← Chapters

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း ၁၃၁

Vol. 14 Ch. 131

အခန်း (၁၃၁) လမ်းပေါ်တွင် နတ်ဆိုးနှိမ်နင်းရေးဌာနမှ လူတစ်ထောင်ကို သတ်ဖြတ်ခြင်းသည် သေလမ်းရှာခြင်းပင်

မြို့တော်သို့ ရောက်ရှိချိန်၌ ချင်လော့က မဟာချင်အင်ပါယာ၏ မြို့တော်ကို ကြည့်ကာ အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့၏။

သူ မြို့တော်သို့ ပထမဆုံး ရောက်လာချိန်က မင်းသားဟူသော ဘွဲ့အမည်ဖြင့် သာမန်လူတစ်ယောက်မျှသာ ဖြစ်ပြီး သူ့ကို လူအများကြီးက ဂရုမစိုက်ခဲ့ကြချေ။

သူ ပြန်လာချိန်၌ သူက သိသိသာသာ အာဏာကို ရရှိခဲ့ပြီး လူအများအပြား၏ မျက်စိစူးစရာ ဖြစ်လာခဲ့လေပြီ။

သူ့ကို ထောက်ခံနေသော တန်ခိုးကြီးမားသည့် အင်အားစုများစွာ ရှိလေသည်။

ချင်လော့ တစ်ယောက်တည်းဖြင့် ထိပ်တန်းအဆင့် မိသားစုတစ်ခုကို ထောက်ပံ့ပေးရန် လုံလောက်သည်ဟု ဆိုနိုင်ပေ၏။

"သွားကြစို့!... မြို့ထဲ ဝင်မယ်"

ချင်လော့က သူ၏ လက်ကို ဝှေ့ယမ်းလိုက်ပြီး နတ်ဆိုးနှိမ်နင်းရေးဌာနမှ သူ၏ လက်ပါးစေများကို ဦးဆောင်ကာ မြို့ထဲသို့ ဝင်ရောက်သွားခဲ့လေသည်။

ဤခရီးတွင် သူက လီယီ၊ စစ်မာဟောက်နှင့် နတ်ဆိုးနှိမ်နင်းရေးဌာနမှ လက်အောက်ငယ်သား အနည်းငယ်ကိုသာ ခေါ်ဆောင်လာခဲ့ခြင်း ဖြစ်ပေ၏။

စုချန်ချန်နှင့် အခြားသူများမှာ ဤနေရာတွင် မရှိကြချေ။

သူတို့အားလုံးက ထိုက်ရွှီမြင့်မြတ်နယ်မြေသို့ သွားခဲ့ကြလေသည်။

နောင်တဓားချောက်ကမ်းပါးမှ လိုဏ်ဂူကောင်းကင်အဆင့်ရှိ ထိုသူများက ပေးအပ်ထားသော အရင်းအမြစ်များဖြင့် သူတို့၏ အထွတ်အထိပ် အဆင့်တက်ခြင်းကို စတင်နေကြပြီဖြစ်ပြီး သူတို့ သူတော်စင်အဆင့်သို့ ရောက်ရှိရန် အချိန်သိပ်ကြာမည် မဟုတ်ချေ။

ဖန်ချင်းနှင့် ပတ်သက်၍မူ သူမက အိပ်ပျော်နေဆဲ ဖြစ်သော်လည်း သူမ၏ ကျင့်ကြံမှုအဆင့်က မြန်ဆန်စွာ တိုးတက်နေခဲ့လေသည်။

ချင်လော့၏ အမိန့်အရ လီမို၏ မာယာတစ်သောင်းဓားဂိုဏ်းက ကောင်းကင်တာအိုမဟာမိတ်အဖွဲ့သို့ ဝင်ရောက်ရန် တက်ကြွစွာ စီစဉ်နေပေ၏။

လင်းဟောက်၏ တိတ်တဆိတ် ကြားဝင်စေ့စပ်ပေးမှုဖြင့် အများကြီး ပြဿနာ ဖြစ်မည် မဟုတ်ချေ။

ကောင်းကင်ကပ်ဘေးနန်းတော်ကလည်း ဆက်လက်၍ သီးသန့်နေဟန်ဆောင်နေခဲ့လေသည်။

နတ်လက်နက်တောင်ကြားနှင့် တန်ဆေးဂိုဏ်းမှ လူများက အခြေခံအားဖြင့် ဖော်ထုတ်ခံလိုက်ရပြီးဖြစ်ရာ သူတို့၏ ဂိုဏ်းမှ ထိုက်ရွှီမြင့်မြတ်နယ်မြေသို့ ပြောင်းရွှေ့သွားခဲ့ကြ၏။

ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ ပထဝီဝင် အနေအထားမှာ အလွန် အရေးကြီးလေသည်။

ထိုက်ရွှီမြင့်မြတ်နယ်မြေသည် မဟာချင်အင်ပါယာ၏ နယ်မြေနှင့် အတော်လေး နီးကပ်ပြီး မဟာချင်အင်ပါယာ၏ စစ်စခန်းသို့ ရောက်ရှိရန် နေ့တစ်ဝက်ပင် မကြာချေ။

စစ်ဖန်စစ်သူကြီး ဖန်ရှင်းက ထိုက်ရွှီမြင့်မြတ်နယ်မြေနှင့် မဝေးလှသော နေရာတွင် တပ်များ ချထားပြီး စစ်သူကြီး ကျန်းတိုကလည်း ခွင့်ပြုချက် တောင်းခံပြီးနောက် ထိုက်ရွှီမြင့်မြတ်နယ်မြေ အနီးသို့ တပ်များ ရွှေ့ပြောင်းရန် အမိန့်ရရှိခဲ့လေသည်။

ထိုက်ရွှီမြင့်မြတ်နယ်မြေ၏ ယာယီ မြင့်မြတ်သခင် ချင်လော့က ထိုက်ရွှီမြင့်မြတ်နယ်မြေနှင့် မဟာချင်အင်ပါယာတို့သည် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှုနှင့် မဟာမိတ်အဖွဲ့ကို တည်ထောင်မည်ဖြစ်ကြောင်း ကြေညာခဲ့၏။

တောင်စောင့်ဘုရင်ကလည်း အလွယ်တကူ သဘောတူခဲ့ပေသည်။

မဟာချင်အင်ပါယာ မြို့တော်၏ နဂါးကန်နှင့် ကျားတွင်းထဲသို့မူ ချင်လော့ ကိုယ်တိုင် ဝင်ရောက်ရန် စီစဉ်ထားလေသည်။

‘ဒေါက်... ဒေါက်... ဒေါက်…’

ချင်လော့နှင့် သူ၏ အဖော်များ မြို့ထဲသို့ ဝင်ရောက်လာချိန်၌ လူအများအပြား၏ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်ခဲ့၏။

အထူးသဖြင့် နတ်ဆိုးနှိမ်နင်းရေးဌာနမှ အဖွဲ့ဝင်များက အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ကြသည်။

ချင်လော့ ပေါ်လာသည်နှင့် တစ်ပြိုင်နက် သူတို့ထဲမှ လူတစ်စုက အပြေးအလွှား ထွက်လာပြီး ချင်လော့၏ လမ်းကို ပိတ်ဆို့လိုက်လေသည်။

"နတ်ဆိုးနှိမ်နင်းရေးဌာန အကြီးအကဲ လျိုရှန်က နဝမမင်းသားကို တွေ့ဆုံပါတယ်"

"အရှင်မင်းသား!"

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ချင်လော့ကို အရိုအသေပေးလိုက်၏။

"နတ်ဆိုးနှိမ်နင်းရေးဌာန၊ တာ့လီကျောင်းတော်နဲ့ တရားရေးဝန်ကြီးဌာနတို့က နတ်ဆိုးနှိမ်နင်းရေးဌာနမှာ အရှင်မင်းသားကို စောင့်နေတာ အတော်ကြာပါပြီ"

"အရှင်မင်းသား... ကျွန်တော်နဲ့ လိုက်ခဲ့ပါ"

သူ၏ လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ သူ၏ လူများက ချင်လော့နှင့် သူ၏ အဖွဲ့ကို ဝိုင်းရံလိုက်ကြလေသည်။

မြို့ထဲတွင် ချင်လော့ကို ဖိနှ်မ်သည့် အကြောင်းရင်းမှာ ချင်လော့၏ အစစ်အမှန် အဆင့်အတန်းကို ဖော်ထုတ်ရန်နှင့် ချင်လော့သည် ယခုအခါ အကျဉ်းသားတစ်ဦး ဖြစ်နေကြောင်း လူတိုင်းကို မြင်စေရန် ဖြစ်ပေ၏။

အကယ်၍ အနောက်တွင် ကြိုးကိုင်နေသူ မရှိဘူးဟု ပြောပါက ချင်လော့ လုံးဝ ယုံကြည်မည် မဟုတ်ချေ။

ချင်လော့က မြင်းပေါ်တွင် ထိုင်ကာ လျိုရှန်ကို ငုံ့ကြည့်ရင်း တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ငါ့လမ်းကနေ ဖယ်!... ငါ ဒုတိယအကြိမ် ထပ်မပြောဘူး"

လျိုရှန်က မတုန်မလှုပ်ဘဲ လမ်းအလယ်တွင် ခိုင်မာစွာ ရပ်နေခဲ့၏။

"နဝမမင်းသား"

"အရှင်မင်းသား... ကျွန်တော်တို့က အမိန့်အရ လုပ်ဆောင်နေတာပါ... ကျေးဇူးပြုပြီး နဝမမင်းသား"

"အရှင်မင်းသား... ကျွန်တော်တို့ကို အခက်မတွေ့စေပါနဲ့"

သူ စကားပြောနေစဉ် သူ၏ လက်ထဲတွင် စာရွက်စာတမ်းတစ်ခုကို ချက်ချင်း ထုတ်ပြလိုက်လေသည်။

"နဝမမင်းသား ချင်လော့... လုပ်ကြံစွပ်စွဲချက်တွေနဲ့ ကိုယ်ကျိုးအတွက် မိသားစုတစ်ခုလုံးကို သုတ်သင်ပစ်ခဲ့တယ်လို့ သံသယရှိတဲ့အတွက် နတ်ဆိုးနှိမ်နင်းရေးဌာနက သူ့ကို ဖမ်းဆီးပြီး စစ်ဆေးမေးမြန်းဖို့ အမိန့်ချမှတ်လိုက်ပြီ"

"နဝမမင်းသား... အရှင်မင်းသား... ကျေးဇူးပြုပြီး မြင်းပေါ်က ဆင်းပါ"

လျိုရှန်၏ အသံသည် ရုတ်တရက် အေးစက်ကြမ်းရှလာခဲ့ပြီး သူ၏ လက်ထဲရှိ ဓားလက်ကိုင်ကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။ ထိုအမူအရာက ချင်လော့ကို တိုက်ခိုက်ရန် အချိန်မရွေး ပြင်ဆင်ထားကြောင်းကို အထင်အရှား ဖော်ပြနေခဲ့၏။

လိုဏ်ဂူကောင်းကင်အဆင့် ၉ ၏ ကြောက်မက်ဖွယ် အငွေ့အသက်များမှာ သူ၏ ခန္ဓာကိုယ်မှ အရူးအမူး ပေါက်ကွဲထွက်လာခဲ့ပြီး တစ်ဖက်လူက ဤတစ်ကြိမ်အတွက် ကြိုတင် စီစဉ်ထားကြောင်းကို ပြသနေခဲ့သည်။

ချင်လော့၏ ပုံမှန်မဟုတ်သော အစွမ်းများကြောင့် သူ စေလွှတ်လိုက်သည့် သူများမှာ နတ်ဆိုးနှိမ်နင်းရေးဌာန၏ အထက်တန်းအဆင့် တပ်မှူးများသာ ဖြစ်ကြလေသည်။

ချင်လော့က သူ၏ မြင်းကို ရှေ့သို့ တွန်းပို့လိုက်ပြီး သူ့ရှေ့ရှိ လျိုရှန်ကို ငုံ့ကြည့်ကာ စကားတစ်ခွန်းမျှ မပြောဘဲ ခပ်တည်တည်ဖြင့် ထွက်သွားရန် ပြင်လိုက်၏။

လျိုရှန်၏ မျက်နှာက ချက်ချင်း မည်းမှောင်သွားပြီး သူက ချက်ချင်း အမိန့်ပေးလိုက်သည်။

"လူတိုင်းကို တားပြီး စစ်ဆေးမေးမြန်းဖို့ နတ်ဆိုးနှိမ်နင်းရေးဌာနကို ခေါ်သွား!”

သူ စကားပြောနေစဉ် ချင်လော့ကို ချက်ချင်း တိုက်ခိုက်လိုက်ပြီး သူ၏ ဓားဖြင့် ခုတ်ချကာ ချင်လော့၏ မြင်းခေါင်းကို ချိန်ရွယ်လိုက်လေသည်။

'ဝှစ်!'

တောက်ပသော အလင်းတန်းတစ်ခု လင်းလက်သွားပြီး လူအများအပြားက မသိစိတ်မှ သူတို့၏ မျက်လုံးများကို မှိတ်လိုက်ကြ၏။

ထိုအခိုက်အတန့်တွင် ချင်လော့က လှုပ်ရှားလိုက်သည်။

ဓားကို ဆွဲထုတ်လိုက်သည့် အသံနှင့်အတူ သူ၏ အေးစက်သော အသံက လမ်းတစ်ခုလုံး၌ ပဲ့တင်ထပ်သွားခဲ့သည်။

"အမိန့်ဖီဆန်တဲ့သူ... သေရမယ်!"

ထို့နောက် သူက သတ်ဖြတ်လိုစိတ်အပြည့်ဖြင့် အော်ဟစ်လိုက်၏။

"မင်းသားတစ်ပါးကို လူပုံလယ်မှာ လုပ်ကြံရဲတယ်ဆိုတာ ပုန်ကန်တာနဲ့ အတူတူပဲ!... သူ့ကို ချက်ချင်း သတ်စမ်း!"

ဓားချီက ကောင်းကင်သို့ ထိုးတက်သွား၏။

လူအများအပြားက ချင်လော့ရှိရာဘက်သို့ မသိစိတ်မှ လှမ်းကြည့်လိုက်ကြပြီး အချို့လူများ၏ အမူအရာများမှာ အထူးသဖြင့် လေးနက်သွားခဲ့လေသည်။

"သေချာပေါက် ဓားဆန္ဒပဲ"

"ကြောက်စရာကောင်းတဲ့ ဓားကျင့်ကြံသူ... ချင်လော့ရဲ့ ပါရမီကို သာမန် စံနှုန်းတွေနဲ့ အကဲဖြတ်လို့ မရဘူး"

အနီးအနားတွင် ရပ်နေသော လျိုရှန်က ချင်လော့၏ ကြောက်မက်ဖွယ်ကောင်းမှုကို ပို၍ပင် ခံစားလိုက်ရ၏။

သူက အော်ဟစ်လိုက်သည်။

"ဖွင့်စမ်း!"

သူက ချင်လော့၏ ဓားကို တားဆီးရန် ကြိုးစားခဲ့သော်လည်း ချင်လော့၏ ဓားချီနှင့် ထိပ်တိုက်တွေ့ချိန်၌ ဤနဝမမင်းသားရှေ့တွင် သူ၏ လိုဏ်ဂူကောင်းကင်အဆင့် ၉ ကျင့်ကြံမှုမှာ လုံးဝ အရေးမပါကြောင်း သူ သဘောပေါက်လိုက်လေသည်။

"ရထားလုံးကို တားဖို့ ကြိုးစားနေတဲ့ ပုရွက်ဆိတ်လိုပဲ... ကိုယ့်အင်အားကိုယ် လုံးဝ အထင်ကြီးနေတာပဲ"

"မင်းရဲ့ နောက်ဘဝမှာ မှတ်ထားပါ... အရမ်း စကားနားမထောင်နဲ့... တခြားသူတွေရဲ့ လက်နက်ဖြစ်ခွင့် မပေးနဲ့"

‘ဝှစ်’ခနဲ အသံနှင့်အတူ လျိုရှန်၏ ခေါင်းက ပြတ်ကျသွားပြီး မြေပြင်ပေါ်သို့ အသံမြည်ကာ လိမ့်ဆင်းသွားခဲ့လေသည်။

ချင်လော့က သူ၏ ချင်းဖုန်းဓားကို ဓားအိမ်ထဲ ပြန်ထည့်လိုက်ပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်ကာ လေးနက်သော အသံဖြင့် ပြောဆိုလိုက်၏။

"နတ်ဆိုးနှိမ်နင်းရေးဌာနက လုံးဝ ယိုယွင်းနေပြီ ထင်တယ်... တစ်ယောက်ယောက်က လမ်းအလယ်မှာ ဒီမင်းသားကို လုပ်ကြံဖို့ တကယ်ပဲ ရဲတင်းခဲ့တာပဲ"

"ဥပဒေဆိုတာ မရှိတော့ဘူးလား... တရားမျှတမှုဆိုတာ မရှိတော့ဘူးလား"

"ဒီနေ့ ငါ မင်းသားက နတ်ဆိုးနှိမ်နင်းရေးဌာနကို သွားပြီး ရှင်းပြချက်တစ်ခု တောင်းဆိုရမယ်"

"ငါ့နောက်လိုက်ခဲ့!... ငါ့ကို လုပ်ကြံဖို့ ကြိုးစားရဲတဲ့သူ ဘယ်သူ့ကိုမဆို တွေ့ရင် သနားညှာတာမှု ကင်းမဲ့စွာ သတ်ပစ်!"

ချင်လော့ ထွက်သွားပြီးနောက် ကြီးမားသော အုတ်အော်သောင်းနင်းမှုတစ်ခု ချက်ချင်း ဖြစ်ပေါ်လာခဲ့လေသည်။

"ဒါက စိတ်ဝင်စားစရာ ဖြစ်လာပြီ... ပြီးခဲ့တဲ့အကြိမ်တုန်းက ဒီနဝမမင်းသားက တော်တော်လေး ဆူပူအုံကြွမှု ဖြစ်စေခဲ့တယ်... ဒီတစ်ကြိမ်ရော သူ ဘာမှမထိခိုက်ဘဲ လွတ်လာပါ့မလားလို့ မင်း ထင်လဲ"

"မထိခိုက်ဘဲ လွတ်လာရမယ် ဟုတ်လား... မင်း နောက်နေတာလား... သူ့ကို ဖယ်ရှားချင်တဲ့သူက ဘယ်သူလဲဆိုတာ မင်း သိလား... ရှန်ဝူစစ်သူကြီးက စကားပြောထားပြီးပြီ... တောင်စောင့်ဘုရင်ကလည်း ဒီကိစ္စကို အာရုံစိုက်နေတယ်ဆိုတာ မင်း သိလား"

"မြောက်ပိုင်းမန်က တန်ခိုးကြီးမားတဲ့ စစ်သူကြီးတစ်ယောက် ရသွားတယ်လို့ တောင်စောင့်ဘုရင်ကလည်း ပြောထားသေးတယ်... ပြီးတော့ ဒီကိစ္စက နဝမမင်းသား ချင်လော့နဲ့ ခွဲခြားမရအောင် ဆက်စပ်နေတယ်... သွယ်ဝိုက်တဲ့ အဓိပ္ပာယ်ကတော့ နဝမမင်းသားက မြောက်ပိုင်းမန်နဲ့ ပူးပေါင်းပြီး ယင်းဝူစစ်သူကြီးကို ထွက်သွားအောင် ဖိအားပေးခဲ့တယ်ဆိုတာပဲ"

"ပြီးတော့ တတိယမင်းသားက ပြင်းပြင်းထန်ထန် ဒဏ်ရာရထားပေမဲ့ ချင်လော့ကို စစ်ဆေးမေးမြန်းမှုကို သေချာအောင် မြို့တော်ကို ကိုယ်တိုင် ရောက်လာခဲ့တယ်"

"မင်းသမီးကလည်း အင်ပါယာမျိုးနွယ်တရားရုံးကို သီးသန့် ညွှန်ကြားထားသေးတယ်... တကယ်လို့ နတ်ဆိုးနှိမ်နင်းရေးဌာနက ချင်လော့ကို မဆုံးမနိုင်ရင် အင်ပါယာမျိုးနွယ်တရားရုံးက သူ့ကို သေချာ ဆုံးမပေးလိမ့်မယ်တဲ့"

"သူ့ရဲ့ တန်ခိုးကြီးမားတဲ့ ကျောထောက်နောက်ခံက ပျောက်ဆုံးနေတုန်းပဲ... ပြီးတော့ သူ့ကံကြမ္မာကလည်း အမည်မသိ ဖြစ်နေသေးတယ်... အခု သူ့ကို ဘယ်သူက လေးစားသေးလဲလို့ မင်း ထင်လဲ"

"သူက နတ်ဆိုးနှိမ်နင်းရေးဌာနက တပ်မှူးတစ်ယောက်ကို မာနကြီးကြီးနဲ့ သတ်ခဲ့တာလေ... ဒါက သူ့ရဲ့ နောက်ဆုံး ရူးသွပ်မှုပဲလို့ ငါ ထင်တယ်"

"မင်းက အရေးကြီးတဲ့ ပြဿနာတစ်ခုကို လျစ်လျူရှုမထားဘူးလား... အဲဒီ လျိုရှန်က လိုဏ်ဂူကောင်းကင်အဆင့် ၉ မှာ ရှိတဲ့ အစွမ်းထက်တဲ့ကျင့်ကြံသူတစ်ယောက်လေ... ဒါပေမဲ့ သူ့ကို နဝမမင်းသားက တစ်ယောက်တည်း သတ်လိုက်တာ... အဲဒါက ဘာကို သက်သေပြနေလဲ"

ဤသည်ကို ကြားချိန်၌ လူအများအပြား၏ မျက်နှာများ ပြောင်းလဲသွားခဲ့လေသည်။

"သူတော်စင်အဆင့် တိုက်ခိုက်ရေးစွမ်းအား!"

"နဝမမင်းသားက သူတော်စင်တစ်ပါးနဲ့ နှိုင်းယှဉ်လို့ ရနေပြီလား... ဒါမှမဟုတ် သူက သူတော်စင်အဆင့်ကို ရောက်နေပြီလား”

"သူက မွေးရာပါ သေမျိုးခန္ဓာ မဟုတ်ဘူးလား... ဘယ်လိုလုပ် ဒီလောက် ပါရမီရှင် ဖြစ်နေရတာလဲ"

"ငါတို့ရဲ့ မဟာချင်အင်ပါယာကို စစ်အင်အားနဲ့ တည်ထောင်ခဲ့တာလေ... နဝမမင်းသား ချင်လော့က ဒီလောက် ပါရမီရှိနေတာ... အရှင်မင်းကြီးက တခြားသူတွေကို နဝမမင်းသားကို ဖိနှိပ်ခွင့် ပြုမယ်လို့ မင်း ထင်လား"

ဤအခိုက်အတန့်တွင် အမျိုးသားတစ်ဦးက ဖြည်းညင်းစွာ ပြောဆိုလာခဲ့၏။

"မြို့စားကြီး သုံးဦးက အခု အင်ပါယာကို ဘာလို့ တာဝန်ယူထားလဲဆိုတာ မင်းတို့ သိလား"

"အဲဒါက အရှင်မင်းကြီး သီးသန့်ကျင့်ကြံနေလို့လေ"

"ဒါကြောင့် ဒီလို ကျင့်ကြံမှုနဲ့ ပါရမီကို ပြသခဲ့တဲ့ နဝမမင်းသားက လူအများအပြားရဲ့ မျက်စိစူးစရာ ဖြစ်လာခဲ့တာပေါ့"

"ဒါက သူ့ကို ဖိနှိပ်ဖို့ အကောင်းဆုံး အခွင့်အရေးပဲ"

"သူ့ရဲ့ စစ်မှန်တဲ့ စွမ်းရည်တွေကို မဖုံးကွယ်နိုင်လို့ ချင်လော့က မာနကြီးပြီး အထက်စီးဆန်လာတယ်... သူ့ရဲ့ ပါရမီနဲ့ ကျင့်ကြံမှုကိုတောင် ထုတ်ဖော်ပြသလိုက်တယ်... အခု ဒါက သူက သေလမ်းရှာနေတာပဲ"

All Chapters