အခန်း ၁၅၄
Vol. 13 Ch. 154
အခန်း။ ၁၅၄
ကျူးဂွေးကျန်းက "ကျွန်မ ဘာကိုမှ ဂရုမစိုက်ဘူး။ အရင်က အမှုတွေနဲ့လည်း မဆိုင်ဘူး။ ကျွန်မသိတာ ရှဲ့စီယု တိုက်တာပဲ။ သူမ တိုက်မိတာမို့လို့ တာဝန်ယူရမယ်။ အဘိုးအိုကို တိုက်တာရော၊ ကျွန်မကို တိုက်တာရော ကျွန်မ မျက်မြင်ပဲ။ ကျွန်မ ခေါင်းကိုက်နေတယ်။ လျော်ကြေးလိုချင်တယ်။ ပထမအဆင့်မှာ ရှဲ့စီယု ပေးရမယ်လို့ အမိန့်ချထားပြီးသား။ အပိုတွေ မပြောနဲ့ တိုက်မိရင် လျော်ရမှာပဲ" ဟု အော်ပြောသည်။
ဂူချန်က "တိုက်မိရင် လျော်ရမယ် ဟုတ်တယ်မလား" ဟု ပြန်မေးသည်။
ကျူးဂွေးကျန်းက "ဟုတ်တယ် လျော်ရမယ်"
ဂူချန်က "ဒါဆိုရင် တခြားသူဆီကနေ လိမ်လည်ပြီး ငွေညှစ်ယူထားရင်ကော ပြန်ပေးရမှာ မဟုတ်ဘူးလား" ဟု ပြောပြီး စတင်တင်ပြသည်။
"တရားသူကြီးချုပ်ခင်ဗျာ ဒီမှာ Dashcam မှတ်တမ်းတစ်ခု ရှိပါတယ်။ လွန်ခဲ့တဲ့ ရက်
အနည်းငယ်က ဝမ်ကျန်းကားမောင်းတဲ့ ယာဉ်မောင်း ကျူးရန်ချန်းရဲ့ ဇနီးသည်မှာ ကလေးမွေးခါနီးဖြစ်နေလို့ အရေးပေါ် ဆေးရုံသွားနေချိန်မှာ ကျူးဂွေးကျန်းနဲ့ တွေ့ခဲ့တာပါ"
"ကျူးဂွေးကျန်းက မတော်တဆမှု ဟန်ဆောင်ပြီး ကားကို ပိတ်ရပ်လိုက်ပါတယ်။ ယာဉ်မောင်းရဲ့ ဇနီးသည် ကလေးမွေးခါနီးဖြစ်နေတာကို သိလျက်နဲ့ ငွေယွမ် ၅ သောင်းပေးမှ လမ်းဖယ်ပေးမယ်လို့ ခြိမ်းခြောက်ပါတယ်။ ယာဉ်မောင်းမှာ ရဲခေါ်ဖို့ အချိန်မရှိတဲ့အတွက် ယွမ် ၅ သောင်းပေးလိုက်ပါတယ်။ ဒါပေမဲ့ ကျူးဂွေးကျန်းက လမ်းမဖယ်ပေးဘဲ နောက်ထပ် ၅ သောင်း ထပ်တောင်းပါတယ်"
"ယာဉ်မောင်း ကျူးရန်ချန်းက သူ့ဇနီးသည် အသက်အန္တရာယ် ရှိနေတာကြောင့် ကျူးဂွေးကျန်းရှေ့မှာ ဒူးထောက်ပြီး တောင်းပန်ခဲ့ရပါတယ်။ နောက်ဆုံးတော့ ယွမ် ၁ သိန်း ပေးလိုက်မှပဲ ကျူးဂွေးကျန်း လမ်းဖယ်ပေးပါတယ်။ ကားပေါ်က ဗီဒီယိုမှတ်တမ်းမှာ အကုန်လုံး ပါဝင်နေပြီး ကျူးရန်ချန်းက ကျူးဂွေးကျန်းကို တိုက်မိခြင်း လုံးဝမရှိပါဘူး"
"ယခုအခါမှာတော့ ဒီအမှုကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေပါပြီ။ တရားသူကြီးချုပ်ခင်ဗျာ ကျွန်တော့်ရဲ့ နောက်ထပ် တောင်းဆိုချက်ကတော့ ကျူးဂွေးကျန်း လိမ်လည်ညှစ်ယူထားတဲ့ ယွမ် ၁ သိန်းကို အတိုးနဲ့တကွ ပြန်လည်ပေးအပ်စေလိုပြီး သူမကို ပြင်းထန်စွာ အရေးယူပေးဖို့ တောင်းဆိုပါတယ်"
ဂူချန်က Dashcam အထောက်အထားကို တင်ပြလိုက်သည်။
တရားခွင်အတွင်းရှိသူများအားလုံး ဗီဒီယိုကို ကြည့်ရှုလိုက်ကြသည်။
တရားသူကြီးချုပ် ယန်လီဝေမှာ မျက်မှောင်ကြုတ်သွားပြီး အမှု၏ ဆိုးရွားပုံကို သဘောပေါက်သွားသည်။
တိုက်ရိုက်ထုတ်လွှင့်မှုကြည့်နေသူများမှာလည်း ဒေါသထွက်ကာ ပေါက်ကွဲသွားကြသည်။
[တောက် ဒီကျူးဂွေးကျန်းက ဘယ်လောက်တောင် ရွံစရာကောင်းလိုက်သလဲ။ လူ့အသက်ကိုတောင် ဂရုမစိုက်ဘဲ ပိုက်ဆံပဲ မြင်နေတာလား။ ခြိမ်းခြောက်ပြီး ပိုက်ဆံညှစ်ရက်နိုင်လိုက်တာ]
[ဒါက ငွေညှစ်မှုအစစ်ပဲ။ လမ်းမပေါ်မှာ ဒီလောက်တောင် ရိုင်းစိုင်းပြီး ရဲကိုတောင် မကြောက်ဘူးလား။ ဒီလောက်ထိ လွန်လွန်းနေပြီ]
[ဒီလူကို ပြင်းပြင်းထန်ထန် အပြစ်ပေးရမယ်။ ထောင်ချလိုက် ကလေးမွေးခါနီး မိန်းမတစ်ယောက်ကို ကြည့်ပြီး အဲ့ဒီလို ခြိမ်းခြောက်ရက်တယ်၊ ၁ သိန်းတောင် တောင်းတယ်]
[သူမက လူတွေကို အရူးထင်နေတာလား။ ဒီလိုလူမျိုးကို အကျဉ်းထောင်ထဲ ပို့လိုက်မှပဲ ဖြစ်တော့မယ်။ ဟားဟား အခုတော့ ထောင်ကျဖို့ သေချာသွားပြီ]
တိုက်ရိုက်ထုတ်လွှင့်မှုကြည့်ရှုနေသူများကလည်း ကျူးဂွေးကျန်းအား ပြင်းထန်စွာ ဝေဖန်နေကြသည်။
[ဒီလိုမျိုး တမင်သက်သက် မတော်တဆမှု ဟန်ဆောင်ပြီး လှည့်လည်ငွေညှစ်နေတဲ့ ကျူးဂွေးကျန်းလိုလူမျိုးကို ထောင်မချဘဲ ထားမှာလား။ အပြစ်ဒဏ် ပေါ့ပေါ့တန်တန်ပဲ ပေးလိုက်ရင် သူမ အပြင်ထွက်လာတာနဲ့ ငွေညှစ်ဦးမှာပဲ။ ဘယ်လောက်တောင် လူတွေ ဒုက္ခရောက်ဦးမလဲ]
[ရှဲ့စီယု တကယ့်ကို ကံဆိုးတာပဲ။ စေတနာနဲ့ ကူညီမိလို့ ငွေညှစ်ခံရတယ်။ အခု ကျူးဂွေးကျန်းကလည်း ကားတိုက်ခံရသယောင် ဟန်ဆောင်ပြီး အခွင့်ကောင်းယူဖို့ ကြိုးစားနေတာ။ ကားပျက်နေတာနဲ့ Dashcam ပျက်နေတာကို သိထားတော့ အဲ့ဒီအချိန်ကို အခွင့်ကောင်းယူပြီး ငွေညှစ်တာလေ တကယ့်ကို ရက်စက်လိုက်တာ]
တိုက်ရိုက်ထုတ်လွှင့်မှုကြည့်နေသူများ၏ ဝေဖန်သံများကြောင့် ကျူးဂွေးကျန်းမှာ မျက်နှာပျက်ပြီး တုန်လှုပ်နေသည်။
သူမအတွက်တော့ ယွမ် ၁ သိန်းဆိုတာ အကြီးအကျယ်ကိစ္စ မဟုတ်ဟု ထင်နေခြင်းပင်။ ချမ်းသာသူတစ်ယောက်အနေဖြင့် သူမလို ဆင်းရဲသူကို ပိုက်ဆံပေးလိုက်တာ ဘာဖြစ်သွားမှာမို့လို့လဲဟု တွေးကာ ဒေါသတကြီးဖြင့် "ကျွန်မ ဘာပိုက်ဆံမှ ပြန်မပေးဘူး။ ရှင်တို့ အားလုံးက ကျွန်မကို ဒုက္ခပေးနေတာ။ အားလုံးက ကျွန်မကို ဒုက္ခပေးနေတာ" ဟု အော်ဟစ်ကာ တရားခွင် ကြမ်းပြင်ပေါ်တွင် လူးလိမ့်နေတော့သည်။
မည်သူမျှ ဂရုမစိုက်သည်ကို မြင်သောအခါ "ကျွန်မ မသိဘူး ဘာပဲပြောပြော ရှဲ့စီယု တိုက်တာပဲ။ သူမမှာ အထောက်အထား မရှိဘူး။ သူမ မတိုက်ဘူးလို့ သက်သေမပြနိုင်ဘူးလေ။ ကျွန်မ ခေါင်းကိုက်တယ်၊ ဗိုက်နာတယ်၊ သူမ တာဝန်ယူရမယ်" ဟု အော်ဟစ်ကာ ရှဲ့စီယုအပေါ် အပြစ်ပုံချနေဆဲပင်။
ထိုအခိုက် ဂူချန်က "ကျူးဂွေးကျန်း၊ ကျန်းကျီချန်... ဥပဒေအရ စွပ်စွဲသူကသာ သက်သေပြရမှာပါ။ ရှဲ့စီယု တိုက်မိတဲ့ အထောက်အထား ဒါမှမဟုတ် ဗီဒီယိုမှတ်တမ်း ရှိလား။ မရှိရင် ခင်ဗျားတို့က မဟုတ်မမှန် စွပ်စွဲနေတာ၊ ငွေညှစ်နေတာက လိမ်လည်မှုမြောက်ပါတယ်"
"ကျွန်တော် အခုလေးတင် ရှင်းပြခဲ့သလိုပဲ ကားပျက်စီးမှု အနေအထား၊ တိုက်မိတဲ့ ထောင့်ချိုးနဲ့ အခင်းဖြစ်နေရာ အခြေအနေအရ ရှဲ့စီယုက ခင်ဗျားတို့နှစ်ယောက်လုံးကို တိုက်မိဖို့ လုံးဝ မဖြစ်နိုင်ပါဘူး။ ခင်ဗျားတို့က တမင်သက်သက် မတော်တဆမှု ဟန်ဆောင်နေတာပဲ"
"ဥပဒေဆိုတာ လူတိုင်းအတွက် တန်းတူဖြစ်ရမယ်။ လူကောင်းတွေကို ကာကွယ်ပြီး လူဆိုးတွေကို အပြစ်ပေးတဲ့ ကုန်ကျစရိတ်ကို မြင့်မားစေရမယ်"
"ကျူးဂွေးကျန်းက ငွေညှစ်မှု ၂၀ ကြိမ်ကျော် ကျူးလွန်ထားပြီး ယွမ် ၂ သိန်းကျော် ညှစ်ယူထားတာက အရမ်းဆိုးရွားပါတယ်။ တရားသူကြီးချုပ်ခင်ဗျာ ကျူးဂွေးကျန်းကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ပေးဖို့ တောင်းဆိုပါတယ်"
"ကျန်းဂူဘင်က သေဆုံးသွားပေမဲ့ သားဖြစ်သူ ကျန်းကျီချန် ဦးဆောင်ပြီး ရှဲ့စီယု ဆီကနေ ငွေ ၁ သန်းကျော်အထိ လိမ်လည်တောင်းဆိုခဲ့တဲ့အတွက် ကျန်းကျီချန်ကို ထောင်ဒဏ် ၁၆ နှစ် ချမှတ်ပေးဖို့ တောင်းဆိုပါတယ်" ဟု လေသံပြတ်သားစွာဖြင့် တောင်းဆို လိုက်သည်။