အခန်း ၃၀
Vol. 3 Ch. 30
အခန်း။ ၃၀
ဂူချန် စကားပြောပြီးသည်နှင့် တရားခွင်တစ်ခုလုံး တိတ်ဆိတ်သွားသည်။
ဝမ်ယုံချန်မှာ လူသတ်မှု ကျူးလွန်ခဲ့သူဖြစ်ကာ ဂူချန်သည် ဝမ်ယုံချန်ကို ကာကွယ်ပေးရန် ရောက်လာသည့် ရှေ့နေဖြစ်သည်။
အွန်လိုင်းမှ လူထုက ဂူချန်တစ်ယောက် သေဒဏ်မှ တစ်သက်တစ်ကျွန်း ဖြစ်အောင်ပင် လျှော့ချပေးနိုင်မည်ဟု မျှော်လင့်ခဲ့ကြသည်။
အသက်ကို အသက်နှင့် လဲရမည်ဆိုသော တရားစီရင်ရေး၏ အခြေခံသဘောတရားကို လူတိုင်း သိရှိထားပြီး ဖြစ်သည်။
သို့သော် ဂူချန်က ဝမ်ယုံချန်ကို "အပြစ်မရှိပါ" ဟု ကြေညာလိုက်သည်။
ထိုမျှမကသေးပေ လျိုယာကျွင်း၏ မိသားစုအား ဝမ်ယုံချန်အတွက် ယွမ်ခြောက်သိန်း လျော်ကြေးပေးရန်ပင် တောင်းဆို လိုက်သည်။
ပုံမှန်အားဖြင့် ဝမ်ယုံချန်ကသာ လျော်ကြေးပေးရမည် ဖြစ်သော်လည်း ယခုအခါ အခြေအနေမှာ ပြောင်းပြန် ဖြစ်သွားသည်။
[ဟင်... ဝမ်ယုံချန်က အပြစ်မရှိဘူးလို့ ပြောလိုက်တာလား။ ကျွန်တော် နားကြားမှားတာလား]
[တကယ့်ကို မိုက်တယ် ရှေ့နေဂူချန်ကတော့ တကယ့်အရူးအမူးပဲ။ အစွမ်းတွေ ပြနေပြီ]
[ဘာလို့ ဒီလောက် မယုံကြည်ရတဲ့ စကားကို ပြောလိုက်တာလဲ။ လူသတ်မှု ကျူးလွန်ထားတာကို အပြစ်မရှိဘူးဆိုပြီး ဘယ်လိုလုပ် ငြင်းမှာလဲ]
[ဒီတစ်ခါတော့ ရှေ့နေဂူချန် မှားသွားပြီ။ တစ်သက်တစ်ကျွန်းလောက်တော့ အောင်မြင်နိုင်ပေမဲ့ အပြစ်မရှိဘူးလို့ ပြောတာကတော့ ရူးမိုက်ရာကျနေပြီ။ ဒီလိုဆိုရင်တော့ ဝမ်ယုံချန် သေဒဏ် ကျတော့မှာပဲ]
တရားသူကြီး ရှန်ကျားရွှေက တူဖြင့် ခေါက်ကာ "ဒါဟာ တရားခွင်ပါ။ ဒီနေရာက လေးနက်တဲ့နေရာပါ။ ရှေ့နေတစ်ယောက်အနေနဲ့ ပြောတဲ့စကားတိုင်းမှာ ဥပဒေအထောက်အထား ရှိရမယ်။ ပေါ့ပေါ့ဆဆ စကားပြောရင် ဥပဒေအရ တာဝန်ယူရလိမ့်မယ်" ဟု သတိပေးလိုက်သည်။
တရားသူကြီးများနှင့် ဂျူရီအဖွဲ့ဝင်များအားလုံးက ဂူချန်မှာ အရူးတစ်ယောက်လို ပြုမူနေသည်ဟု ယူဆကြသည်။
ဝမ်ယုံချန်က လျိုဗျောင်ကို သတ်လိုက်ကြောင်း ဝန်ခံထားပြီးသားဖြစ်သည်။ အလင်းဝင်လာခဲ့လျှင်ပင် အပြစ်မရှိဘူးဟု မဆိုနိုင်ပေ။
တရားလို လျိုယာကျွင်းက ဂူချန်၏စကားကို ကြားပြီး မယုံကြည်နိုင်စွာ ခေါင်းခါလိုက်သည်။
ဂူချန်က အရည်အချင်းရှိသည်ဟု ထင်ထားခဲ့သော်လည်း အမှန်တကယ်တော့ အရူးတစ်
ယောက်သာ ဖြစ်နေသည်။
လျော်ကြေးပေးရန် ဆိုသည်မှာလည်း လုံးဝမဖြစ်နိုင်သည့် ကိစ္စဖြစ်သည်။
လျိုယာကျွင်းက ဂူချန်ကို စိုက်ကြည့်ကာ ဝမ်ယုံချန်ကို မုချသေဒဏ်ပေးရမည်ဟု စိတ်
ပိုင်းဖြတ်လိုက်သည်။
သူ့သား လျိုဗျောင်က ဆွန်ယန်မုန်ကို အနည်းငယ် မုဒိမ်းကျင့်ရုံလေးဖြင့် အသက်ပေးလိုက်ရသည်ကို သူ မကျေနပ်နိုင်ပေ။
လျိုယာကျွင်း၏ မျက်လုံးများတွင် အဆိပ်အတောက်များ ပြည့်နှက်နေသည်။
ဝမ်ယုံချန်ကို သေဒဏ်ပေးပြီးသည်နှင့် တစ်ပြိုင်နက် ဆွန်ယန်မုန်နှင့် ဝမ်ရှောင်မုန်တို့ မိသားစုကိုလည်း သူတို့၏ ရာဇဝတ်မှုနယ်မြေထဲတွင် အဆုံးစီရင်ရန် စီစဉ်ထားသည်။
ဂူချန်က တည်ငြိမ်စွာပင် ဆက်ပြောသည်။
"တရားသူကြီးခင်ဗျား ကျွန်တော့်ရဲ့ တောင်းဆိုချက်ကို ထပ်ပြီး အတည်ပြုပါတယ်။ ပထမအချက် ဝမ်ယုံချန်က အပြစ်မရှိပါဘူး။ သူ့ကို ချက်ချင်း လွှတ်ပေးဖို့ တောင်းဆိုပါတယ်။ လျိုယာကျွင်းဘက်ကလည်း ဝမ်ယုံချန်ကို စိတ်ပိုင်းဆိုင်ရာ နစ်နာမှုနဲ့ အခြားသော ကုန်ကျစရိတ်တွေအတွက် ခြောက်သိန်းပေးလျော်ရပါမယ်"
"ဒုတိယအချက် လျိုယာကျွင်းနဲ့ သူ့ရဲ့ ရာဇဝတ်ဂိုဏ်းကို ချက်ချင်း ဖမ်းဆီးဖို့ တောင်းဆိုပါတယ်။ လျိုယာကျွင်းက တရားမဝင် ချေးငွေလုပ်ငန်းတွေကို ရာဇဝတ်မှုကျူးလွန်ပြီး အချိန်ကြာမြင့်စွာ လုပ်ဆောင်နေသူ ဖြစ်ပါတယ်။ ဒါကြောင့် သူနဲ့ သူ့ဂိုဏ်းသားအားလုံးကို ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်ပေးဖို့ တောင်းဆိုပါတယ်"
ဂူချန်သည် သူ၏ တောင်းဆိုချက် နှစ်ရပ်ကို ထပ်မံအတည်ပြုလိုက်သည်။
တစ်ရပ်မှာ ဝမ်ယုံချန်ကို ချက်ချင်းလွှတ်ပေးရန် ဖြစ်ပြီး နောက်တစ်ရပ်မှာ လျိုယာကျွင်းနှင့် သူ၏ ရာဇဝတ်ဂိုဏ်းကို ယခုချက်ချင်း ဖမ်းဆီးရန်ဖြစ်သည်။
လျိုယာကျွင်းသည် တရားလိုဖြစ်ပြီး သူ၏သားမှာ သေဆုံးသူဖြစ်သည်။
ယခုအခါ ဂူချန်သည် ဝမ်ယုံချန်ဘက်မှ ကာကွယ်ပေးနေရာမှနေ၍ လျိုယာကျွင်းကို တရားခံအဖြစ် ပြောင်းလဲစွပ်စွဲလိုက်ခြင်းပင်။
ဝမ်ယုံချန်ကို ကာကွယ်ရမည့်အစား လျိုယာကျွင်းကို ထောင်ထဲသို့ ပို့ဆောင်ရန် ပြင်ဆင်နေသည်။
လျိုယာကျွင်းနှင့် ဟန်ဇီမင်းတို့မှာ ကြောင်အသွားကြသည်။
ဟန်ဇီမင်းသည် ရှေ့နေလောကတွင် နှစ်ပေါင်းများစွာ ကျင်လည်ခဲ့သူဖြစ်သော်လည်း ဤကဲ့သို့သော အခြေအနေမျိုးနှင့် တစ်ခါမျှ မကြုံဖူးခဲ့ပေ။
ဂူချန်သည် မရပ်တန့်သေးဘဲ ဆက်လက်၍ "တတိယအချက်အနေနဲ့ ရှီရှန်ရွာက လျိုယာကျွင်းကအနောက်တောင်မီဒီယာနဲ့ အချိတ်အဆက် ရှိနေပါတယ်။
အဲဒီမီဒီယာဟာ လျိုယာကျွင်းဆီကနေ လာဘ်ငွေယူပြီး ပြည်သူလူထုကို လမ်းကြောင်းလွဲအောင် လုပ်ဆောင်ခဲ့သလို ဆွန်ယန်မုန်နဲ့ ဝမ်ယုံချန်တို့ မိသားစုအပေါ် အထင်အမြင်လွဲမှားအောင် လုပ်ဆောင်ခဲ့ပါတယ်။
တရားဝင် မီဒီယာတစ်ခုဖြစ်တဲ့ အနောက်တောင်မီဒီယာက လာဘ်ပေးလာဘ်ယူပြီး သတင်းအတုတွေကို ထုတ်လွှင့်ခဲ့တာကြောင့် မီဒီယာအဖြစ် ရပ်တည်ဖို့ အရည်အချင်းမရှိတော့ပါဘူး။ ဒါကြောင့် အနောက်တောင်မီဒီယာကို ဖျက်သိမ်းပေးဖို့နဲ့ လာဘ်ယူခဲ့တဲ့ သက်ဆိုင်ရာဝန်ထမ်းတွေကို ဖမ်းဆီးပြီး ထောင်ဒဏ် ၇ နှစ် ချမှတ်ပေးဖို့ တောင်းဆိုပါတယ်" ဟု ကြေညာလိုက်သည်။
ကာကွယ်ရေးရှေ့နေတစ်ယောက်က တရားလိုဘက်သို့ ဤမျှပြင်းထန်စွာ စွပ်စွဲလိုက်ခြင်းမှာ သာမန်ရှေ့နေတစ်ယောက် လုပ်ဆောင်မည့် အလုပ်မဟုတ်ပေ။
ဟန်ဇီမင်းမှာ ဂူချန်၏ တုံ့ပြန်မှုကြောင့် ဘာမှမပြောနိုင်ဘဲ ခေတ္တမျှ ငိုင်သွားသည်။
တရားခွင်တွင် ထိုင်နေသည့် အနောက်တောင်မီဒီယာ၏ ကိုယ်စားလှယ်မှာလည်း ထိတ်လန့်သွားသည်။
သူတို့သည် တရားခွင်ကို မှတ်တမ်းတင်ရန် ရောက်ရှိနေသော်လည်း ယခုအခါ ဂူချန်က သူတို့ကိုပါ ထောင်ထဲပို့ရန် တောင်းဆိုနေပြီဖြစ်သည်။
လျိုယာကျွင်းသည် ဂူချန်၏ စွပ်စွဲချက်များကို ကြားသည့်အခါ မျက်မှောင်ကြုတ်သွားသည်။ ငါ့ရဲ့ တရားမဝင် ချေးငွေလုပ်ငန်းအကြောင်း ဂူချန်က ဘယ်လိုသိသွားတာလဲ။
ရှီရှန်ရွာသားများမှာ လုံးဝပါးစပ်ပိတ်ထားကြသူများဖြစ်သည်။
သို့သော် လျိုယာကျွင်းသည် ဂူချန်တွင် သက်သေအထောက်အထား မရှိဟု ယူဆကာ "အလုပ်သင်ရှေ့နေဆိုတော့လည်း ဘာမှမသိဘူးပဲ။ အထောက်အထားမရှိဘဲ ငါ့ကို စွပ်စွဲရင် မင်းကိုပဲ ပြန်တရားစွဲမယ်" ဟု စိတ်ထဲမှ ပြုံးလျက်တွေးနေသည်။
ထိုအချိန်တွင် တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲ၌ အင်တာနက်အသုံးပြုသူများမှာ ဆူညံသွားသည်။
[သေစမ်း တရားခံကနေ တရားလိုဘက်ကို ပြောင်းသွားပြီ]
[သူက အလုပ်သင်ရှေ့နေ ဟုတ်ရဲ့လား တရားခံဘက်ကနေပြီး တရားလို မိသားစုကို ထောင်ထဲပို့ဖို့ ကြိုးစားနေတာ]
[အနောက်တောင်မီဒီယာ: ငါက ဒီကို သတင်းလာယူတာလေ။ ဘာလို့ ထောင်ထဲ ပါသွားရမှာလဲ]
[အရင်ကတော့ နောက်နေကြတယ်လို့ ထင်ခဲ့တာ။ အခုတော့ တကယ်ဖြစ်လာပြီပဲ]