← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အခန်း။ ၉

ဂူချန်က တစ်ဖန်ပြန်၍ "တရားသူကြီးခင်ဗျား ကျိုးလင်လင်နဲ့ ဝမ်ထျန်းထျန်းတို့ကို ထောင်ဒဏ် ၇ နှစ် ချမှတ်ပေးရန်နဲ့ ချက်ချင်း ဖမ်းဆီးအရေးယူပေးရန် ထပ်မံတောင်းဆိုပါတယ်" ဟု အသံမာမာဖြင့် ပြောလိုက်သည်။

ထိုစကားအဆုံးတွင် တရားခွင်တစ်ခုလုံး၌ လက်ခုပ်သံများ ထွက်ပေါ်လာသည်။ အထောက်အထားများမှာ ခိုင်လုံလှကာ ချန်းယန် တင်ခဲ့သည့် ဗီဒီယိုများမှာ ကိုယ့်ကိုကိုယ် ကာကွယ်ခြင်းသက်သက်သာ ဖြစ်ကြောင်း ထင်ရှားသွားသည်။

ဆန့်ကျင်ဘက်အားဖြင့် ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းတို့သာလျှင် ချန်းယန်အား လုပ်ကြံစွပ်စွဲကာ အွန်လိုင်းတွင် အနိုင်ကျင့်နေသူများ ဖြစ်ကြောင်း သက်သေပြနိုင်ခဲ့သည်။

ချန်းယန်မှာမူ ဘေးတွင် ရပ်နေရင်း မှင်သက်နေမိသည်။

"ငါ့ရှေ့နေက တကယ်ပဲ ဒီလောက်ထိ စွမ်းဆောင်နိုင်တာလား တစ်ဖက်က မတောင်းပန်နိုင်တဲ့အပြင် အခုတော့ သူတို့ကို ထောင်ထဲပို့ဖို့ ကြိုးစားနေတာလား" ဟု တွေးရင်း ဂူချန်ကို လေးစားစွာဖြင့် လက်မထောင်ပြလိုက်ချင်စိတ် ပေါက်သွားသည်။

ဒါက သင်တန်းဆင်းရှေ့နေတစ်ယောက်ရဲ့ စွမ်းဆောင်ရည်လား။

တရားသူကြီး လီခန်းက တူကိုရိုက်ကာ "တရားခွင်၌ ဆူညံခြင်းမပြုရဘူး" ဟု အမိန့်ပေးသည်။ ထို့နောက် "တရားခံရှေ့နေ ဘာများ တင်ပြစရာရှိသလဲ" ဟု မေးမြန်းသည်။

လီခန်းမှာလည်း မျက်မှောင်ကြုတ်နေမိသည်။

ကျိုးလင်လင်တို့နှစ်ယောက် နောက်ကွယ်မှ ဤမျှ ဆိုးရွားစွာ အသရေဖျက်ထားလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

အထောက်အထားများမှာ ငြင်းမရနိုင်အောင် ခိုင်လုံနေသည်။

ထောင်ဒဏ် ၇ နှစ်ဟု ကြားလိုက်ရချိန်တွင် ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းတို့မှာ ကြောက်လန့်ကာ တုန်လှုပ်သွားကြသည်။

သူတို့မှာ တက္ကသိုလ်ကျောင်းသားများ ဖြစ်ကာ ထောင်ကျသွားပါက ရာဇဝတ်မှုမှတ်တမ်းပါသွားမည်ဖြစ်ပြီး အလုပ်အကိုင် ရာထူးများအတွက် လျှောက်ထား၍ မရတော့ပေ။

"ဒီလောက်နဲ့ပဲ ထောင်ချခံရမှာလား ဘာလို့များ ယောက်ျားတစ်ယောက်အနေနဲ့ သည်းခံပေးလိုက်ဖို့ မစဉ်းစားတာလဲ" ဟု တွေးရင်း ကျိုးလင်လင်က အော်ပြောလိုက်သည်။

"ချန်းယန် ဒါ လိုအပ်လို့လား နင်က ယောက်ျားလေးပဲ။ ဘာလို့ ဒီလောက်ထိ ရက်စက်ရတာလဲ စကားအနည်းငယ် ပြောမိတာကို ထောင်ထဲပို့ရမှာလား။ ငါတို့က အားနည်းတဲ့သူတွေပါ ဘာလို့ အနိုင်ကျင့်နေတာလဲ"

ဝမ်ထျန်းထျန်းကလည်း "ချန်းယန် ငါ့ကို ထောင်ထဲ မပို့ပါနဲ့။ တောင်းပန်ပါ့မယ်။ ငါတို့ ဘာလုပ်မိလို့လဲ ငါတို့က ကိုယ့်ကိုကိုယ် ကာကွယ်တာပဲလေ။ အဲဒီနေ့က နင့်ဖုန်းထဲမှာ တခြားမိန်းကလေးတွေပုံတွေ ပါနေတာပဲ။ နင် ခိုးရိုက်နေတာ မဟုတ်ဘူးလား" ဟု အော်ဟစ်ကာ ငိုယိုသည်။

ချန်းယန်က တည်ငြိမ်စွာပင် "ကျွန်တော့်ဖုန်းထဲကပုံတွေက ပုံမှန်ဓာတ်ပုံတွေပါ။ တိုက်ဆိုင်လို့ ပါသွားတာမျိုးက ခိုးရိုက်တာ မဟုတ်ဘူး" ဟု ပြန်လည်ဖြေရှင်းသည်။

ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းတို့မှာ ကြောက်လန့်တကြားဖြင့် သူတို့၏ရှေ့နေ ဝမ်ဟိုင်ရှန်ကို လှမ်းကြည့်ကြသည်။

ဝမ်ဟိုင်ရှန်မှာလည်း မျက်နှာပျက်နေသော်လည်း တစ်ဖက်ကို လှည့်၍ ပြောလိုက်သည်။

"တရားသူကြီးခင်ဗျား ကျွန်တော့်မှာ အထောက်အထားအသစ် ရှိပါသေးတယ်"

"ကျိုးလင်လင်နဲ့ ဝမ်ထျန်းထျန်းတို့က ပြင်းထန်တဲ့ စိတ်ကျရောဂါဝေဒနာရှင်တွေ ဖြစ်ပါတယ်။ သူတို့ ဗီဒီယိုတွေ မရိုက်ခင်ကတည်းက ချန်းယန်ရဲ့ ဗီဒီယိုတွေကြောင့် အွန်လိုင်းမှာ အနိုင်ကျင့်ခံနေရတာ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ရဲ့ လုပ်ရပ်တွေဟာ စိတ်ပိုင်းဆိုင်ရာ မူမမှန်မှုကြောင့် ဖြစ်ရတာပါ"

ဝမ်ဟိုင်ရှန်က ပြောလိုကိသည်။

"သူတို့နှစ်ယောက်က မကြာသေးခင်ကမှ ကိုယ့်ကိုကိုယ် အဆုံးစီရင်ဖို့ ကြိုးစားခဲ့ပါသေးတယ်။ သူတို့က ပုံမှန်စိတ်ကျန်းမာရေး မရှိတဲ့သူတွေ ဖြစ်တဲ့အတွက် တခြားသူတွေကို လုပ်ကြံစွပ်စွဲဖို့ ရည်ရွယ်ချက် မရှိပါဘူး" ဟု ဆက်ပြောကာ စိတ်ကျရောဂါ ရှိကြောင်း သက်သေစာရွက်များကို တင်ပြလိုက်သည်။

တရားရုံး၏ စစ်ဆေးချက်အရ ထိုသက်သေစာရွက်များမှာ တရားဝင်ဖြစ်ကြောင်း အတည်ပြုလိုက်သည်။

တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပွက်လောရိုက်သွားသည်။

[ပြီးပြီ... ထောင်ချဖို့ မဖြစ်နိုင်တော့ဘူး]

[စိတ်ကျရောဂါ ဆိုတာနဲ့ လွတ်သွားဦးမှာလား]

[ဒါက တကယ့်ကို ရွံစရာကောင်းတဲ့ ကစားကွက်ပဲ]

တရားသူကြီး လီခန်းက ထိုအထောက်အထားကို ကြည့်ကာ စိတ်ဓာတ်ကျနေသူများ၏ လုပ်ရပ်မှာ ခွင့်လွှတ်နိုင်စရာ ရှိသည်ဟု တွေးမိသည်။

တကယ်တမ်းတွင် ထိုမိန်းကလေးနှစ်ဦးမှာ ကိုယ့်ကိုကိုယ် အဆုံးစီရင်ရန် ကြိုးစားခဲ့ဖူးသည်မှာ အမှန်ပင်။

သို့သော် ၎င်းမှာ ချန်းယန်ကို ပိုမိုအနိုင်ကျင့်ရန်အတွက် လူအများ၏ သနားမှုကို ရယူရန် လုပ်ကြံဖန်တီးထားခြင်း ဖြစ်ကြောင်း တရားသူကြီး မသိပေ။

အင်တာနက်ပေါ်တွင်လည်း ချန်းယန်အား ဓာတ်ပုံခိုးရိုက်သူဟု စွပ်စွဲသည့် ပို့စ်များ ဆက်လက်တင်နေဆဲပင်။

ထိုအချိန်တွင် ဂူချန်က လက်ကို မြှောက်လိုက်သည်။

တရားသူကြီး လီခန်းက "တရားလိုရှေ့နေ ဘာများ တင်ပြစရာ ရှိသေးလို့လဲ" ဟု မေးသည်။

သူသည်လည်း အမှုပြီးဆုံးသွားပြီဟု ထင်နေခြင်းပင်။

ဂူချန်က မတ်တပ်ရပ်လိုက်ကာ သူ့မျက်ဝန်းထဲတွင် အေးစက်စက် အလင်းရောင်တစ်ခု ဖြတ်ပြေးသွားသည်။

"တရားသူကြီးခင်ဗျား ကျွန်တော့်မှာ အထောက်အထားအသစ် ရှိပါတယ်။ ဒါက ကျွန်တော့်ရဲ့ ဒုတိယမြောက် တောင်းဆိုချက်လည်း ဖြစ်ပါတယ်"

"ကျွန်တော်က ပြိုင်ဘက်ရှေ့နေ ဝမ်ဟိုင်ရှန်ကို တရားဥပဒေချိုးဖောက်ပြီး မမှန်မကန် သက်သေအထောက်အထား ဖန်တီးခဲ့မှုအတွက် စွပ်စွဲလိုပါတယ်။ ပြစ်မှုဆိုင်ရာဥပဒေ ပုဒ်မ ၃၀၆ အရ ဝမ်ဟိုင်ရှန်ကို ထောင်ဒဏ် ၆ နှစ် ချမှတ်ပြီး ရှေ့နေလိုင်စင် ရုပ်သိမ်းပေးဖို့ တောင်းဆိုပါတယ်"

"ဘာကြောင့်လဲဆိုတော့..."

ဂူချန်က အသံကို ပိုမိုပြတ်သားစွာ ပြောလိုက်သည်။

"ဒီစိတ်ကျရောဂါ သက်သေစာရွက်တွေကအတု ဖြစ်နေလို့ပါပဲ"

All Chapters