အခန်း ၁၀၇
Vol. 9 Ch. 107
အခန်း။ ၁၀၇
ဗီဒီယိုဖိုင်ထဲတွင် ဂူချန်နှင့် ရှူချင်းချင်းတို့က ကျောင်းသူတစ်ဦးကို မေးမြန်းနေသည်။
ဂူချန် "မင်းတို့မှာ အိမ်စာတွေ အရမ်းများလား ဘာလို့ အတန်းပြီးတဲ့အထိ အိမ်စာတွေ လုပ်နေရတာလဲ"
ယွမ်မြို့ အမှတ် ၃ အလယ်တန်းကျောင်းသူ "ဟုတ်ကဲ့ အိမ်စာတွေက တောင်ပုံရာပုံပါပဲ။ ပြီးအောင်လုပ်ဖို့ဆိုရင် မနက် ၁ နာရီ၊ ၂ နာရီအထိ ရေးရတယ်။ နေ့တိုင်းလည်း ကောင်းကောင်း မအိပ်ရပါဘူး"
ဂူချန် "စာမေးပွဲမှာ အမှတ်နည်းသွားရင်ကော မင်းတို့ရဲ့ အတန်းပိုင်ဆရာက ဒီလိုမျိုးပဲ ပြောတာလား"
ကျောင်းသူ "မဟုတ်ဘူး သူက ဒီထက် ပိုဆိုးပါတယ်။ တစ်ခါတလေ တစ်တန်းလုံး အမှတ်မကောင်းရင် သူက ကျောင်းသားတိုင်းရဲ့ မိဘတွေကို ဖုန်းဆက်တယ်။ ကိုယ့်ကိုကိုယ် ဝေဖန်စာ ရေးခိုင်းတယ်။ နေ့တိုင်း ဆဲဆိုတယ်။ ပြီးတော့ ရိုက်လည်း ရိုက်ပါတယ်။ ကျွန်မတို့ အကုန်လုံး ရိုက်ခံဖူးကြတယ်"
ကျောင်းသားလေးတစ်ဦးက ထပ်ဖြည့်ပြောသည်။
"ဟုတ်တယ် နေ့တိုင်း ရိုက်ခံရတာကတော့ အမြဲလိုလိုပါပဲ။ သူက ဒါက ကျွန်တော်တို့အတွက် ကောင်းဖို့ပါ ကြိုးစားပြီး စာကျက်အောင်လို့ပါလို့ အမြဲပြောနေကျပါ"
ဗီဒီယိုဖိုင် ပြီးဆုံးသွားသည်။
ဤမြင်ကွင်းကို ကြည့်ရှုသူတိုင်းမှာ ကျောချမ်းသွားကြသည်။
ဒါက အမှန်တရားပဲလား...
ကျောင်းသားတွေကို ဒီလောက်အထိ ဖိအားတွေ ပေးဖို့ကော တကယ် လိုအပ်လို့လား...
ကျောင်းတစ်ခုရဲ့ အောင်ချက်ကောင်းဖို့အတွက်နဲ့ ကလေးတွေရဲ့ ကျန်းမာရေးကို စတေးခိုင်းလိုက်ကြတာလား...
ဥပဒေကြောင်းအရဆိုရင်တော့... ဒီလို နှိပ်စက်ပြီး ပြစ်ဒဏ်ပေးတာဟာ လုံးဝကို တရားမဝင်တဲ့ လုပ်ရပ်ပဲ...
အင်တာနက်အသုံးပြုသူများမှာ မှတ်ချက်များ တစ်ခုပြီးတစ်ခု ရေးသားနေကြသည်။
[ဒါက တကယ်ကို လွန်လွန်းပါတယ်။ ယန်ခိုင်လုံလိုလူမျိုးက ဆရာတစ်ယောက် ဖြစ်ဖို့ မထိုက်တန်ဘူး]
[တကယ့်ကို ရှက်စရာကောင်းလိုက်တဲ့ ဆရာပဲ။ ဒီလိုလုပ်ရပ်တွေက ကျောင်းသားတွေကို ဖျက်ဆီးနေတာပါ]
[ကျောင်းသားတွေမှာလည်း ဂုဏ်သိက္ခာ ရှိတာပဲ။ ယန်ခိုင်လုံကို ပြင်းပြင်းထန်ထန် အပြစ်ပေးသင့်တယ်]
[ယန်ခိုင်လုံက စည်းကမ်းကို ကျော်လွန်နေပြီ။ လုံးဝကို ရွံဖို့ကောင်းတယ်]
ဂူချန်က တရားခွင်အတွင်းရှိ လူတိုင်းကို ကြည့်ကာ "ဒါက ကျွန်တော် အဲဒီကျောင်းကို ရောက်တုန်းက တိုက်တိုက်ဆိုင်ဆိုင် ရိုက်ကူးမိတဲ့ ဗီဒီယိုပါ။ အသေးစိတ် အချက်အလက်တွေနဲ့ ပုံမှန်အားဖြင့် ဘယ်လောက်အထိ ဆိုးရွားသလဲဆိုတာ ကျွန်တော် မသိနိုင်ပါဘူး။ ဒါပေမဲ့ ခင်ဗျားတို့ စုံစမ်းစစ်ဆေးနိုင်ပါတယ်။ ယွမ်မြို့ အမှတ် ၃ အလယ်တန်းကျောင်းရဲ့ အောင်ချက် ရာခိုင်နှုန်း မြင့်မားရခြင်းရဲ့ နောက်ကွယ်မှာ ဘာတွေရှိနေလဲဆိုတာ ကျောင်းသားတွေကို မေးမြန်းကြည့်နိုင်ပါတယ်"
"ယန်ခိုင်လုံက တစ်ယောက်ပဲ ရှိတာလား။ တခြားဆရာတွေကကော ကျွန်တော် မသိဘူး။ ဒါပေမဲ့ ကျောင်းအုပ်ကြီး မန်းဒယ်လျန်ရဲ့ လုပ်ရပ်တွေကတော့ အရမ်းကို ရွံရှာဖို့ကောင်းပါတယ်။ အောင်ချက် ရာခိုင်နှုန်းတစ်ခုအတွက် ဒီလိုမျိုး လုပ်ဆောင်တာကို ကျွန်တော် ရွံရှာမိပါတယ်။ ပညာရေးဆိုတာ ကျောင်းသားတွေကို ကြီးထွားဖို့၊ လမ်းညွှန်ဖို့ နေရာပါ။ ပညာရေး အရည်အသွေးကို မြှင့်တင်ပြီး ကျောင်းသားတွေ ကျန်းမာစွာနဲ့ တိုးတက်အောင် လုပ်ဆောင်နိုင်တဲ့ နည်းလမ်းတွေ အများကြီး ရှိပါတယ်။ ဒီလိုမျိုး စာမေးပွဲစက်တွေလိုမျိုး လုပ်ဆောင်တာဟာ လုံးဝ မှားယွင်းပါတယ်"
ဂူချန်၏ စကားကြောင့် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများမှာ ဂူချန်ကို အပြည့်အဝ ထောက်ခံနေကြသည်။
[ရှေ့နေဂူကို ပုံမှန်ဆို ဥပဒေမဲ့မိုက်ရူးရဲလို့ ခေါ်ပေမဲ့ ဒီလိုအရေးကြီးတဲ့အချိန်မျိုးမှာတော့ တကယ့်ကို သူရဲကောင်းပဲ]
[ဒီလိုလူမျိုးကိုမှ ရှေ့နေဂူလို့ ခေါ်ရမှာ။ အရမ်းသဘောကျတယ်]
[ရှေ့နေဂူသာ ဆရာလုပ်မယ်ဆိုရင် တက်ချင်လိုက်တာ သူဆီကနေ အများကြီး သင်ယူရမယ်လို့ ခံစားရတယ်]
တရားခွင်တစ်ခုလုံး၏ လှုပ်ရှားမှုများကို ဂူချန်က ဦးဆောင်နေသည်။
ဂူချန်ရှိနေသရွေ့ ဤအမှုကို အနိုင်ရလိမ့်မည်ဟု ပရိသတ်များမှာ ယုံကြည်နေကြသည်။
ဂူချန်က အမှုတစ်ခုကို ကိုင်တွယ်လိုက်ပြီဆိုရင် ရှုံးနိမ့်ခြင်းဆိုတာ မရှိသလောက်ပင်။
သူသည် တရားလိုဘက်ကနေပဲဖြစ်စေ၊ တရားခံဘက်ကနေပဲဖြစ်စေ အောင်ပွဲခံလေ့ရှိသည်။ အပြစ်ရှိသူကို ထောင်ထဲပို့ခြင်း၊ တရားခွင်အတွင်းရှိ ရိုင်းစိုင်းသူများကိုပါ အပြစ်ပေးခြင်းတို့ဖြင့် သူ၏ အရည်အချင်းကို သက်သေပြခဲ့သည်။
ယခုလည်း ယွမ်မြို့ အမှတ် ၃ အလယ်တန်းကျောင်း၏ အမှောင်ဖုံးနေသော လုပ်ရပ်များကို ဂူချန်က ဖော်ထုတ်လိုက်ပြီဖြစ်သည်။
ယန်ခိုင်လုံက ဂူချန်ကို ပြန်လည်ခုခံလျက် "ရှေ့နေဂူ ခင်ဗျား ဒီဗီဒီယိုတွေကို ထုတ်ပြတာ ဘာရည်ရွယ်ချက်လဲ။ ကျွန်တော့်ရဲ့ သင်ကြားရေးနည်းလမ်းတွေက နည်းနည်း ပြင်းထန်ပေမဲ့ ဘာမှ မမှားဘူး။ ကျွန်တော့် ကျောင်းသားတွေ အမှတ်ကောင်းအောင်၊ ကျောင်းကောင်းတွေ တက်နိုင်အောင် ကျွန်တော် လမ်းပြပေးတာပါ။ ကျွန်တော့်အတန်းမှာ အသုံးမကျတဲ့ ကျောင်းသား တစ်ယောက်မှ မရှိဘူး အားလုံးက ထိပ်တန်း အထက်တန်းကျောင်းတွေကို တက်နိုင်ကြတယ်။ ကျွန်တော့်နည်းလမ်းမှာ ပြဿနာရှိတယ်လို့ ခင်ဗျားပြောရင် ပြောနိုင်တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ရလဒ်တွေကိုတော့ ဘယ်သူမှ ငြင်းလို့မရဘူး"
"ပြီးတော့ ကျွန်တော်တို့ကျောင်းမှာ စာပဲလုပ်တာ မဟုတ်ဘူး။ ဂီတပွဲတော်တွေ၊ အားကစားပွဲတော်တွေ၊ နှစ်သစ်ကူးပါတီတွေလည်း လုပ်ပါတယ်။ ကျွန်တော်က ကျောင်းသားတွေရဲ့ အနာဂတ်အတွက် စေတနာနဲ့ လုပ်ပေးနေတာပါ။ သူတို့ ကျွန်တော့်ကို ကျေးဇူးတင်သင့်တယ် ခင်ဗျားက ကျွန်တော့်ကို ပညာပေးဖို့ ဘာအရည်အချင်း ရှိလို့လဲ ဒီအမှုကို ကြည့်ရင် တန်ရှင်းရန်က ကိုယ့်ကိုကိုယ် သတ်သေတာပဲဟာ။ ကျွန်တော် တွန်းချလိုက်တာလား ဒီအမှုနဲ့ ကျွန်တော်နဲ့ ဘာမှမဆိုင်ဘူး"
ယန်ခိုင်လုံမှာ အလွန်ပင် ယုံကြည်ချက်ရှိစွာဖြင့် အော်ဟစ်ကာ ခုခံ၍ ပြောဆိုနေသည်။
သူ၏ စကားများကြောင့် ဂူချန်မှာ အေးဆေးစွာပင် ရယ်မောလိုက်သည်။
ဂူချန်က "ခင်ဗျားရဲ့ သင်ကြားရေးနည်းလမ်းတွေမှာ ပြဿနာမရှိဘူးလား ကျောင်းသားတွေကို ကိုယ်ကျင့်တရား၊ ဉာဏ်ရည်၊ ကာယ၊ စာရိတ္တ ပိုင်းဆိုင်ရာ ဖွံ့ဖြိုးအောင် လုပ်ပေးတယ်ဆိုတာ တကယ်လား အဲဒါတွေက အပေါ်ယံ စစ်ဆေးရေးအတွက် သရုပ်ဆောင်တာတွေ မဟုတ်ဘူးလား ကျောင်းသားတွေက စာကျက်ဖို့ အချိန်မရှိဘူး။ ဒါပေမဲ့ နှစ်သစ်ကူးပါတီတွေ၊ ပွဲလမ်းသဘင်တွေကို တကယ်တမ်း ပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနေတာက ခင်ဗျားတို့ ဆရာတွေပဲ မဟုတ်ဘူးလား"
"အားကစားပွဲတော်ဆိုတာလည်း အားကစား အထူးပြု ကျောင်းသားတွေလောက်ပဲ ပါဝင်ခွင့်ရှိပြီး သာမန် ကျောင်းသားတွေကို ခွင့်မပြုဘူး။ ကျန်တဲ့ ပွဲတွေကလည်း ဆရာတွေအတွက်ပဲ။ ခင်ဗျားတို့ရဲ့ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဆိုတာက ကျောင်းသားတွေကို စာမေးပွဲစက်တွေ ဖြစ်အောင် လုပ်ပြီး ခင်ဗျားတို့ရဲ့ ဂုဏ်ကျက်သရေအတွက် အသုံးချနေတာပဲ မဟုတ်ဘူးလား"
ဂူချန်၏ ထိရှလွယ်သော အချက်များကို ဖော်ထုတ်လိုက်မှုကြောင့် ယန်ခိုင်လုံ၏ မျက်နှာမှာ ရုတ်တရက် ပျက်ယွင်းသွားသည်။
ပရိသတ်များမှာလည်း ဤအမှန်တရားကို သိရှိသွားပြီးနောက် ကျောင်းစီမံခန့်ခွဲမှု၏ အကျင့်ပျက်ခြစားမှုကို ပိုမို သိမြင်လာကြသည်။
ဂူချန်သည် အထောက်အထားမဲ့ မပြောဆိုဘဲ တစ်ချက်ချင်းစီ ထိထိမိမိဖြင့် ပစ်မှတ်ထားကာ တိုက်ခိုက်နေခြင်းပင်။