်းလင်းနိုင်ခဲ့သည်။
"အချိန်-နေရာလွတ်မြစ်ရဲ့ မြစ်လက်တက်တစ်ခုကို လုယူတာက ကောင်းကင်တာအိုရဲ့ အခြေခံအုတ်မြစ်ကို ခိုးယူတာနဲ့ အတူတူပဲ။ အဲဒါက ကမ္ဘာကြီးအတွက် လက်ခံနိုင်စရာ မရှိဘူး။"
"ဒါပေမဲ့ ကျင့်ကြံခြင်းဆိုတာက အမြဲတမ်း ကောင်းကင်ဘုံရဲ့ အလိုတော်ကို ဆန့်ကျင်နေတာပဲလေ။ ရေဆန်ကို ဆန်တက်ရတဲ့ ခရီးဖြစ်တာမို့ အဲဒါက အမြဲတမ်း ကံကြမ္မာကို ဆန့်ကျင်တိုက်ခိုက်နေရတာပဲ။"
မုန့်ချင်ကျိုးက ဉာဏ်အလင်းရသည့် အခြေအနေမှ နိုးထလာပြီး ခန္ဓာကိုယ် အတွင်းပိုင်းကို ကြည့်ရှုလိုက်ရာ မသိလိုက်ဘဲ သူ၏ အတွင်းစကြဝဠာ ပြီးမြောက်သွားပြီဖြစ်ကြောင်း မမျှော်လင့်ဘဲ တွေ့ရှိလိုက်ရသည်။
လူ့ခန္ဓာကိုယ်၏ မရေမတွက်နိုင်သော စွမ်းအင်အချက်အချာနေရာများက ကြယ်များ ပြည့်နှက်နေသော ကောင်းကင်အဖြစ် ဖွဲ့စည်းသွားပြီး ချီနှင့်သွေးတို့က မြေဆီလွှာအဖြစ် စုစည်းသွားကာ အချိန်-နေရာလွတ် တာအိုသည် မြက်ပင်တစ်ပင်၊ သစ်ပင်တစ်ပင်၊ တောင်တစ်တောင်နှင့် ကျောက်တုံးတစ်တုံးအဖြစ် ပြောင်းလဲ၍ သွားသည်။ တင်ပလ္လင်ခွေထိုင်နေသော ဝိညာဉ်က ကောင်းကင်တွင် ချိတ်ဆွဲထားသော နေနှင့်လအဖြစ် ပြောင်းလဲသွားပြီး မြေဆီလွှာတွင် မြုပ်နေသော သွေးကြောများက အရှိန်အဟုန်ဖြင့် စီးဆင်းနေသော မြစ်တစ်စင်းအဖြစ် ပြောင်းလဲသွား၏။
လေ၊ တော၊ မီး၊ တောင်၊ ဓာတ်ကြီးငါးပါး၊ ယင်-ယန် ပြောင်းပြန်လှန်ခြင်းနှင့် ချန်-ခုန်းပါကွတို့၏ ဥပဒေသများ အားလုံး ပြည့်စုံသွားပြီ ဖြစ်သည်။
မုန့်ချင်ကျိုးက မိမိကိုယ်ကို ဆန်းစစ်ရန်အတွက် အတွင်းအမြင်ကို အသုံးပြုလိုက်ရာ အမြင်အာရုံကို ပြန်လည် ရရှိသွားပြီး အရာအားလုံးကို မြင်နိုင်ပြီဖြစ်ကြောင်း အံ့အားသင့်စွာ တွေ့လိုက်ရသည်။ သူ၏ အမြင်အာရုံ ပြန်လည်ကောင်းမွန်လာပြီဖြစ်သည်။
သို့သော် မကြာခင်မှာပင်...
၎င်းမှာ အမြင်အာရုံ ပြန်လည်ကောင်းမွန်လာခြင်း မဟုတ်ဘဲ အတွင်းစကြဝဠာ၏ သခင်ဖြစ်လာကြောင်း မုန့်ချင်ကျိုး နားလည်လိုက်သည်။ သူမြင်ရသော တောင်များ၊ မြစ်များ၊ နေ၊ လနှင့် ကြယ်များ အားလုံးမှာ သူ၏ ခန္ဓာကိုယ်ဖြင့် တည်ဆောက်ထားခြင်း ဖြစ်သည်။
"ငါ့ရဲ့ အရင်ဘဝက ကမ္ဘာမြေပေါ်က ဒဏ္ဍာရီတွေမှာ ပန်ကူးက ကောင်းကင်နဲ့ မြေကြီးကို ခွဲထုတ်ပြီးတော့ ကမ္ဘာကြီးအဖြစ် ပြောင်းလဲသွားတယ်လို့ မှတ်တမ်းတင်ထားတယ်။ ဒါက အခု ငါ့အခြေအနေနဲ့ နည်းနည်း ဆင်တူတယ်။"
"ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က တစ်နေရာရာကို ရောက်သွားတာနဲ့ ငါ့ရဲ့ အတွင်းစကြဝဠာထဲမှာ သက်ရှိတွေ ပေါ်လာနိုင်မလား... "
မုန့်ချင်ကျိုး၏ အတွေးများ လွင့်မျောသွားပြီး ခေတ္တမျှ တွေးတောပြီးနောက် ခေါင်းခါယမ်းကာ ရယ်လိုက်သည်။
ကောင်းကင်ထောက်တိုင်နယ်ပယ်ကိုတောင် မဖောက်ထွင်းနိုင်သေးခင်မှာ ဒါတွေကို တွေးနေတာက သိပ်ကို လက်တွေ့မကျဘူး။
"တစ်ကြိမ် ဉာဏ်အလင်းရတာ၊ သွေးကြော အဆင့်တက်တာက အတွင်းစကြဝဠာတစ်ခုကို လွယ်လွယ်ကူကူ တည်ဆောက်နိုင်စေပြီးတော့ကောင်းကင်မဏ္ဍိုင် အတတ်ကို ရုတ်တရက် တတ်မြောက်သွားစေတယ်။"
"ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က နံနက်ခင်းအလင်းနယ်ပယ် အထွတ်အထိပ်မှာ ရှိနေပေမဲ့ တိုက်ခိုက်ရေးစွမ်းအားက အဆပေါင်းများစွာ တိုးတက်လာတယ်။"
၎င်းကို တွေးပြီးနောက် မုန့်ချင်ကျိုးက လက်ညှိုးကို ဆန့်ထုတ်လိုက်ရာ ထိပ်ဖျားတွင် ဓားချိပ်ပိတ်တစ်ခု စုစည်းသွားသည်။
ဓားအမှတ်အသားက ကျောက်စိမ်းကဲ့သို့ ချောမွေ့နေပြီး ထိတွေ့နိုင်လုနီးပါး ဖြစ်ကာ ရတနာတစ်ခုနှင့် တူသည်။ သို့သော်လည်း အနီးအနားတွင် စောင့်ဆိုင်းနေသော အမျိုးသမီး သုံးဦးက ၎င်းကို မျက်စိကျိန်းမတတ် တောက်ပနေသည်ဟု ထင်ရသည်။ အနီးကပ် သေချာကြည့်လိုက်သောအခါ သူတို့ မသိမသာ ဒဏ်ရာအနည်းငယ် ရသွားကြသည်။ အကယ်၍ သူတို့ (၁၀)စက္ကန့်ထက်ပို၍ စိုက်ကြည့်နေပါက အပြင်းအထန် ဒဏ်ရာရသွားနိုင်၏။
တုန်းဖန်လျူလီက ၎င်းကို သည်းခံကာ ဓားအမှတ်အသားကို (၇)စက္ကန့် (၈)စက္ကန့်ခန့် စိုက်ကြည့်နေသော်လည်း မျက်လုံးများ ခြောက်သွေ့သွားပြီး ဒန်တျန် တာအိုသစ်သီးမှာ ကျွတ်ကနဲ အသံနှင့်အတူ အက်ကွဲသွားသည်ကိုသာ ခံစားလိုက်ရသည်။
"ဒါက... "
"ကောင်းကင်ထောက်တိုင်နယ်ပယ်နဲ့ နံနက်ခင်းအလင်းနယ်ပယ်ကြားက ကွာခြားချက်က ဒီလောက်တောင် ကြီးမားတာလား။ ကောင်းကင်ထောက်တိုင်နယ်ပယ်ရဲ့ တာအို အနှစ်သာရ အနည်းငယ်ကို သဘောပေါက်ရုံနဲ့တင် နံနက်ခင်းအလင်းနယ်ပယ်က ဘယ်ကျင့်ကြံသူကိုမဆို ချက်ချင်း သတ်ဖို့ လုံလောက်တယ်... "
တုန်းဖန်လျူလီ ခဏတာ တွေဝေသွားပြီးဩ အတ္တကင်းမဲ့ဗုဒ္ဓ၊ ပင်လယ်ရပ်ခြားရှိ ကောင်းကင်ပြည်နယ်နှင့် အရိပ်ထဲတွင် ပုန်းအောင်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် အင်အားစုများကို တွေးမိကာ ရင်ဘတ်ထဲတွင် အသက်ရှူကျပ်သလို ခံစားလိုက်ရသည်။
"အဲဒါကို မကြည့်နဲ့။ ကျန်းမာရေး ထိခိုက်တတ််တယ်။"
မုန့်ချင်ကျိုးက သူ၏လက်ကို အောက်ချလိုက်ရာ ဓားအမှတ်အသား ပျောက်ကွယ်သွားသည်။
"သခင်... အခု ဘယ်နယ်ပယ်ကို ရောက်နေပြီလဲ။" တုန်းဖန်လျူလီက ကုသရေး ဆေးလုံးတစ်လုံးကို မျိုချလိုက်ပြီး အနည်းငယ် သက်သာသွားသလို ခံစားရသဖြင့် မနေနိုင်ဘဲ မေးလိုက်သည်။
ထိုစကားကို ကြားသောအခါ မုန့်ချင်ကျိုး မျက်မှောင်အနည်းငယ် တွန့်ချိုးသွားပြီး ခဏ သေချာစဉ်းစားလိုက်ကာ မသေချာမရေရာစွာဖြင့် ပြောလိုက်သည်။
"ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း ထင်တာပဲ…"
"အတွင်းစကြဝဠာ လည်ပတ်မှုက အခြေခံအားဖြင့်တော့ ပြီးစီးသွားပြီ။ ပြီးတော့ ခန္ဓာကိုယ်ကို တာအိုအဖြစ် ပြောင်းလဲတာကလည်း လမ်းကြောင်းပေါ် ရောက်နေပြီ။ သီအိုရီအရတော့ ငါ့ကို ကောင်းကင်ထောက်တိုင်ဆီ ခြေတစ်ဝက် ရောက်နေပြီလို့ ခေါ်လို့ရပေမဲ့ တစ်ခုခု လိုနေတယ်လို့ ငါ အမြဲ ခံစားနေရတယ်။"
"အချိန်-နေရာလွတ် မဟာတာအိုက မဟာတာအို သုံးထောင်ထက် သာလွန်တယ်။ သမိုင်းတစ်လျှောက် ငါက ဒီလမ်းစဉ်ကို တစ်ယောက်တည်း လျှောက်ခဲ့တဲ့ တစ်ဦးတည်းသောသူပဲ။ နယ်ပယ်တွေကို အကဲဖြတ်တဲ့ သာမန် စံနှုန်းတွေက ငါ့ရဲ့ လက်တွေ့ အခြေအနေနဲ့ နည်းနည်းတော့ ကွာခြားလိမ့်မယ်။"
မုန့်ချင်ကျိုးက အသေအချာ အာရုံခံနိုင်သည်။
ကောင်းကင်ထောက်တိုင်ကို လိုက်စားမည့် လမ်းကြောင်းပေါ်သို့ စတင်ကတည်းက ကျင့်ကြံရေးလောကတွင် ကျင့်ကြံမှု နယ်ပယ်များကို အကဲဖြတ်သည့် စံနှုန်းများသည် သူ့အတွက် မသင့်လျော်တော့သည်မှာ ထင်ရှား၏။
ယနေ့တိုင်အောင်ပင်။
အတွင်းစကြဝဠာ လည်ပတ်မှု ပြီးစီးသွားပြီးနောက် ခန္ဓာကိုယ်ကို တာအိုအဖြစ် ပြောင်းလဲခြင်း အပြည့်အဝ အကောင်အထည်ပေါ်လာသည်နှင့် မုန့်ချင်ကျိုးက သူသည် ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်းတွင် မဟုတ်ဘဲ နံနက်ခင်းအလင်းနယ်ပယ် အထွတ်အထိပ်တွင် ရှိနေဆဲဖြစ်ကြောင်း နောက်ဆုံး သေချာသွားခဲ့သည်။
ယုတ္တိတန်တန် တွေးကြည့်မည်ဆိုလျှင် ကျိဝူရွှမ်ဖြစ်စေ၊ ယခင် ဇာတ်လိုက် ကျောက်ကော်ဖြစ်စေ ဤအမှတ်သို့ ရောက်ရှိခြင်းက သူတို့ကို ကောင်းကင်ထောက်တိုင်သို့ ခြေလှမ်းတစ်ဝက် ရောက်နေပြီဟု သေချာပေါက် အရည်အချင်းပြည့်မီစေသည်။
ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်တော့ ငါက ငါ့ရဲ့ အသက်မွေးဝမ်းကျောင်းမှု အထွတ်အထိပ်မှာ ပိတ်မိနေတုန်းပဲ။
"ဒါက အချိန်-နေရာလွတ် မဟာတာအိုနဲ့ ပတ်သက်နေတာလား။"
ခဏတာ တွေးတောပြီးနောက် မုန့်ချင်ကျိုးက ပြောလိုက်သည်။
ထိုကိစ္စက သူ့ကို အနည်းငယ် ဒုက္ခပေးနေ၏။
၎င်းက ကောင်းသောအရာလည်း ဖြစ်သလို ဆိုးသောအရာလည်း ဖြစ်ပေသည်။
ဗုဒ္ဓတိုင်းပြည်၊ ကျိမိသားစုနဲ့ ကောင်းကင်ကြည့်ဆောင်တို့၏ လောဘကြီးသော မျက်လုံးများသာ မရှိလျှင် ယခုအခြေအနေက အလွန်ကောင်းမွန်သော အရာတစ်ခု ဖြစ်လာပေလိမ့်မည်။
နံနက်ခင်းအလင်းနယ်ပယ်က သာမန် ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်း ကျင့်ကြံသူနှင့် ယှဉ်နိုင်သည်။ သူသာ ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွက်သွားသည်နှင့် အဆင့်တူများကို ကြွက်များ ခွေးများလို သတ်နိုင်မည် မဟုတ်ပါလား။
သို့သော် နောက်ဆုံးတွင်တော့ အားအနည်းဆုံး ကောင်းကင်ထောက်တိုင် ကျင့်ကြံသူပင် အားနည်းသော ကုလားအုတ်တစ်ကောင်နှင့် တူနေပြီး အသန်မာဆုံး နံနက်ခင်းအလင်းနယ်ပယ်သည်ပင် ပိုကြီးသော ပုရွက်ဆိတ်တစ်ကောင်နှင့် တူသည်။ နောက်ဆုံးတော့ သူတို့က ပုရွက်ဆိတ်များ သက်သက်ပင်။
"သခင်... ကောင်းကင်ထောက်တိုင်နယ်ပယ်ကို မြန်မြန် မဖောက်ထွက်နိုင်ဘူးဆိုရင်၊ ပြီးတော့ ဗုဒ္ဓကိုယ်တိုင် ဝင်မပါဘူးဆိုရင် ကျွန်မတို့ အဲဒါကို ခံနိုင်ရည် ရှိမှာမဟုတ်ဘူးလို့ စိုးရိမ်နေတာလား။" တုန်းဖန်လျူလီက မျက်လုံးများ တောက်ပနေရင်း တိုးတိုးလေး မေးလိုက်သည်။
မုန့်ချင်ကျိုး တိတ်ဆိတ်နေလိုက်သည်။
တုန်းဖန်လျူလီ တွေးနေသည်ကို သူ သိသည်။ သူ့ဇနီးက မည်သူ့ကိုမှ မပြောဘဲ ဗုဒ္ဓတိုင်းပြည်ဆီ မိုင်ထောင်ချီ ခရီးထွက်လာခြင်းမှာ သေချာပေါက် အလည်အပတ်လာခြင်း မဟုတ်ပေ။
မုန့်ချင်ကျိုးက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွက်နိုင်ရန် ယုံကြည်ချက် မရှိကြောင်း ယခုအချိန် ပြောလိုက်လျှင် တုန်းဖန်လျူလီက တာဝန်အားလုံးကို ယူရပေလိမ့်မည်။
"စိတ်မပူပါနဲ့။ အတ္တကင်းမဲ့ဗုဒ္ဓက လောလောဆယ် လှုပ်ရှားမှာ မဟုတ်ဘူး။ အလွန်ဆုံး သူက ငါတို့ကို ဒုက္ခပေးဖို့ အရဟတ္တတွေနဲ့ ဗောဓိသတ္တ တချို့ကိုပဲ လွှတ်လိုက်လိမ့်မယ်။"
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် မုန့်ချင်ကျိုးက စကားပြောလိုက်သည်။
တုန်းဖန်လျူလီ အနည်းငယ် အံ့အားသင့်သွားပြီး တစ်ချိန်တည်းမှာပင် အနည်းငယ် တွေဝေသွားကာ မေးလိုက်သည်။ "သခင်... သခင်က ဘယ်လိုလုပ် ဒီလောက် သေချာနေရတာလဲ။"
"အတ္တကင်းမဲ့ဗုဒ္ဓက ကောင်းကင်ထောက်တိုင်ကို ဖောက်ထွက်သွားတာနဲ့ တောရိုင်းမြေ တစ်ခုလုံးမှာ ဘယ်သူကမှ သူ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး။ တောရိုင်းမြေကို ပေါင်းစည်းဖို့ ဒီအခွင့်အရေးကို ကျွန်မတို့ မယူဘူးဆိုရင် ကျွန်မတို့ရဲ့ ရန်သူ ပိုသန်မာလာပြီးတော့ နောက်ဆုံးမှာ ကျွန်မတို့ကို ခြိမ်းခြောက်မယ့် ကျားတစ်ကောင် ဖြစ်လာမယ့် အချိန်ကို ထိုင်စောင့်နေမှာလား။"
မုန့်ချင်ကျိုးက အကြောဆန့်လိုက်ပြီး ကုလားထိုင်ပေါ်တွင် ပြန်ထိုင်ကာ ညည်းတွားလိုက်သည်။
"အိုး။ ကျောတွေ ကိုက်နေတယ်၊ ငါ့ခြေထောက်တွေ ကြွက်တက်နေတယ်။ ငါ့ခန္ဓာကိုယ် တစ်ခုလုံး အရမ်းကို နေမကောင်းသလို ခံစားနေရတယ်။"
တုန်းဖန်လျူလီက နှုတ်ခမ်းကို ညင်သာစွာ ကိုက်ပြီး သူ့ကို တိတ်တဆိတ် စွေကြည့်လိုက်သည်။
သို့သော် စပ်စုချင်စိတ်ကို မတွန်းလှန်နိုင်သဖြင့် နောက်သို့ လှည့်ကြည့်လိုက်ရာ အသေအချာပင် စုချင်ချိုးကို ဝူတျဲက လက်ညှိုးထိုးပြီး ခေါင်းကို ပုတ်နေကာ စုချင်ချိုးက သူတို့ရှိရာသို့ ခိုးကြောင်ခိုးဝှက် ဆက်တိုက် လှမ်းကြည့်နေ၏။
"သခင့်ရဲ့ ခြေထောက်တွေကို နှိပ်ပေးပါရစေ။" တုန်းဖန်လျူလီက ဒူးထောက်လိုက်ပြီး ဒေါသကို မျိုသိပ်ကာ နူးညံ့သော လက်လေးများဖြင့် မုန့်ချင်ကျိုး၏ ပေါင်များကို ညင်သာစွာ နှိပ်နယ်ပေးရင်း တိုးတိုးလေး တောင်းဆိုလိုက်သည်။
မုန့်ချင်ကျိုး အလွန်ပင် ဝမ်းသာသွားပြီး အနည်းငယ် ခေါင်းညိတ်ကာ ကျေနပ်စွာဖြင့် ပြောလိုက်သည်။
"ကောင်းပြီလေ။ ငါ မင်းကို ပြောပြလိုက်မယ်။"
"ငါ့ခန့်မှန်းချက်ကသာ မှန်မယ်ဆိုရင် အတ္တကင်းမဲ့ဗုဒ္ဓဟာ တောရိုင်းမြေမှာ ချထားတဲ့ သူလျှိုတစ်ယောက်ဖြစ်ဖို့ များတယ်။"
"ကျိဝူရွှမ် အဆင့်တက်တော့မယ်။ ကောင်းကင်ပြည်နယ် ပေါင်းစည်းမှုကလည်း နီးကပ်နေပြီ။ ပြီးတော့ တောရိုင်းမြေလည်း နောက်ဆုံးအဆင့်ကို ရောက်နေပြီ။"
"ဒါပေမဲ့လည်း သမိုင်းလမ်းကြောင်းက ပြောင်းလဲသွားပြီ။ တောရိုင်းမြေကဘဝရဲ့ အရှိန်အဟုန်က ကောင်းကင်ပြည်နယ်ထက် သိသိသာသာ ပိုမြန်တယ်။ မဟာကျင်း ရှုံးနိမ့်သွားတာနဲ့ တစ်ပြိုင်နက် တောရိုင်းမြေရဲ့ ကံကြမ္မာက လုံးဝကို ဗုဒ္ဓတိုင်းပြည်ရဲ့အပိုင် ဖြစ်သွားလိမ့်မယ်... "
"ဒီနောက်ကွယ်က ကြိုးကိုင်နေသူက ကောင်းကင်ဘုံနယ်မြေနှစ်ခုကို တစ်ပြိုင်နက်တည်း ပေါင်းစည်းဖို့ ကြိုးစားနေတာ ဖြစ်နိုင်တယ်... "
"အဲဒီအချိန်ရောက်ရင် ဒေသတွင်း အုပ်စိုးသူ နှစ်ယောက်ကြား ထိပ်တိုက်တွေ့ဆုံမှုကို တွန်းအားပေးမယ်။ ပြီးရင် အနိုင်ရတဲ့သူက ဘုရင်ဖြစ်လိမ့်မယ်။ ဒီနည်းနဲ့ သူတို့က လူသားဧကရာဇ်ကို ပြန်ဖန်တီးမယ်။ လူသားဧကရာဇ်ရဲ့ အာဏာကို ခိုင်မာအောင်လုပ်ပြီးတော့ ဘာအမှားမှ မဖြစ်စေဖို့ သေချာအောင် လုပ်မယ်။"
"ရိုးရိုးလေး ပြောရမယ်ဆိုရင် အတ္တကင်းမဲ့ဗုဒ္ဓက စောင့်နေတာပဲ။ ကောင်းကင်ပြည်နယ်ကို ပေါင်းစည်းပြီး ကြီးစိုးမယ့် အင်အားစုတစ်ခု ပေါ်ထွက်လာတော့မယ့်နေ့မှာ သူက လျှပ်စီးလို အလျင်အမြန် တိုက်ခိုက်ပြီး တောရိုင်းမြေကို ဖြတ်သန်းပြီးတော့ တစ်ချိန်တည်းမှာပဲ ကောင်းကင်ပြည်နယ်ကို ပေါင်းစည်းလိမ့်မယ်။"
ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီ ခဏတာ မှင်သက်သွား၏။
ယခင်က မုန့်ချင်ကျိုးသည် နောက်ကွယ်မှ လျှို့ဝှကအင်အားစုက အလွန်ပင် အစွမ်းထက်ကြောင်း ပြောသည်ကို ကြားဖူးသော်လည်း သူက အသေးစိတ် မပြောပြခဲ့ပေ။
သို့သော် ယခု သူ ကြားလိုက်ရသည်မှာ…
အတ္တကင်းမဲ့ဗုဒ္ဓသည် သူလျှိုတစ်ယောက်ဖြစ်ပြီး နယ်မြေနှစ်ခုကို ပေါင်းစည်းရန်၊ လူသားဧကရာဇ်ကို ပြန်လည်ဖန်တီးရန်နှင့် လူသားဧကရာဇ်၏ အာဏာကို လုယူရန် ရည်ရွယ်နေခြင်းပင်...
အချိန်အတော်ကြာ တိတ်ဆိတ်နေပြီးနောက် တုန်းဖန်လျူလီက နှလုံးသားထဲမှ ကြီးမားလှသော ထိတ်လန့်မှုကို ဖိနှိပ်လိုက်ပြီး အက်ကွဲသော အသံဖြင့် ပြောလိုက်သည်။
"အတ္တကင်းမဲ့ဗုဒ္ဓက နောက်ကွယ်ကနေ တိတ်တဆိတ် ကြိုးကိုင်နေသူဖြစ်ပြီး၊ ကြိုးကိုင်သူက ဗုဒ္ဓတိုင်းပြည်ကို တောရိုင်းမြေရဲ့ ကြီးစိုးသူ ဖြစ်လာအောင် သေချာပေါက် လုပ်ပေးလိမ့်မယ်လို့ သခင် သံသယရှိနေမှတော့ သူတို့က ဝင်ရောက်စွက်ဖက်မှာလား။"
"ဝင်ပါမှာ မဟုတ်ဘူး။"
မုန့်ချင်ကျိုးက ခေါင်းခါယမ်းပြီး အေးဆေးစွာ ပြောလိုက်သည်။
"သူတို့က တိတ်တဆိတ် ကြိုးကိုင်နေခဲ့ပြီးတော့ သူတို့ကိုယ်သူတို့ လွတ်မြောက်ဖို့အတွက် နှစ်ထောင်ပေါင်းများစွာ ကမ္ဘာကြီးနဲ့ ကင်းကွာနေခဲ့တယ်။ သူတို့ ကမ္ဘာထဲ ဝင်လာတာနဲ့ သူတို့လည်း စစ်ပွဲမှာ ပါဝင်ရလိမ့်မယ်။ အဲဒါက... ကံကြမ္မာဆိုတဲ့ အယူအဆနဲ့ ပတ်သက်နေတယ်။"
"ဒီအရေးကြီးတဲ့ အချိန်၊ လွန်ခဲ့တဲ့ နှစ်တစ်သောင်းအတွင်း မကြုံစဖူး ကြီးမားတဲ့ အပြောင်းအလဲ ကာလတစ်ခုမှာ သူတို့ ကမ္ဘာကြီးထဲ ဝင်လာတာနဲ့ လူသားဧကရာဇ်အဖြစ် ရွေးချယ်ခံရသူက သူတို့ကို လုံးဝ ဖိနှိပ်ပြီးတော့ နှိမ်နင်းရလိမ့်မယ်။ အဲဒီလိုမှမဟုတ်ရင် အာဏာကို ခိုင်မာအောင်လုပ်ဖို့ ခက်ခဲလိမ့်မယ်။ ပြီးတော့ ကောင်းကင်ဘုံ အလိုတော်ကလည်း အသိအမှတ်ပြုမှာ မဟုတ်ဘူး။”
…