← Chapters

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း ၁၃၈

Vol. 14 Ch. 138

အခန်း (၁၃၈) အခြေအနေ ရုတ်ခြည်း ပြောင်းလဲသွားခြင်း၊ ရုပ်ခန္ဓာကိုယ် အဆင့်တက်ခြင်း

အချိန်များ ကုန်လွန်သွားပြီး မျက်တောင်တစ်ခတ်အတွင်း ငါးနှစ် ကုန်လွန်သွားခဲ့လေပြီ။

တောင်တန်းတစ်သောင်းနယ်မြေ၏ မြေမျက်နှာသွင်ပြင်မှာ ကြီးမားသော အသွင်ကူးပြောင်းမှုတစ်ခု ဖြစ်ပေါ်ခဲ့၏။

မဟာနတ်ဆိုးဂိုဏ်း တစ်ခုလုံး အသတ်ခံခဲ့ရပြီး ငါးနှစ်တာ ထွက်ပြေးပုန်းရှောင်နေစဉ်အတွင်း နတ်ဆိုးမျိုးနွယ်စုကြောင့် လူတစ်သန်းကျော် အသတ်ခံခဲ့ရပေသည်။

အစပိုင်းတွင် နတ်ဆိုးဂိုဏ်းက ကောင်းကင်တာအိုမဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုများကို ခုခံနိုင်ခဲ့သော်လည်း ကံမကောင်းစွာဖြင့် သစ္စာဖောက်များ၏ သစ္စာဖောက်ခြင်းကို ခံရကာ အစီအရင် ဖျက်ဆီးခံလိုက်ရပြီး နတ်ဆိုးဂိုဏ်း ပျက်စီးသွားခဲ့လေသည်။

သူတော်စင်မလေး ရဲ့လင်းရွှမ်နှင့် ပျောက်ဆုံးနေသော အကြီးအကဲအနည်းငယ်မှလွဲ၍ ကျန်သူများအားလုံး အသက်မရှင်နိုင်ခဲ့ကြချေ။

တစ္ဆေဘုရင်ဂိုဏ်း၊ နတ်ဆိုးမီးတောက်ဂိုဏ်း၊ သွေးနတ်ဆိုးဂိုဏ်းနှင့် ဝိညာဉ်ဝါးမြိုခြင်းဂိုဏ်း အပါအဝင် မြင့်မြတ်နယ်မြေအဆင့် ဂိုဏ်းဆယ့်ခုနစ်ခု သုတ်သင်ခံလိုက်ရ၏။

တောင်တန်းတစ်သောင်းနယ်မြေအတွင်းတွင် နတ်ဆိုးလမ်းစဉ် ဂိုဏ်းများ မရှိတော့ချေ။

တစ်ခဏမျှ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့သည် ရှေ့တန်းသို့ ရောက်ရှိလာပြီး ကြီးမားသော ဂုဏ်ကျက်သရေကို ခံစားနေရပေသည်။

မြင့်မြတ်နယ်မြေ ဂိုဏ်းအများအပြားက ကောင်းကင်တာအိုမဟာမိတ်အဖွဲ့သို့ ဝင်ရောက်လာကြပြီး ဝိညာဉ်ခန်းမက ဆက်ခံသူများအဖြစ် ပေါ်ထွက်လာကာ ဝိညာဉ်ခန်းမသခင်များက ကောင်းကင်တာအိုမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်များအဖြစ် ဦးဆောင်နေခဲ့ကြလေသည်။

သူတို့က ကောင်းကင်တာအိုမဟာမိတ်အဖွဲ့အတွက် စည်းမျဉ်းများ ဆက်တိုက် ဖန်တီးခဲ့ကြပြီး ပုန်းကွယ်နဂါးအဆင့်သတ်မှတ်ချက်ကို ဖန်တီးကာ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့အတွင်းရှိ သူတို့၏ ကိုယ်ပိုင် ကောင်းကင်တာအိုသားတော်များကို ကျင့်ကြံပေးရန် အာရုံစိုက်ခဲ့ကြ၏။

သေမျိုးအဖွဲ့ဝင်များအားလုံး ကောင်းကင်တာအိုမဟာမိတ်အဖွဲ့သို့ ဝင်ရောက်နိုင်ပြီး မည်သည့် ပါရမီရှင်မဆို ပုန်းကွယ်နဂါးအဆင့်သတ်မှတ်ချက်တွင် ပါဝင်နိုင်လေသည်။

တောင်တန်းတစ်သောင်းနယ်မြေကို ငြိမ်းချမ်းစေပြီးနောက် ကောင်းကင်တာအိုမဟာမိတ်အဖွဲ့မှာ ပိုမို အင်အားကြီးမားလာပြီး ဓားက မဟာချင်အင်ပါယာဆီသို့ တိုက်ရိုက် ချိန်ရွယ်နေခဲ့ပေသည်။

တစ်ချိန်တည်းမှာပင် ကောင်းကင်တာအိုမဟာမိတ်အဖွဲ့က မြောက်ပိုင်းမန်အင်ပါယာနှင့် မဟာမိတ်ဖွဲ့ကြောင်း ကြေညာခဲ့ပြီး အချင်းချင်း ထောက်ခံအားပေးခဲ့ကြ၏။

ရိုင်းစိုင်းသူများကလည်း သူတို့သည် လူသားမျိုးနွယ်၏ အဖွဲ့ဝင်များဖြစ်ကြောင်းနှင့် သူတို့၏ ပါရမီရှင်များသည် ပုန်းကွယ်နဂါးအဆင့်သတ်မှတ်ချက်သို့ ဝင်ရောက်ရန် အရည်အချင်းပြည့်မီကြောင်း ကမ္ဘာကို ကြေညာခဲ့ကြလေသည်။

တစ်ချိန်တည်းမှာပင် သူတို့က ကောင်းကင်တာအိုမဟာမိတ်အဖွဲ့နှင့် မဟာမိတ်ဖွဲ့ရန် ရည်ရွယ်ချက်ဖြင့် ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ထံသို့ တမန်တော်များ တက်ကြွစွာ စေလွှတ်ခဲ့ကြပေ၏။

တောင်တန်းတစ်သောင်းနယ်မြေမှာ ဧရိယာကျယ်ဝန်းပြီး မြောက်ပိုင်းမန်နှင့် အခြားလူမျိုးများနှင့် နယ်နိမိတ်ချင်း ထိစပ်နေလေသည်။

အကယ်၍ အင်အားစု သုံးခုသာ မဟာမိတ်ဖွဲ့ပါက မဟာချင်အင်ပါယာကို သုံးဖက်မှ ဝိုင်းရံထားသကဲ့သို့ ဖြစ်သွားမည် ဖြစ်ပေသည်။

နှစ်အတော်ကြာ တံခါးပိတ် ကျင့်ကြံပြီးနောက် ချင်ဖန်သည် ကျင့်ကြံမှုအဆင့်ကို ဖြတ်ကျော်ကာ သူတော်စင်အဆင့်သို့ ရောက်ရှိသွားခဲ့၏။

သူ၏ ပထမဆုံး တိုက်ပွဲတွင် သူက မြင့်မြတ်နယ်မြေ၏ သူတော်စင် ငါးပါးကို တစ်ကိုယ်တော် တိုက်ခိုက်ခဲ့ပြီး လေးဦးကို သတ်ဖြတ်ကာ တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့ပြီး တိုက်ပွဲတစ်ပွဲတည်းဖြင့် နာမည်ရသွားခဲ့လေသည်။

တစ်ခဏမျှ မဟာချင်အင်ပါယာအတွင်း လူထု၏ သဘောထား ပေါက်ကွဲထွက်လာခဲ့ပြီး လူအများအပြားက ချင်ဖန်သည် အင်ပါယာ၏ သားတော် ဖြစ်လာနိုင်သည်ဟု ယုံကြည်နေခဲ့ကြပေ၏။

"ချင်လော့ အခု ဘယ်လိုနေလဲ"

ချင်ဖန်က မေးမြန်းလိုက်သည်။

"အရှင်မင်းသားကို သတင်းပို့ပါတယ်... ချင်လော့ဆီက ဘာသတင်းမှ မရပါဘူး"

"အဲဒီကောင်လေးက နတ်ဆိုးနှိမ်နင်းရေးဌာနရဲ့ အကျဥ်းထောင်ထဲကနေ ထွက်လာဖို့ တကယ်ပဲ အစီအစဉ် မရှိဘူးလား... ဒါမှမဟုတ် ငါတို့ရဲ့ ခမည်းတော် အရှင်မင်းကြီးအပေါ်ကို မျှော်လင့်ချက်တွေ ပုံထားတာလား"

ချင်ဖန်၏ စကားများတွင် သရော်မှု အရိပ်အယောင်တစ်ခု ပါဝင်နေခဲ့လေသည်။

"စောင့်ကြည့်နေပါ... တကယ်လို့ ချင်လော့က ပုံမှန်မဟုတ်တဲ့ လှုပ်ရှားမှု တစ်ခုခုလုပ်ရင် ငါ့ကို ချက်ချင်း သတင်းပို့"

"ဒါနဲ့ စတုတ္ထအစ်ကိုတော်ကော တောင်တန်းတစ်သောင်းနယ်မြေထဲမှာပဲ ရှိနေတုန်းလား"

"အရှင်မင်းသားကို သတင်းပို့ပါတယ်... ကျွန်တော်တို့ရဲ့ နောက်ဆုံး ရရှိထားတဲ့ သတင်းတွေအရ စတုတ္ထမင်းသားက အရင်တုန်းက ဝိညာဉ်ခန်းမက လူတွေနဲ့ အဆက်အသွယ် ရှိခဲ့ပြီး အခု တောင်တန်းတစ်သောင်းနယ်မြေထဲက လျှို့ဝှက်နယ်မြေတစ်ခုမှာ ကျင့်ကြံနေပါတယ်"

"သူ့ကို အနီးကပ် စောင့်ကြည့်ထားစမ်း!"

ချင်ဖန်က အေးစက်စွာ ပြောဆိုလိုက်၏။

မကြာမီမှာပင် ကြီးမားသော ဖြစ်ရပ်တစ်ခုက မဟာချင်အင်ပါယာ တစ်ခုလုံးကို တုန်လှုပ်သွားစေခဲ့လေသည်။

မဟာချင်အင်ပါယာ၏ စတုတ္ထမင်းသား ချင်ချွမ်သည် တောင်တန်းတစ်သောင်းနယ်မြေတွင် ကျဆုံးသွားခဲ့၏။

ထိုသတင်း ပျံ့နှံ့သွားသည်နှင့် မဟာချင်အင်ပါယာတစ်ခုလုံး စိတ်လှုပ်ရှားမှုများဖြင့် ဆူပွက်သွားခဲ့ပြီး တိုက်ပွဲဝင်ဟစ်ကြွေးသံများက ကောင်းကင်ယံကိုပင် တုန်လှုပ်သွားစေခဲ့သည်။

မဟာချင်အင်ပါယာ၏ တောင်စောင့်ဘုရင်ဖြစ်သော ချင်ရှောင်သည် ကိုယ်တိုင် တောင်တန်းတစ်သောင်းနယ်မြေထဲသို့ ကျူးကျော်ဝင်ရောက်ကာ မြင့်မြတ်နယ်မြေ ခုနစ်ခုကို ဆက်တိုက် ဖျက်ဆီးပစ်ခဲ့၏။

ထို့အပြင် ထိုအဆင့်ရှိ အင်အားစုတစ်ခုမှ မဟာသူတော်စင်တစ်ပါးကိုပင် သတ်ဖြတ်ခဲ့သည့်အထိ ရက်စက်ပြင်းထန်ခဲ့လေသည်။

ကောင်းကင်တာအိုမဟာမိတ်အဖွဲ့၏ မာနထောင်လွှားသော ချီမီးတောက်များကို ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်သွားစေခဲ့ပေ၏။

မဟာချင်အင်ပါယာသည် မြို့စားကြီးသုံးပါး၏ အမိန့်များအောက်တွင် တိုက်ပွဲဝင်ရန် အသင့်အနေအထားသို့ အပြည့်အဝ ဝင်ရောက်သွားခဲ့လေသည်။

မဟာချင်အင်ပါယာအတွက်မူ ဤသည်က အစသာ ရှိသေးသည်။

တတိယမင်းသား လုပ်ကြံခံရပြီး သေလုနီးပါး ဖြစ်သွားခဲ့ကာ လုပ်ကြံသူ၏ ကိုယ်ပိုင်အမှတ်အသားမှာ မြောက်ပိုင်းမန်အင်ပါယာ၏ ယင်းဝူစစ်သူကြီး ချန်ကျန့်ရှန်း ဖြစ်ကြောင်း ဖော်ထုတ်နိုင်ခဲ့ပေ၏။

မှန်ပေသည်။

မြောက်ပိုင်းမန်အင်ပါယာနှင့် ပူးပေါင်းပြီးနောက် မြောက်ပိုင်းမန်အင်ပါယာသည် မဟာချင်အင်ပါယာကို ရွံရှာစေရန်အတွက် ချန်ကျန့်ရှန်းအား ယင်းဝူစစ်သူကြီးဘွဲ့ကို ဆက်လက် ခန့်အပ်ထားခဲ့ပြီး ယခုအခါ သူက တပ်မတော်ကြီးတစ်ခုကို ကွပ်ကဲနေကာ မဟာချင်အင်ပါယာကို တိုက်ခိုက်ရန် အမြဲတမ်း အသင့်ရှိနေလေသည်။

မြောက်ပိုင်းမန်၏ လှုပ်ရှားမှုက သူတို့သည် ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ကို စည်းလုံးညီညွတ်မှု ပြသနေကြောင်း သေချာပေါက် ဖော်ပြနေသော်လည်း မဟာမိတ်အဖွဲ့အတွင်းရှိ အဆင့်မြင့် အရာရှိများကမူ ခါးသီးစွာ ညည်းညူနေခဲ့ကြပေ၏။

"စတုတ္ထမင်းသားရဲ့ သေဆုံးမှုက ငါတို့ရဲ့ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့နဲ့ ဘာမှမဆိုင်ဘူး"

"မြောက်ပိုင်းမန်အင်ပါယာဘက်က လှုပ်ရှားလာတာကို ကြည့်ရင် သူတို့က ငါတို့ရဲ့ လုပ်ဆောင်ချက်တွေကို တုံ့ပြန်နေတာ သေချာတယ်..."

"အဲ့ဒါက သူတို့ဟာ ငါတို့ရဲ့ မဟာမိတ်ဖြစ်နေကြောင်းကိုလည်း တိုက်ရိုက် ဖော်ပြနေတဲ့ အဓိပ္ပာယ်ပဲ... ဒီလောက် ရိုးရှင်းတဲ့ ကိစ္စကို နားမလည်စရာ မရှိဘူး။"

"စုံစမ်းစစ်ဆေးပါ... မဟာချင်ရဲ့ စတုတ္ထမင်းသား ချင်ချွမ်ကို ဘယ်သူသတ်ခဲ့လဲဆိုတာ ငါတို့ ရှာဖွေရမယ်"

"ဟမ်... စုံစမ်းစစ်ဆေးနေတာက ဘာအဓိပ္ပာယ်ရှိလို့လဲ... အဲဒါက ချောက်ချတာဆိုရင်ကော ဘာဖြစ်လဲ... အမှန်တရားက အရေးပါလို့လား... မဟာချင်အင်ပါယာက လူတွေ ဘယ်လိုတွေးလဲဆိုတာကသာ အရေးကြီးတာပဲ"

"အခုလောလောဆယ် မဟာချင်အင်ပါယာမှာ အကြောင်းပြချက် မရှိဘူး... ငါတို့ရဲ့ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ကို ပေါ်ပေါ်တင်တင် တိုက်ခိုက်ဖို့ အကြောင်းပြချက် မရှိတာပဲ"

"မဟာချင်ရဲ့ စတုတ္ထမင်းသား ချင်ချွမ်ကို ဘယ်သူပဲ သတ်သတ်... အဲဒီအပြစ်ကို ငါတို့ရဲ့ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ကပဲ ခံယူရမှာပဲ"

"အားလုံးပဲ... တိုက်ပွဲအတွက် ပြင်ဆင်ကြ... ငါတို့ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့ရဲ့ ရှင်သန်မှု အခိုက်အတန့်က နီးကပ်လာပြီ"

"ဒီတိုက်ပွဲက အမွေအနှစ်နဲ့ သက်ဆိုင်တယ်... တကယ်လို့ ငါတို့ ဖြတ်ကျော်နိုင်ရင် ဒီကမ္ဘာကြီးရဲ့ အနာဂတ်က နောက်ဆုံးမှာ ငါတို့အတွက် ဖြစ်လာလိမ့်မယ်"

တောင်တန်းတစ်သောင်းနယ်မြေသည် အတွင်းပိုင်း ပြင်ဆင်မှုများကို စတင်ခဲ့ပြီး ဂိုဏ်း၊ မြင့်မြတ်နယ်မြေ၊ မြို့များနှင့် မိသားစုများအားလုံးက တုံ့ပြန်ကာ ကောင်းကင်တာအိုမဟာမိတ်အဖွဲ့သို့ မဖြစ်မနေ ဝင်ရောက်ရမည်ဖြစ်ပြီး မဟုတ်ပါက မိသားစုတစ်ခုလုံး သုတ်သင်ခံရမည် ဖြစ်လေသည်။

ထိုက်ရွှီမြင့်မြတ်နယ်မြေမှာ ထိုအဖွဲ့များအနက် အထူးခြားဆုံး ဖြစ်ပေ၏။

ကောင်းကင်တာအိုမဟာမိတ်အဖွဲ့က အမိန့်ထုတ်ပြန်ပြီးနောက် ထိုက်ရွှီမြင့်မြတ်နယ်မြေက မဟာချင်အင်ပါယာသို့ ဝင်ရောက်ကြောင်း ချက်ချင်း ကြေညာခဲ့ပြီး မဟာချင်အင်ပါယာက ထိုက်ရွှီမြင့်မြတ်နယ်မြေအောက်ရှိ မြို့ကို သိမ်းပိုက်ရန် တပ်ဖွဲ့များကို ချက်ချင်း စေလွှတ်ခဲ့လေသည်။

တစ်ခဏမျှ မဟာချင်အင်ပါယာသည် ကမောက်ကမ ဖြစ်နေခဲ့၏။

ချင်လော့နှင့် ပတ်သက်၍မူ ငါးနှစ်ဆိုသော အချိန်မှာ လူအများစုက ဤအရေးမပါပုံရသော ပုဂ္ဂိုလ်လေးကို မေ့ပစ်ရန် လုံလောက်နေခဲ့ပေသည်။

တစ်စုံတစ်ယောက်က တစ်ခါတစ်ရံတွင် ထည့်ပြောရုံမျှသာ ဖြစ်လေသည်။

အခြားလုပ်စရာမရှိသဖြင့် ချင်လော့က အသက်ရှူတိုင်း ရေတွက်နေခဲ့ပြီး သူ ငါးနှစ်တာ အချိန်ကုန်လွန်သွားပြီဖြစ်ကြောင်း သဘောပေါက်သွားခဲ့၏။

"ငါးနှစ်... ဒီငါးနှစ်ကို ငါ ဘယ်လို ဖြတ်သန်းခဲ့ရလဲဆိုတာ မင်း သိလား..."

"ဘယ်သူ့မိသားစုက ငါးနှစ်ကြီးများတောင် သိုးတွေ ထိုင်ရေတွက်နေမှာလဲ... ငါက ကမ္ဘာ့စံချိန်တောင် ချိုးနိုင်လောက်ပြီ..."

"ဒီနေ့တော့ ငါ ဆက်မရေတွက်တော့ဘူး။"

ချင်လော့၏ မျက်လုံးများမှ စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

သူ၏ အငွေ့အသက်များက တည်ငြိမ်စွာ မြင့်တက်လာနေ၏။

သူ ရရှိထားသော ချီလင်အဆီအနှစ်သွေးအားလုံးကို လုံးဝ သန့်စင်ရန် ငါးနှစ်ဆိုသော အချိန်က လုံလောက်နေခဲ့ပြီး သူ၏ ရုပ်ခန္ဓာကိုယ်ကို သူတော်စင်အဆင့်၏ အဆင့်သတ်မှတ်ချက်သို့ ရောက်ရှိစေခဲ့ပေသည်။

ဒီနေ့ ရုပ်ခန္ဓာကိုယ် အတားအဆီးကို သူ ဖြတ်ကျော်တော့မည်။

‘ဘုန်း!’

သူ၏ အတွင်းပိုင်းတွင် တုံးအသော အသံတစ်ခု ပဲ့တင်ထပ်သွားပြီး သူ၏ အတွင်းရှိ သံကြိုးများ ကွဲအက်သွားသကဲ့သို့ပင်။

ထို့နောက် အင်အားဖြင့် ‘ဘုန်း! ’နောက်ထပ်အသံတစ်ခု ထွက်ပေါ်လာခဲ့လေသည်။

‘ဒီတစ်ကြိမ်တွင် အဲဒီ သံကြိုးတွေကို လုံးဝ သူ ချိုးဖျက်ပစ်မယ်’

မျက်တောင်တစ်ခတ်အတွင်း လိုဏ်ဂူကောင်းကင်နှင့် သူ၏ လူသားဧကရာဇ်အလံ၏ စွမ်းအားများကို သူ ခံစားလိုက်ရပြီး ယခုအခါ အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်ကို လည်ပတ်နိုင်ပြီ ဖြစ်ပေ၏။

တစ်ချိန်တည်းမှာပင် အားကောင်းသော ပိတ်လှောင်မှု စွမ်းအားတစ်ခုက သူ၏ ခန္ဓာကိုယ်အပေါ်သို့ ဖိနှိပ်လာခဲ့လေသည်။

"ငါ့ကို ဖိနှိပ်ဖို့ ကြိုးစားနေတုန်းပဲလား... အခွင့်အရေး မရှိစေရဘူး"

ထိုအခိုက်အတန့်လေးကပင် ချင်လော့၏ ကောင်းကင်ဝါးမြိုခြင်းနတ်ဆိုးကျင့်စဥ်ကို အသက်သွင်းရန် လုံလောက်နေခဲ့ပေ၏။

'ဘုန်း!'

ချင်လော့ကို ဖိနှိပ်ထားသော စွမ်းအင်များကိုလည်း မျက်တောင်တစ်ခတ်အတွင်း ချင်လော့က ဝါးမြိုသွားခဲ့လေသည်။

အကြိမ်ကိုးဆယ်ရွှေခန္ဓာကျင့်စဉ်၏ လည်ပတ်မှုက သူ၏ ရုပ်ခန္ဓာကိုယ်ကို လုံးဝ ကွဲအက်သွားစေခဲ့၏။

တတိယမြောက် အသွင်ပြောင်းခြင်းကို ပြုလုပ်လိုက်ပြီ။

ချင်လော့ကို ထိန်းချုပ်ထားသော သံကြိုးများနှင့် ပတ်သက်၍ကော။

ဟားဟား..

ချင်လော့၏ ရုပ်ခန္ဓာကိုယ်က သူတော်စင်အဆင့်သို့ ရောက်ရှိသွားချိန်၌ သံကြိုးများက စက္ကူကဲ့သို့ ချောမွေ့နေခဲ့လေသည်။

"အစ်ကိုကြီးလျို.... လာစမ်း.... လာစမ်း!"

ချင်လော့က ပစ္စည်းတစ်ခုကို ထုတ်ယူကာ ခေါ်ဆိုလိုက်၏။

ဤသည်မှာ ငါးနှစ်အတွင်း အစ်ကိုကြီးလျိုအား ပထမဆုံးအကြိမ် ခေါ်ဆိုခြင်း ဖြစ်ပေသည်။

မကြာမီမှာပင် အစ်ကိုကြီးလျိုက ခြေဆွံ့ကာ ဝင်ရောက်လာခဲ့လေသည်။

ထိုအခါမှသာ ချင်လော့က အစ်ကိုကြီးလျို၏ ကျင့်ကြံမှုကို နောက်ဆုံးတွင် သဘောပေါက်သွားခဲ့၏။

သူသည် သူတော်စင်ဘုရင်အဆင့်၏ အဆင့်သတ်မှတ်ချက်သို့ ရောက်ရှိနေသည်။

"ဘာဖြစ်လို့လဲ... ချင်လော့... မင်းက အစွန်းရောက်နတ်ဆိုးတွေနဲ့ ပူးပေါင်းကြံစည်တာကို ဝန်ခံဖို့ စီစဉ်နေတာလား"

အစ်ကိုကြီးလျိုက မျက်မှောင်ကြုတ်ကာ ချင်လော့ကို ကြည့်လိုက်ပြီး တစ်ခုခုတော့ မှားယွင်းနေသည်ဟု ခံစားလိုက်ရလေသည်။

"ဘယ်လောက်တောင် ရဲတင်းလိုက်လဲ!"

ချင်လော့က အပြစ်တင်လိုက်၏။

"မင်းက အဆင့်နိမ့် ထောင်မှူးတစ်ယောက်ပဲ... ငါ့နာမည်ကို ခေါ်ဖို့ ဘယ်သူက မင်းကို သတ္တိတွေ ပေးထားတာလဲ!"

ချင်လော့က လူသားဧကရာဇ်အလံနှင့် ဆက်သွယ်နေစဉ် စကားပြောနေခဲ့ခြင်းပင်။

ယခုအခါ လူသားဧကရာဇ်အလံသည် အဆင့်မြင့်တာအိုဧကရာဇ်လက်နက် ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့လေသည်။

မျက်တောင်တစ်ခတ်အတွင်း အတွေးတစ်ခုဖြင့် လူသားဧကရာဇ်အလံက စတင် အသက်ဝင်လာခဲ့၏။

"မင်းသားလား... ဟမ်... မင်းရဲ့ လက်ရှိ အခြေအနေကို ကြည့်လိုက်ဦး... မင်းက ငါ့ရဲ့ ကောင်းကင်အအကျဥ်းထောင်ထဲက အကျဉ်းသား တစ်ယောက်မျှသာပဲ!"

အစ်ကိုကြီးလျိုက ရွံရှာစွာ ပြောဆိုလိုက်သည်။

သို့သော် သူက တစ်ခုခုတော့ မှားယွင်းနေကြောင်း ဝေဝါးစွာ ခံစားလိုက်ရပေ၏။

သူက နောက်သို့ ခြေတစ်လှမ်း ဆုတ်လိုက်သည်။

"တကယ်လို့ တခြားဘာမှ မရှိရင် ငါ့ကို လာမရှာနဲ့... ငါ အရမ်း အလုပ်များတယ်"

"ဘာဖြစ်လို့လဲ... မင်းက ထွက်သွားချင်နေတာလား"

ချင်လော့က လှောင်ပြောင်လိုက်လေသည်။

'ဘုန်း!'

မျက်တောင်တစ်ခတ်အတွင်း လူသားဧကရာဇ်အလံ ပွင့်လာပြီး အစ်ကိုကြီးလျိုကို လွှမ်းခြုံသွားကာ ချင်လော့ကို ကျေနပ်စွာ ပြုံးသွားစေခဲ့၏။

"ထင်တဲ့အတိုင်းပဲ... အဆင့်မြှင့်ထားတဲ့ လူသားဧကရာဇ်အလံက ပိုပြီးတော့တောင် အစွမ်းထက်နေသေးတယ်"

"ချင်လော့... မင်း ဘာလုပ်လိုက်တာလဲ... ဒါက ဘယ်လို နေရာမျိုးလဲ"

ချင်လော့က ပြုံးကာ ကြည့်လိုက်၏။

"လူသားဧကရာဇ်အလံကနေ ကြိုဆိုပါတယ်"

"ဒုက္ခိတ... ဒူးထောက်ပြီး မင်းရဲ့ အမှားကို ဝန်ခံစမ်း... မင်းရဲ့ ပြစ်မှုကို ငါ ခွင့်လွှတ်ပေးမယ်"

"မဟုတ်ရင် မင်းက သူတို့လိုပဲ အဆုံးသတ်သွားလိမ့်မယ်"

ချင်လော့၏ လက်ညှိုးထိုးပြမှုနှင့်အတူ သေဆုံးသွားသော ဝိညာဉ်ထောင်သောင်းချီက သူ့ကို အဆိပ်ပြင်းသော မုန်းတီးမှုများဖြင့် စိုက်ကြည့်နေကြရာ သူ၏ ဦးရေပြားကို ကျင်စက်သွားစေခဲ့ပေသည်။

"မင်းဆီမှာ တကယ်ပဲ ဝိညာဉ်တစ်သောင်းအလံ ရှိနေတာပဲ"

အစ်ကိုကြီးလျိုမှာ ထိတ်လန့်သွားခဲ့၏။

"မဟုတ်ဘူး... မဟုတ်ဘူး... မဟုတ်ဘူး... မင်းကို ငါ နည်းနည်း ပြင်ပေးရမယ်... ဒါကို ဝိညာဉ်တစ်သောင်းအလံလို့ မခေါ်ဘူး"

ချင်လော့က ဖြောင့်မတ်ပြီး တောက်ပသောချီများ ထုတ်လွှတ်နေသည့် လူသားဧကရာဇ်အလံအတွင်းရှိ ရွှေရောင် စာလုံးကြီးသုံးလုံးကို လက်ညှိုးထိုးပြကာ ပြောဆိုလိုက်၏။

"ငါနဲ့အတူ လိုက်ဖတ်စမ်း... လူသားဧကရာဇ်အလံ ဆိုတာ”

All Chapters