← Chapters

အခန်း ၁၁

Vol. 1 Ch. 11

အခန်း ၁၁

Vol. 1 Ch. 11

အခန်း။ ၁၁

ဒါက အထောက်အထားအစစ်အမှန်တွေပဲ။

ပြိုင်ဘက်ရှေ့နေ ဝမ်ဟိုင်ရှန်နှင့် ဆရာဝန် ဟိုင်ကျင်းပင်တို့၏ လျှို့ဝှက်ပူးပေါင်းကြံစည်မှုကို ဖော်ထုတ်လိုက်သည့် အထောက်အထားများပင်။

စိတ်ကျန်းမာရေးအထူးကုဆရာဝန်တစ်ဦးဖြစ်သူ ဟိုင်ကျင်းပင်အတွက်မူ စိတ်ကျရောဂါပြင်းထန်ကြောင်း ထောက်ခံချက်တစ်စောင် ထုတ်ပေးလိုက်ခြင်းမှာ ရေငတ်တုန်း ရေတွင်းထဲ ကျသကဲ့သို့ပင် လွယ်ကူလွန်းလှသည်။

ခေတ်ကာလအလျောက် စိတ်ကျရောဂါမှာ အဖြစ်များလာသည်နှင့်အမျှ နတ်သမီးလေးအမည်ရှိ မိန်းကလေးမှာလည်း အလွယ်တကူပင် စိတ်ကျရောဂါသည်တစ်ဦးအဖြစ် အသွင်ပြောင်းသွားနိုင်ခဲ့သည်။

ဂူချန် တင်ပြလိုက်သော ထိုအထောက်အထားများမှာ တရားခွင်တစ်ခုလုံးကို တုန်လှုပ်ချောက်ချားသွားစေမည့် ဗုံးတစ်လုံးနှင့်ပင် တူနေတော့သည်။

တိုက်ရိုက်ထုတ်လွှင့်နေသည့် အင်တာနက်စာမျက်နှာထက်တွင်လည်း ကန့်ကွက်သံများ၊ ဝေဖန်သံများဖြင့် ဆူညံသွားခဲ့သည်။

[ဘာတွေဖြစ်ကုန်တာလဲ]

[သေစမ်း... ဒါဆို စိတ်ကျရောဂါဆိုတာ အတုအယောင်တွေပေါ့]

[ဒီလိုမျိုးတောင် ဖြစ်နိုင်သေးတာလား။ စိတ်ကျရောဂါထောက်ခံချက်ကို အတုလုပ်လို့ရတယ်ပေါ့လေ]

[တကယ့်ကို ရွံ့စရာကောင်းလိုက်တာ။ ကျိုးလင်လင်နဲ့ ဝမ်ထျန်းထျန်းတို့က စိတ်ကျရောဂါရှိယောင်ဆောင်ပြီး လူတွေကို လှည့်စားနေတာပဲ။ သူတို့က သူတစ်ပါးကို လျှို့ဝှက်ပြီးဓာတ်ပုံရိုက်၊ အမှားရှာ၊ ကောလာဟလတွေဖြန့်၊ ပြီးတော့မှ တာဝန်ယူရတော့မယ့်အခါ စိတ်ကျရောဂါသည်ဆိုပြီး ခေါင်းစဉ်တပ်ပြီး ရှောင်ထွက်သွားကြတာ... တကယ့်ကို ရွံဖို့ကောင်းလွန်းတယ်]

ဂူချန်သည် တရားခွင်အတွင်း တိတ်ဆိတ်သွားသည်ကို စောင့်ကြည့်ပြီးနောက် တည်ကြည်သောလေသံဖြင့် ဆက်ပြောလိုက်သည်။

"တရားသူကြီးမင်းခင်ဗျာ... ရှေ့နေ ဝမ်ဟိုင်ရှန်ကို ပြင်းထန်တဲ့ ပြစ်ဒဏ် ချမှတ်ပေးဖို့ တောင်းဆိုပါတယ်။

သူ့ကို ထောင်ဒဏ် ချမှတ်ရုံတင်မကဘဲ ရှေ့နေလိုင်စင်ကိုလည်း တစ်သက်တာ ပိတ်သိမ်းပေးဖို့ လေးလေးနက်နက် တောင်းဆိုအပ်ပါတယ်။

ကျွန်တော်တို့ရဲ့ တရားဥပဒေလောကမှာ ဒီလိုလူမျိုး ရှိနေတာဟာ တကယ့်ကို အသရေပျက်စရာပါပဲ။

ပြီးတော့ ဆရာဝန် ဟိုင်ကျင်းပင်ကိုလည်း ပြင်းပြင်းထန်ထန် အရေးယူပေးစေချင်ပါတယ်။ ပရော်ဖက်ရှင်နယ် ဆရာဝန်တစ်ယောက်အနေနဲ့ ဒီလိုထောက်ခံချက်တွေကို ပေါ့ပေါ့ဆဆ ထုတ်ပေးလိုက်တာဟာ အရမ်းကို အန္တရာယ်ကြီးပါတယ်။

တစ်နေ့နေ့ကျရင် သူက စိတ်ရောဂါသည်ဆိုပြီး မှားယွင်းတဲ့ ထောက်ခံချက်မျိုးကို အလွယ်တကူ ထုတ်ပေးလိုက်မိရင် အဲ့ဒီလူက လူသတ်မှု ကျူးလွန်ရင်တောင် တရားဥပဒေရဲ့ အကာအကွယ်ကို ရသွားနိုင်မှာ မဟုတ်ဘူးလား။

ဒါကြောင့် ဟိုင်ကျင်းပင်ရဲ့ ဆရာဝန်လိုင်စင်ကို အပြီးတိုင် ပိတ်သိမ်းပေးပြီး ဥပဒေအရ ထိုက်သင့်တဲ့ ပြစ်ဒဏ်တွေကို ချမှတ်ပေးဖို့ တောင်းဆိုအပ်ပါတယ်ခင်ဗျာ"

ဂူချန်၏ စကားအဆုံးတွင် တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားသကဲ့သို့ စိတ်လှုပ်ရှားနေကြသည်။

[တကယ့်ကို ကျေနပ်စရာပဲ]

[ဂူချန် မင်းက တကယ့်ကို ထူးချွန်တဲ့ ရှေ့နေပဲ။ ဒီလိုအထောက်အထားတွေကို ရှာတွေ့တာ တကယ့်ကို လက်စွမ်းပြလိုက်တာပဲ]

[သူတို့နှစ်ယောက်စလုံးကို ထောင်ဒဏ်အကြီးကြီး ချမှတ်ရမယ်]

[ဟိုင်ကျင်းပင်ကို ဖမ်းဆီးလိုက်ပါ]

တရားသူကြီး လီခန်းသည် ရှေ့နေ ဝမ်ဟိုင်ရှန်ဘက်သို့ လှည့်၍ "ခုခံချေပချက်ရှိသေးသလား" ဟု မေးလိုက်သည်။

တရားရုံးတွင်းမှာတော့ ဂူချန် တင်ပြလိုက်သည့် အထောက်အထားများကို အသေးစိတ် စစ်ဆေးနေကြသည်။

ဝမ်ဟိုင်ရှန်မှာမူ အနည်းငယ် တုန်လှုပ်ချောက်ချားသွားသည်။

ဗီဒီယိုဖိုင်ကို မျက်ဝါးထင်ထင် မြင်လိုက်ရချိန်တွင် သူ၏မျက်နှာမှာ ဖြူဖျော့သွားသည်။

ဒါကို ဂူချန်က ဘယ်လိုနည်းနဲ့ သိသွားခဲ့တာလဲ။

အရာရာမှာ အဆုံးသတ်ဆီသို့ ဦးတည်နေကာ အမှားကို ဝန်ခံလိုက်ပါက သူ၏ရှေ့နေဘဝမှာ လုံးဝပြီးဆုံးသွားပေလိမ့်မည်။

တရားခွင်တွင် အထောက်အထားအတု တင်ပြခြင်းမှာ ဥပဒေကို အထူးသိရှိထားသည့် ရှေ့နေတစ်ဦးအနေဖြင့် ပိုမို၍ ကြီးမားသော ပြစ်ဒဏ်နှင့် ရင်ဆိုင်ရမည့်အပြင် ထောင်ဒဏ်ကျခံရမည်မှာ သေချာပေါက်ပင်။

တကယ်တော့ ဤအမှု၏အစတွင် ဝမ်ဟိုင်ရှန်သည် ဟိုင်ကျင်းပင်နှင့် ပူးပေါင်း၍ စိတ်ကျရောဂါထောက်ခံချက်ကို ရယူခဲ့ခြင်းပင်။

အွန်လိုင်းမှ ဝေဖန်တိုက်ခိုက်မှုများကို ရှောင်လွှဲနိုင်ရန်နှင့် ချန်ယန်ကို ပြစ်ဒဏ်ပေးနိုင်ရန်အတွက် ဤနည်းလမ်းကို အသုံးပြုခဲ့ကြခြင်း ဖြစ်သော်လည်း ယခုအခါတွင်မူ သူတို့၏ လိမ်လည်မှုများမှာ နေရောင်အောက်တွင် အားလုံးပေါ်လာခဲ့ပြီ ဖြစ်သည်။

ဝမ်ဟိုင်ရှန်မှာမူ အံ့အားသင့်ပြီး ထိတ်လန့်ကာ စကားပင် မပြောနိုင်တော့ချေ။

သူထင်မှတ်ထားသည်မှာ ဤစိတ်ကျရောဂါ ထောက်ခံချက်မှာ အပြစ်ဆိုဖွယ်မရှိဘဲ စံပြအဖြစ် ရှိနေလိမ့်မည်ဟုပင်။

စိတ်ကျရောဂါဆိုသည်မှာ အသက်အန္တရာယ်ရှိသည့် ပြင်းထန်သောရောဂါမျိုး မဟုတ်

သည့်အတွက် ထောက်ခံချက်ထုတ်ပေးခြင်းမှာ မည်သို့မျှ အခက်အခဲမရှိဘူးဟု သူယုံကြည်ထားခဲ့သည်။

"ဒါပေမဲ့ ဂူချန်က ဒီဗီဒီယိုဖိုင်ကို ရှာတွေ့သွားလိမ့်မယ်လို့ ဘယ်သူက ထင်ထားမှာလဲ"

သူတို့တည်းခိုခဲ့သည့် ဟိုတယ်အခန်းထဲတွင် လျှို့ဝှက်ကင်မရာများ တပ်ဆင်ထားလိမ့်မည်ဟု သူ လုံးဝစိတ်ကူးမယဉ်ခဲ့မိပေ။

တရားသူကြီး လီခန်းက နည်းပညာဌာနမှ ဝန်ထမ်းများဘက်သို့ လှည့်ကြည့်လိုက်သည်။

နည်းပညာဝန်ထမ်းက "တရားသူကြီးမင်းခင်ဗျာ စစ်ဆေးချက်အရ ဒီဗီဒီယိုဖိုင်က အတုအယောင်မဟုတ်ဘဲ အစစ်အမှန်ဖြစ်ကြောင်း အတည်ပြုနိုင်ပါတယ်" ဟု ပြန်ဖြေလိုက်သည်။

ထိုစကားသံကြောင့် ဗီဒီယိုဖိုင်မှာ အမှန်တကယ်ဖြစ်ကြောင်း တရားဝင် သက်သေထူလိုက်ပြီဖြစ်သည်။

ဂူချန်က တည်ငြိမ်စွာပင် ဆက်ပြောလိုက်သည်။

"ပြိုင်ဘက်ရှေ့နေခင်ဗျာ ဒီဗီဒီယိုကို ကျွန်တော်ရိုက်ကူးထားတာလည်း မဟုတ်သလို ကင်မရာကိုလည်း ကျွန်တော်ကိုယ်တိုင် တပ်ဆင်ထားတာ မဟုတ်ပါဘူး။ အင်တာနက်ပေါ်ကနေ ရှာဖွေတွေ့ရှိခဲ့တာပါ။ ဟိုတယ်နဲ့ ပတ်သက်တဲ့ ပြဿနာတွေကိုတော့ ခင်ဗျားကိုယ်တိုင် ဟိုတယ်ကို ဆက်သွယ်ပြီး စုံစမ်းနိုင်ပါတယ်ခင်ဗျာ"

ဝမ်ဟိုင်ရှန်၏ မျက်နှာမှာ သွေးမရှိတော့သကဲ့သို့ ဖြူဖျော့သွားပြီး တစ်ကိုယ်လုံးလည်း အနည်းငယ် တုန်ယင်နေသည်။

"အရာအားလုံး ပြီးဆုံးသွားပြီ။

ဒီတစ်ခါတော့ ငါ တကယ် လမ်းဆုံးကို ရောက်သွားပြီပေါ့။

အဲ့ဒီဗီဒီယိုဖိုင် အထောက်အထား ထွက်ပေါ်လာလိုက်တာနဲ့ အရာအားလုံးက အတည်ဖြစ်သွားပြီ။

ဒီအချိန်မှာတော့ ဘယ်လိုစကားနဲ့မှ ပြန်ပြီး ခုခံချေပလို့ မရတော့ဘူး"

ချန်ယန်အား တရားစွဲဆိုရန် ကြိုးပမ်းချက်မှာ မအောင်မြင်ရုံသာမက သူကိုယ်တိုင်ပါ ထောင်တွင်းသို့ ရောက်ရှိမည့်အရေးနှင့် ရင်ဆိုင်နေရသည်။

သက်သေ အထောက်အထားများ ပြည့်စုံလာသည်နှင့်အမျှ ဆရာဝန် ဟိုင်ကျင်းပင်ကို ရဲတပ်ဖွဲ့က ချက်ချင်းပင် ဖမ်းဆီးကာ ထိန်းသိမ်းလိုက်သည်။

ထောက်ခံချက်များကို ပေါ့ဆစွာ ထုတ်ပေးတတ်သည့် ဟိုင်ကျင်းပင်ကဲ့သို့သော ဆရာဝန်မျိုးမှာ ဥပဒေ၏ အရေးယူမှုကို မလွဲမသွေ ခံယူရပေလိမ့်မည်။

ဒေသတွင်း ဆေးရုံအုပ်ကြီးကလည်း ဤအကြောင်းကို သိရှိသွားပြီးနောက် ဟိုင်ကျင်းပင်၏ ဆရာဝန်လိုင်စင်ကို ချက်ချင်းပင် ပိတ်သိမ်းလိုက်သည်။

ဟိုင်ကျင်းပင်မှာ လာဘ်ငွေယူ၍ စိတ်ကျရောဂါထောက်ခံချက် အတုထုတ်ပေးမှုဖြင့် ထောင်ဒဏ် အနည်းဆုံး (၃) နှစ် ကျခံရမည့်အရေးနှင့် ရင်ဆိုင်ရတော့မည်ပင်။

တရားသူကြီး လီခန်းက "ဟိုင်ကျင်းပင်ကို ထောင်ဒဏ် (၃) နှစ် ချမှတ်ပြီး ဆရာဝန်လိုင်စင်ကို ပိတ်သိမ်းလိုက်ပြီ" ဟု ကြေညာလိုက်သည်။

ဝမ်ဟိုင်ရှန်၏ ပြစ်ဒဏ်အတွက်မူ ထပ်မံစစ်ဆေးရန် လိုအပ်သေးသဖြင့် "တရားခွင်ကို ခေတ္တရပ်နားပြီး (၂) နာရီအကြာတွင် ပြန်လည်စတင်မည်" ဟု အမိန့်ပေးလိုက်သည်။

ကျိုးလင်လင်မှာ ကြောက်လန့်တကြားဖြစ်ကာ ဤသို့သော အဖြစ်မျိုးကို မမျှော်လင့်ထားခဲ့ပေ။ "ဝမ်းကွဲအစ်ကို... အခု ဘယ်လိုလုပ်ကြမလဲ။ ကျွန်မတို့ ထောင်ကျတော့မှာလား"

ဝမ်ထျန်းထျန်းမှာလည်း စိုးရိမ်စိတ်ဖြင့် ထိတ်လန့်နေသည်။

သူတို့မှာ ဤအမှုကို အနိုင်ရလိမ့်မည်ဟု ယုံကြည်ထားခဲ့သော်လည်း ယခုအခါတွင်မူ သူတို့၏ ရှေ့နေကိုယ်တိုင် ဖမ်းဆီးခံလိုက်ရပြီဖြစ်သည်။

အကယ်၍ ဝမ်ဟိုင်ရှန်သာ ထောင်ကျသွားပါက သူတို့တွင် ရှေ့နေရှိတော့မည်မဟုတ်ပေ။

အမှုမှာလည်း အရှုံးသေချာသလောက် ရှိနေသည်။

ဂူချန်က သူတို့ကို ထောင်ထဲသို့ ရောက်စေရန် အသေအချာ ပြင်ဆင်ထားသည်မှာ ထင်ရှားနေသည်။

"ငါတို့သာ ထောင်ကျသွားရင်တော့ လူမှုဘဝတစ်ခုလုံး ပျက်စီးသွားမှာ အသေအချာပဲ။

အစိုးရဝန်ထမ်းလည်း လျှောက်လို့မရတော့သလို တက္ကသိုလ်ပညာရေးကိုလည်း ဆက်သင်ဖို့ဆိုတာ ဝေးရော။

နောက်ပြီး ထောင်ကျဖူးတဲ့ အမျိုးသမီးတစ်ယောက်ကို ဘယ်သူက လက်ထပ်ချင်ပါ့မလဲ"

ကျိုးလင်လင်က ဝမ်ဟိုင်ရှန်၏ လက်မောင်းကို ဆွဲကိုင်ကာ "ဝမ်းကွဲအစ်ကို... ကျွန်မကို ကူညီပါဦး" ဟု တောင်းပန်သည်။

ဝမ်ဟိုင်ရှန်မှာမူ အားငယ်စွာဖြင့် ဘာမျှမတတ်နိုင်တော့ပေ။

အကယ်၍သာ သူ ဤအမှုကို လက်မခံခဲ့ပါက ယခုကဲ့သို့သော ဒုက္ခမျိုးနှင့် ကြုံတွေ့ရမည် မဟုတ်ပေ။

ဂူချန်သည် အလုပ်သင်ရှေ့နေတစ်ဦးသာ ဖြစ်သော်လည်း သူ၏ အရည်အချင်းမှာ အံ့ဩစရာပင်။

တစ်ချက်ချင်းစီ လှုပ်ရှားလိုက်သည့် ဂူချန်၏ အကွက်များအောက်တွင် သူ အရှုံးပေးလိုက်ရပြီဖြစ်သည်။

ဝမ်ဟိုင်ရှန်မှာမူ နောက်ဆုံးတွင် မျက်လုံးများကိုသာ မှိတ်ထားလိုက်သည်။

ငါ့ရဲ့ဘဝလမ်းကြောင်းကတော့ ဒီနေရာမှာတင် အဆုံးသတ်သွားပြီ။

All Chapters