အခန်း ၄၅
Vol. 4 Ch. 45
အခန်း။ ၄၅
ဂူချန်ကို ရှေ့နေအဖြစ် ခန့်ထားလိုက်တာနဲ့ပဲ တရားခွင်မှာ ရှိနေတဲ့သူအားလုံးကို ထောင်ပို့လိုက်
မယ်လို့ ဘယ်သူကများ တွေးမိမှာလဲ။
ဒီလူက တကယ့်ကို ဥပဒေမဲ့မိုက်ရူးရဲဖြစ်လာခဲ့ပြီ။
အမှုနှစ်ခုကိုင်တွယ်ပြီးတာနဲ့ ထောင်ထဲ ပို့သင့်တဲ့သူ အကုန်ရောက်သွားပြီ။
တရားလို၊ တရားခံ၊ တရားခွင်ပရိသတ်၊ သတင်းထောက်တွေ၊ တရားသူကြီး၊ ပြိုင်ဘက်ရှေ့နေ အကုန်လုံး ထောင်ကျကုန်တာပဲ။
ဒါက အလုပ်သင်ရှေ့နေတစ်ယောက် လုပ်နိုင်တဲ့ အရာမျိုးလား။ နှစ်ပေါင်းများစွာအတွင်းမှာ ဘယ်သူမှ မလုပ်နိုင်ခဲ့တဲ့ အရာကို အလုပ်သင်ရှေ့နေတစ်ယောက်က လုပ်ပြသွားခဲ့ပြီ။
ဂူချန်က အခုဆိုရင် လုံးဝ နာမည်ကြီးသွားပြီ။
စာရွက်စာတမ်းတွေကို သိမ်းဆည်းပြီး အမှုပြီးဆုံးချိန်မှာတော့ ဂူချန်ဟာ တရားရုံးကနေ ထွက်လာခဲ့သည်။
သူ ထွက်လာသည်နှင့် ဝမ်ယုံချန်၊ ဆွန်ယန်မုန်နဲ့ ဝမ်ရှောင်မုန်းတို့က သူ့နောက်ကို အပြေးလိုက်လာကြသည်။
လျိုယာကျွင်းတို့မိသားစုရဲ့ ပစ္စည်းတွေကို သိမ်းဆည်းပြီးနောက် လျော်ကြေးငွေ ၂ သိန်းကျော်ကို ဝမ်ယုံချန်တို့မိသားစုထံ ချက်ချင်း ပေးအပ်လိုက်သည်။
ဤလောက၏ တရားရေးစနစ်မှာ အလွန်မြန်ဆန်ပြီး အမှုတွေကို အချိန်ဆွဲမနေဘဲ လျော်ကြေးကိုလည်း ချက်ချင်း လက်တွေ့ရရှိအောင် လုပ်ဆောင်ပေးသည်။
သူတို့ သုံးယောက်က ဂူချန်ရှေ့မှာ ဒူးထောက်လိုက်ကြသည်။
ဂူချန် "….."
သူတို့ ဒူးထောက်လိုက်သည်နှင့် ပတ်ဝန်းကျင်က သတင်းထောက်များကလည်း အလုအယက် ပြေးလာကြသည်။
ဝိုင်းရံနေသည့် သတင်းထောက်များ ရှေ့၌ သူတို့က ဒူးထောက်နေတာကို ဂူချန် မမြင်ချင်ပေ။
ဝမ်ယုံချန်က ဒူးထောက်ရင်း "ရှေ့နေဂူ ကျွန်တော့်အသက်ကို ကယ်တင်ပေးလို့ ကျေးဇူးတင်ပါတယ်။ ရှေ့နေသာ မရှိရင် ကျွန်တော် အခုဆို သေဒဏ်ကျခံနေရလောက်ပြီ။ ဒါကြောင့် ဒူးထောက်ပြီး ကျေးဇူးတင်စကား ပြောခွင့်ပြုပါ"
ဆွန်ယန်မုန်ကလည်း လက်ဟန်ဖြင့် ကျေးဇူးတင်စကား ပြောလိုက်သည်။
ဂူချန်က "ကျွန်တော်က အမှုလိုက်ပေးတာပါ။ ဒါက ကျွန်တော့်ရဲ့ တာဝန်ပါ။ အခကြေးငွေလည်း ရထားတာမို့ ဒူးမထောက်ပါနဲ့။ ထကြပါ လူတွေအများကြီး ကြည့်နေကြတာပါ။ ဘာလို့ ဒူးထောက်နေရတာလဲ"
ဆွန်ယန်မုန်က ဝမ်ယုံချန်ကို လက်ဟန်ဖြင့် ပြောပြသည်။
"သူက ကျွန်မတို့ကို တစ်ပြားမှ မယူပါဘူး။ ကျွန်မနဲ့ သမီးကိုလည်း အခကြေးငွေမယူဘဲ ကူညီပေးခဲ့တာပါ"
ဝမ်ယုံချန်က ရှင်းပြသည်။
ဝမ်ယုံချန်က ဘဏ်ကတ်ကို ထုတ်ပေးကာ "ရှေ့နေဂူ မယူလို့ မရပါဘူး။ ဒါက ရှေ့နေရသင့်ရထိုက်တဲ့ အခကြေးငွေပါ။ Password က... ရှေ့နေပဲ ယူလိုက်ပါ" ဟု တောင်းဆိုရှာသည်။
ဂူချန်က လက်မခံခဲ့ပေ။
ဝမ်ယုံချန်ကလည်း အတင်းအကျပ် ပေးရန် ကြိုးစားသေးသည်။
ဂူချန်က နောက်ပြန်လှည့်ကာ "ဒီအမှုကို စယူကတည်းက တစ်ပြားမှ မယူဘူးလို့ ပြောထားတာပါ။ စကားတည်ဖို့ လိုပါတယ်။ ကျွန်တော် အခမဲ့ ယူထားတာမို့ အခု ငွေယူလို့ မရပါဘူး"
"ရှေ့နေကို ကျေးဇူးတင်တယ်ဆိုရင် ကျွန်တော့်ရဲ့ အကောင်းမြင်စိတ်လေးတွေကိုပဲ တခြားလူတွေကို ပြောပြပေးပါ။ အမှုအခင်းရှိတဲ့သူတွေကို ကျွန်တော့်ဆီ လွှဲပေးပါ။ ဒီငွေတွေကို သိမ်းထားပြီး သမီးလေးရဲ့ နားစိုက်ကိရိယာအတွက် သုံးပါ။ ဇနီးသည်အတွက်လည်း သုံးပါ။ သူတို့ရဲ့ နေထိုင်မှုအဆင့်အတန်းကို မြှင့်တင်ပေးလိုက်ပါ။ ဒါဆိုရင် ကျွန်တော် ပိုပြီး ဝမ်းသာပါလိမ့်မယ်"
ဂူချန်က တစ်ပြားမှ မယူဘဲ ထွက်ခွာသွားသည်။
ဝမ်ယုံချန်နှင့် ဆွန်ယန်မုန်တို့မှာ အံ့ဩခြင်းနှင့်အတူ ကြောင်တောင်တောင် ဖြစ်ကာ ကျန်ရစ်ခဲ့သည်။
ဂူချန်က သူတို့ကို စေတနာအပြည့်ဖြင့် ကူညီပေးခဲ့ပြီး တစ်ပြားမှ မယူခဲ့ခြင်းမှာ သူတို့အတွက် အံ့အားသင့်စရာ ဖြစ်ခဲ့ရသည်။
ဘေးနားရှိ ဝူခယ်ရှင်းက "ရှေ့နေဂူချန်... သူက တကယ့်ကို စိတ်သဘောထားကောင်းတဲ့သူပါ" ဟု မှတ်ချက်ပြုသည်။
ဝမ်ယုံချန်ကလည်း "ကျွန်တော်တို့ တကယ့်ကို အကောင်းဆုံး ရှေ့နေနဲ့ ဆုံခဲ့တာပါ..." ဟု ပြောလိုက်သည်။
ဂူချန် ထွက်သွားပြီးနောက် သတင်းထောက်များက ဝမ်ယုံချန်တို့ကို ဝိုင်းရံမေးမြန်းကြသည်။
သတင်းထောက် "ရှေ့နေဂူက အမှုအတွက် တကယ်ပဲ အခကြေးငွေ မယူခဲ့တာလား"
ဝမ်ယုံချန် "ရှေ့နေဂူက အရမ်းကို စိတ်သဘောထားကောင်းတဲ့သူပါ။ ကျွန်တော်တို့ကို အမြဲတမ်း စေတနာနဲ့ ကူညီပေးခဲ့တယ်။ ကျွန်တော်တို့လို အမှုသည်အတွက် ဒီလိုရှေ့နေမျိုးနဲ့ ဆုံရမယ်လို့ မတွေးဖူးခဲ့ဘူး... အမှုအခင်းရှိတဲ့သူတိုင်း သူ့ကို ဆက်သွယ်နိုင်ပါတယ်" ဟု ဖြေကြားရင်း အင်တာဗျူးကို လက်ခံခဲ့သည်။
ဂူချန်သည် သူ၏ဥပဒေရုံးသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။
ဤအမှုအတွက် တစ်ပြားတစ်ချပ်မျှ အခကြေးငွေ မယူခဲ့သော်လည်း ဂူချန်အတွက် ပြဿနာမရှိပေ။
ဝမ်ယုံချန်တို့ မိသားစုမှာ အလွန်ပင်ပန်းဆင်းရဲနေပြီး မိသားစုဝင်နှစ်ဦးမှာလည်း အကြားအာရုံနှင့် စကားပြောဆိုမှုတွင် ချို့ယွင်းချက်ရှိနေသဖြင့် သူတို့ဆီမှ ရှေ့နေခွန်ယူရန် ဂူချန် မစဉ်းစားခဲ့ပေ။
အမှုစရိတ်များမှာလည်း လျိုယာကျွင်းနှင့် လျိုဗြောင်တို့၏ မိသားစုများထံမှ ကျခံစေခဲ့သဖြင့် အမှန်တကယ်တော့ ဂူချန်တစ်ယောက် အခကြေးငွေ အနည်းငယ်တော့ ရရှိခဲ့သည်။
ထို့ထက်ပို၍ အရေးကြီးသည်မှာ အမှုအနိုင်ရရှိသည်နှင့်တစ်ပြိုင်နက် စနစ်မှ ပေးအပ်မည့် ဆုလာဘ်ကို ဂူချန် ရရှိခဲ့ခြင်းပင်။
[တင်…. သခင့်အနေနဲ့ အမှုကို အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့တဲ့အတွက် ဂုဏ်ယူပါတယ်။
ငွေသားဆုလာဘ် ယွမ် ၁၅၀,၀၀၀ ကို ရရှိသွားပါပြီ။
ဒီငွေကို တရားဝင်ပြီး သင့်တော်တဲ့ နည်းလမ်းနဲ့ လွှဲပြောင်းပေးအပ်သွားမှာပါ။
ထိုးထွင်းသိမြင်ခြင်းမျက်လုံးကိုလည်း ပေးအပ်လိုက်ပါတယ်။ ဒီစွမ်းရည်နဲ့ဆိုရင် အမှုအခင်းတစ်ခုရဲ့ အားနည်းချက်အားလုံးကို မြင်တွေ့နိုင်မှာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ်တစ်ရာအတွင်းက ဖျက်ဆီးခံထားရတဲ့ ဗီဒီယိုမှတ်တမ်း အထောက်အထားတွေကိုတောင် ပြန်ပြီး ဖော်ထုတ်နိုင်မှာပါ]
ဂူချန်မှာ ငွေသား ၁၅၀,၀၀၀ သာမက အမှုအခင်းများတွင် အသုံးပြုနိုင်မည့် အထူးစွမ်းရည်
တစ်ခုကိုပါ ရရှိသွားခဲ့သည်။
နှစ်တစ်ရာအတွင်း ဖျက်ဆီးခံထားရသည့် ဗီဒီယိုများကို ပြန်လည်ဖော်ထုတ်နိုင်မည့် စွမ်းရည်
ဆိုသည်မှာ အလွန်ပင် အစွမ်းထက်လှသည်။
ဂူချန်၏ မျက်ဝန်းများမှာ တောက်ပလာသည်။
ဤစွမ်းရည်သာ ရှိမည်ဆိုပါက မည်သည့် တရားခွင်ကိုမဆို မကြောက်ရတော့ပေ။
အနာဂတ်တွင် နိုင်ငံတကာ တရားရုံးများသို့ သွားရောက်ကာ နိုင်ငံခြားသားများထံမှ ဟွာရှား၏ ရှေးဟောင်းပစ္စည်းများ (ဥပမာ ရာသီခွင် ၁၂ ခု၏ ခေါင်းများ) ကို ပြန်လည်တောင်းဆိုရန် အခွင့်အရေး ရရှိပါက ဤစွမ်းရည်က အလွန်အသုံးဝင်လိမ့်မည်။
သို့သော်လည်း ယခုအချိန်တွင် ဂူချန်အတွက် ငွေ ၁၅၀,၀၀၀ ကို မည်သို့ တရားဝင်ရယူရမည်
ဟူသော ပြဿနာ ရှိနေသည်။
သူသည် ထီကတ်ခြစ်ရာမှတစ်ဆင့် ရယူရန် စဉ်းစားမိသည်။
ထို့ကြောင့် ထီဆိုင်သို့ သွားရောက်ပြီး ၁၀ ယွမ်တန် ထီကတ်တစ်စောင်ကို ဝယ်ယူခြစ်ကြည့်ရာ ချက်ချင်းပင် ယွမ် ၂၅၀,၀၀၀ ပေါက်သွားခဲ့သည်။
ဂူချန် "ဘာလား…."
အခွန်ဆောင်ပြီးနောက် အသားတင် ၂၀၀,၀၀၀ ကျန်ရှိမည်ပင်။
စနစ်က သူ့ကို ၁၅၀,၀၀၀ ပေးသည်ဆိုသော်လည်း အမှန်တကယ်တော့ ၂၀၀,၀၀၀ ကို တိုက်ရိုက် ရရှိသွားခြင်းပင်။
စိတ်လက်ကြည်လင်စွာဖြင့် ဂူချန်သည် ထီပေါက်ငွေကို သွားရောက်ထုတ်ယူခဲ့သည်။
ဤသတင်းမှာ ဒေသတွင်း သတင်းဌာနများအထိ ရောက်ရှိသွားခဲ့သည်။
[ရှေ့နေဂူချန် ချို့ယွင်းချက်ရှိသူများကို အခမဲ့ ကူညီပေးပြီး အမှုအနိုင်ရ။ ထိုနေ့မှာပင် ထီကတ်ခြစ်ရာမှ ယွမ် ၂၅၀,၀၀၀ ပေါက်ပြန်ပြီ]
ဤသတင်းမှာ လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့သွားခဲ့ပြီး ပရိသတ်များမှာလည်း အံ့ဩပျော်ရွှင်နေကြသည်။
[ရှေ့နေဂူချန်ရဲ့ ကံဇာတာကတော့ တကယ့်ကို အံ့ဩစရာပဲ]
[အရမ်းမိုက်တယ် ကံကောင်းတယ်ဆိုတာ ဒါမျိုးကို ခေါ်တာပဲ]
[ဟားဟား... ဂူချန်တစ်နေ့နေ့ကျရင် ထီဆိုင်ကိုပါ တရားစွဲနေဦးမလား မသိဘူး]
[တကယ်ပဲ ၂၅၀,၀၀၀ ပေါက်တာလား တကယ့်ကို အံ့ဩစရာပဲ]