← Chapters

အခန်း ၁၆၉

Vol. 15 Ch. 169

အခန်း ၁၆၉

Vol. 15 Ch. 169

အခန်း။ ၁၆၉

ကျန်းဟုန်ရှန်းက "ဥက္ကဋ္ဌ မကြာသေးမီက ကျွန်တော်တို့ဘဏ်မှာ နောက်ထပ်ပြဿနာတစ်ခု ဖြစ်နေပါတယ်။ ကျွန်တော်တို့ဘဏ်က စက်တစ်ခု ချို့ယွင်းသွားတာပါ။ ဖောက်သည်တစ်ယောက်က ပိုက်ဆံ တစ်သောင်းထုတ်ဖို့ ကြိုးစားရာမှာ စက်ချို့ယွင်းချက်ကြောင့် နှစ်သောင်း ထွက်လာပါတယ်" ဟု ပြောပြသည်။

ဝမ်ရွေက "ပြီးတော့ ဘာဖြစ်လဲ" ဟု မေးသည်။

"ဖောက်သည်ကတော့ တစ်သောင်းပဲယူပြီး ကျန်တဲ့ တစ်သောင်းကို စက်နားမှာပဲ ထားခဲ့လိုက်ပါတယ်။ နောက်တော့ မျက်နှာဖုံးစွပ်ထားတဲ့လူတစ်ယောက်က အဲ့ဒီတစ်သောင်းကို ယူသွားတာ အခုထိ အဲ့ဒီလူကို ရှာမတွေ့သေးဘူး။ ဘဏ်အနေနဲ့ တစ်သောင်း ဆုံးရှုံးသွားတယ်. ဘယ်လိုလုပ်ရမလဲ"

ကျန်းဟုန်ရှန်းက စိတ်ညစ်ညစ်ဖြင့် ပြောသည်။

တစ်သောင်းဆိုသည့် ငွေပမာဏမှာ မသေးငယ်ပေ။

ဝမ်ရွေကမူ တည်ငြိမ်စွာပင် "ငါတို့က ဘယ်လိုလုပ် တစ်သောင်း ဆုံးရှုံးတာလဲ အဲ့ဒီအမျိုးသမီး ဖောက်သည်ကိုပဲ ပိုက်ဆံပြန်ပေးဖို့ ပြောလိုက်လေ" ဟု ပြောလိုက်သည်။

ကျန်းဟုန်ရှန်းမှာ အံ့ဩသွားပြီး "ဗျာ" ဟု ပြန်မေးသည်။

ဝမ်ရွေက ဆက်ပြောသည်။

"အဲ့ဒီအမျိုးသမီးက စက်ထဲကနေ တစ်သောင်း ထုတ်ယူသွားတာ မဟုတ်လား"

"ဟုတ်ပါတယ်"

ကျန်းဟုန်ရှန်းက ဖြေသည်။

"အဲ့ဒီ သူမယူသွားတဲ့ တစ်သောင်းက ဘဏ်ပိုက်ဆံပဲ။ သူမရဲ့ ကိုယ်ပိုင်တစ်သောင်းက စက်ဘေးမှာ ကျန်ခဲ့တာလေ။ ပျောက်သွားတာက သူမရဲ့ ကိုယ်ပိုင်တစ်သောင်းပဲ။ ကျွန်တော်တို့ပိုက်ဆံ မဟုတ်ဘူး။ စက်ချို့ယွင်းတာက မတတ်နိုင်ပေမဲ့ သူမအနေနဲ့ ပိုက်ဆံနှစ်သောင်းလုံးကို ယူပြီး ကျွန်တော်တို့ကို တစ်သောင်း ပြန်ပေးရမှာ။ အခုတော့ သူမက ဘဏ်ပိုက်ဆံကို ယူသွားပြီး သူမပိုက်ဆံကိုမှ စက်နားမှာ ထားခဲ့တာ။ ငါတော့ နားမလည်နိုင်ဘူး"

ကျန်းဟုန်ရှန်းလည်း သဘောပေါက်သွားသည်။

ဘဏ်က ဘယ်မှာ ဆုံးရှုံးလို့လဲ။

ဆုံးရှုံးသွားတာက သူမ ပိုက်ဆံပဲ ဘဏ်နဲ့ ဘာဆိုင်လို့လဲ။

ဘဏ်ဝန်ထမ်းက ချက်ချင်းပင် ထိုအမျိုးသမီးဖောက်သည်ထံ ဖုန်းဆက်သည်။

ဖုန်းပြောပြီးနောက် အမျိုးသမီးမှာ ကြောင်တောင်တောင် ဖြစ်သွားသည်။

"ကျွန်မက ကျွန်မပိုက်ဆံပဲ ယူတာပါ ကျွန်မ တစ်သောင်း ထုတ်တာလေ။ စက်က ပိုထွက်လာလို့ ကျွန်မ မယူဘဲ စက်နားမှာပဲ ထားခဲ့တာ။ ခင်ဗျားတို့ပဲ အဲ့ဒါကို တာဝန်ယူရမှာပေါ့။ အခု ပျောက်သွားတာကို ဘာလို့ ကျွန်မကို လာပြောနေတာလဲ"

သူမက ဒေါသတကြီး ပြန်ပြောသည်။

"ကျွန်မတို့ နားလည်ပေးနိုင်ပါတယ်။ ဒါပေမဲ့ မမ ယူသွားတဲ့ တစ်သောင်းက ဘဏ်ပိုက်ဆံပါ။ မမရဲ့ ကိုယ်ပိုင်ပိုက်ဆံက စက်နားမှာ ကျန်ခဲ့တာ"

ဝန်ထမ်းက အေးဆေးပင် ပြန်ပြောသည်။

"ကျွန်မ ထုတ်တဲ့ ပိုက်ဆံက ကျွန်မပိုက်ဆံလေ"

"အဲ့ဒါက ဘဏ်ပိုက်ဆံပါ။ မမရဲ့ ပိုက်ဆံက စက်နားမှာ အခိုးခံလိုက်ရတာ။ ရဲစခန်းမှာပဲ သွားတိုင်လိုက်ပါ"

ဝန်ထမ်းက ထိုသို့ပြောသောအခါ ထိုအမျိုးသမီးမှာ အံ့အားသင့်လွန်၍ စကားပင် မပြောနိုင်တော့ပေ။

"မမ ပိုက်ဆံ တစ်သောင်းကို အမြန်ဆုံး ပြန်ပေးပါ။ မဟုတ်ရင် ဥပဒေရေးရာဌာနကို လွှဲပေးရလိမ့်မယ်"

"ဘာတွေ ပြောနေတာလဲ ကျွန်မ ထုတ်တဲ့ ပိုက်ဆံက ကျွန်မပိုက်ဆံလို့ ပြောနေတယ်လေ"

"အဲ့ဒါ မမပိုက်ဆံ မဟုတ်ပါဘူး။ အဲ့ဒါ ဘဏ်ပိုက်ဆံပါ။ ဘဏ်စက်ထဲက ထွက်တဲ့ပိုက်ဆံက ဘဏ်ပိုက်ဆံပဲ။ မမလက်ထဲက ပိုက်ဆံက မမပိုက်ဆံလို့ သက်သေပြနိုင်ရင်တော့ တစ်မျိုးပေါ့။ အခု ဘဏ်က စစ်ဆေးချက်အရ စက်နားက ပိုက်ဆံက မမပိုက်ဆံ၊ မမလက်ထဲက တစ်သောင်းက ဘဏ်ပိုက်ဆံလို့ သတ်မှတ်ထားတယ်"

"ကျွန်မက ဘယ်လို သက်သေပြရမှာလဲ ဘယ်လို သက်သေပြရမှာလဲ ဘယ်ကနေ သက်သေရှာရမှာလဲ"

ထိုအမျိုးသမီးမှာ အရူးအမူး အော်ဟစ်တော့သည်။

ဘဏ်ဝန်ထမ်းက "မမ သက်သေမပြနိုင်ရင်တော့ ဒါက ဘဏ်ပိုက်ဆံပဲ။ ဘဏ်ပိုက်ဆံကို ယူသွားတာက တရားမဝင် ရယူသုံးစွဲမှု မြောက်တယ်။ ဒါက ဥပဒေအရ အရေးယူခံရနိုင်ပြီး ထောင်တောင် ကျနိုင်ပါတယ်။ ကျွန်မတို့သာ ရဲစခန်းမှာ အမှုဖွင့်လိုက်ရင် မမ ထောင်ကျမှာ သေချာတယ်" ဟု ပြတ်သားစွာ ပြောလိုက်သည်။

ထိုအမျိုးသမီးမှာ ဒေါသထွက်လွန်း၍ "ဒါဆိုလည်း ငါ့လက်ထဲက ပိုက်ဆံက ဘဏ်ပိုက်ဆံဆိုတာ သက်သေပြလေ မင်းတို့လည်း သက်သေပြရမှာပေါ့" ဟု အော်ပြောသည်။

ဝန်ထမ်းက "ကျွန်မတို့ သက်သေပြစရာ မလိုပါဘူး။ ဘဏ်စက်ထဲက ထွက်တဲ့ပိုက်ဆံက ဘဏ်ပိုက်ဆံပဲ မမပိုက်ဆံ မဟုတ်ဘူး" ဟု ပြန်ပြောသည်။

...

ထိုအချိန်တွင် ရွီမော်ဘဏ်၏ လူစည်ကားရာ နေရာ၌ အခြားပြဿနာတစ်ခု ဖြစ်ပွားနေသည်။

အမျိုးသားတစ်ဦးက ဒေါသတကြီးဖြင့် "ဘာလို့လဲ ကျွန်တော် တစ်သောင်း ထုတ်တာလေ။ ဘဏ်က ပေးတုန်းကတော့ စိတ်မချပါဘူး။ အပြင်ရောက်တော့ ရေတွက်ကြည့်တာ တစ်သောင်းမပြည့်ဘူး။ ကိုးထောင်ရှစ်ရာပဲ ရှိတယ် နှစ်ရာ လိုနေတယ် ပိုက်ဆံကို အိတ်ထဲ ထည့်ထားတာ။ ဘယ်သူမှလည်း မထိဘူး။ ကျွန်တော်လည်း မထိဘူး။ ဒီနေ့ ဒီပိုက်ဆံ မရရင်တော့ အလုပ်ရှုပ်ပြီသာ မှတ်" ဟု အော်ဟစ်နေသည်။

ထိုအမျိုးသားမှာ အလွန်ဒေါသထွက်နေသည်။

သူသည် ဘဏ်၏ ဂုဏ်သတင်းကြောင့် ပိုက်ဆံ မှန်လိမ့်မည်ဟု ယုံကြည်ထားခဲ့သော်လည်း အပြင်ရောက်မှ နှစ်ရာ လိုနေသည်ကို တွေ့လိုက်ရသည်။

သူ ငါးကြိမ်၊ ခြောက်ကြိမ် ပြန်ရေတွက်ကြည့်သော်လည်း ကိုးထောင်ရှစ်ရာသာ ရှိနေသည်။ ပိုက်ဆံကို ဘယ်သူမှ မထိဘဲ သူသာ ကိုင်ထားခဲ့တာဖြစ်၍ ပျောက်ဆုံးစရာ အကြောင်းမရှိပေ။

ရွီမော်ဘဏ် ဝန်ထမ်းက "ဆရာ ဒီမှာကြည့်ပေးပါ။ ကောင်တာကနေ ထွက်သွားပြီးရင် ကျွန်မတို့ တာဝန်မရှိတော့ပါဘူး။ ပိုက်ဆံတွေကို ကိုယ့်ရှေ့မှာတင် ရေတွက်ရမှာလေ။ ကောင်တာကနေ ထွက်သွားပြီးမှ ဖြစ်လာတဲ့ ကိစ္စတွေအတွက် ကျွန်မတို့ တာဝန်မယူပါဘူး။ ပြောရရင် အဲ့ဒီတုန်းက ဘာလို့ မရေတွက်ခဲ့တာလဲ" ဟု ပြောသည်။

ထိုအမျိုးသားမှာ အံ့ဩသွားပြီး "ဗျာ ကောင်တာက ထွက်သွားရင် တာဝန်မရှိဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ။ ဒါက တရားမဝင် စည်းမျဉ်းတွေပဲ" ဟု ပြန်ပြောသည်။

သူသည် အော်ဟစ်ဆူပူသော်လည်း မည်သူကမျှ အရေးမစိုက်ပေ။

နောက်ဆုံးတွင် ရဲများ ရောက်လာပြီး ကြားဝင်ဖြေရှင်းပေးရသည်။

သို့သော် ဘဏ်ဘက်က ကောင်တာမှ ထွက်သွားလျှင် တာဝန်မရှိဘူးဟူသော စကားတစ်ခွန်းတည်းဖြင့် ခေါင်းမာစွာ ငြင်းဆန်နေသည်။

ထိုအမျိုးသားမှာ ဒေါသထွက်လွန်း၍ "ငါ့ကို ရူးအောင် လုပ်နေတာလား ပြီးခဲ့တဲ့လက ငါ လာထုတ်တုန်းက တစ်သောင်းထုတ်တာကို မင်းတို့က တစ်သောင်းတစ်ရာ ပေးလိုက်တယ်။ အိမ်ရောက်တော့ ပိုပေးမိတယ်ဆိုပြီး ဖုန်းဆက်ပြီး ပြန်လာယူခိုင်းသေးတယ်။ မပေးရင် ရဲတိုင်မယ်တဲ့။ အဲ့တုန်းက ငါ ဘယ်လောက်တောင် ဒေါသထွက်ရလဲ သိလား။ အဲ့တုန်းကလည်း ကောင်တာက ထွက်သွားရင် တာဝန်မရှိဘူး ပြောပြီးတော့ အခု ပိုပေးမိတော့မှ ဘာလို့ အတင်းပြန်တောင်းတာလဲ။ ငါ့ခရီးစရိတ်တွေ ဘယ်လောက်ကုန်လဲ သိလား။ ငါက ဒီဘဏ်နဲ့ အဝေးကနေရာမှာ နေတာ မင်းတို့ အမှားကြောင့် ငါက ခရီးစရိတ် အကုန်ခံပြီး ပြန်လာပေးရတာ။ ပြီးတော့ ကျေးဇူးတင်စကားတောင် တစ်ခွန်းမှ မပြောဘူး" ဟု ပြောလိုက်သည်။

ဘဏ်ဝန်ထမ်းက "ဒါကတော့ ကောင်တာက ထွက်သွားရင် တာဝန်မရှိတာနဲ့ မဆိုင်ဘူးလေ။ ဆရာယူသွားတာ ဘဏ်ပိုက်ဆံ ပိုနေတာဆိုတော့ ပြန်ပေးရမှာပေါ့" ဟု ဖြေသည်။

အမျိုးသားက "အခုတော့ ငါ့ပိုက်ဆံ နှစ်ရာ လိုနေတယ် နားလည်လား။ ဘဏ်က ငါ့ကို ပိုက်ဆံ လျှော့ပေးလိုက်တာ နှစ်ရာ ပြန်ပေး ဒီကိစ္စ ဒီမှာတင် ပြီးလိုက်ရအောင်" ဟု ပြောသည်။

ဝန်ထမ်းက "ကောင်တာက ထွက်သွားရင် တာဝန်မရှိပါဘူး" ဟုသာ ထပ်ပြောနေသည်။

All Chapters