← Chapters

အခန်း ၃၈

Vol. 4 Ch. 38

အခန်း ၃၈

Vol. 4 Ch. 38

အခန်း။ ၃၈

အားလုံးမှာ ပြောင်းလဲ၍မရတော့သည့် အခြေအနေသို့ ရောက်ရှိနေသယောင်ပင်။

ဝမ်ယုံချန်က လျိုဗြောင်ကို သတ်ဖြတ်ခဲ့သည့်အမှုတွင် ဝမ်ယုံချန်ကိုယ်တိုင်ပင် အရှုံးပေးလိုက်ပြီဖြစ်သည်။

အွန်လိုင်းမှ ကြည့်ရှုသူများမှာလည်း မှတ်ချက်များဖြင့် ဆူညံနေကြသည်။

[တကယ်ကို စိတ်မကောင်းစရာပါပဲ။ ကျွန်တော်တော့ ဆွန်ယန်မုန်နဲ့ ဝမ်ရှောင်မုန်းတို့ မိသားစုအတွက် အတတ်နိုင်ဆုံး ကူညီလှူဒါန်းပေးပါ့မယ်]

[လှူတာနဲ့တင် ဘာမှထူးလာမှာမဟုတ်ဘူး။ ဝမ်ရှောင်မုန်းမှာ ဖေဖေ မရှိတော့ဘူးလေ]

[ထောင်ဒဏ်တစ်သက်တစ်ကျွန်း ဖြစ်လာနိုင်မလားဆိုတာတောင် မစဉ်းစားနဲ့တော့။ ပထမအကြိမ် စီရင်ချက်က သေဒဏ် ဖြစ်နေတာ။ အယူခံဝင်တာကလည်း သေချာပေါက် ခက်ခဲလိမ့်မယ်]

[ဂူချန်ကို စောင့်ကြည့်လိုက်ပါဦး သူတစ်ခုခု လုပ်နိုင်မှာပါ။ သူက သာမန်ရှေ့နေမျိုး မဟုတ်ဘူး]

တရားသူကြီး ရှန်ကျားရွေက ဂူချန်ဘက်သို့ လှည့်ကြည့်ကာ "ကာကွယ်ရေးရှေ့နေအနေနဲ့ လျှောက်လဲချက်ကို စတင်ပေးပါ" ဟု ပြောလိုက်သည်။

ဂူချန်က တည်ငြိမ်စွာပင် "တရားသူကြီးမင်း၊ တရားသူကြီးအဖွဲ့ဝင်များနဲ့ ရှေ့နေချုပ်ခင်ဗျာ ကျွန်တော့်ရဲ့ အယူခံဝင်ချက်ကတော့ ရိုးရှင်းပါတယ်။ ကျွန်တော့်အမြင်အရ ဝမ်ယုံချန်က အပြစ်မရှိပါဘူး။ ဒါကြောင့် တရားရုံးအနေနဲ့ သူ့ကို အပြစ်ကနေ ကင်းလွတ်ခွင့်ပေးပြီး ချက်ချင်း ပြန်လွှတ်ပေးဖို့ တောင်းဆိုပါတယ်"

"တရားခွင်မှာ အထောက်အထားတွေနဲ့ပဲ ပြောရမယ်ဆိုတာ ကျွန်တော် သိပါတယ်။ ဒါကြောင့် ဝမ်ယုံချန် ဘာကြောင့် လျိုဗြောင်ကို သတ်ဖြတ်ခဲ့ရသလဲဆိုတာကို အားလုံးကို ရှင်းပြပါ့မယ်"

"ဝမ်ယုံချန်က ရိုးသားပြီး ဖြောင့်မတ်သူတစ်ယောက်ဖြစ်မှန်း အားလုံးသိပါတယ်။ သူက အမြဲတမ်း မိသားစုကို တန်ဖိုးထားတဲ့ ဖခင်ကောင်း၊ ခင်ပွန်းကောင်းတစ်ယောက်ဖြစ်သလို သဘောထား နူးညံ့ပြီး သူတစ်ပါးနဲ့ ရန်ဖြစ်လေ့မရှိသူပါ"

"ဆွန်ယန်မုန်က နားမကြား၊ အသံမထွက်နိုင်တဲ့ သူတစ်ယောက်ဖြစ်သလို သူတို့ရဲ့သမီးလေး ဝမ်ရှောင်မုန်းကလည်း အတူတူပါပဲ"

"သမီးလေး အသံကြားနိုင်ဖို့နဲ့ ကျောင်းတက်နိုင်ဖို့အတွက် ဝမ်ယုံချန်က ဆေးရုံပေါင်းစုံကို လှည့်လည် ကုသခဲ့ရပါတယ်။ နားစိုက်ကိရိယာတစ်ခုတပ်ဖို့အတွက် ငွေတစ်သိန်းခွဲကနေ သုံးသိန်းလောက်အထိ ကုန်ကျပါတယ်။ အသက်သာဆုံး ပြည်တွင်းဖြစ်တောင် ငွေငါးသောင်းလောက် ရှိပါတယ်"

"ဝမ်ယုံချန်က ရှိသမျှ စုဆောင်းငွေတွေအကုန် ထုတ်သုံးခဲ့ပြီး ငွေမရှိတော့တဲ့အခါ လျိုဗြောင်ဆီက ငွေသုံးသောင်း ချေးခဲ့ရပါတယ်။ ဒါပေမဲ့ လျိုဗြောင်က ငွေတစ်သိန်း ပြန်တောင်းပါတယ်။ ဆင်းရဲနွမ်းပါးတဲ့ မိသားစုက တစ်သိန်းဆိုတဲ့ ငွေကို ဘယ်ကနေရှာပေးနိုင်မှာလဲ"

"နောက်ဆုံးရလာဒ်ကတော့ အားလုံးသိတဲ့အတိုင်းပါပဲ။ လျိုဗြောင်က ဆွန်ယန်မုန်ကို သဘောကျသွားပြီး သူမက နားမကြားသူမို့လို့ ဘာမှမလုပ်နိုင်ဘူးဆိုတဲ့ အထင်နဲ့ ဝမ်ယုံချန်ရဲ့ မိသားစုကို အနိုင်ကျင့်ပါတော့တယ်။ ဆွန်ယန်မုန်ကို အကြိမ်ကြိမ် မုဒိမ်းကျင့်ခဲ့ပြီး ဝမ်ယုံချန်လည်း အကြိမ်ကြိမ် ခုခံခဲ့ပါတယ်"

"ဒါပေမဲ့ အကြိမ်တိုင်းမှာ ဝမ်ယုံချန် အနိုင်ကျင့်ခံခဲ့ရပါတယ်။ လျိုဗြောင်ကို သူ မယှဉ်နိုင်သလို ရဲစခန်းသွားတိုင်ဖို့လည်း မဝံ့ရဲခဲ့ပါဘူး။ ရဲစခန်းတိုင်လိုက်ရင် လျိုဗြောင်ဆီကနေ ပိုပြီးဆိုးရွားတဲ့ လက်တုံ့ပြန်မှုတွေ ရလာမယ်ဆိုတာ သူသိနေလို့ပါ"

"ဒီလိုအခြေအနေမျိုးမှာ ဝမ်ယုံချန်က တိတ်တိတ်ဆိတ်ဆိတ်ပဲ သည်းခံခဲ့ရပါတယ်"

"ဒါပေမဲ့ လျိုဗြောင်က ပိုပြီး အနိုင်ကျင့်လာပါတယ်။ ဝမ်ယုံချန်ရဲ့ ဇနီးကို အကြိမ်ငါးဆယ် လာရောက်ဖို့ ပြောဆိုတဲ့အခါ ဝမ်ယုံချန်တစ်ယောက် လမ်းစပျောက်ပြီး အကြီးအကျယ် စိတ်ဓာတ်ကျခဲ့ရပါတော့တယ်။ နောက်ဆုံးအချိန်အထိပေါ့"

"လျိုဗြောင်က ဝမ်ယုံချန်အိမ်ကို ထပ်ရောက်လာပြန်ပါတယ်။ ဒီတစ်ခါတော့ သူတို့အိမ်က ခွေးကို သတ်လိုက်ပြီး ဝမ်ယုံချန်ကို ခွေးလည်ပတ်ကြိုးနဲ့ ချည်နှောင်ပြီး လူမဆန်စွာ အရှက်ခွဲခဲ့ပါတယ်"

"အဲ့ဒီနောက် လျိုဗြောင်က အခန်းထဲဝင်သွားပြီး ဆွန်ယန်မုန်ကို နောက်တစ်ကြိမ် မုဒိမ်းကျင့်ပြန်တယ်"

"အခန်းထဲကနေ ဆွန်ယန်မုန်ရဲ့ စိတ်ပျက်အားငယ်စွာ အော်ဟစ်သံတွေကို ဝမ်ယုံချန်က အနီးကပ် ကြားနေခဲ့ရတာပါ"

"ကျွန်တော် မေးခွန်းတစ်ခု မေးပါရစေ"

"ဒီနေရာမှာ ရှိနေတဲ့သူတွေထဲက တစ်ယောက်ယောက်သာ ကိုယ့်ဇနီးက ဒီလိုမျိုး အရှက်ခွဲခံနေရတာကို ကိုယ်တိုင်က ခွေးကြိုးနဲ့ ချည်နှောင်ခံထားရရင်း ကြားနေရမယ်ဆိုရင် ဘယ်လို ခံစားရမလဲ"

"ဒေါသ... ဝမ်ယုံချန်ရဲ့ ရင်ထဲမှာ ပြင်းထန်တဲ့ ဒေါသတွေ ရှိနေခဲ့တာပါ။ ပြီးတော့ ကြောက်ရွံ့မှုလည်း ရှိနေခဲ့တာပေါ့"

"လျိုဗြောင်က အားလုံးပြီးဆုံးသွားတဲ့အခါ ဝမ်ယုံချန်ရဲ့ ကြိုးကို ပြန်ဖြုတ်ပေးပြီး ကျေနပ်နေတဲ့ အမူအရာနဲ့ ထွက်သွားပါတယ်"

"ဆွန်ယန်မုန်က ငိုယိုရင်း ထွက်ပြေးလာပြီး ဝမ်ယုံချန်ကို ပွေ့ဖက်ကာ အသက်မရှင်ချင်တော့ကြောင်း ပြောခဲ့ပါတယ်"

"အကြိမ်ကြိမ် အရှက်ခွဲခံရပြီးနောက်မှာ လမ်းစမရှိတော့တဲ့ အမျိုးသမီးတစ်ယောက်အနေနဲ့ အသက်ရှင်ဖို့တောင် မျှော်လင့်ချက် ရှိတော့မှာလား"

"သူ့ဇနီးရဲ့ စကားတွေ ပြီးတော့ ကြာမြင့်စွာ သည်းခံခဲ့ရတဲ့ အနိုင်ကျင့်မှုတွေကို တွေးကြည့်ရင် ဝမ်ယုံချန်ရဲ့ စိတ်အခြေအနေကို ဘယ်သူ နားလည်ပေးနိုင်ပါ့မလဲ"

ဂူချန် စကားကို ရပ်လိုက်ချိန်တွင် အွန်လိုင်းမှ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူများမှာ ဒေါသအလျောက် ပေါက်ကွဲနေကြပြီဖြစ်သည်။

[သတ်ပစ်လိုက် တောက်... ငါသာ ဝမ်ယုံချန်နေရာမှာဆိုရင် လျိုဗြောင်ကို ချက်ချင်း သတ်ပစ်မှာ]

[ငါသာ ဝမ်ယုံချန်ဆိုရင် လျိုဗြောင်ကိုသတ်မယ်။ လျိုယာကျွင်း မိသားစုကိုပါ ရှင်းပစ်မယ်။ ပြီးရင် မိန်းမနဲ့သမီးကို ခေါ်ပြီးမှ အဖမ်းခံမှာ]

[ဒီလို အရှက်ခွဲခံရတာကို ဘယ်သူက သည်းခံနိုင်မှာလဲ။ ခွေးတစ်ကောင်လို ချည်နှောင်ခံထားရတာကို ဘယ်ယောကျာ်းက လက်ခံနိုင်မှာလဲ]

[ဝမ်ယုံချန်က တကယ့် ယောကျာ်းသားပဲ ဂုဏ်ယူစရာကောင်းလိုက်တာ]

[တောက်... နောက်ဆုံးမှာ ဒီကောင်သေသွားတာကတော့ ကျေနပ်စရာကောင်းပေမဲ့ လျိုဗြောင်ကတော့ တကယ့်ကို ယုတ်မာလွန်းတယ်]

ထိုအခိုက်တွင် ဟန်ဇီမင်းက စပြောသည်။

ကျွမ်းကျင်သော ရှေ့နေတစ်ယောက်အနေဖြင့် ဝမ်ယုံချန်ကို သေဒဏ်ပေးရန် တိုက်တွန်းရသည်မှာ သူ၏ တာဝန်ပင်။

"ဒေါသလား။ ဝမ်ယုံချန်ရဲ့ ခံစားချက်က ဒေါသဖြစ်တယ်ဆိုတာကို ကျွန်တော် သဘောတူပါတယ်။ ဒါကြောင့်ပဲ သူက အပြင်ကို ပြေးထွက်ပြီး လူသတ်ခဲ့တာပေါ့။ ဝမ်ယုံချန် လျိုဗြောင်ကို သတ်လိုက်တာက တမင်သက်သက် ရည်ရွယ်ချက်ရှိရှိ လူသတ်မှုပါပဲ"

"ဝမ်ယုံချန် ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေကို ကျွန်တော် စာနာပြီး နားလည်ပါတယ်။ ဒါပေမဲ့ လျိုဗြောင်က ဆွန်ယန်မုန်ကို ကျူးလွန်တဲ့ လုပ်ရပ်တွေက ပြီးဆုံးသွားခဲ့ပါပြီ။ ဝမ်ယုံချန်အနေနဲ့ ရဲစခန်းကို တိုင်ကြားနိုင်သလို အကူအညီတောင်းနိုင်ပါလျက်နဲ့ ဒေါသအလျောက် ကတ်ကြေးနဲ့ ထိုးသတ်ခဲ့တာက ရည်ရွယ်ချက်ရှိရှိ လူသတ်မှုပဲ"

"ရည်ရွယ်ချက်ရှိရှိ လူသတ်မှုဆိုရင် သေဒဏ်ပေးရမှာပါ။ လျိုဗြောင်ရဲ့ လုပ်ရပ်တွေက စက်ဆုပ်ရွံရှာဖွယ်ကောင်းပေမဲ့ ဒါတွေကို ဥပဒေလမ်းကြောင်းအတိုင်း ဖြေရှင်းရမှာဖြစ်ပြီး ဝမ်ယုံချန်ကတော့ လျိုဗြောင်ကို ၁၇ ချက်တိတိ ထိုးသွင်းခဲ့တာက မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ သတ်ဖြတ်ခဲ့တာပါ"

ဟန်ဇီမင်းက သူ၏ လျှောက်လဲချက်ကို အဆုံးသတ်လိုက်ကာ အခြေအနေမှာ ရှင်းနေသည်။ ဝမ်ယုံချန်၏ ရည်ရွယ်ချက်မှာ လျိုဗြောင်ကို သတ်ရန်ပင်။

မည်သည့်အခြေအနေမျိုးနှင့်ပင် ကြုံတွေ့ခဲ့ပါစေ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုမှာ ရည်ရွယ်ချက်ရှိရှိ လူသတ်မှုသာ ဖြစ်သည်။ ၎င်း၏ ပြစ်ဒဏ်မှာ သေဒဏ်သာ ဖြစ်သင့်ပြီး တစ်သက်တစ်ကျွန်းဒဏ်ကိုပင် စဉ်းစားဖွယ်မရှိတော့ချေ။

ရှေ့နေချုပ်ကလည်း "ဝမ်ယုံချန်က တရားမမျှတတဲ့ အဖြစ်အပျက်တွေနဲ့ ကြုံတွေ့ခဲ့ရပေမဲ့ သူလုပ်ဆောင်ခဲ့တဲ့ လူသတ်မှုကတော့ မလွဲမသွေ ဖြစ်လာခဲ့တာပါပဲ။ ဒါက ပြစ်ဒဏ်လျှော့ပေါ့ပေးဖို့ စံနှုန်းတွေနဲ့ မကိုက်ညီတဲ့အတွက် ကျွန်တော် သေဒဏ်ပေးဖို့ကိုပဲ ဆက်လက် တောင်းဆိုပါတယ်" ဟု ပြောလိုက်သည်။

ဟန်ဇီမင်းက "ကာကွယ်ရေးရှေ့နေရဲ့ ပြောစကားတွေကို ကျွန်တော် နားလည်ပေးနိုင်ပေမဲ့ ထောက်ခံလို့တော့ မရပါဘူး။ လမ်းပေါ်မှာ တစ်ယောက်ယောက်ကို ရိုက်နှက်လို့ ဒေါသထွက်ပြီး ပြန်ထိုးသတ်လိုက်တယ်ဆိုရင် ဒါက လူသတ်မှု မဟုတ်တော့ဘူးလား"

"အရင်က အနိုင်ကျင့်ခံခဲ့ရတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ပဲ အပြစ်ကနေ ကင်းလွတ်ခွင့် ရသင့်သလား။ လူသတ်မှုဆိုတာ လူသတ်မှုပါပဲ။ ဘယ်အကြောင်းပြချက်နဲ့မှ ပြောင်းလဲလို့မရပါဘူး။ လူတစ်ယောက်အတွက် သူကြုံတွေ့ခဲ့ရတဲ့ မတရားမှုတွေက လူသတ်မှုအတွက် အကြောင်းပြချက် မဖြစ်နိုင်ပါဘူး" ဟု အခိုင်အမာ ပြောလိုက်သည်။

တရားခွင်အတွင်း အပူချိန်မှာ အေးစက်သွားသည်။

ပရိသတ်အများအပြားက ဟန်ဇီမင်း၏ စွမ်းဆောင်ရည်ကို လေးစားမိကြသည်။

ထိပ်တန်းရှေ့နေဆိုသည်မှာ ဤသို့ပင်။

ဟန်ဇီမင်း ပြောသည့်အချက်များတွင်လည်း အချက်အလက်အရ မှန်ကန်နေသည်။

သို့သော်လည်း ပရိသတ်များမှာ ဝမ်ယုံချန်၏ ဘဝကို သနားနေဆဲပင်။

သေဒဏ်ချဖို့ တကယ်လိုအပ်လို့လား။ လျှော့ပေါ့ပေးနိုင်မဲ့ အခွင့်အရေး မရှိတော့ဘူးလား။

[ပြီးဆုံးသွားပြီ... ဝမ်ယုံချန်တော့ သေဒဏ်ပဲ ကျတော့မှာပါ]

[ဂူချန် တတ်နိုင်သမျှ ကြိုးစားနေတာကို တွေ့ရပေမဲ့ သူ ဘယ်လိုနည်းနဲ့များ ဝမ်ယုံချန်ကို အပြစ်မရှိဘူးလို့ ပြောနိုင်မှာလဲ ကျွန်တော် နားမလည်တော့ဘူး]

[ဂူချန်သာ အထောက်အထားအသစ် မပြနိုင်ရင် ဝမ်ယုံချန် သေဒဏ်ကျမှာ သေချာသွားပြီ။ တစ်သက်တစ်ကျွန်းဒဏ်တောင် ရဖို့ မလွယ်တော့ဘူး]

All Chapters