← Chapters

အခန်း ၃၇

Vol. 4 Ch. 37

အခန်း ၃၇

Vol. 4 Ch. 37

အခန်း။ ၃၇

တရားခွင်သည် အသက်ရှူသံပင်မကြားရလောက်အောင် တိတ်ဆိတ်လျက်ရှိသည်။

တရားရုံးခန်းအတွင်းသို့ လူအများ စုရုံးရောက်ရှိနေကြပြီး လျိုယာကျွင်းကို ရဲတပ်ဖွဲ့က တရားခွင်သို့ ခေါ်ဆောင်လာခဲ့သည်။

တရားသူကြီး ရှန်ကျားရွေလည်း ရောက်ရှိနေပြီဖြစ်ကာ တရားခွင်စတင်တော့မည်ပင်။

အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူဦးရေမှာလည်း တစ်သန်းကျော်လွန်သွားခဲ့ပြီး မှတ်ချက်များဖြင့် တရစပ် ပြည့်နှက်နေသည်။

[စပြီကွ ဂူချန်ရေ အကောင်းဆုံး ကြိုးစားပေးပါ]

[ဒီတစ်ခါတော့ ဂူချန်ကိုပဲ အားပေးတယ်။ သူ အနိုင်ရမရ ဆိုတာထက် ဂူချန်ရဲ့ ကြိုးစားမှုက လေးစားဖို့ကောင်းတယ်]

[တကယ်လို့ ဂူချန်သာ ဒီနေ့ အောင်အောင်မြင်မြင် ခုခံကာကွယ်ပေးနိုင်ခဲ့ရင် သူ တကယ်ကို ထူးချွန်တဲ့သူပဲ]

[လျိုယာကျွင်းကို ဘယ်နှစ်နှစ် ထောင်ဒဏ်ချမလဲဆိုတာ စိတ်ဝင်စားမိတယ်။ သူ အပြင်းအထန် အပြစ်ပေးခံရသင့်တယ်]

[ဝမ်ယုံချန်အတွက်တော့ စိတ်မကောင်းလိုက်တာ။ တရားရုံးအနေနဲ့ သူ့ကို တစ်သက်တစ်ကျွန်းဒဏ်ပဲ ချမှတ်စေချင်တယ် ဒါမှပဲ ဆွန်ယန်မုန်နဲ့ ဝမ်ရှောင်မုန်းတို့မှာ မျှော်လင့်ချက် ရှိလာမှာ]

ဂူချန်လည်း တရားခွင်သို့ ရောက်ရှိလာသည်။

ပရိသတ်တန်းတွင် ထိုင်နေကြသော ဆွန်ယန်မုန်၊ ဝူခယ်ရှင်းနှင့် ဝမ်ရှောင်မုန်းတို့မှာ ဂူချန်၏ ကျောပြင်ကို ငေးကြည့်နေကြသည်။

ဤအခြေအနေသို့ ရောက်ရှိလာပြီဖြစ်သည့်အတွက် သူတို့၏ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ဂူချန်သာ ဖြစ်တော့သည်။

ရှေ့နေချုပ်က တရားခွင်တွင် "ဒီအမှုက ဝမ်ယုံချန်က လျိုဗြောင်ကို သတ်ဖြတ်ခဲ့တဲ့အမှုပါ။ ဝမ်ယုံချန်ရဲ့ ရည်ရွယ်ချက် ဒါမှမဟုတ် အကြောင်းပြချက်တွေ သူ့မိသားစု ခံစားခဲ့ရတဲ့ ဒုက္ခတွေကို ကျွန်တော် စာနာမိပါတယ်။ ဒါပေမဲ့ ဥပဒေဆိုတာ ခံစားချက်နဲ့ မဆိုင်ပါဘူး"

"ဝမ်ယုံချန်က လျိုဗြောင်ကို သတ်ဖြတ်ခဲ့တယ်ဆိုတာ အငြင်းပွားဖွယ်မရှိတဲ့ အချက်အလက်ပါ။ လုပ်ကြံသတ်ဖြတ်စဉ်မှာလည်း ဝမ်ယုံချန်က လျိုဗြောင်ကို ဆယ်ချက်ကျော် ထိုးသွင်းခဲ့တဲ့အတွက် လျိုဗြောင် သေဆုံးခဲ့ရပါတယ်"

"လျိုဗြောင်က မုဒိမ်းကျင့်မှု၊ ရိုက်နှက်မှုတွေကို ကျူးလွန်ခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ သေဒဏ်ပေးရလောက်တဲ့အထိ မဟုတ်ပါဘူး။ ဒါကြောင့် ဝမ်ယုံချန်ရဲ့ လုပ်ရပ်က တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုမြောက်ပါတယ်။ သူ ကိုယ်တိုင် အဖမ်းခံခဲ့ပေမဲ့ ဆယ်ချက်ကျော် ထိုးသွင်းခဲ့တဲ့အတွက် သတ်ဖြတ်လိုတဲ့ စိတ်ဆန္ဒ ပြင်းထန်လွန်းပါတယ်။ ဒါက လူသတ်မှု မဟုတ်ဘူးလို့ ပြောလို့မရပါဘူး"

"ဟွာရှားရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၂၃၂ အရ၊ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုကို သေဒဏ်၊ တစ်သက်တစ်ကျွန်း သို့မဟုတ် ဆယ်နှစ်အထက် ထောင်ဒဏ် ချမှတ်ရပါမယ်။ ဝမ်ယုံချန်ရဲ့ လုပ်ရပ်ကြောင့် လျိုဗြောင် သေဆုံးခဲ့ရပြီး နောင်တရတဲ့ အရိပ်အယောင်လည်း မတွေ့ရတဲ့အတွက် သူ့ကို သေဒဏ်ပေးဖို့ တောင်းဆိုပါတယ်"

ရှေ့နေချုပ်၏ လျှောက်လဲချက်မှာ ပြတ်သားလှသည်။

[သေဒဏ်တဲ့……]

အဆုံးသတ်တွင်မူ သေဒဏ်ကိုသာ တောင်းဆိုနေသည်။

လူသတ်မှုဆိုသည်မှာ အကြောင်းပြချက် မည်သို့ပင်ရှိစေကာမူ လူသတ်မှုသာ ဖြစ်သည်ဟု သူက အခိုင်အမာ ပြောနေဆဲပင်။

ပရိသတ်များမှာ စိုးရိမ်တကြီး ဖြစ်သွားကြသည်။

[ခက်တော့ခက်နေပြီ ရှေ့နေချုပ်ပြောတာလည်း ဟုတ်နေပြန်ရော ဝမ်ယုံချန်တော့ တကယ်ကို ဒုက္ခရောက်တော့မှာပဲ]

[ဆယ်ချက်ကျော် ထိုးတယ်ဆိုတော့လည်း ဘယ်လိုမှ ကာကွယ်လို့ မရတော့ဘူး။ ဒါက ရည်ရွယ်ချက်ရှိရှိ သတ်တာပဲ]

[တကယ်ပါပဲ ဂူချန်အတွက် ဒီအမှုကို ခုခံဖို့ တကယ့်ကို ခက်ခဲလွန်းတယ်။ ဝမ်ယုံချန်က အရမ်းစိတ်တိုလွန်းအားကြီးတယ်။ တစ်ချက်နှစ်ချက်ဆိုရင်တော့ တစ်မျိုးပေါ့။ အခုတော့ အတော်ကို ခက်ခဲသွားပြီ]

တရားသူကြီးက ဟန်ဇီမင်းဘက်သို့ လှည့်ကြည့်ကာ "တရားလိုရှေ့နေအနေနဲ့ ထပ်မံဖြည့်စွက် ပြောဆိုစရာ ရှိပါသလား" ဟု မေးလိုက်သည်။

ဟန်ဇီမင်းက "ရှေ့နေတစ်ယောက်အနေနဲ့ ဆွန်ယန်မုန်တို့ မိသားစုရဲ့ အခြေအနေကို ကျွန်တော် စာနာပါတယ်။ လျိုဗြောင်က ဥပဒေပြင်ပ လုပ်ရပ်တွေကို ကျူးလွန်ခဲ့တာ အမှန်ပါပဲ။ ဒါပေမဲ့ လျိုဗြောင်ရဲ့ အပြစ်အတွက် ဥပဒေကသာ ဆုံးဖြတ်ရမှာဖြစ်ပြီး ဝမ်ယုံချန်က ဆုံးဖြတ်ရမှာ မဟုတ်ပါဘူး။ ဝမ်ယုံချန်မှာ တခြားနည်းလမ်းတွေ အများကြီး ရှိခဲ့ပါလျက်နဲ့ အဆိုးရွားဆုံးဖြစ်တဲ့ လူသတ်မှုလမ်းစဉ်ကို ရွေးချယ်ခဲ့ပါတယ်"

"ကျွန်တော့်အသိအရ လျိုဗြောင်က ဆွန်ယန်မုန်ကို ကျူးလွန်နေချိန်မှာ ဝမ်ယုံချန်က ခုခံခြင်းမရှိခဲ့ပါဘူး။ အမှုပြီးမြောက်သွားမှ သူက လျိုဗြောင်နောက်ကို လိုက်သွားပြီး ကတ်ကြေးနဲ့ ထိုးသတ်ခဲ့တာပါ။ ဒါကြောင့် ဒါကို ကိုယ့်ကိုကိုယ် ခုခံကာကွယ်မှုလို့ ပြောလို့မရသလို အလွန်အကျွံ ခုခံကာကွယ်မှုလည်း မမြောက်ပါဘူး။ ဒါက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုပါပဲ"

"ဘယ်သူမှ တခြားသူရဲ့ အသက်ကို စီရင်ခွင့်မရှိပါဘူး။ အပြစ်ကြီးမားတဲ့သူ ဖြစ်ရင်တောင် ဥပဒေကပဲ အဆုံးအဖြတ်ပေးရမှာပါ။ လျိုဗြောင်ရဲ့ အပြစ်တွေက သေဒဏ်ပေးရလောက်တဲ့အထိ မဟုတ်ပါဘူး။ ဝမ်ယုံချန်ကတော့ လူတစ်ယောက်ရဲ့ အသက်ကို နှုတ်ယူခဲ့ပါတယ်။ ဒါကြောင့် လျိုဗြောင်ရဲ့ ရှေ့နေတစ်ယောက်အနေနဲ့ ရှေ့နေချုပ်ရဲ့ တောင်းဆိုချက်အတိုင်း ဝမ်ယုံချန်ကို သေဒဏ်ချမှတ်ပေးဖို့ တောင်းဆိုပါတယ်"

ဟန်ဇီမင်း၏ အသံမှာ တရားခွင်တစ်ခုလုံး ပဲ့တင်ထပ်သွားသည်။

ထိပ်တန်းရှေ့နေတစ်ယောက်ဖြစ်သည့်အလျောက် လျိုယာကျွင်းထံမှ အခကြေးငွေ ရယူထားပြီးသည့်နောက်တွင် သူသည် သူ့တာဝန်ကို အပြည့်အဝ ကျေပွန်ရန် လျိုဗြောင်ဘက်မှ အပြင်းအထန် ခုခံကာကွယ်နေသည်။

ဤအမှုတွင် လျိုယာကျွင်း၏ လုပ်ရပ်ကို သူကိုယ်တိုင် စိတ်ထဲမနှစ်သက်စေကာမူ ရှေ့နေတစ်ယောက်၏ ကျင့်ဝတ်အတိုင်း သူ လုပ်ဆောင်နေခြင်းပင်။

တရားခွင်အတွင်းရှိ လူအများက ဝမ်ယုံချန်ကို လက်ညှိုးထိုး၍ အပြစ်တင်နေကြသည်။

တစ်ချိန်တည်းမှာပင် လူတိုင်း၏ အကြည့်တို့သည် ဂူချန်ထံသို့ ရောက်ရှိသွားသည်။

ယခုအချိန်တွင် ဝမ်ယုံချန်ဘက်မှ ရပ်တည်ပေးနိုင်မည့်သူမှာ ဂူချန်တစ်ယောက်သာ ရှိတော့သည်။

တရားသူကြီး ရှန်ကျားရွေက ဝမ်ယုံချန်ကို ကြည့်ကာ "တရားခံအနေနဲ့ နောက်ဆုံးပြောစရာစကား ရှိပါသလား" ဟု မေးလိုက်သည်။

ဝမ်ယုံချန်မှာ ခေါင်းငိုက်စိုက်ကျလျက် စိတ်ဓာတ်ကျနေဟန်ရှိသည်။ သူ့ကို သေဒဏ်ပေးရန် အားလုံးက ဝိုင်းဝန်းတောင်းဆိုနေကြသည်ကို သူကြားရသည်။

ဥပဒေအကြောင်းကို သူ နားမလည်သော်လည်း သူ သိသည်မှာ လူသတ်မိလျှင် သေရမည်

ဟူသော အချက်သာဖြစ်သည်။

အမှုကိစ္စနှင့် ပတ်သက်၍လည်း ရဲစခန်းတွင် အကြိမ်ကြိမ် ထွက်ဆိုခဲ့ပြီးဖြစ်ရာ ထပ်ပြောစရာ မရှိတော့ပေ။

"ကျွန်တော် တောင်းပန်ပါတယ်... ကျွန်တော့်ဇနီးနဲ့ သမီးလေးကိုလည်း တောင်းပန်ပါတယ်။ ကျွန်တော် လုပ်မိတာတွေအတွက် နောင်တရပါတယ်။ ဒါပေမဲ့ ကျွန်တော့်ဇနီးနဲ့ သမီးလေးက နားမကြား၊ အသံမထွက်နိုင်တဲ့ သူတွေပါ။ ကျွန်တော့် မိသားစုကို ကူညီစောင့်ရှောက်ပေးကြဖို့ တောင်းဆိုချင်ပါတယ်။ အားလုံးကို ကျေးဇူးတင်ပါတယ်။ တရားရုံးက ချမှတ်တဲ့ ဘယ်လိုပြစ်ဒဏ်ကိုမဆို ကျွန်တော် လက်ခံပါတယ်။ ရှေ့နေဂူချန်ကိုလည်း ကျေးဇူးတင်ပါတယ်"

"ကျွန်တော် အမှားလုပ်မိတာ ဖြစ်တဲ့အတွက် ပြစ်ဒဏ်ပေးတာကို ခံယူပါ့မယ်။ ဒါပေမဲ့ ကျွန်တော့်ဇနီးနဲ့ သမီးလေး ပျော်ရွှင်စွာနဲ့ ကျန်းကျန်းမာမာ ကြီးပြင်းလာဖို့ပဲ ဆုတောင်းပါတယ်။ တရားသူကြီးမင်းခင်ဗျာ... ကျွန်တော် ပြောချင်တာ ပြောပြီးပါပြီ"

ဝမ်ယုံချန်မှာ ယနေ့သည် သူ၏ နောက်ဆုံးနေ့ဖြစ်ကြောင်း သိရှိနေသဖြင့် ခေါင်းကိုသာ ငုံ့ထားမိသည်။

အွန်လိုင်းမှ ကြည့်ရှုသူများမှာလည်း စိတ်မကောင်းဖြစ်ကြရသည်။

[ဝမ်ယုံချန်က တကယ့်ယောကျာ်းသားပဲ။ စိတ်မပူပါနဲ့ ကျွန်တော်တို့ မင်းဇနီးနဲ့ သမီးလေးအတွက် ကူညီလှူဒါန်းပေးပါ့မယ်]

[ကျွန်တော်လည်း လှူပါ့မယ်။ ရှေ့နေဂူချန်တောင် ဘာမှ ဆက်လုပ်မရတော့ဘူးဆိုတော့ သေဒဏ်ကျဖို့ပဲ ရှိတော့တယ်]

[သေဒဏ်တော့ မပေးပါနဲ့လား... တစ်သက်တစ်ကျွန်းလောက်ပဲ ချမှတ်ပေးပါလို့ ပြည်သူတွေဘက်က တောင်းဆိုပါတယ်]

[ပြီးဆုံးသွားပြီ... အရာအားလုံး ပြီးဆုံးသွားပြီ]

ထိုအခိုက်တွင် ဝမ်ယုံချန်က "စီရင်ချက် မချခင်... ကျွန်တော့်ဇနီးနဲ့ သမီးလေးကို တစ်

ခေါက်လောက် တွေ့ခွင့်ပေးပါ" ဟု တောင်းဆိုရှာသည်။

တရားသူကြီး ရှန်ကျားရွေက တိတ်ဆိတ်နေသည်။

အားလုံး၏ အကြည့်များနှင့် ကင်မရာများမှာ ဆွန်ယန်မုန်နှင့် ဝမ်ရှောင်မုန်းတို့ထံသို့ ရောက်ရှိသွားသည်။

သမီးငယ် ဝမ်ရှောင်မုန်းက လက်ဟန်ဖြင့် စတင်ပြောဆို၏။

"သမီး ဖေဖေ့ကို ချစ်တယ်"

"ဖေဖေ့ကို မတွေ့ရတာ ကြာပြီ သမီး ဖေဖေ့ကို လွမ်းတယ်"

သူမ၏ လက်ဟန်များကို လူအများ နားလည်ကြသည်။ ဆွန်ယန်မုန်၏ မျက်နှာမှာ မျက်ရည်များဖြင့် ရွှဲနစ်နေသည်။

သူမမှာ ဘာကိုမှ မကြားနိုင်၊ ဘာကိုမှ မပြောနိုင်သော်လည်း အခြေအနေအရပ်ရပ်ကို မြင်တွေ့နေရသည်။

သူမမှာ ထိုင်နေရာမှ ထကာ တရားခွင်ရှေ့တွင် ဒူးထောက်လိုက်သည်။ ရဲတပ်ဖွဲ့ဝင်များက သူမကို အမြန်ဆွဲထူလိုက်ကြသည်။

ဆွန်ယန်မုန်က လက်ဟန်ဖြင့် "ကျွန်မခင်ပွန်း ဝမ်ယုံချန်က တကယ့်ကို ကောင်းတဲ့သူတစ်ယောက်ပါ။ သမီးလေးက ဖခင်မပါဘဲ မနေနိုင်သလို ကျွန်မလည်း သူနဲ့မခွဲနိုင်ပါဘူး"

"ကျွန်မခင်ပွန်းကို အသက်ရှင်ခွင့်ပေးပါ... သူ အသက်ရှင်နေဖို့ပဲ လိုပါတယ်။ သူ ဘယ်လောက်ကြာကြာ စောင့်ရမယ်ဆိုရင် ကျွန်မ စောင့်နိုင်ပါတယ်။ သူနဲ့အတူ စောင့်နိုင်ပါတယ်။ ဖြစ်နိုင်ရင် ကျွန်မ သူ့အစား သေပေးချင်ပါတယ်"

တရားခွင်အတွင်း ဝမ်ယုံချန်နှင့် ဆွန်ယန်မုန်တို့ အကြည့်ချင်း ဆုံနေကြသည်။

စကားလုံးများ မလိုအပ်တော့ပေ။ ဆွန်ယန်မုန်၏ မျက်ဝန်းမှ မျက်ရည်တို့က စီးကျလာပြီး လက်ဟန်ဖြင့် နောက်ဆုံးစကားကို ပြောလိုက်သည်။

"ယောကျာ်းရေ... ရှင် ပြန်လာမယ့်အချိန်ကို ကျွန်မ စောင့်နေပါ့မယ်"

"ဘယ်လောက်ကြာကြာ ဖြစ်နေပါစေ... ကျွန်မ ရှင့်ကို စောင့်နေပါ့မယ်..."

All Chapters