ကြယ်ပြာဂြိုဟ်သို့ ကူးပြောင်းလာပြီးနောက် ဂူချန်တစ်ယောက် အလုပ်သင်ရှေ့နေတစ်ဦး ဖြစ်လာခဲ့သည်။ ကိုယ်ပိုင်ရှေ့နေရုံးခန်း ဖွင့်ဖွင့်ချင်းမှာပင် အမှုတစ်ခုကို သူလက်ခံရရှိခဲ့၏။ ယင်းအမှုမှာ မြေအောက်ရထားပေါ်တွင် ဓာတ်ပုံခိုးရိုက်သည်ဟု မဟုတ်မမှန်စွပ်စွဲခံရသည့် အမှုပင် ဖြစ်သည်။ မိန်းကလေးနှစ်ဦးက အမျိုးသားတစ်ဦးကို မဟုတ်မမှန် လုပ်ကြံစွပ်စွဲခဲ့သည့်အပြင် သူတို့၏ အမှားကို ဝန်မခံဘဲ အွန်လိုင်းပေါ်တွင် စာများတင်ကာ ထိုအမျိုးသားအား ဝိုင်းဝန်းအပုပ်ချခဲ့ကြ၏။ တရားခံရှေ့နေ: "သူတို့မှာ စိတ်ကျရောဂါ ရှိနေလို့ပါ" ဂူချန်: "စိတ်ကျရောဂါဆိုတာ အတုအယောင်ပဲ။ သက်သေအထောက်အထား လိမ်လည်ဖန်တီးတဲ့အတွက် တစ်ဖက်ရှေ့နေရဲ့ လိုင်စင်ကို ရုပ်သိမ်းပေးဖို့နဲ့ ထောင်ဒဏ်ဆယ်နှစ် ချမှတ်ပေးဖို့ တောင်းဆိုပါတယ်" တရားသူကြီး: "အပြစ်မရှိကြောင်း အမိန့်ချမှတ်လိုက်သည်။ ထို့အပြင် တရားလိုဘက်မှ စိတ်ပိုင်းဆိုင်ရာ ထိခိုက်နစ်နာကြေးအနေဖြင့် ၁၈၀၀၀၀ တိတိ ပေးလျော်စေရမည်" ဂူချန်: "တရားသူကြီးက မျက်နှာလိုက်ပြီး အဂတိလိုက်စားနေတယ်။ တရားသူကြီးကို တစ်သက်တစ်ကျွန်း ထောင်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုပါတယ်" တရားခွင်အပြီးတွင် တရားခံ၊ အမှုပတ်သွားသော တစ်ဖက်ရှေ့နေနှင့် တရားသူကြီးပါမကျန် အားလုံး အဖမ်းခံလိုက်ရ၏။ တရားခွင်လာရောက်နားထောင်သူများ: ??? [နေပါဦး... ငါက ဒီအတိုင်း လာကြည့်ရုံသက်သက်ပါ၊ ဘာလို့ ငါပါ ထောင်ထဲဝင်ရတော့မလို ခံစားနေရတာလဲ] [ဒီရှေ့နေက အကြမ်းစားကြီးပဲ! တကယ်မိုက်တယ်! တကယ်မိုက်တယ်]

