အခန်း ၁၇
Vol. 2 Ch. 17
အခန်း။ ၁၇
ကျိုးလင်လင်က စိတ်လှုပ်ရှားစွာဖြင့် "ဟုတ်တယ်။ ငါတို့ မတောင်းပန်နိုင်ဘူး။ ငါ့ဝမ်းကွဲက တောင်းပန်လိုက်ပါလို့ ပြောနေတာကို မကြားချင်ဘူး။ ချန်ယန်ကို ဘာလို့ တောင်းပန်ရမှာလဲ။ သူက ငါတို့ဘဝတွေကို ဇောက်ထိုးမှောက်ခုံ ဖြစ်အောင် လုပ်နေတာ။ အခု အွန်လိုင်းမှာ လူတွေ ဆဲဆိုနေကြတာ အကုန်လုံး သူ့ကြောင့်ပဲ။ သူ ဘာလို့များ လူကြီးလူကောင်းဆန်ဆန်နဲ့ ငါတို့ကို မတိုက်ခိုက်ဘဲ နေနိုင်အောင် မလုပ်နိုင်တာလဲ" ဟု ပြောဆို သည်။
ဝမ်ထျန်းထျန်းကလည်း "မှန်တယ် ငါတို့ မတောင်းပန်နိုင်ဘူးဆိုလဲ တရားရုံးက ဘာတတ်နိုင်မလဲ ကြည့်ရသေးတာပေါ့။ ငါသာ မတောင်းပန်သရွေ့ ဘယ်သူမှ ငါ့ကို ထိန်းချုပ်လို့ မရဘူး" ဟု ထပ်ပြောလိုက်သည်။
သုံးရက်ကြာပြီးနောက် တရားရုံး ပြန်လည်စတင်ခဲ့သည်။
ဤတစ်ကြိမ်တွင်မူ တစ်နိုင်ငံလုံး တိုက်ရိုက်ကြည့်ရှုနိုင်ရန် ထုတ်လွှင့်ပေးထားသည်။
[နောက်ဆုံးတော့ စပြီပေါ့]
[တရားရုံး ပြန်စပြီ။ အရမ်းကို စိတ်လှုပ်ရှားဖို့ကောင်းတာပဲ]
[သူတို့ကို ထောင်ဒဏ်ချမှတ်ရမယ် မဖြစ်မနေ ချမှတ်ရမယ်]
[စီရင်ချက်ချဖို့ လိုအပ်တယ်။ သူတို့ကို အရေးမယူရင် မဖြစ်သင့်ဘူး]
[စုံစမ်းစစ်ဆေးမှု ပြီးပြီလား အဲဒီရှေ့နေနဲ့ တရားသူကြီးကို ထောင်ပို့လိုက်စမ်းပါ သူတို့က အမှိုက်တွေပဲ]
[အဲဒီ နတ်သမီးလေးနှစ်ယောက်ကိုရော ထောင်မပို့တော့ဘူးလား။ သူတို့က Douyin မှာ ချန်ယန်ကို လူကြီးလူကောင်းမဆန်ဘူး။ မိန်းကလေးတွေကို နားမလည်ပေးဘူးဆိုပြီး ဗီဒီယိုတွေ တင်နေသေးတယ်။ တောင်းပန်ခိုင်းတာကိုလည်း ငြိမ်မခံဘူး]
[ရယ်စရာကောင်းလိုက်တာ။ အဲဒီနှစ်ယောက်က Xiaohongshu မှာ စာစီစာကုံး ထပ်ရေးနေပြန်ပြီ။ သူတို့က ဘာအမှားမှ မလုပ်ဘူးလို့ ထင်နေတာပဲ။ သူတို့ကို သေချာပေါက် ထောင်ချရမယ်]
တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူဦးရေမှာ ၁၀ သန်းကျော်သွားပြီဖြစ်သည်။
တစ်နိုင်ငံလုံးက အာရုံစိုက်နေကြသည့် အမှုဖြစ်ပြီး တိုက်ရိုက် Chat Box မှာ စာများလှသဖြင့် လိုင်းပင် အနည်းငယ် ထစ်နေသည်။
လူအများစုမှာ ဂူချန်ကိုသာ အဓိကထား၍ စောင့်ကြည့်နေကြသည်။
ဂူချန်သာ မရှိလျှင် ချန်ယန်မှာ ငွေ ၁ သိန်း ၈ သောင်းကို လျော်ကြေးပေးရတော့မည်ပင်။ တက္ကသိုလ်ကျောင်းသားတစ်ယောက်အတွက် ဤပမာဏမှာ မသေးလှပေ။
သူက အသရေဖျက်ခံရသူ၊ သူခိုးဟု အစွပ်စွဲခံရသူ ဖြစ်ပါလျက်နှင့် လျော်ကြေးပေးရမည်ဆိုသည်မှာ မည်သူမျှ မခံနိုင်စရာဖြစ်သည်။
တရားသူကြီးလီခန်းက ဂူချန်ကို ကြည့်ကာ "စုံစမ်းစစ်ဆေးမှုတွေ တော်တော်များများ ပြီးပါပြီ။ ရှေ့နေကြီး တင်ပြစရာ သက်သေအထောက်အထား ထပ်ရှိသေးလား" ဟု မေးလိုက်သည်။
ဂူချန်က USB တစ်ခုကို ကိုင်ထားသည်။
ဂူချန်၏ လက်ထဲမှ USB ကို မြင်လိုက်ရသည့်အခါ ပရိသတ်များမှာ ထိတ်လန့်သွားကြသည်။
နောက်ထပ် သက်သေတွေ ရှိသေးတာလား။
ဂူချန်က "ကျွန်တော် အခု ယွင်မြို့တော် ရထားကုမ္ပဏီကို တရားစွဲဆိုပါမယ်။ အဲဒီနေ့က ကင်မရာတွေ အလုပ်လုပ်နေပါတယ်။ ဒါပေမဲ့ ကုမ္ပဏီက တာဝန်ယူရမှာ ကြောက်လို့ ပြုပြင်နေပါတယ်ဆိုပြီး လိမ်ညာခဲ့တယ်။ ကင်မရာမရှိဘူးလို့ ပြောပြီး ချန်ယန်ကို တရားမျှတမှု မရအောင် ဖုံးကွယ်ခဲ့တယ်။ အဖြစ်အပျက်ဖြစ်ပြီးနောက် လုံခြုံရေးဝန်ထမ်းကို ချက်ချင်း ထုတ်ပယ်ပြီး ယာယီဝန်ထမ်းပါလို့ အကြောင်းပြခဲ့တယ်။ ရထားကုမ္ပဏီက တာဝန်ရှောင်လွှဲပြီး ဗီဒီယိုတွေကို တမင်ဖျက်ဆီးခဲ့တဲ့အတွက် ဥပဒေအရ အရေးယူပေးပါ" ဟု ခိုင်မာစွာ ပြောဆို လိုက်သည်။
ဂူချန်က ရထားကုမ္ပဏီကို စွပ်စွဲလိုက်သည့်အခါ ရထားကုမ္ပဏီ ကိုယ်စားလှယ်က ချက်ချင်းထရပ်ပြီး "ကန့်ကွက်ပါတယ်။ ဂူချန်က ကျွန်တော်တို့ကို အသရေဖျက်ပြီး ကောလာဟလတွေ ဖန်တီးနေတာပါ။ အဲဒီနေ့က ကျွန်တော်တို့ရဲ့ ကင်မရာစနစ်က ပြုပြင်ရေးလုပ်နေတဲ့အတွက် ရပ်ထားခဲ့ရတာပါ။ အဲဒါက ကျွန်တော်တို့ ထိန်းချုပ်လို့မရတဲ့ ကိစ္စပါ။ ကျွန်တော်တို့က ဗီဒီယိုတွေကို တမင်ဖျက်ဆီးခဲ့တယ်ဆိုတာကို ဘယ်လိုသက်သေပြနိုင်မလဲ" ဟု ပြန်လည်ချေပသည်။
လူတိုင်းက ဂူချန်ကို ငေးကြည့်နေကြသည်။
သက်သေမရှိပါက ဤသည်မှာ အသရေဖျက်မှု ဖြစ်သွားမည်ပင်။
ဂူချန်က USB ကို ဝှေ့ယမ်းရင်း "ကျွန်တော့်မှာ ဗီဒီယိုသက်သေ ရှိပါတယ်။ ဗီဒီယိုမကြည့်ခင်မှာ ကျွန်တော်တို့ရဲ့ သက်သေကို အရင်မိတ်ဆက်ပေးပါရစေ" ဟု ပြောလိုက်သည်။
သက်သေမှာ ရထားကုမ္ပဏီမှ ဝန်ထမ်းတစ်ဦးဖြစ်သူ တန်တန်ပင်။
သူမသည် ကုမ္ပဏီတွင် ၃ လကြာ လုပ်ကိုင်ခဲ့သော်လည်း ကုမ္ပဏီက အမြဲတမ်းဝန်ထမ်းအဖြစ် ခန့်အပ်ရန် ငြင်းဆန်ကာ နုတ်ထွက်သွားအောင် နည်းမျိုးစုံဖြင့် အနိုင်ကျင့်နေသည့်အတွက် ကိုယ့်ကိုကိုယ် ကာကွယ်ရန် သက်သေများကို လျှို့ဝှက်မှတ်တမ်းတင်ထားခဲ့သူဖြစ်သည်။
"အဲဒီနေ့က ကျွန်မ ထိန်းချုပ်ခန်းမှာ အလုပ်လုပ်နေတုန်း အကြီးအကဲတစ်ယောက် ဝင်လာပြီး..."
ဂူချန်က USB ကို ပေးလိုက်သည့်အခါ မျက်နှာပြင်ပေါ်တွင် ဗီဒီယိုတစ်ခု ပေါ်လာသည်။
ဗီဒီယိုထဲတွင် ရထားကုမ္ပဏီမှ တာဝန်ရှိသူ နှစ်ဦးက "ဒီနေ့ဗီဒီယိုတွေကို ဖျက်ပစ်လိုက်။ တခြားသူတွေကိုတော့ ပြုပြင်ရေးလုပ်နေတယ်လို့ ပြောလိုက်။ မဟုတ်ရင် ငါတို့ဘက်က တာဝန်ယူရလိမ့်မယ်။ ဗီဒီယိုသာ ပေါက်ကြားသွားရင် အကျိုးဆက်တွေက မကောင်းဘူး" ဟု ပြောဆိုနေကြပြီး ဗီဒီယိုကို ဖျက်ဆီးနေသည့် မြင်ကွင်းမှာ ထင်ရှားစွာ ပေါ်လာသည်။
ဂူချန်က "အထောက်အထားတွေအရ ရထားကုမ္ပဏီက တာဝန်ရှောင်လွှဲဖို့အတွက် ဗီဒီယိုတွေကို တမင်ဖျက်ဆီးခဲ့တာပါ။ ဒါကြောင့် ကျွန်တော်တို့က ချန်ယန်အတွက် စိတ်ပိုင်းဆိုင်ရာ လျော်ကြေး ယွမ် ၅၀၀၀၊ ကုမ္ပဏီကို ပြင်းထန်စွာ အရေးယူဖို့နဲ့ ၅ ရက်အတွင်း လူသိရှင်ကြား တောင်းပန်ဖို့ တောင်းဆိုပါတယ်" ဟု ပြောဆို လိုက်သည်။
ရထားကုမ္ပဏီမှ ကိုယ်စားလှယ်နှင့် ရှေ့နေတို့မှာ တိတ်ဆိတ်သွားသည်။
ဗီဒီယိုသက်သေမှာ ငြင်းမရနိုင်အောင် ခိုင်လုံနေသဖြင့် သူတို့တွင် ပြောစရာ စကားမရှိတော့ပေ။
တိုက်ရိုက်ထုတ်လွှင့်မှုမှာ အံ့အားသင့်မှုများဖြင့် ပွက်လောရိုက်သွားသည်။
[ဂူချန်... တကယ့်ကို ဒဏ္ဍာရီပဲ နတ်သမီးလေးတွေကိုရော၊ ရထားကုမ္ပဏီကိုပါ မချန်ဘူး။ ပြိုင်ဘက်ရှေ့နေရော၊ တရားသူကြီးပါ ထောင်ထဲရောက်သွားပြီ။ ဒါ အလုပ်သင်ရှေ့နေတစ်ယောက်လုပ်တဲ့ အလုပ်ဆိုတာ မယုံနိုင်ဘူး]
တရားသူကြီးလီခန်းက တူကို ရိုက်ပြီး "တရားခံဘက်က နောက်ဆုံး ပြောစရာရှိသေးလား" ဟု မေးလိုက်သည်။
ရထားကုမ္ပဏီ ကိုယ်စားလှယ်က ခေါင်းငုံ့ကာ "ကျွန်တော်တို့ အမှားကို ဝန်ခံပါတယ်။ အဲဒီတုန်းက မိုက်မဲပြီး ဗီဒီယိုတွေကို ဖျက်ဆီးမိခဲ့တာပါ။ အပြစ်ပေးတာကို ခံယူပါ့မယ်" ဟု ဝန်ခံလိုက်သည်။
ကျိုးလင်လင်နှင့် ဝမ်ထျန်းထျန်းမှာမူ ပြုံးနေဆဲပင်။
ဝမ်ထျန်းထျန်းက ရုတ်တရက် ထရပ်ပြီး "တရားသူကြီးမင်း ကျွန်မ ပြောစရာရှိပါတယ်" ဟု ကြွေးကြော်လိုက်သည်။