အခန်း ၁၃
Vol. 2 Ch. 13
အခန်း။ ၁၃
တရားခွင်ကို ပြန်လည်စတင်လိုက်ပြီဖြစ်သည်။
တရားသူကြီးလီခန်းက "စစ်ဆေးချက်တွေအရ ရှေ့နေ ဝမ်ဟိုင်ရှန်က ဥပဒေကို သိလျက်နဲ့ ချိုးဖောက်တာ၊ တခြားသူတွေကို လာဘ်ပေးတာ၊ အထောက်အထား အတုလုပ်တာနဲ့ တရားခွင်မှာ အကြိမ်ကြိမ် လိမ်လည်ထွက်ဆိုတာတွေကို လုပ်ခဲ့တယ်လို့ အတည်ပြုနိုင်ပါတယ်။ ဒါကြောင့် တရားစီရင်မှုကို ဆက်ပြီး ဆောင်ရွက်သွားပါမယ်" ဟု ကြေညာလိုက်သည်။
ဤစကားသံကြောင့် အင်တာနက်ပေါ်မှ ကြည့်ရှုနေသူများမှာ စိတ်လှုပ်ရှားသွားကြသည်။
[ဝါး... တကယ့်ကို အံ့ဩဖို့ကောင်းတာပဲ]
[ရှေ့နေ ဂူချန်က တကယ့်ကို ပြိုင်ဘက်ရှေ့နေကို ထောင်ထဲရောက်အောင် ပို့ပစ်တော့မှာပဲ]
[ဟားဟား... ရှေ့နေဂူချန်ကတော့ တကယ့်ကို ထူးချွန်တာပဲ]
[ဂူချန်က မလိမ်ခဲ့ဘူးပဲ။ သူပြောတဲ့အတိုင်းပဲ ပြိုင်ဘက်ရှေ့နေကို ထောင်ထဲရောက်အောင် ပို့တော့မယ်။ နောက်ဆုံးတော့ သူက တရားသူကြီးဟောင်း လီယုံရှာကိုပါ ထောင်ထဲပို့နိုင်ပါ့မလား]
[တရားသူကြီးက ဘယ်သူဖြစ်ဖြစ် ကျိုးလင်လင်နဲ့ ဝမ်ထျန်းထျန်းကို ထောင်ထဲရောက်အောင် ပို့ပေးနိုင်ရင်ပဲ ကျေနပ်ပါပြီ]
[တကယ့်ကို ကျေနပ်ဖို့ကောင်းလိုက်တာ ဒီမိန်းကလေး နှစ်ယောက်ကို ထောင်ထဲ ပို့ပေးလိုက်စမ်းပါ သူတို့ကို တောင်းပန်ခိုင်းပြီး လျော်ကြေးပေးခိုင်းလိုက်ပါ]
တရားသူကြီးလီခန်းက ဂူချန်ဘက်သို့ လှည့်ကာ "တရားလိုရှေ့နေဘက်က ပြောစရာရှိသေးသလား။ ဒါမှမဟုတ် တင်ပြစရာ အထောက်အထားအသစ်များ ရှိသေးသလား" ဟု မေးလိုက်သည်။
ဂူချန်က ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းတို့ကို တစ်ချက်ကြည့်လိုက်ပြီး "ကျွန်တော့်အမှုသည် ချန်ယန်ရဲ့ ပြောပြချက်အရ ကျိုးလင်လင်နဲ့ ဝမ်ထျန်းထျန်းတို့က တက္ကသိုလ်ကျောင်းသူတွေ ဖြစ်ကြတဲ့အတွက် တစ်ဦးကို ယွမ်တစ်သောင်းစီ လျော်ကြေးပေးပြီး စိတ်ရင်းအမှန်နဲ့ တောင်းပန်မယ်ဆိုရင် သူတို့ကို အရေးယူမှုတွေ ထပ်မလုပ်ဘဲ ခွင့်လွှတ်ပေးဖို့ ဆန္ဒရှိကြောင်း တင်ပြအပ်ပါတယ်"
ဂူချန်သည် ထိုသို့ပြောရသည်မှာ စိတ်မသက်မသာ ဖြစ်နေသည်။
အမှန်တကယ်တွင် သူသည် ထိုမိန်းကလေးနှစ်ဦးကို ထောင်ထဲရောက်စေချင်သည်။
သို့သော် သူသည် ရှေ့နေတစ်ဦးသာ ဖြစ်ပြီး အမှုသည် ချန်ယန်မှာ စိတ်ကောင်းရှိသူ ဖြစ်သဖြင့် သူတို့အား ထောင်မကျစေလိုကြောင်း ပြောဆိုထားသဖြင့်သာ ဤသို့ တင်ပြလိုက်ရခြင်းပင်။
ထိုစကားကို ကြားသည်နှင့် ကျိုးလင်လင်က ချက်ချင်းပင် "အဲဒီလို လူယုတ်မာကို ငါတော့ ဘယ်တော့မှ တောင်းပန်မှာမဟုတ်ဘူး။ ငါမှားတာလည်း မဟုတ်ဘူး။ သူဖုန်းထဲမှာ တခြားသူတွေကို တိတ်တဆိတ် ရိုက်ကူးထားတာကိုပဲ ငါတွေ့ခဲ့တာ။ ဒါကို တောင်းပန်စရာ လိုလို့လား။ တိတ်တဆိတ် ရိုက်ကူးတဲ့သူကို ဘာလို့ တောင်းပန်ရမှာလဲ" ဟု ပြန်လည်ပြောဆို လိုက်သည်။ အမှန်တကယ်တွင် ချန်ယန် ရိုက်ကူးခဲ့သည်မှာ ရှုခင်းပုံများသာဖြစ်ပြီး အခြားသူများ ပါဝင်သွားခြင်းပင်။
ဝမ်ထျန်းထျန်းကလည်း "ငါလည်း မတောင်းပန်ဘူး။ ဘယ်သူပဲ ပြောပြော ငါ မတောင်းပန်ဘူး။ သူတို့မှာ သတ္တိရှိရင် ငါ့ကို သေဒဏ်ပေးလိုက်လေ။ တရားသူကြီးလီကို ငါ ကြောက်ရမှာလား" ဟု စိန်ခေါ်သကဲ့သို့ ပြောသည်။
ဝမ်ထျန်းထျန်းမှာ သူ ရေးသားခဲ့သည့် စာများက သာမန်မျှသာ ဖြစ်ပြီး တရားရုံးက ဘာမျှလုပ်နိုင်မည် မဟုတ်ဟု အထင်ရောက်နေသည်။ အင်တာနက်ပေါ်တွင် စာရေးခြင်းမှာ ပြစ်မှုမြောက်မှာ မဟုတ်ဘူးဟု သူမ ယုံကြည်နေခြင်းပင်။
သူတို့၏ မောက်မာသော စကားသံများကို ကြားရသောအခါ ချန်ယန်သည် ဂူချန်ကို ကြည့်ကာ အေးစက်စက် လေသံဖြင့် "ရှေ့နေဂူ သူတို့ကို ကျွန်တော့်ကိုယ်စား အရေးယူပေးပါ။ ဘယ်တော့မှ နောက်ထပ် အခွင့်အရေး မပေးပါနဲ့တော့။ အခုတော့ သူတို့ဆီက တောင်းပန်ချက်ကိုလည်း မလိုချင်တော့ဘူး။ သူတို့ကို ထောင်ထဲ ရောက်အောင်ပဲ ပို့ပေးစေချင်တယ်။ အပိုဆောင်း ရှေ့နေကြေး ပိုပေးရမယ်ဆိုရင်တောင် ကျွန်တော် ပေးပါ့မယ်။ သူတို့ ထောင်ကျမှပဲ ကျွန်တော် ကျေနပ်မယ်" ဟု ပြောလိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်နေသည့် ချန်နယ်တွင်လည်း ပရိသတ်များမှာ အကြီးအကျယ် ဒေါသထွက်နေကြသည်။
[ဒီ နတ်သမီးလေးနှစ်ယောက်က တကယ့်ကို မောက်မာလွန်းကြတာပဲ]
[အမှားကို ဖုံးကွယ်ပြီး တခြားသူတွေကို အသရေဖျက်နေတာ။ သူတို့က သူတို့ကိုယ်သူတို့ အမှန်လို့ ထင်နေတာလား။ ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ပေးလိုက်စမ်းပါ]
ဂူချန်သည် USB တစ်ခုကို ထုတ်ယူလိုက်ပြီးနောက် တရားခွင်သို့ တင်ပြလိုက်သည်။
"ကျွန်တော့်လက်ထဲမှာ ရှိနေတဲ့ အထောက်အထားတွေကတော့ ပြီးခဲ့တဲ့ ၃ နှစ်အတွင်း ကျိုးလင်လင်နဲ့ ဝမ်ထျန်းထျန်းတို့နှစ်ယောက် အခြားသူတွေကို ကောလာဟလတွေဖြန့်ပြီး အသရေဖျက်ပြီး ပုတ်ခတ်စော်ကားခဲ့တဲ့ သက်သေအထောက်အထားတွေပါ"
"သူတို့နှစ်ယောက်က အွန်လိုင်းပေါ်မှာ မသင့်လျော်တဲ့ မှတ်ချက်တွေကို မကြာခဏ ရေးသားပြီး ကျား/မရေးရာ ပဋိပက္ခတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ အဲဒါက လုံးဝလက်ခံနိုင်စရာ မရှိတဲ့ကိစ္စပါ။ အကယ်၍ ဒါက ကိုယ်ပိုင်အမြင်သဘောထား သက်သက်ဆိုရင် ကျွန်တော် ဒီအထောက်အထားတွေကို တင်ပြမှာ မဟုတ်ပါဘူး"
"လွန်ခဲ့တဲ့ ၃ နှစ်က ကျိုးလင်လင်နဲ့ ဝမ်ထျန်းထျန်းတို့က ပထမနှစ်ကျောင်းသား နှစ်ဦးကို ကောလာဟလတွေနဲ့ ပုတ်ခတ်ခဲ့ပါတယ်။ စာအုပ်ဆန်ဆန် ရေးသားချက် ၁၀ ခုကျော်ကို ရေးသားပြီး သူတို့ကို စိတ်ပိုင်းဆိုင်ရာ ဖိအားတွေ အကြီးအကျယ်ပေးခဲ့တာကြောင့် ကျောင်းကနေ ထွက်သွားခဲ့ရပါတယ်။ နောက်ပိုင်းမှာတော့ ဒါတွေက လုံးဝ အမှန်မဟုတ်တဲ့ ကောလာဟလတွေဆိုတာ ပေါ်ပေါက်ခဲ့ပါတယ်"
"လွန်ခဲ့တဲ့ တစ်နှစ်တုန်းကလည်း ပထမနှစ်ကျောင်းသား အိုချင်ရှုံကို သူတို့တွေရဲ့ပုံတွေ လျှို့ဝှက်ရိုက်ကူးတယ်ဆိုပြီး ကျောင်းတွင်းမှာ ကောလာဟလတွေ ဖြန့်ခဲ့ပါတယ်။ ကျောင်းတွင်းမှာ စာတွေအမျိုးမျိုး ရေးသားပြီး အိုချင်ရှုံကို အသရေဖျက်ခဲ့တဲ့အတွက် သူက အချိန်အတော်ကြာအောင် လူအများရဲ့ ဝေဖန်စောင့်ကြည့်မှုကို ခံခဲ့ရပါတယ်"
"ဒီကိစ္စဖြစ်ပြီးတဲ့နောက် တစ်စုံတစ်ယောက်က သူတို့ကို စွပ်စွဲတဲ့အခါ သူတို့နှစ်ယောက်က စိတ်ကျရောဂါရှိကြောင်း၊ အဆောက်အအုံပေါ်ကနေ ခုန်ချပြီး အဆုံးစီရင်တော့မှာဖြစ်ကြောင်း ပြောဆိုခဲ့ကြပါတယ်။ နောက်ဆုံးမှာတော့ သူတို့ကို တားဆီးနိုင်ခဲ့ပြီး ကျောင်းကတောင် သူတို့ကို ဘွဲ့လွန်တက်ရောက်ဖို့အတွက် အထူးအခွင့်အရေးပေးခဲ့ပါသေးတယ်"
ဂူချန်သည် အထောက်အထားများကို တင်ပြလိုက်သည်။
ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းတို့သည် ပြီးခဲ့သည့် ၃ နှစ်အတွင်း ကျူးလွန်ခဲ့သည့် မကောင်းမှုများအားလုံးမှာ နေရောင်အောက်တွင် ပေါ်လွင်ထင်ရှားလာခဲ့ပြီဖြစ်သည်။
ကျိုးလင်လင်တို့နှစ်ဦးမှာ နောက်ဆုတ်သွားကြသည်။
"ဂူချန်က ဒီအထောက်အထားတွေကို ဘယ်လိုမျိုး ရှာတွေ့သွားတာလဲ"
ကျိုးလင်လင်သည် ဝမ်ထျန်းထျန်းကို ထိတ်လန့်တကြား ကြည့်လိုက်မိသည်။
ဝမ်ထျန်းထျန်းကမူ စိုးရိမ်စရာမလိုကြောင်း မျက်ရိပ်ပြလိုက်သည်။
"အရင်တုန်းက ငါတို့ ဒီလိုအမှုအခင်းတွေ ဖြစ်ခဲ့ပေမဲ့ ကျောင်းရဲ့ အထူးအခွင့်အရေးနဲ့ ဘွဲ့လွန်တက်ခွင့်တောင် ရခဲ့သေးတာပဲဟာ"
သူတို့ရေးတာ စာအနည်းငယ်သာဖြစ်ပြီး အိုချင်ရှုံနှင့်လည်း ဘာမှမဆိုင်ဘူးဟု သူတို့ ထင်မှတ်နေဆဲပင်။
ထိုအချိန်တွင် ဂူချန်က ဆက်ပြောလိုက်သည်။
"ကျိုးလင်လင်နဲ့ ဝမ်ထျန်းထျန်းတို့က ဒီနေ့အချိန်အထိ တောင်းပန်လိုတဲ့စိတ်၊ နောင်တရတဲ့စိတ် လုံးဝမရှိကြပါဘူး။ သူတို့ကို ပြင်းထန်တဲ့ ပြစ်ဒဏ်မချမှတ်ဘူးဆိုရင် သူတို့က နောက်ထပ်လူတွေကို ဆက်ပြီး အသရေဖျက်နေဦးမှာပဲ။ အွန်လိုင်းမှာ ကျား/မရေးရာ ပဋိပက္ခတွေကို ဆက်ပြီး ဖန်တီးနေဦးမှာပဲ။ ဒါကြောင့် ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ပေးဖို့ တောင်းဆိုပါတယ်"
"ကျွန်တော့်အမှုသည် ချန်ယန်က အွန်လိုင်းကနေတစ်ဆင့် စော်ကားမှုကို အကြီးအကျယ် ခံခဲ့ရပါတယ်။ သူတို့ရေးသားချက်တွေကြောင့် ချန်ယန်ရဲ့ စိတ်ကျန်းမာရေးက အတော်လေးထိခိုက်နေပါပြီ။ နောက်ထပ် သားကောင် ထပ်မပေါ်လာဖို့ လိုအပ်ပါတယ်။ သူတို့က လူတစ်ဦးရဲ့ ကိုယ်ရေးကိုယ်တာလုံခြုံမှုကို ပြင်းထန်စွာ ချိုးဖောက်ခဲ့ပြီး မုသားစကားတွေနဲ့ ပုတ်ခတ်ခဲ့ကြပါတယ်။ ဒါကြောင့် ရာဇသတ်ကြီး ပုဒ်မ ၂၄၅ အရ ကျိုးလင်လင်နဲ့ ဝမ်ထျန်းထျန်းတို့ကို ထောင်ဒဏ် ၇ နှစ် ချမှတ်ပေးဖို့ တောင်းဆိုပါတယ်"
ဂူချန်၏ တောင်းဆိုချက်ကို တိုက်ရိုက်ထုတ်လွှင့်မှုမှ ပရိသတ်များက အားပေးချီးကျူးကြသည်။
[သေစမ်း... ကျိုးလင်လင်နဲ့ ဝမ်ထျန်းထျန်းတို့က ဒီလောက်ထိ ရွံဖို့ကောင်းတဲ့လူတွေလား]
[ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်ပေးရမယ်]
[ကောလာဟလတွေဖြန့်ပြီး အသရေဖျက်တဲ့သူတွေကို ကျောင်းက အထူးအခွင့်အရေး ပေးထားသေးတာလား ဘယ်လိုဖြစ်တာလဲ]
[ကျောင်းကိုလည်း စစ်ဆေးဖို့လိုတယ်။ ဒီလိုလူတွေကို ဘယ်လိုများ အထူးအခွင့်အရေးပေးနိုင်ရတာလဲ]
[ဒီနှစ်ယောက်ကို ထောင်ထဲကနေ ပြန်မလွှတ်ပါနဲ့တော့။ အပြင်ထွက်လာရင် ငါ့ကိုလည်း ကောလာဟလတွေ လိုက်ဖြန့်တော့မှာ ကြောက်တယ်]
ဂူချန်သည် စကားမဆုံးသေးဘဲ ဆက်လက်ပြောဆို လိုက်သည်။
"အခု ကျွန်တော် ဒီအမှုရဲ့ အရင်တရားသူကြီးလီယုံရှာကို တရားဝင် စွဲချက်တင်ပါမယ်။တရားသူကြီးလီယုံရှာက လာဘ်ပေးလာဘ်ယူမှု ကျူးလွန်ပြီး ကိုယ်ကျိုးအတွက် ဥပဒေကို အသုံးချခဲ့ပါတယ်။ အရင်တုန်းက ချန်ယန်ရဲ့အမှုမှာလည်း ချန်ယန်ကို မတရားသဖြင့် အပြစ်ပေးခဲ့ပြီး တခြားသူတွေရဲ့ ဆေးကုသခရိတ်တွေကိုပါ ပေးဆောင်ခိုင်းခဲ့တာက ကြီးမားတဲ့ အမှားတစ်ခုပါပဲ"