← Chapters

အခန်း ၄၆

Vol. 4 Ch. 46

အခန်း ၄၆

Vol. 4 Ch. 46

အခန်း။ ၄၆

ဂူချန် ဝမ်ယုံချန်အတွက် တရားဝင် လျှောက်လဲပေးခဲ့သည့်အမှုမှာ Weibo တွင် လူကြိုက်အများဆုံး ခေါင်းစဉ်ဖြစ်လာခဲ့သည်။

[ဝမ်ယုံချန်နှင့် လျိုဗြောင် လူသတ်မှု အမှုစီရင်ချက် ဝမ်ယုံချန်မှာ တရားဝင် ခုခံကာကွယ်ခြင်းမြောက်ပြီး အပြစ်မရှိကြောင်း အမိန့်ချမှတ်]

၎င်းအောက်တွင်လည်း ဤအမှုနှင့်ပတ်သက်သည့် ဆွေးနွေးမှုများက ထပ်တူထပ်မျှ ရေပန်းစားနေသည်။

[ဂူချန်က တကယ့် ဥပဒေမဲ့မိုက်ရူးရဲပဲ။ တရားလိုကိုပါ ထောင်ပို့လိုက်တာ။ လျိုယာကျွင်း တစ်သက်တစ်ကျွန်း ကျသွားပြီ၊ တကယ့်ကို ပေါ့သွားတာပဲ]

[ဂူချန် တကယ်တော်တယ်။ အမှုနှစ်ခုကိုင်တွယ်ပြီး ရှေ့နေ၊ တရားသူကြီး၊ တရားလို၊ တရားခံ၊ ပရိသတ်နဲ့ သတင်းထောက်တွေပါမကျန် အကုန်ထောင်ပို့လိုက်တာပဲ]

[ဂူချန်ရဲ့ နိုင်ပွဲ နှစ်ခုမြောက် ဒါကပဲ ဥပဒေမဲ့မိုက်ရူးရဲဆိုတာလား]

[သူက အလုပ်သင်ရှေ့နေ ဟုတ်ရဲ့လား။ လူသတ်မှု ကျူးလွန်ထားတဲ့ ဝမ်ယုံချန်ကိုတောင် အပြစ်ကင်းစင်အောင် လုပ်ပေးသွားနိုင်တာ။ တကယ့် ထိပ်တန်းပရော်ဖက်ရှင်နယ် ရှေ့နေပဲ]

[အကြားအာရုံချို့ယွင်းသူအတွက် တစ်ပြားမှမယူဘဲ အမှုလိုက်ပေးတာ။ တကယ့်ကို ဂုဏ်ယူစရာကောင်းတဲ့ ရှေ့နေပဲ]

ရုတ်တရက်ဆိုသလို ဂူချန်သည် အင်တာနက်တွင် အလွန်ရေပန်းစားသွားခဲ့သည်။

ပရိသတ်များစွာမှာလည်း ဂူချန်၏ ဥပဒေရုံးအကြောင်းကို သိရှိသွားကြသည်။

ဂူချန်မှာ ကိုယ်ပိုင်ဥပဒေရုံးကို တည်ထောင်ခဲ့သော်လည်း ခြောက်လကြာသည်အထိ အမှုတစ်ခုမျှ မရရှိခဲ့ဘဲ အခန်းခပေးရန်ပင် ခက်ခဲနေသည့် အခြေအနေ ဖြစ်သည်။

ထိုအချိန်မှသာ ပထမဆုံးအမှုအဖြစ် နတ်သမီးလေးအမှုတွင် စတင်ပါဝင်ခဲ့ပြီး နောက်ဆုံးတွင် ထိုအမှုကို ကိုင်တွယ်ခဲ့သူအားလုံးကို ထောင်ပို့ခဲ့ခြင်းပင်။

ဂူချန်၏ ငွေရေးကြေးရေး အခြေအနေ မကောင်းကြောင်း၊ အခန်းခပင် မပေးနိုင်ကြောင်း သိရှိထားသည့် ပရိသတ်များမှာ ဂူချန်၏ စေတနာကို ပို၍ လေးစားလာကြသည်။

အထူးသဖြင့် ဆွန်ယန်မုန်နှင့် ဝမ်ရှောင်မုန်းတို့ကဲ့သို့ အကြားအာရုံနှင့် စကားပြောဆိုမှု ချို့ယွင်းသူများအတွက် အခကြေးငွေ တစ်ပြားမှ မယူဘဲ တာဝန်ယူပေးခဲ့ခြင်းမှာ အလွန်တရာ အံ့ဩစရာကောင်းလှသည်။

အိမ်သို့ပြန်ရောက်၍ ရေချိုးပြီး ခေတ္တနားအပြီး ဂူချန်သည် TikTok တွင် တိုက်ရိုက်ထုတ်လွှင့်မှုစတင်လိုက်သည်။

ထုတ်လွှင့်မှု စတင်ပြီး တစ်မိနစ်အတွင်းမှာပင် ကြည့်ရှုသူ သောင်းနှင့်ချီ ရောက်ရှိလာသည်။

ဂူချန် "ဝါး….."

ဂူချန် "ဟင် ကြည့်ရှုသူတွေ ဒီလောက်တောင် များနေတာလား"

မှတ်ချက်ကဏ္ဍမှာလည်း တစ်စက္ကန့်ချင်းစီတိုင်း ရောက်ရှိလာသည်။

[ရောက်လာပြီ ဂူချန် Live လွှင့်နေပြီ]

[ဥပဒေမဲ့မိုက်ရူးရဲ Live လွှင့်တာလား ကြည့်မယ်]

[ရှေ့နေဂူ အရမ်းတော်တာပဲ။ အခမဲ့ကူညီပေးပြီး အနိုင်ရသွားတယ်]

[လျိုယာကျွင်းကို သေဒဏ်မပေးတာ နှမြောစရာကောင်းတယ်။ သေဒဏ်ပေးသင့်တာ]

[ရှေ့နေဂူ ဥပဒေရုံး အခန်းခတောင် မပေးနိုင်ဘူး။ အခုလို အခမဲ့ကူညီပေးတဲ့အတွက် လက်ဆောင်တွေ ပေးကို ပေးရမယ်]

[ဝမ်ဝမ်ရွှမ်း] က အနီရောင်နှင်းဆီပန်းတစ်ခု ပို့သည်။

[နှင်းနို့ရည်] က Douyin နံပါတ်တစ် ၁၀ ခု ပို့သည်။

[နှင်းနို့ရည်] က နှလုံးသားစကြဝဠာ၁၀ ခု ပို့သည်။

[နှင်းနို့ရည်] က အိမ်မက်နန်းတော် ၁၀ ခု ပို့သည်။

ရုတ်တရက်ဆိုသလို သူဌေးတစ်ဦး Live ထဲ ရောက်လာပြီး လက်ဆောင်များကို အပြုံလိုက် ပို့လိုက်သည်။

စုစုပေါင်း လက်ဆောင်တန်ဖိုးမှာ ယွမ် ၅၆,၀၀၀ ကျော်သွားပြီဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုစတင်ပြီး မိနစ်အနည်းငယ်အတွင်းမှာပင် တန်ဖိုး ယွမ် ၅၆,၀၀၀ ဖိုးရှိ လက်ဆောင်များ ရရှိသွားခဲ့သည်။

ဂူချန်တစ်ယောက် အံ့ဩဝမ်းသာစွာဖြင့် ကျေးဇူးတင်စကား ပြောဆိုနေစဉ်မှာပင် အဆိုပါ သူဌေးထံမှ လက်ဆောင်များ ထပ်မံရောက်ရှိလာပြန်သည်။

ယခုတစ်ကြိမ်တွင်မူ ဂူချန်တစ်ခါမျှ မမြင်ဖူးသည့် ထူးခြားသော လက်ဆောင်အကျိုးသက်ရောက်မှုတစ်ခု ပေါ်လာသည်။

ရွှေရောင်တောက်ပပြီး ခမ်းနားထည်ဝါလှသော ကွန်ဖန်ဝမ်လီ (ကွန်ဖန်ငှက် ပျံသန်းခြင်း) ဟု အမည်ရသည့် လက်ဆောင်အထူးအစီအစဉ်တစ်ခု ဖြစ်သည်။ ၎င်းလက်ဆောင်တစ်ခုတည်း၏ တန်ဖိုးမှာ ယွမ် ၁၆,၀၀၀ ရှိသည်။

[နှင်းနို့ရည်] က ကွန်ဖန်ဝန်လီ တစ်ခု ပို့သည်။

ပရိသတ်များမှာ အံ့အားသင့်သွားကြသည်။

[ဟင် အမလေး...]

[ကွန်ဖန်ဝမ်လီလား ဒီလက်ဆောင်က ယွမ် ၁၆,၀၀၀ တန်တယ်နော်]

[ဒါက သူဌေးတွေအတွက်ပဲ ရည်ရွယ်တာ မဟုတ်ဘူးလား။ တစ်ခုတည်းကိုတင် ၁၆,၀၀၀ တန်တာ]

[တကယ့် သူဌေးကြီးပဲ။ အစကတည်းက ကွန်ဖန်ဝမ်လီနဲ့ စလိုက်တာ အရမ်းမိုက်တယ်]

ဂူချန် ကျေးဇူးတင်စကားတောင် မပြောလိုက်ရသေးခင်မှာပင် လက်ဆောင်များ တရစပ် ရောက်လာပြန်သည်။

[နှင်းနို့ရည်] က ကွန်ဖန်ဝမ်လီ ၂ ခု ပို့သည်။

[နှင်းနို့ရည်] က ကွန်ဖန်ဝမ်လီ ၃ ခု ပို့သည်။

...

[နှင်းနို့ရည်] က ကွန်ဖန်ဝမ်လီ ၁၀ ခု ပို့သည်။

စုစုပေါင်း ၁၀ ခုဖြစ်ကာ တစ်ခုလျှင် ယွမ် ၁၆,၀၀၀ နှုန်းဖြင့် ၁၀ ခုဆိုလျှင် ယွမ် ၁၆၀,၀၀၀ ဖြစ်သည်။

ယခင်ပေးထားသော လက်ဆောင်များနှင့် ပေါင်းလျှင် မိနစ် ၅ မိနစ်အတွင်း ယွမ် ၂၀၀,၀၀၀ ဖိုး လက်ဆောင်များ ရရှိသွားခြင်းပင်။

ဂူချန်တစ်ယောက် စိတ်ထဲတွင် "ဒီလောက်တောင် လွယ်လွယ်ကူကူ ရနိုင်ရင် ဘယ်သူက ရှေ့နေလုပ်တော့မှာလဲ" ဟု တွေးမိသည်အထိပင်။

ဂူချန်က "ကျေးဇူးတင်ပါတယ် သူဌေး နှင်းနို့ရည် ခင်ဗျာ။ ဥပဒေပိုင်းဆိုင်ရာ အကူအညီလိုရင် အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်" ဟု ပြောလိုက်ရာ အဆိုပါ သူဌေးက နောက်ထပ် ယွမ် ၁၀၀,၀၀၀ ဖိုး လက်ဆောင်များ ထပ်ပေးလိုက်ပြန်သည်။

စုစုပေါင်း ယွမ် ၃၀၀,၀၀၀ ဖိုး ဖြစ်သွားပြီဖြစ်သည်။

ပလက်ဖောင်းခ နုတ်ပြီးလျှင်လည်း ဂူချန်အတွက် များပြားလှသော ဝင်ငွေဖြစ်သည်။

ထို့ပြင် အဆိုပါလက်ဆောင်များကြောင့် ကြည့်ရှုသူဦးရေမှာလည်း တစ်ဟုန်ထိုး တိုးတက်လာပြီး ၁၅ မိနစ်အတွင်း ကြည့်ရှုသူ ၉၀,၀၀၀ ကျော်အထိ ရှိလာသည်။

[နှင်းနို့ရည်]က Live chat ထဲတွင် ရွှေရောင်စာလုံးဖြင့် မှတ်ချက်ရေးလိုက်သည်။

[နှင်းနို့ရည်]: "ဘာမှမဟုတ်ပါဘူး။ ရှေ့နေဂူ အခကြေးငွေမယူဘဲ ကောင်းမှုကုသိုလ် လုပ်တာကို မြင်လို့ အားပေးတဲ့အနေနဲ့ ပေးတာပါ။ ရှေ့နေဂူရဲ့ ပရော်ဖက်ရှင်နယ် ဆန်မှုက တကယ့်ကို ထိပ်တန်းပဲ။ WeChat အချင်းချင်း Add ထားလိုက်ရအောင်။ နောက်ပိုင်း အကူအညီလိုရင် ဆက်သွယ်လိုက်မယ်"

ဂူချန်က ဝမ်းမြောက်ဝမ်းသာဖြင့် "ဟုတ်ကဲ့ပါ သူဌေး ကျွန်တော် သီးသန့်စာပို့လိုက်ပါ့မယ်" ဟု ပြန်ပြောလိုက်သည်။

ဤမျှများပြားသော လက်ဆောင်များကြောင့် TikTok (Douyin) ၏ တရားဝင် အဖွဲ့အစည်းကပင် သတိထားမိလာသည်။

ဘိုင်တီဖျော်ဖြေရေးကုမ္ပဏီမှ လုပ်ငန်းလည်ပတ်ရေး ဝန်ထမ်းများသည် ဤ Live ထဲတွင် ကြည့်ရှုသူ ၉၀,၀၀၀ ကျော်အထိ ရှိနေပြီး အရေအတွက်မှာလည်း ဆက်လက် တိုးတက်နေသည်ကို အံ့ဩစွာ တွေ့ရှိလိုက်ရသည်။

နောက်ထပ် အမှုအခင်းအသစ်တစ်ခုခုများ ဂူချန်ဆီကနေ ထွက်လာဦးမလားဆိုတာကို ပရိသတ်တွေက စိတ်ဝင်တစား စောင့်မျှော်နေကြတော့သည်။

All Chapters