← Chapters

အခန်း ၂၀၅

Vol. 18 Ch. 205

အခန်း ၂၀၅

Vol. 18 Ch. 205

အခန်း။ ၂၀၅

ယန်ရှောင်ဒုန်းက မတ်တတ်ရပ်ကာ တည်ငြိမ်စွာ ဆက်ပြောသည်။

"မဟုတ်ပါဘူး ကျွန်တော်ဆိုလိုတာက ကျောင်းရဲ့ အလုပ်ကိစ္စတွေ များပြားတဲ့အတွက် ဆင်းရဲသူ ပညာသင်ဆုတွေမှာ တစ်ခါတလေ အမှားအယွင်း ဒါမှမဟုတ် လွဲချော်မှုတွေ ရှိတတ်တာက ပုံမှန်ပါပဲ။ ဘယ်သူမှ စက်ယန္တရားလို အမှားအယွင်း လုံးဝမရှိအောင် အာမခံနိုင်ကြတာ မဟုတ်ပါဘူး"

"ဒါပေမဲ့ ဒီအမှုမှာ ကျန်းထောင်က ပညာသင်ဆု မရတာကလည်း ကျိုးကြောင်းဆီလျော်မှု ရှိပါတယ်။ ဘာအမှားမှ မရှိပါဘူး"

"တကယ်လို့ ကျောက်ဝမ်ရွှမ်းက ပထမတန်း ဆင်းရဲသူ ပညာသင်ဆု ရသွားတာမှာလည်း ဘာပြဿနာမှ မရှိပါဘူး"

"ကျန်းထောင် ပညာသင်ဆု မရရတဲ့ အကြောင်းရင်းတွေ ရှိပါတယ်။ ကျွန်တော် ရှေ့မှာ အကြိမ်ကြိမ် ရှင်းပြပြီးသားပါ။ သူက ငွေကြေးဆိုင်ရာ ကျပ်တည်းတဲ့ ကျောင်းသားတစ်ယောက်ရဲ့ အရည်အချင်းစံနှုန်းနဲ့ မကိုက်ညီပါဘူး"

"ကျောက်ဝမ်ရွှမ်း တင်သွင်းခဲ့တဲ့ ဆင်းရဲသူ ပညာသင်ဆု လျှောက်လွှာ စာရွက်စာတမ်းတွေ အားလုံးက စံနှုန်းနဲ့ ကိုက်ညီပါတယ်။ ကျောင်းမှာ အချက်အလက်တွေကို စုံစမ်းစစ်ဆေးနိုင်သလို ကျောက်ဝမ်ရွှမ်းရဲ့ စာရွက်စာတမ်းတွေကိုလည်း စစ်ဆေးနိုင်ပါတယ်။ တင်သွင်းထားသမျှ အားလုံးက စံချိန်စံညွှန်းနဲ့ ကိုက်ညီနေပါတယ်"

"ကျောက်ဝမ်ရွှမ်းက ဖာရာရီ ဒါမှမဟုတ် ပေါ်ရှေး ကားတွေ မောင်းတယ်ဆိုတဲ့ သတင်းကတော့ ကျွန်တော် မတွေ့ဖူးပါဘူး။ အဲဒါအတွက် အထောက်အထား ရှိလို့လား"

ယန်ရှောင်ဒုန်း၏ ချေပချက်တိုင်းက အချက်အလက်ကျပြီး တိကျနေသည်။

ဤသည်မှာ ပါမောက္ခအဆင့် ရှေ့နေတစ်ဦး၏ အစွမ်းအစပင်။ ဂူချန်သာ ဒီအမှုကို ကိုင်တွယ်ရလျှင်တောင် ကိုင်တွယ်ရ လွယ်ကူလှမည် မဟုတ်ပေ။

ယန်ရှောင်ဒုန်းမှာ အလွန်ပင် ယုံကြည်မှု အပြည့်ရှိနေသည်။

ဤအမှု၏ အဓိက အချက်အခြာမှာ ကျောက်ဝမ်ရွှမ်းက သူ့၏ ပညာသင်ဆုနေရာကို လုယူသွားသည်ဟု ကျန်းထောင်က ယုံကြည်နေခြင်းပင်။

ဤကိစ္စကိုသာ ရှင်းလင်းနိုင်မည်ဆိုလျှင် ကျန်းထောင်၏ တရားစွဲဆိုမှုမှာ အလိုလို ပြိုလဲသွားမည်ဖြစ်ပြီး ကျောင်း၏ ဂုဏ်သိက္ခာလည်း ထိခိုက်တော့မည် မဟုတ်ပေ။

အဘယ်ကြောင့်ဆိုသော် အများပြည်သူနှင့် အင်တာနက်သုံးစွဲသူများက တရားရုံး၏ ဆုံးဖြတ်ချက်ကိုသာ အဓိက စောင့်ကြည့်နေကြသောကြောင့်ပင်။

တရားရုံး၏ အဆုံးအဖြတ် ထွက်လာသည်နှင့် တစ်ပြိုင်နက် အင်တာနက်သုံးစွဲသူများက ကျောင်းဘက်မှ ချက်ချင်း ရပ်တည်လာကြလိမ့်မည်။

ဤအခြေအနေတွင် ကျောင်းဘက်က တောင်းပန်စရာပင် လိုမည်မဟုတ်ဘဲ ကျန်းထောင်အား ပညာသင်ဆုနေရာ ပေးရန်လည်း လုံးဝ လိုအပ်တော့မည် မဟုတ်ပေ။

ထို့အပြင် ယန်ရှောင်ဒုန်းက တွက်ချက်ထားပြီးသား ဖြစ်သည်။

ဤအမှုတွင် ဤအချက်ကို ရှင်းရှင်းလင်းလင်း ဖော်ထုတ်နိုင်သည်နှင့် ဂူချန်ကို ဂုဏ်သိက္ခာညှိုးနွမ်းစေမှုဖြင့် တရားစွဲဆိုနိုင်မည်ပင်။ ဂုဏ်သိက္ခာညှိုးနွမ်းစေမှုက ဥပဒေအရ ပြစ်မှုထင်ရှားစေနိုင်သော တာဝန်ရှိမှုတစ်ခု ဖြစ်သည်။

ယန်ရှောင်ဒုန်းသည် အွန်လိုင်းတွင် ဂူချန်ကို "ဥပဒေမဲ့ မိုက်ရူးရဲ" ဟု ခေါ်ဝေါ်ကြသည်ကို သိထားသည်။

"ဒါပေမဲ့... ဥပဒေမဲ့ မိုက်ရူးရဲ ဖြစ်နေရုံနဲ့ ဘာများ ထူးခြားသွားမှာမို့လို့လဲ။ တရားစွဲဆိုမှုတွေမှာ ဥပဒေကိုပဲ အဓိက အားကိုးရတာ မဟုတ်ဘူးလား..."

"တကယ်လို့ အဲဒီ ဥပဒေမဲ့ မိုက်ရူးရဲဆိုတဲ့ကောင်သာ ဥပဒေကို ချိုးဖောက်လိုက်ရင်တော့... အချုပ်ခန်းထဲ ရောက်သွားရုံပဲ ရှိတာပေါ့ ဟားဟား..."

ယန်ရှောင်ဒုန်းက ဂူချန်ဘက်သို့ လှည့်ကာ "တရားလိုဘက်က ရှေ့နေအနေနဲ့ ကျန်းထောင်က ငွေကြေးဆိုင်ရာ ကျပ်တည်းတဲ့ ကျောင်းသားတစ်ဦးရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတယ်ဆိုတဲ့ သက်သေအထောက်အထားကို အရင်ဆုံး တင်ပြပေးပါ။ အကယ်၍ အထောက်အထား မပြနိုင်ဘူးဆိုရင် ဒါဟာ ကျန်းထောင်ဟာ ငွေကြေးမပြည့်စုံသူ မဟုတ်ဘူးဆိုတာကို ညွှန်ပြနေပြီး ကျောင်းရဲ့ ဆင်းရဲသူ ပညာသင်ဆုကို ရရှိထိုက်သူ မဟုတ်ဘူးဆိုတာ ပြသနေပါတယ်။ ကျန်းထောင် တစ်ချိန်က ပြောခဲ့ဖူးတဲ့ စကားတစ်ခွန်းကိုတော့ ကျွန်တော် သဘောတူပါတယ်"

"ဆင်းရဲသူ ပညာသင်ဆုဆိုတာ နိုင်ငံတော်က ငွေကြေးကျပ်တည်းတဲ့ ကျောင်းသားတွေအတွက် ပေးအပ်တာဖြစ်ပြီး တခြားသူတွေ မတရား လုယူသွားသင့်တာ မဟုတ်ပါဘူး"

"ဒါကြောင့် ကျန်းထောင်... ခင်ဗျားကိုယ်တိုင်က ငွေကြေးကျပ်တည်းတဲ့ ကျောင်းသားတစ်ယောက်ရဲ့ စံနှုန်းတွေနဲ့ ကိုက်ရဲ့လား" ဟု စိန်ခေါ်လိုက်သည်။

ထိုအချိန်တွင် ဂူချန်က မတ်တတ်ရပ်လိုက်သည်။

ဂူချန်၏ ဘေးတွင် ရှိနေသော ရွှယ်ချင်းချင်းက စာရွက်စာတမ်း အချို့ကို ထုတ်ယူလိုက်ပြီး ဂူချန်ထံသို့ လှမ်းပေးလိုက်သည်။

ဂူချန်က စာရွက်စာတမ်းများကို ကိုင်လျက် "တရားသူကြီးမင်း ဒါတွေကတော့ ကျွန်တော့်အမှုသည် ကျန်းထောင်ရဲ့ ဆင်းရဲသူ ပညာသင်ဆုနဲ့ ပတ်သက်တဲ့ အထောက်အထားနဲ့ စာရွက်စာတမ်းတွေပါ"

"ဒီမှာကတော့ သူ့ရဲ့ မိဘနှစ်ပါး ကွယ်လွန်ကြောင်း သေစာရင်းပါ"

"ဒါကတော့ သူ့ရဲ့ အဘိုးဖြစ်ပြီး လက်ရှိအချိန်မှာ ကျန်းထောင်အတွက် ဒီလောကမှာ ကျန်ရစ်နေတဲ့ တစ်ဦးတည်းသော မိသားစုဝင်ရင်းချာပါ" ဟု တရားခွင်သို့ တင်ပြလိုက်သည်။

"ဒါကတော့ ရွာကော်မတီကနေ ကျန်းထောင်ရဲ့ မိသားစုအတွက် ထုတ်ပေးထားတဲ့ ဆင်းရဲနွမ်းပါးကြောင်း ထောက်ခံစာဖြစ်ပြီး ကော်မတီရဲ့ တံဆိပ်တုံး အပြည့်အစုံ ပါရှိပါတယ်"

"ဒီအချက်ကတင် ကျန်းထောင်ရဲ့ မိသားစုက တော်တော်လေး ဆင်းရဲတယ်ဆိုတာကို လုံလောက်စွာ သက်သေပြနေပါတယ်။ ရွာကော်မတီ ကိုယ်တိုင် ထောက်ခံစာ ထုတ်ပေးထားတာတောင်မှ သူ့ရဲ့ ငွေကြေးကျပ်တည်းတဲ့ ကျောင်းသားတစ်ဦးဆိုတဲ့ အခြေအနေကို မပြနိုင်ဘူးလို့ ပြောဦးမှာလား"

"ဒါ့အပြင် ကျန်းထောင်က အထူးဆင်းရဲနွမ်းပါးတဲ့ ခရိုင်က လာတာပါ။ ပထမတန်း ပညာသင်ဆု စံနှုန်းနဲ့ ကိုက်ညီတယ်ဆိုတာ သေချာပါတယ်"

"ဒီစာရင်းတွေကတော့ ကျန်းထောင် ကျောင်းမှာ လုပ်ခဲ့တဲ့ အချိန်ပိုင်းအလုပ်တွေ၊ ကျောင်းတွင်း လုပ်အားပေးအစီအစဉ်တွေ၊ စာကြည့်တိုက်မှာ လုပ်ခဲ့တဲ့ အချိန်ပိုင်းရာထူးတွေနဲ့ ကျောင်းပြင်ပ အချိန်ပိုင်းအလုပ်တွေပဲ ဖြစ်ပါတယ်။ ဒါက ကျန်းထောင်ရဲ့ ဘဏ်စာရင်းရှင်းတမ်းပါ"

"ဒါကတော့ ကျန်းထောင်ရဲ့ အချိန်ပိုင်းအလုပ် လုပ်ခတွေ လက်ခံရရှိထားတဲ့ WeChat ငွေလွှဲမှတ်တမ်း ဖြစ်ပါတယ်"

"..."

"ဒီအချက်အလက်တွေ အားလုံးက ကျန်းထောင်က ငွေကြေးကျပ်တည်းတဲ့ ကျောင်းသားတစ်ဦး ဖြစ်တယ်ဆိုတာကို သက်သေပြနိုင်ပြီး တင်သွင်းခဲ့တဲ့ စာရွက်စာတမ်း အားလုံးကလည်း ကျောင်းရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီနေပါတယ်"

"ဒါပေမဲ့ ရန်ချန်းတက္ကသိုလ်ကတော့ ကျန်းထောင်က ငွေကြေးကျပ်တည်းတဲ့ ကျောင်းသား စံနှုန်းနဲ့ မကိုက်ညီဘူးလို့ ယုံကြည်နေပါတယ်။ ကျန်းထောင်ရဲ့ ဘယ်အချက်ကများ စံနှုန်းနဲ့ မကိုက်ညီလို့လဲ"

ဂူချန်က ခိုင်လုံသော အထောက်အထား အမြောက်အများကို တင်ပြလိုက်သည်။

ကျန်းထောင်ကလည်း ဓာတ်ပုံအချို့ကို ထုတ်ပြလျက် "ဒါတွေက ကျောင်းမှာ ကျောက်ဝမ်ရွှမ်း ပေါ်ရှေး နဲ့ ဖာရာရီ ကားတွေ မောင်းနေတဲ့ ပုံတွေပါပဲ ကျောင်းသားတိုင်း သိကြပါတယ်။ စုံစမ်းကြည့်ရုံနဲ့ သိနိုင်ပါတယ်။ ကျောက်ဝမ်ရွှမ်းက ကျောင်းမှာရှိတဲ့ သူဌေးသားတစ်ယောက်ဖြစ်ပြီး ဖာရာရီနဲ့ ပေါ်ရှေးကားတွေ မောင်းနေတာပါ။ ကျွန်တော်တို့ ကျောင်းမှာ ဒီလောက်တောင် ကားဝယ်စီးနိုင်တဲ့ ချမ်းသာတဲ့ ကျောင်းသားမျိုး ဘယ်သူမှ မရှိပါဘူး" ဟု ပြောလိုက်သည်။

ဂူချန်နှင့် ကျန်းထောင်တို့က အထောက်အထားများကို တရားရုံးသို့ တင်သွင်းခဲ့ကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှု ကို ကြည့်ရှုနေကြသော ပရိသတ်များမှာ အဆိုပါ အထောက်အထားများကို မြင်တွေ့ရသောအခါ မှတ်ချက်များဖြင့် တရစပ် ဝေဖန်ရေးသားကြတော့သည်။

[မှန်လိုက်တာ ကျန်းထောင်က ငွေကြေးကျပ်တည်းတဲ့ ကျောင်းသားစစ်စစ်ပါ။ သူ့မိသားစုက ဒီလောက်တောင် ဆင်းရဲနေတာ။ ဘာလို့ ပညာသင်ဆုကို သူ့ကို မပေးတာလဲ]

[ဘယ်လိုလုပ်ပြီး ငွေကြေးကျပ်တည်းတဲ့ ကျောင်းသား မဟုတ်ရမှာလဲ။ ကျန်းထောင်က တကယ်တော့ ငါ့ထက်တောင် ဆင်းရဲသေးတယ်]

[ငါ့မိသားစုလည်း ဆင်းရဲပါတယ်။ ဒါပေမဲ့ ကျန်းထောင် ဒီလောက်တောင် ဆင်းရဲမယ်လို့ မထင်ထားခဲ့မိဘူး]

[ပြောရရင် ကျန်းထောင်မှာ မိဘမရှိတော့ဘူး။ ကျောင်းလခနဲ့ စားစရိတ်အတွက် သူ့ရဲ့ ကြိုးစားအားထုတ်မှုနဲ့ အချိန်ပိုင်းအလုပ်တွေကိုပဲ အားကိုးနေရတာ။ စာသင်ချိန်တွေလည်း များတော့ ကျန်းထောင်က ကျောင်းလခနဲ့ စားစရိတ်ကို ဘယ်လိုရှာရမလဲ။ တက္ကသိုလ်ကျောင်းသားတစ်ယောက်ရဲ့ လစဉ်စားစရိတ်က အနည်းဆုံး ၁၅၀၀ တော့ လိုတယ်မဟုတ်လား။ ၁၅၀၀ တောင် လောက်ပါ့မလား]

[ဟေ့ လှူဒါန်းလို့ရမယ့် လမ်းကြောင်း ရှိလား။ ဒီကျောင်းက ပညာသင်ဆု မပေးဘူးပေါ့လေ။ ဘယ်လောက်တောင် ရွံစရာကောင်းတဲ့ ကျောင်းလဲ]

[ကျောင်းလခအတွက်တော့ စိတ်ပူစရာမလိုဘူး၊ ကျောင်းသားချေးငွေ ရှိတယ်။ သူဌေးသားက အဲဒါကို အစားထိုးလို့ မရဘူးလေ။ အဓိကက စားစရိတ်ပဲကျန်းထောင်က တကယ် ဆင်းရဲတာပါ]

[စောက်ကျိုးနည်း ကျောက်ဝမ်ရွှမ်းက ပေါ်ရှေးနဲ့ ဖာရာရီကားတွေ မောင်းနေတာ အရမ်းကောင်းတဲ့ ကားတွေလေ။ အဲဒါကို ပထမတန်း ပညာသင်ဆု ပေးတယ်လို့ ပြောရဲတယ်ပေါ့]

[လုပ်နိုင်မယ်ဆိုရင် ငါလည်း သွားတိုင်မှာပဲ။ စောက်ကျိုးနည်း တကယ် ရွံစရာကောင်းလိုက်တာ ဘယ်သူက သည်းခံနိုင်မှာလဲ]

[ငွေကြေးကျပ်တည်းတဲ့ ကျောင်းသားရဲ့ မိသားစုက ဒီလောက်တောင် ဆင်းရဲနေတာကို ဖာရာရီကားမောင်းတဲ့ သူဌေးသားက ပညာသင်ဆုကို လုယူသွားတယ်လို့ ပြောကြတယ်]

အင်တာနက်သုံးစွဲသူများ၏ ဒေါသသံများနှင့်အတူ တရားခွင်အတွင်း အာရုံစိုက်မှုအားလုံးသည် တရားခံဘက်မှ ရှေ့နေ ယန်ရှောင်ဒုန်းဆီသို့ ပြန်လည်ရောက်ရှိသွားသည်။

တရားသူကြီးချုပ် ရှန်ကျားရွေက "တရားခံဘက်က ရှေ့နေရဲ့ ချေပချက်က ဘယ်လိုရှိလဲ" ဟု မေးလိုက်သည်။

ယန်ရှောင်ဒုန်းက တည်ငြိမ်စွာဖြင့် မတ်တတ်ရပ်ကာ

"တရားသူကြီးမင်း ကျန်းထောင် ကျောင်းကို တင်ပြခဲ့တဲ့ အချက်အလက်တွေက ငွေကြေးကျပ်တည်းတဲ့ ကျောင်းသားတစ်ဦးရဲ့ စံနှုန်းတွေနဲ့ ကိုက်ညီတယ်ဆိုတာကို ကျွန်တော် ဝန်ခံပါတယ်"

"ဒါပေမဲ့ ဒီကိစ္စကို မပြောခင်မှာ ကျောက်ဝမ်ရွှမ်းနဲ့ ပတ်သက်ပြီး တစ်ခုလောက် ပထမဆုံး သက်သေပြချင်ပါတယ်"

"တရားလိုဘက်က ကျောက်ဝမ်ရွှမ်းက သူဌေးသားဖြစ်တယ်ဆိုတာ အားလုံးအသိပါပဲ။ စုံစမ်းကြည့်ရုံနဲ့ သိနိုင်ပါတယ်လို့ စွပ်စွဲထားပါတယ်"

"ဒါဆိုရင် တရားရုံးမှာ တိကျတဲ့ အထောက်အထားကို တင်ပြပေးပါ။ ကျောက်ဝမ်ရွှမ်းက သူဌေးသားဖြစ်တယ်ဆိုတာကို ကျွန်တော် လုံးဝ မသိထဋးပါဘူး။ ကျောင်းအုပ်ကြီး၊ ဒုကျောင်းအုပ်ကြီး၊ အတန်းပိုင်ဆရာနဲ့ အတိုင်ပင်ခံဆရာတို့ကိုလည်း မေးမြန်းချင်ပါတယ်။ ကျောက်ဝမ်ရွှမ်းက သူဌေးသားဖြစ်တယ်ဆိုတာ ခင်ဗျားတို့ သိကြပါသလား"

တရားခံဘက်တွင် ထိုင်နေသူ လေးဦးစလုံးက ခေါင်းခါယမ်းပြလိုက်ကြသည်။

ယန်ရှောင်ဒုန်းက ဆက်ပြောသည်။

"မြင်တဲ့အတိုင်းပါပဲ ကျွန်တော်တို့ထဲမှာ ဘယ်သူမှ ကျောက်ဝမ်ရွှမ်းကို သူဌေးသားတစ်ယောက်န်းမှန်း မသိကြပါဘူး။ တကယ်လို့သာ သူက တကယ် သူဌေးသားဖြစ်မယ်ဆိုရင် ကျောင်းဘက်က ဆင်းရဲသူ ပညာသင်ဆုကို ဘယ်လိုလုပ်ပြီး သူ့ကို ပေးမှာလဲ အဲဒါလည်း ပထမတန်း ပညာသင်ဆုလေ... စဉ်းစားကြည့်ပါ ဒါ ဖြစ်နိုင်ပါ့မလား"

"တကယ်လို့ ကျောက်ဝမ်ရွှမ်းက သူဌေးသား ဟုတ်တယ်ဆိုရင်လည်း တိုက်ရိုက် အထောက်အထားကို တင်ပြပေးပါ"

"ဒီဓာတ်ပုံ နှစ်ပုံမှာ ပေါ်ရှေး နဲ့ ဖာရာရီ ကားတွေ ပါတယ်။ ဒါပေမဲ့ ဒီကားတွေဟာ ကျောက်ဝမ်ရွှမ်းပိုင်တယ်ဆိုတာ ခင်ဗျားတို့ ဘယ်လို သက်သေပြမလဲ အထောက်အထား ရှိလို့လား"

"တနည်းအားဖြင့် ပြောရရင် ဓာတ်ပုံထဲမှာ ကျောက်ဝမ်ရွှမ်း ကိုယ်တိုင် ဒီကားတွေကို မောင်းနှင်နေတာကို အတိအကျ ဖမ်းယူထားနိုင်တာမျိုး မရှိပါဘူး။ ဒါကြောင့် ဒီလို အထောက်အထားမျိုးကို ကျွန်တော်တို့ လက်မခံနိုင်ပါဘူး။ ကျေးဇူးပြုပြီး အတိအကျဆုံး အထောက်အထားကိုသာ တင်ပြပေးပါ"

All Chapters