← Chapters

အခန်း ၉၂

Vol. 10 Ch. 92

အခန်း ၉၂

Vol. 10 Ch. 92

အခန်း (၉၂) - ချိုမြိန်လှသော အိမ်ဂေဟာ

လင်းဖန်သည် သစ်သားတဲလေးထဲတွင် အနားယူရသော ရက်အနည်းငယ်ကို ကောင်းစွာ ဇိမ်ခံနေလေသည်။

သူ၏ အချစ်ဆုံးသူငယ်ချင်းများဖြစ်သော ဟိုမင်နှင့် စီမာလျန်တို့က သူ့ထံလာရောက်လည်ပတ်ကြပြီး ဆေးလုံးများနှင့် မှော်ပစ္စည်းများကို ရက်ရက်ရောရော ပေးသနားခဲ့ကြသည်။

စွန်းဟိုင်ပင်လျှင် ကတိပေးထားသည့်အတိုင်း လုပ်ဆောင်ပေးခဲ့ပေသည်။

သူ၏ ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်ကြံခြင်းအတွက် ဆေးလုံးများနှင့် ဆေးရည်များကို ယူဆောင်လာပေးခဲ့လေသည်။

လုတိနှင့်တိုက်ပွဲက ခန္ဓာကိုယ်ကြံ့ခိုင်ရေး ကျင့်ကြံခြင်းသည် မည်မျှအသုံးဝင်ကြောင်း လင်းဖန်ကို ကောင်းကောင်းကြီး သဘောပေါက်သွားစေခဲ့သည်။

သို့သော် ထိုအရာများမတိုင်မီ သူက စိတ်ထဲမှနေ၍ စနစ်၏ အချက်အလက်ပြဇယားကို ခေါ်ထုတ်လိုက်သည်။

[လက်ရှိ သားရဲစွမ်းရည် - ၂]

[တောယုန်စွမ်းရည် အဆင့် - ၁]

[ဝံပုလွေစွမ်းရည် အဆင့် - ၁]

[လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်ရေးအဆင့် - ၄ (အဆင့်မြှင့်တင်ရန် ကလဲ့စားချေအမှတ် ၈၀၀ လိုအပ်ပါသည်)]

[လက်ရှိ ကလဲ့စားချေအမှတ် - ၁၅၈၀]

[ခန္ဓာကိုယ်ကြံ့ခိုင်ရေးကို အဆင့်မြှင့်တင်မည်လား - လုပ်မည် / မလုပ်ပါ]

‘လုပ်မည်’

လင်းဖန်က စိတ်ထဲမှ တိတ်တဆိတ် ရွေးချယ်လိုက်လေသည်။

မကြာမီမှာပင် ခန္ဓာကိုယ်ကြံ့ခိုင်ရေး အဆင့်မြှင့်တင်မှုလုပ်ငန်းစဉ် စတင်သွားတော့သည်။

ဤတစ်ကြိမ်တွင်မူ မည်သည့် နာကျင်မှုကိုမျှ မခံစားရချေ။

သူ ခံစားရသမျှအရာအားလုံးမှာ သာယာကြည်နူးဖွယ်ကောင်းနေလေသည်။

သူ၏ ဝင်သက်ထွက်သက်တိုင်းက အတွင်းဘက်မှနေ၍ စွမ်းအင်များ ပေါက်ကွဲထွက်လာစေသည်။

အရေပြားပေါ်ရှိ ချွေးပေါက်များအားလုံး ယားကျိကျိဖြစ်လာကာ ချီစွမ်းအင်များကို လက်ခံရရှိနေလေသည်။

ထိုအရာက ချွေးပေါက်များမှ အယားအယံများကို ကုတ်ခြစ်ပစ်လိုက်ရသကဲ့သို့ ကောင်းမွန်သော ခံစားချက်ကို ပေးစွမ်းနေသည်။

ချီစွမ်းအင်များ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာချိန်တွင် သွေးကြောများမှတစ်ဆင့် ဖြတ်သန်းသွားမှုက ဝမ်းမြောက်ကြည်နူးမှုကို ဆောင်ကြဉ်းလာပေးပေသည်။

ယင်းက ချီစွမ်းအင်များကို ပိုမိုလိုချင်တပ်မက်လာစေရန် ဖန်တီးပေးနေလေသည်။

လင်းဖန်သည် တရားထိုင်သည့်ပုံစံဖြင့် လျင်မြန်စွာထိုင်ချလိုက်ပြီး ချီစွမ်းအင်များကို တန်းထျန်ဆီသို့ ဦးတည်သွားစေရန် ကြိုးစားလိုက်လေသည်။

ချီစွမ်းအင်များ တန်းထျန်သို့ရောက်ရှိသွားချိန်တွင် ဇာတ်သိမ်းပိုင်းသို့ ရောက်ရှိသွားသည့် တေးဂီတပွဲကြီးတစ်ခုအလား ဖြစ်သွားတော့သည်။

သူ၏ တန်းထျန်မှ ချီစွမ်းအင်လှိုင်းများ ဖြာထွက်လာပြီး နွေးထွေးသော ခံစားချက်ကို ရရှိစေလေသည်။

တဖြည်းဖြည်းနှင့် ဤခံစားချက်များက မှေးမှိန်ပျောက်ကွယ်သွားလေသည်။

ထို့နောက် ရင်းနှီးနေသော အသံတစ်သံက သူ၏စိတ်ထဲတွင် ထွက်ပေါ်လာတော့သည်။

[ဒင်… ခန္ဓာကိုယ်ကြံ့ခိုင်ရေးကို အဆင့်မြှင့်တင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]

[သင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုနှင့် ခံနိုင်ရည်စွမ်းအား ၂ ဆ တိုးလာပါပြီ။]

[မိစ္ဆာသားရဲများ၏ စွမ်းရည်များကို စုပ်ယူနိုင်သောစွမ်းရည် ပွင့်သွားပါပြီ။]

[စွမ်းရည်များအတွက် နေရာ ၁ ခု ထပ်တိုးလာပါပြီ။]

[သားရဲစွမ်းရည်များအတွက် အဆင့်မြှင့်တင်ခွင့် ပွင့်သွားပါပြီ။]

[လက်ရှိ သားရဲစွမ်းရည် - ၂/၃]

[တောယုန်စွမ်းရည် အဆင့် - ၁/၃]

[ဝံပုလွေစွမ်းရည် အဆင့် - ၁/၃]

[လက်ရှိ ခန္ဓာကိုယ်ကြံ့ခိုင်ရေးအဆင့် - ၅ (အဆင့်မြှင့်တင်ရန် ကလဲ့စားချေအမှတ် ၁၆၀၀ လိုအပ်ပါသည်)]

[လက်ရှိ ကလဲ့စားချေအမှတ် - ၇၈၀]

‘မိုက်တယ်ဟ’

စနစ်၏ အချက်အလက်ပြဇယားကို မြင်လိုက်ရချိန်တွင် လင်းဖန် စိတ်ထဲမှ တွေးလိုက်သည်။

ယခုဆိုလျှင် သူသည် မိစ္ဆာသားရဲများ၏ စွမ်းရည်များကို ရယူနိုင်ပြီဖြစ်သည်။

ထို့အပြင် သူ၏ သားရဲစွမ်းရည်များကိုလည်း အဆင့်မြှင့်တင်နိုင်ပြီဖြစ်သည်။

သူ ဆက်လုပ်ရန် ကျန်နေသည်မှာ မိစ္ဆာသားရဲတစ်ကောင်ကို သွားရောက် အမဲလိုက်ရန်ပင်။

သို့သော် သူ တောအုပ်ထဲသို့ စွန့်စားမထွက်ခွာမီမှာပင် ဟိုမင်တစ်ယောက် သစ်သားတဲလေးထဲသို့ စိတ်လှုပ်ရှားနေသော မျက်နှာဖြင့် ဝင်လာလေသည်။

“လင်းဖန်… ငါ့မှာ သတင်းကောင်းတစ်ခု ရှိတယ်”

ဟိုမင်က ပြောလိုက်သည်။

“ဘာသတင်းကောင်းလဲ”

လင်းဖန်က လက်ဖက်ရည်တစ်ခွက်ငှဲ့လိုက်ပြီး ဟိုမင်ဆီသို့ ကမ်းပေးလိုက်သည်။

ဟိုမင်သည် လက်ဖက်ရည်ကို တစ်ကျိုက်တည်းဖြင့် မော့သောက်လိုက်ပြီး စကားစလေသည်။

“တာဝန်အောင်မြင်တဲ့ ဆုလာဘ်အနေနဲ့ ငါတို့ အိမ်ပြန်လည်ခွင့် ရတယ်။ အိမ်ပြန်ရောက်ရင် မင်းအတွက် အံ့သြစရာတစ်ခု ရှိတယ်”

“အံ့သြစရာဟုတ်လား”

လင်းဖန်သည် ဟိုဖူနှင့် ဦးလေးလျိုတို့ မည်သို့ နေထိုင်နေကြသည်ကို သိချင်နေသောကြောင့် အိမ်ပြန်ရန် သဘောတူလိုက်လေသည်။

သို့နှင့် သူတို့သည် ပစ္စည်းများကို သိမ်းဆည်းလိုက်ကြပြီး အိမ်ဆီသို့ ခရီးဆက်ခဲ့ကြတော့သည်။

…

သူတို့ ရင်းနှီးကျွမ်းဝင်နေသော ရွာလေးထဲသို့ ဝင်ရောက်သွားချိန်တွင် ရွာသူရွာသားများက လမ်းဘေးမှရပ်ကာ သူတို့ကို ကြိုဆိုနေကြလေသည်။

သူတို့ပေါ်လာသည်နှင့် တစ်စုံတစ်ယောက်က ဗျောက်အိုးများကို အလျင်အမြန် မီးရှို့လိုက်သည်။

ဖောက်...

ဖောင်း…

ဖောင်း…

ဖောင်း…

ဗျောက်အိုးများ ပေါက်ကွဲသွားကာ မိုးကြိုးပမာ ကျယ်လောင်သောအသံများ ထွက်ပေါ်လာပြီး လေထုထဲတွင် မီးခိုးများ ဖုံးလွှမ်းသွားချေပြီ။

ထို့နောက် ဟိုဖူနှင့် ဦးလေးလျိုတို့ ရောက်လာပြီး သူတို့ကို ကြိုဆိုကြလေသည်။

အချိန်အတော်ကြာ ခွဲခွာနေခဲ့ရသော်လည်း သူတို့မှာ အရင်အတိုင်းပင်။

အမှန်ဆိုရလျှင် ဟိုဖူသည် ယခုအခါ ပို၍ပင် ကျန်းမာလာပုံပေါ်လေသည်။

“မင်း လင်းဖန်ကို ပြဿနာတွေရှာသေးလား။ မရှာဘူးလို့ မျှော်လင့်တယ်။ အဲဒီလိုမှ မဟုတ်ရင်တော့ မင်းကို သေချာပေါက် ရိုက်ပစ်မယ်”

ဟိုဖူသည် ဟိုမင်ကို မြင်မြင်ချင်းပင် နှုတ်ဆက်စကား မဆိုဘဲ ဆူပူကြိမ်းမောင်းလိုက်တော့သည်။

“ရွာသူကြီး၊ အဲဒါ သေချာလို့လားဗျ။ ဟိုမင်က အခု ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီဆိုတော့ ကျုပ်တို့အားလုံးကိုတောင် ယှဉ်နိုင်မယ်ထင်တယ်”

“ဟုတ်ပါ့ဗျာ၊ ခင်ဗျားက သူ့ကို အရင်က ဟိုမင်လို့ ထင်နေတုန်းပဲကိုး”

“တချို့အရာတွေက ဘယ်တော့မှ ပြောင်းလဲသွားမှာ မဟုတ်ဘူး ထင်ပါရဲ့ဗျာ”

ရွာသားများက ဝင်ရောက်ပြောဆိုကြရင်း ဟိုဖူကို နောက်ပြောင်လိုက်ကြလေသည်။

ဟိုဖူက ထိုအခြေအနေကို အသားမကျနိုင်သဖြင့် သူ၏ဆေးတံကိုသာ တစ်ဖွာ ဖွာရှိုက်လိုက်သည်။

“အဖေပြောတဲ့ အံ့သြစရာဆိုတာက ဘယ်မှာလဲ”

ဟိုမင်က လူတိုင်း၏ အာရုံကို လွှဲရန် ကြိုးစားရင်း မေးလိုက်သည်။

“အာ... အံ့သြစရာလား။ လာခဲ့ လင်းဖန်။ မင်း သဘောကျမယ်လို့ ငါထင်တယ်”

ဟိုဖူက လင်းဖန်ကို သူ၏နောက်သို့လိုက်ရန် လက်ဟန်ပြလိုက်လေသည်။

သူ ဘာလုပ်မည်ကို မသေချာသော်လည်း လင်းဖန်က နောက်မှ လိုက်သွားခဲ့သည်။

သူ၏ သစ်သားတဲလေးနေရာသို့ ရောက်သောအခါ လင်းဖန်မှာ မိမိမျက်စိကိုပင် မယုံနိုင်အောင် ဖြစ်သွားရချေသည်။

သူတို့က လင်းဖန်၏ သစ်သားတဲလေးကို ဖြိုချကာ သူ့အတွက် အိမ်တော်ငယ်လေး တစ်လုံးကို တည်ဆောက်ပေးထားကြသည်။

ယခုအခါ အရှေ့ဘက်တွင် လှပသော ဥယျာဉ်လေးတစ်ခု ရှိနေပြီး ထိုဥယျာဉ်ထဲသို့ ဝင်လိုက်သည်နှင့် အမည်းရောင်အုတ်ကြွပ်မိုး၊ အဖြူရောင်နံရံများဖြင့် ဆောက်လုပ်ထားသောအိမ်ကို မြင်တွေ့ရပေမည်။

လင်းဖန်က သစ်သားအနံ့ကိုပင် ရနေသေးသည့် သစ်လွင်ကာ ကောင်းစွာ အလှဆင်ထားသော တံခါးများကို တွန်းဖွင့်လိုက်သည်။

တံခါးများ ပွင့်သွားသောအခါ အဓိကခန်းမဆောင်မှာ ပရိဘောဂများဖြင့် ကောင်းစွာ ပြင်ဆင်ထားပြီး နွေးထွေးသောအသွင် ရှိနေသည်။

စားပွဲများနှင့် ကုလားထိုင်များ ရှိနေကာ ၎င်းတို့အပေါ်တွင် အသုံးအဆောင်များအားလုံးကို တင်ထားလေသည်။

နံရံပေါ်တွင် ပန်းချီကားအချို့ ချိတ်ဆွဲထားသည်။

ထို့နောက် ခန်းမဆောင်၏ အလယ်ဗဟိုတွင်ကား သူ၏ ဖခင်ဖြစ်သူအတွက် ရည်စူးထားသော ပူဇော်စင်တစ်ခု ရှိနေပေသည်။

လင်းဖန်သည် ချက်ချင်းပင် လက်နှစ်ဖက်ကိုဆုပ်ကိုင်ကာ ဟိုဖူကို အရိုအသေပေးလိုက်လေသည်။

သူ၏ အိမ်သစ်အတွက် ကျေးဇူးတင်စကား ဆိုလိုက်ခြင်းပင်။

“ဒါက ကိစ္စမရှိပါဘူးကွာ။ ငါက ဟိုမင် မင်းကို ဒုက္ခမပေးဖို့ပဲ မျှော်လင့်တာပါ”

ဟိုဖူက သူ၏ဆေးတံမှ မီးခိုးများကို မှုတ်ထုတ်ရင်း ပြောလိုက်သည်။

ထိုအခါမှ လင်းဖန်သည် သူ၏အိမ်ကို ပြန်လည်ဆောက်လုပ်ပေးရန် ဟိုမင်အား အကူအညီတောင်းခဲ့ဖူးသည်ကို သတိရသွားတော့သည်။

သူက အလေးအနက် မထားခဲ့သော်လည်း ဟိုမင်က အံ့ဩဖွယ်ကောင်းလောက်အောင်ပင် တကယ်လက်တွေ့ အကောင်အထည်ဖော်ပေးခဲ့ခြင်း ဖြစ်သည်။

“အစ်ကိုလင်းဖန်၊ ကျွန်တော် ယုန်သား စားချင်တယ်”

ကလေးတစ်ယောက်က ရုတ်တရက် လင်းဖန်၏ ခြေထောက်နားသို့ ရောက်လာကာ ဖက်တွယ်ထားရင်း ပြောလိုက်သည်။

လင်းဖန် ငုံ့ကြည့်လိုက်သောအခါ ထိုကလေးမှာ ဦးလေးလျို၏သား လျိုဟန် ဖြစ်နေသည်။

မေဖုန်းသည် အလျင်အမြန် ပြေးလာပြီး လျိုဟန်ကို ဆွဲဖယ်လိုက်သည်။

“တောင်းပန်ပါတယ် လင်းဖန်ရယ်။ သူက မင်းကို အချိန်အတော်ကြာ လွမ်းနေခဲ့လို့ပါ”

မေဖုန်းက လျိုဟန်၏ တင်ပါးကို ရိုက်ချလိုက်ရင်း ပြောလိုက်လေသည်။

“ရပါတယ် အဒေါ်မေဖုန်းရဲ့။ ကျွန်တော်လည်း အန်တီ့လက်ရာတွေကို လွမ်းနေခဲ့တာပဲ”

လင်းဖန်က ပြောလိုက်သည်။

“ဒါဆို မင်းကန့်ကွက်စရာ မရှိဘူးဆိုရင် ဒီည ငါတို့ ညစာလာစားကြမယ်လေ။ မင်းရဲ့ မီးဖိုကို စပြီး အသုံးပြုရမှာပေါ့။ မီးဖိုဆောင်နတ်မင်းကို ဒီအိမ်မှာ လူနေနေပြီဆိုတာ သိအောင် သတင်းပို့ရမယ်”

ဦးလေးလျိုက သူ၏ပခုံးကို ပုတ်ရင်း ပြောလိုက်လေသည်။

လင်းဖန် ခေါင်းညိတ်လိုက်သည်။ အရာအားလုံးက အရင်အတိုင်းပင် ဖြစ်နေတော့မည်။

မကြာမီ လူတိုင်း ထွက်သွားကြပြီး ညစာစားချိန်သို့ ရောက်လာလေသည်။

မေဖုန်းက သူမပုံမှန်ချက်ပြုတ်နေကျ ဟင်းလျာများကို လျင်မြန်စွာ ဖန်တီးလိုက်ရာ အချိန်တိုအတွင်းမှာပင် ပူပူနွေးနွေး အစားအစာများ အဆင်သင့် ဖြစ်သွားချေပြီ။

“အခုတလော အမဲလိုက်ရတာ ဘယ်လိုနေလဲ”

လင်းဖန်က ပန်းကန်ထဲမှ အသားတစ်ဖတ်ကို ကောက်ယူရင်း မေးလိုက်သည်။

“အခြေအနေတွေ အကုန်အဆင်ပြေပါတယ်။ မင်း ထွက်သွားပြီးတဲ့နောက်မှာ ရွာသားတွေက ငါတို့ကို လက်ဆောင်တွေ အများကြီး ပေးကြတယ်။ မင်းကို မျက်နှာလိုမျက်နှာရ လုပ်ကြတာပေါ့”

ဦးလေးလျိုက ပြောလိုက်လေသည်။

“အရာအားလုံး အဆင်ပြေခဲ့ပါတယ်။ ဒါပေမဲ့...”

မေဖုန်းက စကားစလိုက်သော်လည်း ဆက်မပြောဘဲ ရပ်တန့်သွားသည်။

ထို့နောက် သူမက ဦးလေးလျိုကို အကဲခတ်သည့်အလား ခိုးကြည့်လိုက်သည်။

ဦးလေးလျိုက သူမကို စိုက်ကြည့်လိုက်ပြီး နှစ်ယောက်လုံး တိတ်ဆိတ်သွားကြလေသည်။

“ဘာဖြစ်လို့လဲ။ ကျွန်တော့်ကို ပြောပြပါ။ တတ်နိုင်သလောက် ကူညီပေးပါ့မယ်”

လင်းဖန်က ပြောလိုက်သည်။

“အင်း... မကြာသေးခင်ကအထိ အရာအားလုံး အဆင်ပြေနေခဲ့တာပါ။ ဒါပေမဲ့ မိစ္ဆာသားရဲတချို့က တောအုပ်ကို သိမ်းပိုက်လိုက်ပုံရတယ်”

All Chapters