← Chapters

အခန်း ၄

Vol. 1 Ch. 4

အခန်း ၄

Vol. 1 Ch. 4

အခန်း။ ၄

ဝမ်ဟိုင်ရှန်၏ အကြည့်များ ပို၍ အေးစက်သွားသည်။

ဂူချန် တစ်ခုခုကို သိနေတာလား။ မဖြစ်နိုင်ပါဘူး ဂူချန် သိနိုင်စရာ အကြောင်းမရှိဘူး။

ဝမ်ဟိုင်ရှန်သည် ဂူချန်ကို တစ်ချက်မျှသာကြည့်ကာ စကားမပြောတော့ပေ။

တရားခွင်မစမီကပင် ရှေ့နေနှစ်ဦးကြား တင်းမာမှုမှာ အထွတ်အထိပ်သို့ ရောက်နေပြီဖြစ်သည်။

[ဝိုး ရှေ့နေဂူက တကယ်ကို ရဲရင့်တာပဲ]

[ရှေ့နေသင်တန်းဆင်းတစ်ယောက်က ထိပ်တန်းရှေ့နေကို တိုက်ခိုက်နေပြီ]

[ဟားဟား တင်းမာမှုတွေက အပြင်ကိုတောင် ရောက်လာသလိုပဲ။ တကယ်ကို စိတ်လှုပ်ရှားဖို့ကောင်းတယ်]

[လုပ်လိုက်စမ်းပါ အဲဒီ နတ်သမီးလေးနှစ်ယောက်နဲ့ ရထားကုမ္ပဏီကို တောင်းပန်ခိုင်းလိုက် ပြီးရင် လျော်ကြေးပါ ပေးခိုင်းလိုက်]

"တိတ်တိတ်ဆိတ်ဆိတ်နေပေးကြပါ"

တရားသူကြီး လီယုံရှာက တူကို ရိုက်လိုက်သည်။

"တရားခွင် စတင်ပါပြီ"

စာရေးသူက မတ်တတ်ရပ်ကာ ပြောသည်။

ထို့နောက် တရားရုံးစည်းကမ်းများကို ဖတ်ကြားပြီးနောက် တရားသူကြီးနှင့် အဖွဲ့ဝင်များ နေရာယူကြသည်။

လီယုံရှာက တူကို ထပ်မံရိုက်၍ "လူတိုင်း နေရာယူကြပါ။ တရားခွင် စတင်ပါပြီ" ဟု ပြောလိုက်သည်။

အခန်းတွင်းမှာ တိတ်ဆိတ်ပြီး လေးနက်နေသည်။

လီယုံရှာက "ဒီအမှုက တစ်ကြိမ် စစ်ဆေးပြီးသား ဖြစ်ပေမဲ့ တရားလိုရှေ့နေဘက်က တောင်းဆိုချက်အသစ်တွေ ရှိတဲ့အတွက် အမှုအသစ်အနေနဲ့ ပြန်လည်စစ်ဆေးတာပါ။ အခု စစ်ဆေးမယ့်အမှုက နောက်ဆုံးအဆင့်ဖြစ်ပြီး စီရင်ချက်အပေါ် မကျေနပ်ရင် အယူခံဝင်နိုင်ပါတယ်။ ကန့်ကွက်စရာ ရှိပါသလား" ဟု မေးသည်။

တရားလို၊ တရားခံ၊ ရှေ့နေများနှင့် အစိုးရရှေ့နေတို့အားလုံးက ကန့်ကွက်စရာမရှိကြောင်း ပြောကြသည်။

လီယုံရှာက "အမှုအနှစ်ချုပ်ကတော့ စက်တင်ဘာ ၆ ရက်နေ့မှာ ယွင်ချန်မြေအောက်ရထားတွဲ ဝမ်ကျားဝမ်ဘူတာမှာ တရားခံ ကျိုးလင်လင်နဲ့ ဝမ်ထျန်းထျန်းတို့က တရားလို ချန်းယန်ကို သူတို့ကို ခိုးရိုက်တယ်လို့ မှားယွင်းပြီး စွပ်စွဲခဲ့တာပါ။ နောက်ပိုင်းကျမှ ဒါက နားလည်မှုလွဲတာလို့ သိလိုက်ရပေမဲ့ တရားလို ချန်းယန်ကတော့ သူ့ရဲ့ ပုဂ္ဂိုလ်ရေးနဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေခဲ့တဲ့အတွက် တရားခံတွေကို ပြန်ပြီး တရားစွဲဆိုထားတာပါ။ ဒီအချက်အလက်တွေက မှန်ကန်ပါသလား" ဟု မေးသည်။

ချန်းယန်နှင့် ကျိုးလင်လင်တို့က မှန်ကန်ကြောင်း အတည်ပြုကြသည်။

တရားလိုရှေ့နေ ဂူချန်က စာရွက်တစ်ရွက်ကို ထုတ်ကာ စတင် ပြောကြားလိုက်သည်။

"တရားသူကြီး ကျွန်တော့်အမှုသည်ရဲ့ တောင်းဆိုချက်တွေကို ပြောပါ့မယ်"

"ပထမအချက် ကျိုးလင်လင်၊ ဝမ်ထျန်းထျန်းနဲ့ ယွင်ချန်မြေအောက်ရထားလုံခြုံရေးအဖွဲ့တွေက ချန်းယန်ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေခဲ့တာမို့လို့ သူတို့အားလုံး လူသိရှင်ကြား တောင်းပန်ဖို့နဲ့ ချန်းယန်ကို စိတ်ပိုင်းဆိုင်ရာ နစ်နာမှုအတွက် ယွမ် ၁ သိန်း လျော်ကြေးပေးဖို့ တောင်းဆိုပါတယ်။ အဲ့ထဲမှာ ကျိုးလင်လင်နဲ့ ဝမ်ထျန်းထျန်းက တစ်ဦးကို ယွမ် ၄ သောင်းစီ၊ ယွင်ချန်မြေအောက်ရထားကုမ္ပဏီက ယွမ် ၂ သောင်းစီ ပေးရမှာပါ။

ဒုတိယအချက် တစ်ဖက်က ရှေ့နေ ဝမ်ဟိုင်ရှန်ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၆ အရ မမှန်မကန် သက်သေအထောက်အထားတွေ ဖန်တီးခဲ့တဲ့အတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ဖို့နဲ့ သူ့ရဲ့ရှေ့နေလိုင်စင်ကိုပါ ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။

တတိယအချက် တရားသူကြီး လီယုံရှာကို လာဘ်ပေးလာဘ်ယူမှု၊ အမျိုးသမီးတွေဘက်ကို အစွန်းရောက်ဘက်လိုက်မှု၊ တရားသူကြီးရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး အမှုကို လိမ်လည်စီမံခဲ့သလို ယခင်စီရင်ချက်မှာလည်း မမှန်မကန် လုပ်ဆောင်ခဲ့တဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ဖို့နဲ့ ရှေ့နေလောကကနေ တစ်သက်တာ ထုတ်ပယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်"

ဂူချန်သည် တောင်းဆိုချက် သုံးချက်ကို ချပြလိုက်သည်။

ဂူချန် စကားပြောပြီးဆုံးသည့်အခါ တရားခွင်တစ်ခုလုံးမှာ တိတ်ဆိတ်သွားသည်။

တိုက်ရိုက်ထုတ်လွှင့်မှု၏ မှတ်ချက်ကဏ္ဍများမှာလည်း အံ့အားသင့်လွန်းသဖြင့် ရပ်တန့်သွားသည်။

အာ…..

လူတိုင်းမှာ အနည်းငယ် မှင်သက်သွားကြသည်။

[ဘာတွေဖြစ်နေတာလဲ]

[တရားလိုရှေ့နေ ဂူချန်များ ရူးသွားပြီလား]

[ဒါ... ဒါ... ဒါ...]

"ဒီအမှုမှာတော့ အဲ့ဒီအမျိုးသမီးနှစ်ယောက်နဲ့ မြေအောက်ရထားကုမ္ပဏီကိုပဲ ပစ်မှတ်ထားရမှာ မဟုတ်ဘူးလား။

ဂူချန်က ဘယ်လိုလုပ်ပြီး ဒီလောက်အထိ ရဲတင်းတဲ့ အလုပ်ကို လုပ်လိုက်တာလဲ။

တစ်ဖက်က ရှေ့နေကို ဖြုတ်ချဖို့ ကြိုးစားတာက တစ်ပိုင်းပေါ့ အခုဆိုရင် တရားသူကြီးကိုပါ သုက ပစ်မှတ်ထားလိုက်တာလား"

[အာ]

[မဟုတ်မှလွဲရော ငါကြားတာ မှားနေတာလား]

[ဂူချန်က ပြိုင်ဘက်ရှေ့နေကိုပါ ဖြုတ်ချဖို့ ကြိုးစားနေတာလား]

[ဝိုး ဟိုး]

[တကယ်လား ပြိုင်ဘက်ရှေ့နေရော တရားသူကြီးကိုပါ ဖြုတ်ချဖို့ ကြိုးစားနေတာလား]

တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပွက်လောရိုက်သွားသည်။

ဂူချန်က ဒီလောက်ထိတောင် လုပ်ရဲတာပဲ။

ချန်းယန်ပင်လျှင် နားမလည်နိုင်ဖြစ်နေကာ သူ၏တောင်းဆိုချက်မှာ တစ်ဖက်လူကို တောင်းပန်ခိုင်းပြီး စိတ်ပိုင်းဆိုင်ရာနစ်နာမှုအတွက် လျော်ကြေးပေးခိုင်းရန်ပင်။

သို့သော် ဂူချန်ကတော့ တစ်ဖက်မှရှေ့နေနှင့် တရားသူကြီးကိုပါ ဖြုတ်ချရန် ကြိုးစားနေခြင်းပင်။

ဒါကတော့ အရမ်းကြီးမားတဲ့ ကစားကွက်ပဲ။

တရားသူကြီး လီယုံရှာက တူကို ထပ်မံရိုက်လိုက်သည်။

လီယုံရှာက ဂူချန်ကို ကြည့်ပြီး "တရားလိုရှေ့နေ တရားရုံးဆိုတာ လေးနက်မြင့်မြတ်တဲ့နေရာဖြစ်ပြီး ခင်ဗျားပြောသမျှ စကားတိုင်းအတွက် တရားဥပဒေအရ တာဝန်ယူရမယ်။ ခင်ဗျားရဲ့ တောင်းဆိုချက်ကို ထပ်ပြောပါ" ဟု ပြောသည်။

လီယုံရှာပင် မယုံကြည်နိုင်ပေ။

"ငါက တရားသူကြီးလေ။ အဲ့ဒါကို ဂူချန်က ငါ့ကိုပါ ရာထူးကနေ ဖြုတ်ချဖို့ ကြိုးစားနေတာလား"

ဂူချန်က မတ်တတ်ရပ်ကာ "ကျွန်တော့်တောင်းဆိုချက်တွေကို ထပ်ပြောပါ့မယ်" ဟု ပြောသည်။

"ပထမအချက် ကျိုးလင်လင်၊ ဝမ်ထျန်းထျန်းနဲ့ ယွင်ချန်မြေအောက်ရထားလုံခြုံရေးအဖွဲ့တွေက ချန်းယန်ရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေခဲ့တာမို့လို့ သူတို့အားလုံး လူသိရှင်ကြား တောင်းပန်ဖို့နဲ့ ချန်းယန်ကို စိတ်ပိုင်းဆိုင်ရာ နစ်နာမှုအတွက် ယွမ် ၁ သိန်း လျော်ကြေးပေးဖို့ တောင်းဆိုပါတယ်။ အဲ့ထဲမှာ ကျိုးလင်လင်နဲ့ ဝမ်ထျန်းထျန်းက တစ်ဦးကို ယွမ် ၄ သောင်းစီ၊ ယွင်ချန်မြေအောက်ရထားကုမ္ပဏီက ယွမ် ၂ သောင်းစီ ပေးရမှာပါ။

ဒုတိယအချက် တစ်ဖက်က ရှေ့နေ ဝမ်ဟိုင်ရှန်ကို ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၆ အရ မမှန်မကန် သက်သေအထောက်အထားတွေ ဖန်တီးခဲ့တဲ့အတွက် ထောင်ဒဏ် ၆ နှစ် ချမှတ်ဖို့နဲ့ သူ့ရဲ့ရှေ့နေလိုင်စင်ကိုပါ ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်။

တတိယအချက် တရားသူကြီး လီယုံရှာကို လာဘ်ပေးလာဘ်ယူမှု၊ အမျိုးသမီးတွေဘက်ကို အစွန်းရောက်ဘက်လိုက်မှု၊ တရားသူကြီးရဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားလုပ်ပြီး အမှုကို လိမ်လည်စီမံခဲ့သလို ယခင်စီရင်ချက်မှာလည်း မမှန်မကန် လုပ်ဆောင်ခဲ့တဲ့အတွက် ထောင်ဒဏ် အနှစ် ၂၀ ချမှတ်ဖို့နဲ့ ရှေ့နေလောကကနေ တစ်သက်တာ ထုတ်ပယ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်"

"ဒါတွေက ကျွန်တော့်ရဲ့ တောင်းဆိုချက်တွေပါပဲ"

"ဒါကြောင့် တရားသူကြီးကို အစားထိုးလဲလှယ်ပေးဖို့ တောင်းဆိုပါတယ်။ လီယုံရှာက ဒီအမှုနဲ့ ပတ်သက်ဆက်နွှယ်နေသူ ဖြစ်နေတဲ့အတွက်ကြောင့် ဒီတရားခွင်ကနေ နုတ်ထွက်ပေးဖို့ တောင်းဆိုလိုက်ပါတယ်ခင်ဗျာ"

ဂူချန်က လီယုံရှာကို ချက်ချင်း အစားထိုးလဲလှယ်ပေးရန် တိုက်ရိုက်တောင်းဆို လိုက်သည်။

ထို့အပြင် ချက်ချင်း တရားသူကြီး အစားထိုးပေးရန်ပင် တောင်းဆို လိုက်သည်။

တရားသူကြီးကို တိုက်ရိုက်စွပ်စွဲခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကာ အင်တာနက်အသုံးပြုသူများအားလုံး ထိတ်လန့်သွားကြသည်။

တရားသူကြီးနှစ်ဦးနှင့် အစိုးရရှေ့နေများပင် ထိတ်လန့်သွားကြသည်။

မှတ်တမ်းတင်သူများပင် ဂူချန်က တရားသူကြီးကို တိုက်ရိုက်စွပ်စွဲလိမ့်မည်ဟု မယုံကြည်နိုင်ကြပေ။

တရားလိုရှေ့နေ ဂူချန်မှာ စွပ်စွဲပိုင်ခွင့် ရှိတာပေါ့…..

ဤတစ်ကြိမ်တွင် ပရိသတ်များပင် တီးတိုးပြောဆိုနေကြသည်။

အင်တာနက်တစ်ခုလုံး ပွက်လောရိုက်သွားသည်။

ရှေ့နေသင်တန်းဆင်းတစ်ယောက်က ပြိုင်ဘက်ရှေ့နေနှင့် တရားသူကြီးကိုပါ စွပ်စွဲပြီး တရားသူကြီးအသစ် အစားထိုးပေးရန် တောင်းဆိုနေခြင်းပင်။

All Chapters