အခန်း ၁၄၀
Vol. 14 Ch. 140
အခန်း (၁၄၀) မီးနဂါးကို ရိုက်နှက်ခြင်း၊ နဂါးကို သတ်ဖြတ်မည့် တိုက်ပွဲ
လူသားအချို့နှင့် သားရဲအချို့၏ အရိုးစု အစီအရီ ရှိနေခဲ့၏။
အရိုးစုများမှာ ထောင်ပေါင်း ရာပေါင်းများစွာ တသီတတန်းကြီး ပြည့်နှက်နေခဲ့လေသည်။
ချွင်းချက်မရှိ သူတို့အားလုံး သေဆုံးနေကြပေသည်။
ဤမြင်ကွင်းကို မြင်တွေ့ရချိန်၌ ချင်လော့၏ အပေါက်လေးများစွာကို ကြောက်ရွံ့တတ်သော ရောဂါက ထကြွလာတော့မတတ် ဖြစ်သွားပြီး သူ၏ ဦးရေပြား ကျင်တက်သွားခဲ့၏။
သူ ဝင်ရောက်လာသည်နှင့် တစ်ပြိုင်နက် ချင်လော့ကို ရိုက်ခတ်သွားသော ပြင်းထန်သည့် အပူရှိန်က သူ့ကို ယိမ်းယိုင်သွားစေခဲ့သည်။
သူတော်စင်အဆင့်တွင် ရှိနေသော သူ၏ ရုပ်ခန္ဓာကိုယ်ပင်လျှင် ဤအငွေ့အသက်၏ တိုက်စားခံရမည့် လက္ခဏာများ ပြသနေပြီး သူ၏ ရုပ်ခန္ဓာကိုယ် ပြိုလဲတော့မည့်အလား ပုံပေါ်နေခဲ့လေသည်။
ချင်လော့က လူသားဧကရာဇ်အလံကို ထုတ်လွှတ်လိုက်ချိန်မှသာ တိုက်စားနိုင်သော စွမ်းအားက ရပ်တန့်သွားခဲ့ပေသည်။
သူက ယခုအခါ ဗဟုသုတကြွယ်ဝသူ တစ်ဦးအဖြစ် သတ်မှတ်ခံရလေပြီ။
လျိုချွဲဇီက ဝင်လာသူတိုင်း သေဆုံးသွားသည်ဟု အဘယ်ကြောင့် ပြောခဲ့သနည်း။
သူတို့တွင်လည်း ဧကရာဇ်လက်နက်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုခု မရှိပါက ဤနေရာရှိ အငွေ့အသက်ကို မည်သူက ခံနိုင်ရည်ရှိမည်နည်း။
ချင်လော့က အရိုးစုအားလုံးကို ကြည့်လိုက်၏။
အားလုံးက တူညီသော ဦးတည်ချက်တစ်ခုဆီသို့ မျက်နှာမူနေကြပြီး ထိုနေရာတွင် မြင့်မားသော စင်မြင့်တစ်ခု၊ အကြေးခွံများ ဖုံးလွှမ်းနေသည့် နဂါးတစ်ကောင် ပတ်လည်တွင် လောင်ကျွမ်းနေသော မီးတောက်များ ရှိနေပေသည်။
လေထဲမှနေ၍ ပေါက်ကွဲသံများပင် ထွက်ပေါ်နေခဲ့လေသည်။
နဂါး၏ ခန္ဓာကိုယ်က အလွန် ကြီးမားလှ၏။
ချင်လော့က နဂါး၏ ခြေချောင်းအရွယ်အစားခန့်သာ ရှိသည်ဟု ခံစားလိုက်ရသည်။
"မီးနဂါးလား"
ချင်လော့က မသေချာစွာဖြင့် မေးမြန်းလိုက်ပေသည်။
"အိုး... ဟုတ်သားပဲ... တိုက်စားတဲ့ စွမ်းအားကို ဟန့်တားပေးနိုင်မယ့် နောက်ထပ် အရာတစ်ခု ရှိသေးတယ်"
ချင်လော့၏ လက်ထဲတွင် အကြေးခွံတစ်ခု ပေါ်လာခဲ့၏။
ထိုအကြေးခွံကို သူ ထုတ်ယူလိုက်သည့် အခိုက်အတန့်တွင် ချင်လော့က သူ စိတ်ကူးယဉ်နေခြင်းများလားဟု တွေးတောမိသော်လည်း အဝေးရှိ အရိုးစုများနှင့် မီးနဂါးတို့အားလုံးက ချင်လော့ရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်ဟု သူ ခံစားလိုက်ရလေသည်။
နဂါးအကြေးခွံ ပေါ်ထွက်လာသည့် အခိုက်အတန့်တွင် အသက်ရှူကျပ်ပြီး ပူလောင်သော ဖိအားများ လုံးဝ ပျောက်ကွယ်သွားသည်ကို ချင်လော့ ခံစားလိုက်ရပေသည်။
သူက လူသားဧကရာဇ်အလံကို သိမ်းဆည်းလိုက်ပြီး တောက်လောင်နေသော နဂါးရှိရာဘက်သို့ လျှောက်သွားခဲ့၏။
နဂါးအကြေးခွံက ကြီးမားသော အာနိသင်ရှိကြောင်း သံသယဖြစ်ဖွယ် မရှိချေ။
"အဲ့ဒီ မီးနဂါးက အခုထိ မသေသေးတာလား... ဒါမှမဟုတ် နက်နက်ရှိုင်းရှိုင်း အိပ်စက်နေတဲ့ အခြေအနေပဲလား..."
"ပြီးတော့ နဂါးအကြေးခွံက သူ့ကို နိုးထစေနိုင်တာလား... ဒါမှမဟုတ် နဂါးရဲ့ အညံ့ခံမှုကို ရယူနိုင်တဲ့ သော့ချက်တစ်ခုများလား..."
ပုံမှန် ဇာတ်ကွက်အရဆိုလျှင် နဂါးအကြေးခွံကို ကိုင်ဆောင်ထားသော ကံကြမ္မာသားတော်က မီးနဂါးနှင့် ဝိညာဉ်စာချုပ်ကို အတင်းအကျပ် ချုပ်ဆိုလေ့ရှိပြီး တန်းတူညီမျှသော ဝိညာဉ်စာချုပ်ဟု ခေါ်ဆိုသည့် အရာတစ်ခု ဖြစ်နိုင်ခြေ အလွန်များလေသည်။
ထိုအချိန်မှစ၍ ကံကြမ္မာသားတော်က နဂါးကို စီးနင်းကာ ကောင်းကင်ဘုံကို အောင်နိုင်ပြီး သူ၏ ဘဝအထွတ်အထိပ်သို့ တက်လှမ်းသွားမည် ဖြစ်ပေ၏။
သူ့ပတ်လည်ရှိ အရိုးစုများကို ကြည့်ရင်း ဤနေရာက ကောင်းကင်အကျဉ်းထောင်ဟု ခေါ်ဆိုသည့် နေရာမဟုတ်ဘဲ မဟာချင်အင်ပါယာက ဤနေရာတွင် တည်ဆောက်ထားသော ကောင်းကင်အကျဉ်းထောင်တစ်ခုမျှသာ ဖြစ်ကြောင်း ချင်လော့ သေချာနေခဲ့လေသည်။
ဤလူများနှင့် ပတ်သက်၍မူ သူတို့အားလုံး ယန်နဂါး၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရကြောင်း ထင်ရှားပေသည်။
"ဒါကြောင့် တရားမျှတမှုနဲ့ မကောင်းဆိုးဝါးဆိုတာကို လူတစ်ယောက် သတ်ဖြတ်ခံရခြင်း ရှိမရှိ ဆိုတာနဲ့ အကဲဖြတ်လို့ မရဘူး"
"မမျှော်လင့်ထားတာ တစ်ခုမှ မဖြစ်လာခဲ့ရင် မီးနဂါးက နောက်ဆုံးမှာ တရားမျှတတဲ့ဘက်ကို ရောက်သွားပြီး ကံကြမ္မာသားတော်က ဒီလူသန်းပေါင်းများစွာ ကိုယ်စား မီးနဂါး ကျူးလွန်ခဲ့တဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ခွင့်လွှတ်ဖို့ အရည်အချင်း ပြည့်မီသွားမှာလား"
"ဒါကြောင့် တရားမျှတမှုနဲ့ မကောင်းဆိုးဝါးဆိုတာ မတူညီတဲ့ ရပ်တည်ချက်တွေမျှသာပဲ... အနိုင်ရတဲ့သူတိုင်းက သမိုင်းကို ရေးသားပိုင်ခွင့် ရှိတယ်"
"ကံကြမ္မာသားတော်တွေ အားလုံး သေသွားတဲ့နေ့မှာ... ငါက တရားမျှတမှုရဲ့ တစ်ခုတည်းသော ကိုယ်စားပြု ဖြစ်လာလိမ့်မယ်..."
"အဲ့ဒီအချိန်ကျရင် သူတို့ရဲ့ အရေခွံကိုတောင် ငါ ယူဝတ်ပြီး သူတို့နေရာကို အစားထိုးနိုင်သေးတယ်..."
ချင်လော့က ယန်နဂါးအနီးသို့ ချဉ်းကပ်သွားရင်း သူ့ဘာသာ တိုးတိတ်စွာ ရေရွတ်လိုက်၏။
ပူလောင်သော အပူရှိန်လှိုင်းတစ်ခုက သူ့ကို ရိုက်ခတ်သွားရာ ချင်လော့အား မီးကင်ခံနေရသကဲ့သို့ ခံစားလိုက်ရစေပြီး သူ၏ ကိုယ်ပိုင် အသားများပင် ကျက်တော့မည့်အလား သူ ခံစားလိုက်ရလေသည်။
သူက နဂါးအကြေးခွံကို ကိုင်ဆောင်ထားသော လက်ဖြင့် မီးနဂါးကို ညင်သာစွာ ထိတွေ့လိုက်ပေသည်။
'ဘုန်း!'
အားကောင်းသော မီးတောက်အစုအဝေးများ ပေါ်လာပြီး ချင်လော့ဆီသို့ တိုက်ခတ်လာခဲ့၏။
[စနစ်၏ သတိပေးချက် - ကျေးဇူးပြု၍ ပိုင်ရှင်အနေဖြင့် ဝိညာဉ်ရိုက်နှက်ကြာပွတ်ကို သူတော်စင်အဆင့် အထွတ်အထိပ်အဆင့်သို့ မြှင့်တင်ပါ]
[သုံးစွဲလိုက်သော ဗီလိန်အမှတ် - ၃၀၀,၀၀၀]
"ဟမ်"
ချင်လော့ သိရှိလေသည်။
စနစ်က အကြောင်းပြချက်မရှိဘဲ စကားမပြောချေ။
ချက်ချင်းပင် "စတင်လိုက်စမ်း"
ဟု ပြောဆိုလိုက်၏။
[ဗီလိန်အမှတ် ၃၀၀,၀၀၀ ကို သုံးစွဲလိုက်ပါသည်]
[ဝိညာဉ်ရိုက်နှက်ကြာပွတ်ကို သူတော်စင်အဆင့် အထွတ်အထိပ်သို့ မြှင့်တင်ပြီးပါပြီ]
'ဘုန်း!'
လေဟာနယ်နယ်မြေ ပြိုကွဲသွားပြီး ချင်လော့၏ လက်ထဲတွင် ဝိညာဉ်ရိုက်နှက်ကြာပွတ် ပေါ်လာကာ ကြာပွတ်ပေါ်တွင် အနက်ရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားခဲ့လေသည်။
ဤအခိုက်အတန့်တွင် မဟာချင်အင်ပါယာ နန်းတော်၏ တားမြစ်နယ်မြေအတွင်း၌ မျက်လုံးများ မှိတ်ထားသော အမျိုးသားတစ်ဦးက ရုတ်တရက် မျက်လုံးဖွင့်လာခဲ့ပြီး သူ၏ မျက်လုံးများတွင် အေးစက်ပြီး ဂရုမစိုက်သော အရိပ်အယောင်များ ပြည့်နှက်နေခဲ့၏။
'ဝှစ်!'
ထူးဆန်းပြီး လျင်မြန်သော အငွေ့အသက်တစ်ခုက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာခဲ့ပေသည်။
နောက်တစ်စက္ကန့်တွင် ကောင်းကင်အကျဉ်းထောင်၏ ၁၀၈ လွှာသည် ငလျင်လှုပ်ခတ်သွားသကဲ့သို့ ဖြစ်သွားခဲ့လေသည်။
'ဘုန်း!' 'ဘုန်း!'
လှိုင်းလုံးများက အရိုးစုများဆီသို့ ဟိန်းဟောက်ကာ ပြေးဝင်သွားပြီး လှိုင်းလုံးများ၏ ရိုက်ခတ်မှုအောက်တွင် အရိုးစုများမှာ တစ်ခုပြီးတစ်ခု ပြာအဖြစ်သို့ ပြောင်းလဲသွားကာ ပြာများ သယ်ဆောင်လာသော လေပြင်းတစ်ရပ်က ၁၀၈ လွှာ တစ်ခုလုံးကို တိုက်ခတ်သွားခဲ့၏။
"ပုရွက်ဆိတ်ကောင်... မင်းရဲ့ စွမ်းအားတွေကိုရုပ်သိမ်းပြီး ငါ့ကို အရှုံးပေးလိုက်စမ်း!... အဲဒါဆိုရင် မင်းရဲ့ အသက်ကို ချမ်းသာပေးဖို့ ငါ စဉ်းစားမယ်"
[စနစ်၏ သတိပေးချက် - ပိုင်ရှင်အနေဖြင့် နဂါးအကြေးခွံကို အတင်းအကျပ် သန့်စင်နိုင်သည် သို့မဟုတ် အခြားတစ်ဖက်နှင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်နိုင်ပြီး အကျပ်အတည်းကို ကျော်လွှားရန် ကူညီပေးနိုင်သော နှောင်ကြိုးတစ်ခုကို ဖွဲ့တည်နိုင်ပါသည်... နဂါးအကြေးခွံသည် နဂါးမျိုးနွယ်အတွက် အလွန် အရေးကြီးပါသည်... နဂါးအကြေးခွံကို လွှဲပြောင်းပေးခြင်းက သေချာပေါက် သေဆုံးစေမည် ဖြစ်ပါသည်]
[ပိုင်ရှင်သည် ကံကြမ္မာသားတော် မဟုတ်ဘဲ ကောင်းကင်တာအို၏ မျက်နှာသာပေးမှု ကင်းမဲ့နေသောကြောင့် ဖြစ်နိုင်ခြေမှာ အတော်လေး နည်းပါးပါသည်]
"စလိုက်ကြစို့"
ချင်လော့က ကြမ်းကြုတ်သော အမူအရာဖြင့် ပြောဆိုလိုက်၏။
"ငါတို့ ခြေလှမ်းနှစ်ခုစလုံးကို တစ်ပြိုင်နက်တည်း လှမ်းမယ်... သံပူနေတုန်း နာနာထုရမယ်"
"နဂါးအကြေးခွံကို ငါ့အတွက် သန့်စင်ပေးစမ်း!"
ဝိညာဉ်ရိုက်နှက်ကြာပွတ်ကို ကိုင်ဆောင်ထားသော ချင်လော့က ယန်နဂါး၏ ခန္ဓာကိုယ်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်လေသည်။
ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခု ချက်ချင်း ထွက်ပေါ်လာခဲ့၏။
"ပုရွက်ဆိတ်ကောင်!... မင်းက ငါ့ကို လစ်လျူရှူရဲတယ်ပေါ့!... မင်းကို အရှင်လတ်လတ် မီးရှို့ပစ်မယ်!"
"လာလေ!"
ချင်လော့က လူသားဧကရာဇ်အလံကို ချက်ချင်း ဖြန့်ကျက်လိုက်ပေသည်။
"တကယ်လို့ မင်း မလာရင် မင်းက ငါ့မြေးပဲ"
လူသားဧကရာဇ်အလံက ကောင်းကင်သို့ ပျံတက်သွားပြီး ခရမ်းရောင်အဆင်းက အနက်ရောင်သို့ ပြောင်းလဲသွားကာ ထို့နောက် အစိမ်းရောင်သို့ ပြောင်းလဲသွားပြီး လက်တစ်ချက် ဝှေ့ယမ်းလိုက်မှုနှင့်အတူ... ထူးဆန်းပြီး ကြောက်မက်ဖွယ်ကောင်းသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။
"ဟီးဟီးဟီး!"
"နဂါးသား စားမယ်!... နဂါးသား စားမယ်!"
"ကောင်းကင်က နဂါးသား... ငါ စားချင်တယ်... ငါ စားချင်တယ်!"
"မင်းက တကယ်ပဲ နဂါးကို ရှာတွေ့ခဲ့တာလား"
ရှီးဟွမ်၏ အံ့အားသင့်နေသော အသံ ထွက်ပေါ်လာခဲ့ပြီး သူမ၏ လေသံတွင် မယုံကြည်နိုင်မှုများ ပြည့်နှက်နေခဲ့လေသည်။
"မှန်တယ်... ဒီနေ့ ငါတို့ နဂါးကို သတ်မယ်... မင်း အဆင်သင့်ဖြစ်ပြီလား"
ချင်လော့၏ ရူးသွပ်နေသော အသံက ရှီးဟွမ်၏ နားထဲတွင် ပဲ့တင်ထပ်သွားခဲ့၏။
ရှီးဟွမ် တစ်ကိုယ်လုံး တုန်ယင်သွားခဲ့သည်။
သူမတွင် ရုပ်ခန္ဓာကိုယ် မရှိသော်လည်း သူမ၏ ဝိညာဉ် တုန်ယင်နေပြီး သူမ၏ ဦးရေပြား ကျင်တက်နေသည်ကို သူမ ခံစားနိုင်ပေသည်။
ဖော်ပြ၍မရနိုင်သော စိတ်လှုပ်ရှားမှုတစ်ခုက သူမ၏ နှလုံးသား နက်ရှိုင်းသော နေရာမှ ပေါ်ထွက်လာခဲ့၏။
"နဂါးကို သတ်မယ်... ငါ့ကိုလည်း ထည့်တွက်လိုက်"
ရှီးဟွမ်က ဟိန်းဟောက်လိုက်သည်။
"လူသားဧကရာဇ်အလံ!... ဖိနှိပ်စမ်း!... ဖိနှိပ်စမ်း!... ဖိနှိပ်လိုက်စမ်း!"
ဟိန်းဟောက်သံနှင့်အတူ သူမက လူသားဧကရာဇ်အလံအတွင်းရှိ ဝိညာဉ်များ၏ စွမ်းအားအားလုံးကို ဆွဲယူလိုက်လေသည်။
သူမသာလျှင် လူသားဧကရာဇ်အလံ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို ခဲယဉ်းစွာ ထုတ်လွှတ်နိုင်ပြီး ချင်လော့က ထိုသို့ လုပ်ဆောင်နိုင်စွမ်း မရှိသေးချေ။
'ဘုန်း!'
လူသားဧကရာဇ်အလံက မီးနဂါး၏ ခန္ဓာကိုယ်အပေါ်သို့ လွှမ်းခြုံကျဆင်းသွားခဲ့ပြီး မရေမတွက်နိုင်သော ဝိညာဉ်များကလည်း ရူးသွပ်စွာ ခုန်အုပ်လာကြကာ ၎င်း၏ ခန္ဓာကိုယ်ကို ဆုတ်ဖြဲကိုက်ခဲလိုက်ကြ၏။
ထိုကိုက်ခဲမှုတိုင်းမှာ ခန္ဓာကိုယ်ကိုသာ မဟုတ်ဘဲ ဝိညာဉ်ကို တိုက်ရိုက် ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
"ကျစ်!... သောက်ကျိုးနည်း!... နိမ့်ကျတဲ့ လူသားမျိုးနွယ်!"
မီးနဂါး၏ ဒေါသတကြီး ဟိန်းဟောက်သံက ကောင်းကင်ယံကို တုန်ခါသွားစေခဲ့လေသည်။
"မင်းတို့အားလုံး သေလိုက်ကြစမ်း!"
'ဘုန်း!'
အဆုံးမဲ့ မီးတောက်များက ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လူသားဧကရာဇ်အလံကို လွှမ်းခြုံကာ ပြာအဖြစ်သို့ လောင်ကျွမ်းစေရန် ကြိုးစားလိုက်လေသည်။
မီးနဂါး၏ မျက်လုံးများထဲရှိ အလင်းရောင်က ပိုမို အားကောင်းလာပြီး နောက်ထပ် ဝိညာဉ်တစ်စွန်းတစ်စ ပြန်လည်ရောက်ရှိလာခဲ့၏။
"ဒီကနေ ထွက်သွားစမ်း!"
ချင်လော့က သူ၏ ကြာပွတ်ဖြင့် ပြင်းပြင်းထန်ထန် ရိုက်နှက်လိုက်ရာ 'ဖြန်း' ခနဲ အသံမည်သွားပေသည်။
ယခုလေးတင် ပြန်လည်ရောက်ရှိလာသော ဝိညာဉ်တစ်စွန်းတစ်စမှာ ချင်လော့၏ ကြာပွတ်ဖြင့် ရိုက်ထုတ်ခံလိုက်ရပြီး အနည်းငယ် ဇဝေဇဝါဖြစ်နေပုံရသော နဂါးငယ်လေးတစ်ကောင်က မီးနဂါး၏ အထက်တွင် ကျဆင်းလာခဲ့လေသည်။
"ဆက်လုပ်.... ငါ့အတွက် ဆွဲထုတ်စမ်း!"
'ဖြန်း!'
ချင်လော့၏ ကြာပွတ်က နဂါးငယ်လေးကို ရိုက်မိသွားရာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေခဲ့၏။
တစ်ချိန်တည်းမှာပင် ချင်လော့ သန့်စင်နေသော နဂါးအကြေးခွံထံမှ စုပ်ယူသော စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး ဝိညာဉ်တစ်စွန်းတစ်စကို ပြောင်းပြန်အကြေးခွံအတွင်းသို့ အတင်းအကျပ် ဆွဲသွင်းသွားခဲ့လေသည်။
[စနစ်၏ အကြံပြုချက် - လူသားဧကရာဇ်အလံ၏ အပြည့်အဝ စွမ်းအားကို တစ်ကြိမ် ထုတ်လွှတ်ရန်အတွက် ဗီလိန်အမှတ်အားလုံးကို သုံးစွဲလိုက်ပါ]
[နဂါး၏ အရိုးစုဖြင့် အလံတိုင်ကို အားဖြည့်ပါ... နဂါး၏ အဆီအနှစ်နှင့် သွေးများကို အလံစပေါ်တွင် သုတ်လိမ်းပါ... ပြီးတော့ နဂါး၏ ကြွင်းကျန်ရစ်သော ဝိညာဉ်ကို ဖိနှိပ်ပါ... ဒါဟာ ကျေနပ်စရာကောင်းစရာပါပဲ]