← Chapters

အခန်း ၁

Vol. 1 Ch. 1

အခန်း ၁

Vol. 1 Ch. 1

အခန်း။ ၁

[မြေအောက်ရထားတွဲမှ မတရားစွပ်စွဲမှု]

သတင်းတစ်ခု မကြာသေးမီက အွန်လိုင်းတွင် ပွက်လောရိုက်သွားခဲ့သည်။

ချန်းယန်သည် မြေအောက်ရထားပေါ်တွင် ဖုန်းသုံးနေစဉ် နတ်သမီးလေးဟု သူမကိုယ်သူမခေါ်သော အမျိုးသမီးတစ်ဦးက ရောက်လာပြီး သူမအားဓာတ်ပုံခိုးရိုက်သည်ဟု စွပ်စွဲကာ သူ့အား ပါးရိုက်ခဲ့သည်။

နတ်သမီးလေးနှင့် ရထားတွဲလုံခြုံရေးတို့သည် ချန်းယန်၏ဖုန်းနှင့် ဖိနပ်ကို စစ်ဆေးခဲ့ကြသည်။ ထို့နောက် နတ်သမီးလေးမှာ တောင်းပန်ခြင်းမရှိဘဲ ထွက်ခွာသွားခဲ့သည်။

ဒေါသအလျောက် ချန်းယန်သည် နတ်သမီးလေးကို တရားရုံးသို့ ပို့လိုက်ပြီး တောင်းပန်ရန်နှင့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးပေးရန် တောင်းဆိုခဲ့ကာ ရလဒ်မှာ နတ်သမီးလေးက ပြန်လည်တိုက်ခိုက်ခဲ့ခြင်းပင်။

သူမသည် အွန်လိုင်းတွင် အနိုင်ကျင့်ခံရပြီး စိတ်ကျရောဂါရသွားသည်ဟု ပြောကာ တောင်းပန်ရန် ငြင်းဆန်ပြီး ချန်းယန်ကို စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုအတွက် လျော်ကြေးပေးရန် ပြန်တောင်းဆိုခဲ့သည်။

တရားသူကြီးက အမျိုးသမီးဖြစ်နေပြီး ပထမအကြိမ် တရားရုံးအမိန့် ထွက်လာခဲ့သည်။

ချန်းယန် ရှုံးနိမ့်သွားပြီး နတ်သမီးလေးအား စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာမှုနှင့် ဆေးကုသစရိတ်များ လျော်ကြေးပေးခဲ့ရသည်။

ချန်းယန်က သတင်းတွင် သူသည် နောက်ဆုံးအဆင့်ထိ အယူခံဝင်သွားမည်ဖြစ်ပြီး သူ့အခွင့်အရေးအတွက် ကာကွယ်သွားမည်ဟု ကြေညာခဲ့သည်။

"နတ်သမီးလေးက ကျွန်တော့်ကို ဓာတ်ပုံခိုးရိုက်တယ်လို့ စွပ်စွဲတယ်။ အွန်လိုင်းမှာ လှည့်ဖြားတဲ့ စာတွေရေးတယ်။ တောင်းပန်ဖို့ ငြင်းတယ်။ အခုတော့ ကျွန်တော်ကပဲ သူတို့ကို လျော်ကြေးပေးရဦးမယ်တဲ့လား ဘာအကြောင်းပြချက်နဲ့လဲ"

ချန်းယန်က အင်တာဗျူးတွင် ပြန်ပြောခဲ့သည်။

...

ဂူချန်သည် သတင်းကို ဖတ်ပြီးသောအခါ ဂူချန်သည် ဥပဒေလုပ်ငန်း စတင်သည်မှာ ခြောက်လသာရှိသော်လည်း အမှုတစ်မှုမျှ မရရှိသေးသည့် ရှေ့နေသင်တန်းဆင်းတစ်ဦးဖြစ်သည်။

ယခင်ဘဝက သူသည် အမှုနိုင်နှုန်း ၉၉% ရှိသော ထိပ်တန်းရှေ့နေဖြစ်သည်။

သူ ရှုံးခဲ့သည့်တစ်ခုတည်းသောအမှုမှာ တရားရုံးမသွားခင် ကားတိုက်ခံရ၍ပင်။

သူ နိုးလာသောအခါ ဂူချန်သည် ဤကမ္ဘာသို့ ရောက်ရှိနေခဲ့ပြီဖြစ်သည်။

မူလပိုင်ရှင်၏ အိပ်မက်မှာ ထိပ်တန်းရှေ့နေတစ်ယောက်ဖြစ်ရန်ဖြစ်သော်လည်း ရုံးခန်းကို ဆက်လက်မလည်ပတ်နိုင်တော့ကော နောက်လအတွက် အိမ်လခပင် ပေးနိုင်မည်မဟုတ်ချေ။

ဂူချန်သည် ဤကမ္ဘာသို့ ရောက်ရှိလာခြင်းကို လက်ခံကာ ဤကမ္ဘာ၏ ဥပဒေများက ကမ္ဘာမြေနှင့် ဆင်တူကြောင်း သိရှိချိန်တွင် ချန်းယန်က အယူခံဝင်ရန် အကူအညီတောင်းခံလာခဲ့သည်။

"ရှေ့နေဂူ ခင်ဗျား ကျွန်တော့်ကို ကူညီပေးရမယ်။ ပိုက်ဆံ ဘယ်လောက်ကုန်ကုန် အရေးမကြီးဘူး။ အဲဒီ နတ်သမီးလေးနှစ်ယောက် ကျွန်တော့်ကို တောင်းပန်လာအောင် လုပ်ပေးရမယ်"

"အဲ့နတ်သမီးလေးက စိတ်ကူးပေါက်တိုင်း ကျွန်တော့်ကို ဓာတ်ပုံခိုးရိုက်သမားလို့ စွပ်စွဲခွင့်ရှိလား။ သူတို့မှာ ကျွန်တော့်ဖုန်းကို စစ်ဆေးခွင့် ဘာကြောင့်ရှိရတာလဲ။ ရထားတွဲလုံခြုံရေးက ဘာကြောင့် ကျွန်တော့်ဖိနပ်ကို အတင်းချွတ်ပြီး ကင်မရာရှိမရှိ စစ်ဆေးရတာလဲ"

"အဲဒီနောက် နတ်သမီးလေးက Douyin မှာ ဗီဒီယိုတင်တယ်။ ကျွန်တော်တို့ကျောင်းရဲ့ ဝန်ခံချက်နံရံမှာ ကျွန်တော့်ကို ဓာတ်ပုံခိုးရိုက်သမားလို့ စွပ်စွဲတယ်။ အခု ကျောင်းတစ်ကျောင်းလုံးက ကျွန်တော့်ကို ဘယ်လိုမြင်နေမှန်း မသိတော့ဘူး"

"ကျွန်တော် နတ်သမီးလေးရော၊ ယွင်ချန်မြေအောက်ရထားကိုပါ တရားစွဲမယ် သူတို့ ကျွန်တော့်ကို စိတ်ပိုင်းဆိုင်ရာ နစ်နာမှုအတွက် လျော်ကြေးပေးရမယ်"

ထိုသို့ချန်းယန်က ပြောခဲ့ကာ ချန်းယန်သည် တရားမျှတမှုကို လိုချင်ရုံသာ ဖြစ်သည်။

နတ်သမီးလေးတွေက သူများကို ဒီလောက်ပေါ့ပေါ့တန်တန် စွပ်စွဲလို့ မရဘူး မဟုတ်လား။

"ရှေ့နေဂူ ဒီမှာ ယွမ် ၁ သိန်း။ လုံလောက်လားတော့ မသိဘူး။ ဘာပဲဖြစ်ဖြစ် ပိုက်ဆံက အရေးမကြီးဘူး။ သူတို့ တောင်းပန်ရမယ်။ ဒီ နတ်သမီးလေးတွေက ရွံစရာကောင်းတယ်"

ချန်းယန်က ပြောလိုက်သည်။

"ဖြစ်စဉ်အသေးစိတ်ကို ပြောပြပြီး တရားရုံးရဲ့ အမိန့်ချမှတ်ချက်ကို ပြပါ"

ဂူချန်က ပြန်ပြောလိုက်သည်။

ဖြစ်စဉ်မှာ ချန်းယန်သည် ကျောင်းပြန်ရန် မြေအောက်ရထားစီးနေခြင်းပင်။ ရထားတွဲတွင် လူကြပ်နေသဖြင့် သူသည် ရပ်လျက် ဖုန်းသုံးနေခဲ့သည်။

ဖုန်းသုံးရသည်မှာ ပင်ပန်းလာသဖြင့် အိတ်ကပ်ထဲ ထည့်ရန် ဆုံးဖြတ်လိုက်သည်။

ထိုအခါ ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းတို့ ရောက်လာပြီး သူ့အား ပါးရိုက်ကာ အော်ဟစ်ပြီး ဓာတ်ပုံခိုးရိုက်သမားဟု စွပ်စွဲခဲ့ကြသည်။

ပတ်ဝန်းကျင်မှ လူအုပ်ကလည်း တီးတိုးပြောဆိုလာကြသည်။

ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းတို့သည် ချက်ချင်း ရဲကို ဖုန်းခေါ်ပြီး ဆူညံကာ ပွက်လောရိုက်ခဲ့သည်။

ရထားတွဲမှ ဆင်းပြီးနောက် ရထားတွဲလုံခြုံရေးက သူတို့ကို ချက်ချင်း ဝိုင်းလိုက်သည်။

ကျိုးလင်လင်သည် ချန်းယန်၏ဖုန်းကို လုယူပြီး ဓာတ်ပုံအယ်လ်ဘမ်ကို စစ်ဆေးရာ ဘာမှမတွေ့ခဲ့ပေ။

ထို့နောက် ဝမ်ထျန်းထျန်းက ချန်းယန်၏ဖိနပ်ထဲတွင် ခိုးရိုက်ရန် ကင်မရာသေးသေးလေး ရှိနေသည်ဟု ပြောလိုက်သည်။

ဘာမျှမပြောဘဲ ရထားတွဲလုံခြုံရေးသည် ချန်းယန်၏ဖိနပ်ကို အတင်းချွတ်ပြီး စစ်ဆေးခဲ့သည်။

အားလုံးပြီးဆုံးသောအခါ ရဲများ ရောက်လာပြီး ညှိနှိုင်းခဲ့ကာ ညှိနှိုင်းမှုရလဒ်အရ ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းတို့အား တောင်းပန်ခိုင်းခဲ့သည်။

သို့သော် ထိုမိန်းကလေးနှစ်ဦးမှာ မောက်မာပြီး ချန်းယန်ကို လုံးဝ လျစ်လျူရှုကာ လေထဲကိုသာ ပေါ့ပေါ့တန်တန် တောင်းပန်ပြီး သူ့ကိုပင် မကြည့်ဘဲ ထွက်သွားခဲ့သည်။

ထိုအထဲတွင် ကျိုးလင်လင်က ချန်းယန်၏ဖုန်းတွင် အခြားအမျိုးသမီးများ၏ ဓာတ်ပုံများ ရှိသည်ဟုပင် စွပ်စွဲခဲ့သေးသည်။

သို့သော် ထိုဓာတ်ပုံမှာ ချန်းယန် သာမန်ရိုက်ထားသည့် ရှုခင်းပုံသာ ဖြစ်သည်။

အိမ်ပြန်ရောက်သောအခါ ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းတို့သည် ချန်းယန်အား အွန်လိုင်းတွင် အနိုင်ကျင့်ရန် ဗီဒီယိုများ စတင်ရိုက်ကူးပြီး အွန်လိုင်းတိုက်ခိုက်မှုလှိုင်းကို စတင်ခဲ့သည်။

နောက်ဆုံးတွင် အမှုမှာ တရားရုံးသို့ ရောက်ရှိသွားပြီး ဆုံးဖြတ်ချက် ချမှတ်ခဲ့သည်။

[တင် သခင် ဘုရားအဆင့် ရှေ့နေစနစ်ကို ရရှိသွားပါပြီ]

[မစ်ရှင် - တရားရုံးအမှုတစ်ခုကို အနိုင်ရအောင် လုပ်ပါ]

[မစ်ရှင်ဆု - ငွေသား ယွမ် ၁ သိန်း]

[စတင်သူအတွက် လက်ဆောင်... သခင်ရဲ့ အမှုလိုက်နိုင်စွမ်းနဲ့ စီရင်ဆုံးဖြတ်နိုင်စွမ်းကို ၃၀၀% တိုးမြှင့်ပေးလိုက်ပါပြီ]

[သခင်ကတော့ တစ်နေ့ကို ၃ ကြိမ်အထိ အမှုနဲ့ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို တိုက်ရိုက်ထုတ်ယူနိုင်တဲ့ ဘုရားသခင်ရဲ့ လက်ဆိုတဲ့ စွမ်းရည်မျိုးကို ရရှိသွားပါပြီ]

အမှုအကြောင်းကို နားလည်လိုက်သည်နှင့် ဂူချန်သည် စနစ်၏အသံကို ကြားလိုက်ရသည်။

ဂူချန်သည် စနစ်ဆိုသည်ကို ရင်းနှီးပြီးသားဖြစ်၍ ချက်ချင်းပင် လက်ခံလိုက်သည်။

"ရှေ့နေအလုပ်က ငွေရှာရတာ အလွယ်ကူဆုံးပဲ။ နိုင်ငံရဲ့ ထိပ်တန်းရှေ့နေတစ်ယောက် ဖြစ်လာရင်ဆို ပိုတောင် ပြောစရာမလိုတော့ဘူး။ ပိုက်ဆံအများကြီးရတာကို ဘယ်သူကများ ငြင်းမှာလဲ ဟုတ်တယ်မလား"

ဂူချန်က ပြောလိုက်သည်။

"အခြေအနေကို ကျွန်တော် နားလည်ပါပြီ။ ဒီအမှုကို ကျွန်တော် ယူမယ်။ တရားရုံးစရိတ်က ဒီလောက်ကုန်မှာ မဟုတ်ပါဘူး။ တရားရုံးစရိတ်တွေက တစ်ဖက်လူကပဲ ပေးရမှာပါ"

ချန်းယန်က ပြန်ပြောသည်။

"ရှေ့နေဂူ ကျွန်တော်တို့နိုင်ဖို့သာ အရေးကြီးတယ်။ ပိုက်ဆံကတော့ ကိစ္စမရှိပါဘူး။ ဒီ ယွမ် ၁ သိန်းကို ကျွန်တော့်ဘက်က ရှေ့နေရုံးအတွက် လှူလိုက်တယ်လို့ သဘောထားပါ။ ကျွန်တော် လိုချင်တာက တရားမျှတမှုပါပဲ။

ဒီနတ်သမီးလေးတွေက ကျွန်တော့်ဂုဏ်သိက္ခာကို စိတ်ကြိုက်စော်ကားထားတာ။ အွန်လိုင်းမှာလည်း အနိုင်ကျင့်တယ်။ ပြီးတော့ ကျွန်တော့်ရဲ့ ပုံမှန်ဘဝကို ဖျက်ဆီးပစ်တယ်။ အဲ့တာတောင် ကျွန်တော်ကပဲ သူတို့ကို လျော်ကြေးပေးရဦးမယ်တဲ့လား။ ရှေ့နေဂူ ကောင်းတဲ့သူတွေက ဘာလို့ အမြဲရှုံးပြီး မကောင်းတဲ့သူတွေကပဲ အမြဲလွတ်မြောက်နေရတာလဲ"

ချန်းယန်သည် အလွန်ပင် စိတ်လှုပ်ရှားနေသည်။

ဂူချန်သည် အမှုတွဲကို စတင်စီစစ်လိုက်သည်။

ဤအမှုသည် အွန်လိုင်းတွင် လူသိများလာပြီး အတော်လေး အငြင်းပွားစရာ ဖြစ်လာသည်။

ဤအမှုကိုသာ အနိုင်ရခဲ့လျှင် စနစ်ဆုကြေး ယွမ် ၁ သိန်းကို ရရှိမည်ပင်။

ထို့အပြင် သူ့ရှေ့နေရုံး၏ နာမည်ကိုလည်း ပိုမိုထင်ရှားစေမည်ပင်။

...

အွန်လိုင်းပေါ်တွင် မြေအောက်ရထားတွဲမှ မတရားစွပ်စွဲမှုကိစ္စသည် ကြည့်ရှုသူ သန်းပေါင်းများစွာရှိပြီး ဆွေးနွေးမှုများမှာလည်း အလွန်ပြင်းထန်သည်။

[ဟားဟား ဒီကောင်လေး တကယ်ကံဆိုးတာပဲ။ နတ်သမီးလေးတွေရဲ့ မတရားစွပ်စွဲခံရတဲ့အပြင် အခုတော့ လျော်ကြေးပါ ပေးရဦးမယ်တဲ့။ ရယ်ရလိုက်တာ]

[နတ်သမီးလေးတွေက တကယ်ကို ရွံစရာကောင်းတယ်။ ဒီအမျိုးသမီးတွေကို ပြန်တရားစွဲပေးမယ့် ရှေ့နေမျိုး ပေါ်လာဖို့ ဆုတောင်းနေပါတယ်]

[ဒီညီလေးအတွက် တရားမျှတမှု ရှာပေးမယ့် တော်တဲ့ရှေ့နေထဲက ဘယ်သူရှိမလဲ]

[သူ ဓာတ်ပုံတောင် မရိုက်ဘဲနဲ့ ဘာလို့ လျော်ကြေးပေးရမှာလဲ။ စိတ်ပျက်စရာကောင်းလိုက်တာ]

[ဒီနေ့ မှတ်ချက်ကဏ္ဍမှာ ဘာတွေဖြစ်နေတာလဲ။ ယောက်ျားလေးမို့လို့ပဲ စွပ်စွဲခံရတာလား။ သူကလည်း အရှက်မရှိလိုက်တာ။ ဘာလို့ တစ်ဖက်ကို အဲ့လောက်တောင် အလိုလိုက်ပြီး တရားမစွဲတာလဲ]

[ကြည့်ရတာ သူက ခိုးရိုက်မယ့်ပုံစံပဲ။ စွပ်စွဲတာ မမှားလောက်ပါဘူး]

[သူက အရှက်မရှိတဲ့လူပဲ။ မိန်းကလေးတွေကို အနိုင်ကျင့်နေတာ။ အခုနောက်ပိုင်း ရွံစရာကောင်းတဲ့ ယောက်ျားတွေ အရမ်းများလာတယ်]

[အမျိုးသမီးသီးသန့် ရထားတွဲ ရှိစေချင်တယ်။ ဒီလိုရွံစရာကောင်းတဲ့ ဓာတ်ပုံခိုးရိုက်သမားတွေနဲ့ ရထားတစ်တွဲထဲ အတူမစီးချင်ဘူး]

[ဘာလို့ ဒီမှတ်ချက်တွေမှာ ယောက်ျားလေးတွေကပဲ စီရင်ချက်ကို ကန့်ကွက်နေတာလဲ။ ယောက်ျားလေးအမှားဆိုတာ ထင်ရှားနေတာပဲ။ သူ ဓာတ်ပုံရိုက်၊ မရိုက်ဆိုတာ ထားလိုက်ဦး။ ကြည့်ရတာ သူ့ရုပ်ကိုက ခိုးရိုက်မယ့်လူမျိုးပဲ]

(မှတ်ချက် - စာဖတ်သူလေးတို့ခင်ဗျာ ကျွန်တော် Weibo တို့ Douyin တို့လို appနာမည်တွေကို English လိုပဲထည့်ပြီးဘာသာပြန်မယ်နော်။ Weibo (ဝေဘို) ကျ စာဖတ်သူတို့အမြင်ထဲ တစ်မျိုးကြီးဖြစ်ပြီး ဖတ်ရတာဇာတ်ရှိန်လျော့စေလို့ပါ။ ID တို့လိုအတိုကောက်တွေကိုလည်းကျွန်တော် English စာလုံးအတိုင်းရေးသွားမယ်နော်။ စာဖတ်သူလေးတို့ ကျေးဇူးပါဗျ)

All Chapters