အခန်း ၂၁
Vol. 2 Ch. 21
အခန်း။ ၂၁
ရှေ့နေရုံးခန်းထဲတွင် ဂူချန်သည် တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်ရန် ပြင်ဆင်နေသည်။
ဤရှေ့နေရုံးခန်း၏ အိမ်လခမှာ မနည်းလှပေ။
ယခင်က အမှုအခင်းများ လက်ခံရရှိမှုမရှိသဖြင့် ခြောက်လကြာသည်အထိ ဝင်ငွေမရှိဘဲ ရုန်းကန်ခဲ့ရသည့် အကြောင်းရင်းမှာလည်း ထိုအိမ်လခကြောင့်ပင်။
ဂူချန်သည် ရှေ့နေတစ်ယောက်ဖြစ်လာရန် ရည်ရွယ်ချက်နှစ်ခုရှိကာ တစ်ခုမှာ အမှုအခင်းများကို ကိုင်တွယ်ရန်ဖြစ်ပြီး နောက်တစ်ခုမှာ ငွေကြေးဝင်ငွေရရှိရန်အတွက်ပင်။
ညနေ ၅ နာရီတွင် ဂူချန်သည် တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်သည်။
တိုက်ရိုက်ထုတ်လွှင့်မှု စတင်လိုက်သည်နှင့် ကြည့်ရှုသူ ရာနှင့်ချီ၍ ချက်ချင်းပင် ရောက်ရှိလာခဲ့သည်။
[ဝါး... "ဥပဒေမဲ့လူမိုက်" ဂူချန် တိုက်ရိုက်ထုတ်လွှင့်နေပြီဟေ့]
[ဂူချန် တိုက်ရိုက်ထုတ်လွှင့်တာလား]
[နောက်ဆုံးတော့လည်း ဖြစ်လာပြီ။ ရှေ့နေ ဂူချန် တကယ်တော်တယ်။ နတ်သမီးလေးကို ထောင်ထဲပို့လိုက်နိုင်ပြီ]
[ကျွန်တော် တိုက်ရိုက်ထုတ်လွှင့်မှုပဲ ကြည့်နေတာ။ ဘာမှမဖြစ်လောက်ပါဘူးနော်]
[မင်းရဲ့ တံခါးဝကို စစ်ကြည့်လိုက်ပါ။ ရဲတွေ ရောက်နေပြီ]
[ဒါက တကယ့်ကို အမိုက်စား ရှေ့နေပဲ နတ်သမီးလေးကို ထောင်ပို့တယ်၊ ရှေ့နေရော တရားသူကြီးပါ ထောင်ထဲပို့လိုက်တာ။ နတ်သမီးလေးက အယူခံဝင်ဖို့ ကြိုးစားနေတုန်းပဲလို့ ကြားတယ်။ ဒါပေမဲ့ အလကားပါပဲ။ သက်သေတွေက ခိုင်လုံလွန်းတော့ သူ ထောင်ထဲသွားရမှာ သေချာတယ်]
[ရှေ့နေ ဂူချန် တကယ်တော်တယ် အလုပ်သင်ရှေ့နေအဆင့် မဟုတ်တော့ဘူး ဒါက တကယ်ကို အံ့ဩဖို့ကောင်းတာပဲ]
ထုတ်လွှင့်မှုထဲက ပရိသတ်များက ချီးကျူးစကားများ ပြောပြီးသည့်အခါ လက်ဆောင်များ စတင်ပေးပို့လာကြသည်။
[ချန်ယန်က တင်ဆက်သူကို မီးပုံးပျံ ၁၀ ခု လက်ဆောင်ပေးလိုက်ပါတယ်]
[ရှင်းဟယ်က တင်ဆက်သူကို ကားတစ်စီး လက်ဆောင်ပေးလိုက်ပါတယ်]
[ဝမ်ဝမ်ရွှမ်းက တင်ဆက်သူကို ယူနီကွန် ၃ ကောင် လက်ဆောင်ပေးလိုက်ပါတယ်]
[ရှီခိုင်ဝမ်က တင်ဆက်သူကို Douyin နဖ့ပါတ်တစ် ၂ ခု လက်ဆောင်ပေးလိုက်ပါတယ်]
[ဂျီနီက တင်ဆက်သူကို နှင်းဆီပန်း ၅ ခု လက်ဆောင်ပေးလိုက်ပါတယ်]
ဂူချန်သည် လက်ဆောင်ပေးသူများကို ကျေးဇူးတင်စကား ပြောလိုက်ပြီး သူ့မျက်လုံးများမှာ တောက်ပလာသည်။
သူက ငါ့ကို နှင်းဆီပန်း ငါးခုတောင် ပေးလိုက်တာလား။
ဒါက တကယ့်ကို ချမ်းသာတဲ့သူတွေရဲ့ ပုံစံမျိုးပဲလား။
နှင်းဆီပန်း ငါးခုဆိုတာ ယွမ်ငွေ ၁၅,၀၀၀ တန်ဖိုးရှိတာလေ။
ထုတ်လွှင့်မှု စတင်တာ ၁၀ မိနစ်ပဲ ရှိသေးတာကို….
၁၀ မိနစ်အတွင်းမှာပဲ ကြည့်ရှုသူဦးရေက ရာဂဏန်းကနေ ၂,၀၀၀ ကျော်အထိ တဟုန်ထိုး တက်လာပြီး ဆက်လက်တိုးပွားနေဆဲပင်။
တိုက်ရိုက်ထုတ်လွှင့်မှု၏ စကားပြောခန်းထဲတွင် ပရိသတ်တို့၏ ရူးသွပ်ဖွယ်ရာ မေးခွန်းများဖြင့် ဆူညံနေသည်။
ဝမ်ဝမ်ရွှမ်းက ဂူချန်နှင့် ချိတ်ဆက်ကာ "ရှေ့နေဂူချန် ကျွန်တော် မေးခွန်းတစ်ခုလောက် တိုင်ပင်ချင်လို့ပါ" ဟု စတင်သည်။
ဂူချန်က ခေါင်းညိတ်ပြရင်း "မေးစရာရှိတာ မေးပါ" ဟု ခွင့်ပြုလိုက်သည်။
"ရှေ့နေဂူချန်... ကျွန်တော့်အမေ ကျွန်တော့်ကို ကိုယ်ဝန်ဆောင်ထားတဲ့ ၁၀ လတာကာလက တရားမဝင် ထိန်းသိမ်းထားခြင်း မြောက်ပါသလားခင်ဗျာ"
ဂူချန်၏ မျက်လုံးများ အဝိုင်းသားဖြစ်သွားပြီး စကားပြောခန်းထဲတွင်လည်း မေးခွန်းထုတ်သူ၏ ထူးဆန်းလွန်းသော စိတ်ကူးကြောင့် ပရိသတ်များမှာ တအံ့တဩနှင့် ရယ်မောသံများဖြင့် ပြည့်နှက်သွားသည်။
ဂူချန်က တည်ငြိမ်စွာပင် "မမြောက်ပါဘူး။ အဲဒီ ၁၀ လအတွင်းမှာ မင်းရဲ့ ပုဂ္ဂိုလ်ရေး လွတ်လပ်ခွင့်ကို ချိုးဖောက်ခြင်း မရှိသလို၊ သွားလာခွင့်ကိုလည်း ကန့်သတ်ထားတာ မဟုတ်ပါဘူး။ မင်းက သန္ဓေသားလေးပဲ ရှိသေးတာမို့ ဥပဒေအရ လူတစ်ယောက်ရဲ့ အခွင့်အရေးကို မရရှိသေးပါဘူး။ ပြီးတော့ ကိုယ်ဝန်ဆောင်တာက သဘာဝဖြစ်စဉ်တစ်ခုပါ။ တရားမဝင်တဲ့ လုပ်ရပ် မဟုတ်ပါဘူး" ဟု ပြန်ဖြေလိုက်သည်။
သူ၏ ကျွမ်းကျင်မှုမှာ ပရိသတ်များအား ထပ်မံ အံ့အားသင့်စေပြန်သည်။
ချန်ယန်ကလည်း နှင်းဆီပန်းလက်ဆောင်များ ပေးပို့ပြီးနောက် "ရှေ့နေဂူချန် ကျွန်တော် နျူကလီးယားဗုံးတစ်လုံး ခိုးပြီး အိမ်ပြန်ယူလာရင် တရားမဝင်ဘူးလား" ဟု ထပ်မေးပြန်သည်။
ဂူချန်တစ်ယောက် ခေါင်းကိုသာ ကိုင်ထားမိတော့သည်။
ဤပရိသတ်တို့၏ စိတ်ကူးယဉ်မှုများမှာ အလွန်ပင် ရိုင်းစိုင်းလွန်းလှသည်။
ချန်ယန်က မေးခွန်းတစ်ခု ဆက်မေးပြန်သည်။
"ရှေ့နေဂူချန် နောက်ထပ် မေးခွန်းတစ်ခုပါ... ရဲတစ်ယောက်ရဲ့ အပေါင်းအပါက ရဲခွေး ဖြစ်လာနိုင်ပါ့မလား"
ဂူချန်မှာ ခေတ္တမျှ စိတ်ပျက်သွားပြီးနောက် အသက်ပြင်းပြင်း ရှူလိုက်သည်။
"တော်ပါတော့ဗျာ နည်းနည်းလောက် အနှစ်သာရရှိတဲ့ မေးခွန်းမျိုး မေးကြပါလား။ ကျွန်တော်က ရှေ့နေပါ အမှုလိုက်ဖို့ အသင့်ရှိနေတဲ့ ရှေ့နေပါ။ ပေါက်ကရတွေပဲ မမေးကြပါနဲ့"
သို့သော် ပရိသတ်များက တောင်းဆိုနေကြသဖြင့် သူ သက်ပြင်းချကာ "ဘယ်လိုပြောရမလဲ... ရဲခွေးတွေမှာ တရားဝင် ရာထူးရှိတယ်။ သူတို့မှာ နေစရာ၊ အစားအသောက်၊ အာဟာရစရိတ်နဲ့ အငြိမ်းစားယူရင် ပင်စင်လစာအထိ ရှိတယ်။ မင်းမှာရော အဲဒါတွေ ရှိလို့လား။ ရဲခွေးဖြစ်ဖို့က မင်းထက်တောင် အခွင့်အရေးသာသေးတယ်" ဟု ပြန်လည်ချေပလိုက်ရာ တစ်ခန်းလုံး ရယ်မောသံများဖြင့် ပေါက်ကွဲသွားတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု ကြည့်ရှုသူဦးရေမှာ ၁၀,၀၀၀ ကျော်အထိ တက်လာခဲ့သည်။
ထိုစဉ် ဂျီမေဆိုသူက ချိတ်ဆက်လာပြီး "တရားလိုရှေ့နေကို ရိုက်မိလို့ အမှုဖွင့်ခံထားရပါတယ်။ သူ့ကို ပိုက်ဆံပေးပြီး ကျွန်မရဲ့ ရှေ့နေအဖြစ် ငှားလို့ ရမလား" ဟု မေးမြန်းပြန်သည်။
ဂူချန်ကလည်း "နိုင်ဖို့တော့ ခက်လိမ့်မယ်။ သူက တရားလိုရော တရားခံရှေ့နေပါ ဖြစ်နေမှာကိုး" ဟု အေးဆေးပင် ပြန်ဖြေသည်။
ထိုအချိန်တွင်ပင် စကားပြောခန်းထဲ၌ မက်ဆေ့ချ်တစ်ခုက အဆက်မပြတ် တက်လာသည်။
[ရှေ့နေဂူချန် ကျွန်မကို ကယ်ပါဦး]
[ရှေ့နေဂူချန် ကျွန်မကို ကယ်ပါဦး ကျေးဇူးပြုပြီး ကျွန်မကို ကူညီပေးပါ]
အမျိုးသမီးတစ်ဦး၏ ချိတ်ဆက်မှု တောင်းဆိုချက်ကို ဂူချန် လက်ခံလိုက်သည်။
သူမ၏ စကားတစ်ခွန်းကို ကြားလိုက်ရသည်နှင့် ဂူချန်၏ မျက်နှာမှာ ချက်ချင်းပင် တည်တင်းသွားသည်။
ပေါ့ပါးရွှင်ပြသော လေထုမှာ ရုတ်ချည်း တိတ်ဆိတ်သွားပြီး ဂူချန်၏ မျက်ဝန်းများတွင် ရှေ့နေတစ်ယောက်၏ ပြတ်သားမှုများ ထွက်ပေါ်လာသည်။
အမှုသစ်တစ်ခု ရောက်ရှိလာခြင်းပင်။