← Chapters

အခန်း ၉၃

Vol. 10 Ch. 93

အခန်း ၉၃

Vol. 10 Ch. 93

အခန်း (၉၃) - မီးပုတ်သင်ကြီး

“မိစ္ဆာသားရဲ။ အဲဒါလေး နည်းနည်း ထပ်ရှင်းပြလို့ရမလား”

ဦးလေးလျို၏ စကားကို ကြားလိုက်ရချိန်တွင် လင်းဖန် စိတ်ဝင်စားသွားလေသည်။

“အဲဒီမိစ္ဆာသားရဲက တခြား တိရစ္ဆာန်တွေကို မောင်းထုတ်လိုက်တာကွ။ သူက ဒီနယ်မြေကို စိုးမိုးထားပုံရတယ်။ တခြားလူတွေ မြင်ခဲ့ရသလောက်ဆိုရင်တော့ အဲဒါက မီးပုတ်သင်ကြီးတစ်ကောင်ပဲတဲ့”

ဦးလေးလျိုသည် မတ်တတ်ထရပ်လိုက်ပြီး လက်နှစ်ဖက်ကို ဆန့်တန်းကာ ထိုအကောင်ကြီး မည်မျှကြီးမားကြောင်းကို လင်းဖန်အား ပြသလေသည်။

သို့သော် သူဆန့်တန်းထားသော လက်များထက် ပိုမိုကြီးမားနေမှန်း သတိပြုမိသွားချိန်တွင် ခေါင်းကိုသာ ခါယမ်းလိုက်တော့သည်။

နောက်ဆုံးတွင် လက်လျှော့လိုက်ကာ အခန်းဝမှ သူတို့ ထိုင်နေသည့်နေရာအထိ လက်ညှိုးထိုးပြလိုက်သည်။

“အဲဒီကောင်ကြီးက အဲဒီလောက်အထိတောင် ကြီးတာကွ”

အလျားဆယ်မီတာခန့် ရှိပေလိမ့်မည်။

“စိတ်မပူပါနဲ့။ ကျုပ် ဘာလုပ်ပေးလို့ရမလဲဆိုတာ သွားကြည့်လိုက်ပါ့မယ်”

လင်းဖန်က ပြောလိုက်သည်။

မီးပုတ်သင်တစ်ကောင်၊ ၎င်းမှာ သူ မျှော်လင့်ထားသည့်အရာပင်။

ပြန်လည်ကုစားနိုင်စွမ်းရှိသည့် မိစ္ဆာသားရဲတစ်ကောင် ဖြစ်ပေသည်။

ထို့နောက် ဦးလေးလျိုနှင့် မေဖုန်းတို့က သူ၏ ကူညီမှုအတွက် လင်းဖန်ကို ကျေးဇူးတင်စကား ဆိုကြလေသည်။

ညစာစားပွဲပြီးဆုံးသွားပြီးနောက် လင်းဖန်မှာ အိမ်သစ်တွင် တစ်သက်နှင့်တစ်ကိုယ် အကောင်းဆုံး အိပ်စက်ခြင်းကို ရရှိခဲ့တော့သည်။

နံနက်စာစားပြီးနောက် လင်းဖန်သည် ဟိုမင့်အိမ်ဘက်သို့ ထွက်လာခဲ့သည်။

သို့ရာတွင် ဟိုမင့်အိမ်၌ ဧည့်သည်များစွာကို မြင်လိုက်ရသဖြင့် ခြေလှမ်းများကို ရပ်တန့်လိုက်လေသည်။

ကုန်သည်များနှင့် အရာရှိများ ရောက်ရှိနေကြပြီး ဟိုဖူ၊ ဟိုမင်တို့နှင့်အတူ နံနက်စာ စားသုံးနေကြခြင်း ဖြစ်သည်။

လင်းဖန်သည် ခေါင်းခါယမ်းလိုက်ပြီး သူတို့ကို မနှောင့်ယှက်လိုတော့ချေ။

ယခင်က သူ ကြုံတွေ့ခဲ့ရသော အစည်းအဝေးများအားလုံးကို သွားရောက်သတိရမိသွားသည်။

လောလောဆယ်တွင်တော့ ဟိုမင့်ကို သူ လုံးဝ အားကျနေမည် မဟုတ်ပေ။

ထို့ကြောင့် တောအုပ်ထဲသို့ တစ်ယောက်တည်းသွားရန် ဆုံးဖြတ်လိုက်လေသည်။

…

မြေကွက်လပ်နေရာသို့ ဖြတ်သန်းသွားချိန်တွင် အတိတ်ကို လွမ်းဆွတ်တမ်းတမိသည့် ခံစားချက်တစ်ခု ပြန်လည်ဝင်ရောက်လာသည်။

ထိုနေရာသည် တောယုန်တစ်ကောင်ဖြင့် အရာအားလုံး စတင်ခဲ့ရာ နေရာပင်။

သို့သော် ယခုမူ ကွဲပြားသွားချေပြီ။ ပတ်ဝန်းကျင်၌ တောယုန် တစ်ကောင်တစ်မြီးကိုမျှ မမြင်ရတော့ချေ။

တောအုပ်အတွင်းပိုင်းသို့ ဝင်ရောက်သွားသည့်တိုင် အရာအားလုံးက ထိုအတိုင်းပင်။

တိတ်ဆိတ်ငြိမ်သက်နေသည်။

ငှက်တို့၏ တေးဆိုသံ၊ အဝေးမှ မျောက်များ၏အော်သံ တစ်ခုမှ မရှိပေ။

သေခြင်းတရား၏ တိတ်ဆိတ်မှုကြီးသာ ကြီးစိုးနေလေသည်။

လင်းဖန်က ဖားပြုတ်ရုပ်တုငယ်ထဲမှ တူများကို ဆွဲထုတ်ကာ အသင့်ပြင်လိုက်သည်။

ရွှပ်... ရှဲ...

ပထမဆုံးအနေဖြင့် ချုံပုတ်များကြားမှ လှုပ်ရှားသံကို ကြားလိုက်ရသည်။

ထို့နောက် မြေကြီး တုန်ခါသွားကာ သစ်ပင်များ ယိမ်းထိုးသွားလေသည်။

လည်ချောင်းထဲမှ ထွက်ပေါ်လာသည့် ဟိန်းဟောက်သံသဲ့သဲ့ကို ကြားလိုက်ရတော့သည်။

[ဒင်]

[ယုတ်မာသော ရည်ရွယ်ချက်ရှိသည့် မီးပုတ်သင်ကြီး ချဉ်းကပ်လာနေသည်ကို ရှာဖွေတွေ့ရှိပါသည်။]

[ကလဲ့စားချေအမှတ် ၁၈၀ ရရှိရန် ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်ပါ။]

ကလဲ့စားချေအမှတ်များကို မြင်လိုက်ရသောအခါ လင်းဖန် ယုံကြည်မှု ပိုရှိသွားလေသည်။

သူ၏ လက်ရှိ အဆင့် ၅ ရုပ်ခန္ဓာဖြင့် ၎င်းကို ကိုင်တွယ်နိုင်စွမ်း ရှိပေလိမ့်မည်။

ဂျုန်း...

မြေကြီး တုန်ခါသွားပြီးနောက် မီးပုတ်သင် ထွက်ပေါ်လာတော့သည်။

အရပ်နှစ်မီတာခန့်မြင့်မားကာ ခန္ဓာကိုယ်ကို ကျောက်တုံးများက ချပ်ဝတ်တန်ဆာများအလား ဖုံးလွှမ်းထားသည့် မီးပုတ်သင်ပင်။

ကျောက်ချပ်လွှာ အက်ကွဲကြောင်းများကြားတွင် တောက်ပနေသော ချော်ရည်ပူများ ရှိနေသည်။

ဘုန်း...

လင်းဖန်၏ အံ့ဖွယ်ခုန်ပျံခြင်း ကြောင့် ပေါက်ကွဲသံကြီး ထွက်ပေါ်လာကာ သူ၏ခန္ဓာကိုယ်က မြားတစ်စင်း ပစ်လွှတ်လိုက်သကဲ့သို့ ဖြစ်သွားလေသည်။

သူ၏ တူထဲသို့ ချီစွမ်းအင်များ စီးဆင်းစေလိုက်ပြီး ယင်ထိုးနှက်ချက်အတွက် အသင့်ပြင်လိုက်သည်။

ဒိုင်း...

သူက မီးပုတ်သင်ထံသို့ တူဖြင့် ထိုးချလိုက်သည်။ သို့ရာတွင် ရေခဲစူးမှာ ကျောက်ချပ်ဝတ်များနှင့် ထိခိုက်မိချိန်၌ အက်ကွဲသွားတော့သည်။

မီးပုတ်သင်က လှည့်လိုက်ကာ ၎င်း၏ အမြီးဖြင့် လင်းဖန်ကို ရိုက်ချလိုက်သည်။

ဖုန်း...

လင်းဖန်၏ ပခုံးကို ထိမှန်သွားကာ ဘေးဘက်သို့ လွင့်စင်သွားစေသည်။

သို့သော်ငြား ရိုက်ခတ်မှုက လင်းဖန်အား ထိခိုက်ဒဏ်ရာ မရစေခဲ့ပေ။

အဆင့် ၅ ရုပ်ခန္ဓာကြောင့် သူ၏ အရေပြား၊ အသားနှင့် အရိုးတို့မှာ ယခင်ကထက် နှစ်ဆပိုပြီး ကြံ့ခိုင်နေလေပြီ။

လင်းဖန် အထိအခိုက်မရှိသည်ကို မြင်လိုက်ရသော မီးပုတ်သင်ကြီးသည် လေကို ပြင်းပြင်းရှူသွင်းလိုက်ရာ ၎င်း၏ ဝမ်းဗိုက်ကြီးမှာ ပူဖောင်းတစ်လုံးကဲ့သို့ လုံးဝန်းဖောင်းကားလာလေသည်။

ထို့နောက် ဝမ်းဗိုက်မှာ ပြန်လည်ပြားချပ်သွားကာ ကျောက်ချပ်လွှာ အက်ကွဲကြောင်းများကြားမှ ပူပြင်းတောက်ပနေသော ချော်ရည်ပူများ ပန်းထွက်လာတော့သည်။

ဒေါင်...

လင်းဖန်က သူ၏တူများထဲသို့ ချီစွမ်းအင်များ ပို့လွှတ်လိုက်ပြီး ချော်ရည်ပူများကို ကာကွယ်ရန် တူများကို နှစ်ဆ ကြီးမားသွားစေလိုက်သည်။

ဝေါင်း...

၎င်း၏ တိုက်ခိုက်မှုအပြီးတွင် လင်းဖန်တစ်ယောက် မတ်တတ်ရပ်နိုင်ဆဲဖြစ်သည်ကို မြင်လိုက်ရသောမီးပုတ်သင်က သူ့ကို ဟိန်းဟောက်လိုက်လေသည်။

၎င်းက လှည့်လိုက်ပြီး လင်းဖန်ထံသို့ အမြီးဖြင့် ထပ်မံရိုက်ချလိုက်ပြန်သည်။

လင်းဖန်သည် ၎င်း၏အမြီးကို ယင်ယန်ရိုက်ချက်ဖြင့် အမြန်ဆုံး ဝင်ရောက်တိုက်ခိုက်လိုက်သည်။

ထိုနေရာတွင် အကာအကွယ်အကြေးခွံများ မရှိသည့်အတွက် အားအနည်းဆုံးနေရာတစ်ခု ဖြစ်တန်ကောင်းပေသည်။

ပူပြင်းသော ယန်ချီနှင့် အေးစက်သော ယင်ချီတို့ ဓာတ်ပြုသွားကြကာ ပေါက်ကွဲမှုတစ်ခု ဖြစ်ပေါ်လာလေသည်။

ဖတ်...

မီးပုတ်သင်၏ အမြီးမှာ ပြတ်ထွက်သွားချေပြီ။

ပြတ်ထွက်သွားသော အမြီးမှာ မြေပြင်ပေါ်တွင် ပြင်းထန်စွာ လူးလွန့်နေပြီး မြေကြီးနှင့် မြက်ပင်များကို လွင့်စင်သွားစေသည်။

ထို့နောက် ၎င်းက လင်းဖန်နှင့် ဝေးရာသို့ အမြန်လှည့်သွားကာ ၎င်း၏ဗိုက်မှာ တစ်ဖန် ပြန်လည်ဖောင်းကားလာပြန်သည်။

ဒေါင်...

ချော်ရည်ပူများက သူ့ထံသို့ ပန်းထွက်လာသော်လည်း သူက ထပ်မံ၍ ကာကွယ်နိုင်ခဲ့လေသည်။

ထိုအခိုက်တွင် လင်းဖန်သည် တစ်စုံတစ်ခု ဖြစ်ပျက်နေသည်ကို မြင်တွေ့လိုက်ရသည်။

မြေပြင်ပေါ်ရှိ သစ်ရွက်များ၊ မြက်ပင်များနှင့် မြေကြီးများအားလုံးသည် မီးပုတ်သင်၏ ခန္ဓာကိုယ်ပေါ်သို့ စုပ်ယူခြင်း ခံလိုက်ရသည်။

၎င်းတို့သည် တဖြည်းဖြည်း ညှိုးနွမ်းသွားကာ ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားချေသည်။

သက်စောင့်စွမ်းအင်များကို စုပ်ယူခံလိုက်ရခြင်းပင်။

အံ့ဖွယ်ကောင်းလှစွာဖြင့် မီးပုတ်သင်၏ အမြီးသည် တဖြည်းဖြည်းနှင့် အသစ်တစ်ဖန် ပြန်လည်ထွက်ပေါ်လာလေသည်။

လင်းဖန်၏ မျက်လုံးများ ပြူးကျယ်သွားကာ ထိုပြန်လည်ကုစားနိုင်သော စွမ်းရည်ကို အံ့ဩမှင်တက်သွားတော့သည်။

ဤအရာကို သူ ရအောင်ယူရပေမည်။

သူသည် လက်ထဲတွင် တူများကို ကိုင်ဆောင်ထားရင်း မီးပုတ်သင်ကို မည်သို့ အနိုင်ယူရမည်ကို စဉ်းစားလိုက်သည်။

အမြီးကဲ့သို့ပင် ၎င်း၏ဦးခေါင်းတွင် ကျောက်တုံးအကာအကွယ် အကြေးခွံများ မရှိပေ။

လင်းဖန်သည် ထိုနေရာကို အာရုံစိုက်တိုက်ခိုက်ရပေလိမ့်မည်။

ဘုန်း...

လင်းဖန်သည် လေထဲသို့ ခုန်တက်လိုက်ကာ တူနှစ်လက်လုံးကို မီးပုတ်သင်၏ ဦးခေါင်းဆီသို့ ထိုးသွင်းလိုက်သည်။

သို့သော်ငြား ၎င်းက လှည့်ရှောင်လိုက်သဖြင့် လင်းဖန်၏ တိုက်ကွက်မှာ ၎င်း၏အကာအကွယ် အကြေးခွံများပေါ်သို့သာ ကျရောက်သွားချေသည်။

ဒုတ်...

ထိုရိုက်ခတ်မှုအရှိန်ကြောင့် လင်းဖန်၏ လက်များပင် ထုံကျင်သွားရသည်။

သူ့လက်ထဲမှ တူများပင် လွတ်ကျသွားမတတ် ဖြစ်သွားရလေသည်။

ဘုန်း...

လင်းဖန်က ထပ်မံကြိုးစားလိုက်ပြန်ကာ ယခုတစ်ကြိမ်တွင်မူ ၎င်း၏ကျောပေါ်သို့ ခုန်တက်လိုက်သည်။

မီးပုတ်သင်သည် မြင်းတစ်ကောင်က ဒုန်းစိုင်းပြေးလွှားကာ နောက်ခြေများဖြင့် ကန်ကျောက်နေသကဲ့သို့ အထက်အောက် ခုန်ပေါက်နေတော့သည်။

လင်းဖန်ကို ၎င်း၏ကျောပေါ်မှ ပြုတ်ကျသွားစေရန် အစွမ်းကုန် ကြိုးစားနေခြင်းပင်။

ထိုဆောင့်ရုန်းမှုအရှိန်ကြောင့် လင်းဖန်မှာ မြေပြင်ပေါ်သို့ ပြုတ်ကျလုနီးပါးဖြစ်သွားသော်လည်း အကာအကွယ် အကြေးခွံတစ်ခုကို တင်းကြပ်စွာ ဖမ်းဆုပ်ထားလိုက်သည်။

ချော်ရည်ပူများ ပိုမိုတောက်ပလာသည်ကို လင်းဖန် မြင်လိုက်ရသည်။ ၎င်းမှာ မီးပုတ်သင်၏ ခန္ဓာကိုယ်ထဲမှ ချော်ရည်များ ပန်းထွက်လာတော့မည့် ရှေ့ပြေးလက္ခဏာပင် ဖြစ်လေသည်။

ဘုန်း...

လင်းဖန်သည် မီးပုတ်သင်၏လည်ပင်းဆီသို့ အလျင်အမြန် ခုန်ကူးလိုက်နိုင်ကာ အပေါ်သို့ ရောက်ရှိသွားလေသည်။

သူသည် တူကိုအသုံးပြု၍ ယင်ထိုးနှက်ချက်ဖြင့် ၎င်း၏လည်ပင်းကို ထိုးစိုက်ချလိုက်သည်။

အေးခဲလွန်းလှသော အအေးဓာတ်ကြောင့် မီးပုတ်သင်မှာ နောက်သို့ ဆုတ်ခွာသွားကာ လင်းဖန်ကို ဖယ်ရှားပစ်ရန် ကြိုးပမ်းတော့သည်။

လင်းဖန်သည် ယင်ယန် ကြက်ခြေခတ်ရိုက်ချက်ကို ဆက်လက်အသုံးပြုလိုက်လေသည်။

ဝေါင်း...

၎င်းမှာ နာကျင်စွာဖြင့် ဟိန်းဟောက်ရုံမှလွဲ၍ ဘာမျှ သိပ်မလုပ်နိုင်တော့ပေ။

ဆန့်ကျင်ဘက်ဖြစ်သော ချီစွမ်းအင်နှစ်ခု ဓာတ်ပြုသွားကာ ဘုန်းခနဲ ပေါက်ကွဲသွားတော့သည်။

မီးပုတ်သင်၏ လည်ပင်းမှာ ပေါက်ကွဲပွင့်ထွက်သွားပြီး ဧရာမအပေါက်ကြီးတစ်ခု ထွက်ပေါ်လာလေသည်။

လင်းဖန်သည် ထိုဒဏ်ရာမှာ ချက်ချင်း ပြန်လည်ပိတ်ဟသွားသည်ကို မြင်လိုက်ရသည်။

ထို့ကြောင့် သူက ယင်ယန် ကြက်ခြေခတ်ရိုက်ချက်ဖြင့် ထပ်မံ ရိုက်ချလိုက်ပြန်သည်။

ဖွပ်...

ယခုတစ်ကြိမ်တွင်မူ လည်ပင်းမှာ အသားတစ်ဝက်ခန့် လွင့်စင်သွားကာ ပွင့်ထွက်သွားချေပြီ။

ထို့နောက် ၎င်းက တစ်ဖန် ပြန်လည်ကုစားနေပြန်သည်။

လင်းဖန်က လည်ပင်းကို ယင်ယန် ကြက်ခြေခတ်ရိုက်ချက်ဖြင့် နှစ်ချက်ဆက်တိုက် ထပ်မံရိုက်ချလိုက်တော့သည်။

ဘုန်း...

ယခုတစ်ကြိမ်တွင်မူ ကျယ်လောင်သော ပေါက်ကွဲသံကြီးတစ်ခု ထွက်ပေါ်လာလေသည်။

မီးပုတ်သင်၏ ဦးခေါင်းသည်လည်း မြေပြင်ပေါ်သို့ ပြုတ်ကျသွားတော့သည်။

ဘုတ်...

မီးပုတ်သင်မှာ လှုပ်ရှားမှု ရပ်တန့်သွားကာ မြေပြင်ပေါ်သို့ လဲကျသွားချေပြီ။

သစ်တောတစ်ခုလုံး ပဲ့တင်ထပ်သွားလောက်အောင် ကျယ်လောင်သော အသံကြီး ထွက်ပေါ်လာလေသည်။

လင်းဖန်၏ စိတ်ထဲတွင် ရင်းနှီးနေသော အသံတစ်ခု ထွက်ပေါ်လာသည်။

[ဒင်... ယုတ်မာသော ရည်ရွယ်ချက်ရှိသူကို သုတ်သင်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူပါသည်။]

[ကလဲ့စားချေအမှတ် + ၁၈၀]

[လက်ရှိ ကလဲ့စားချေအမှတ် - ၉၆၀]

စနစ်၏ အချက်အလက်ပြဇယားကို မြင်လိုက်ရသောအခါ လင်းဖန်သည် ကျေနပ်စွာဖြင့် ပြုံးလိုက်တော့သည်။

All Chapters