← Chapters

အခန်း ၅၀

Vol. 5 Ch. 50

အခန်း ၅၀

Vol. 5 Ch. 50

အခန်း။ ၅၀

နောက်တစ်နေ့တွင် ဂူချန်သည် Live ကို စတင်လိုက်သည်။ မိနစ် ၃၀ အတွင်းမှာပင် ကြည့်ရှုသူ ၁၀၀,၀၀၀ ကျော်သွားခဲ့သည်။

[ရောက်လာပြီ ဥပဒေမဲ့မိုက်ရူးရဲလွှင့်နေပြီ]

[ဂူချန်ကို ပြန်တွေ့ရတာ ဝမ်းသာလိုက်တာ]

[သူ့ကို ဘာလို့ ဥပဒေမဲ့မိုက်ရူးရဲလို့ ခေါ်တာလဲ]

[အင်တာနက်မှာ ရှာကြည့်လိုက်ပါ သူအမှုနှစ်ခုပဲ ကိုင်တွယ်ရသေးတယ်။ ဒါပေမဲ့ ရှေ့နေ၊ တရားသူကြီး၊ တရားလို၊ တရားခံ အကုန်လုံးကို ထောင်ပို့လိုက်တာလေ]

ဂူချန်က "ဒီနေ့တော့ ဥပဒေရေးရာ ဗဟုသုတလေးတွေ မျှဝေပေးချင်လို့ပါ။ ကျေးဇူးပြုပြီး လက်ဆောင်တွေ မပို့ကြပါနဲ့ဦး။ ပြောစရာလေးတွေ ရှိလို့ပါ" ဟု ပြောသော်လည်း ပရိသတ်များက လက်ဆောင်များကို အလုအယက် ပို့နေကြဆဲပင်။

ဂူချန်က "ဒီနေ့တော့ အမှုတစ်ခုအကြောင်း ဆွေးနွေးကြည့်ရအောင်။ ကိုယ်တိုင်ကိုယ်ကျ မုဒိမ်းကျင့်တယ်ဆိုတာ ဥပဒေအရ အပြစ်ရှိလား" ဟု မေးလိုက်ရာ ပရိသတ်များမှာ ကြောင်သွားကြသည်။

"ကျောင်းသူ A က ကျောင်းသူ B နဲ့ အငြင်းပွားလို့ အမျိုးသားတစ်ယောက်ကို ငှားပြီး B ကို မုဒိမ်းကျင့်ခိုင်းတယ်။ ဒါပေမဲ့ အဲါအမျိုးသားက လူမှားပြီး A ကိုယ်တိုင်ကိုပဲ မုဒိမ်းကျင့်မိသွားတယ်။ ဒီအခြေအနေမှာ ဘယ်လိုပြစ်မှုမြောက်မလဲ"

[ဟားဟား... တကယ့်ကို ထူးဆန်းတဲ့ အမှုပဲ]

[ဒါက ကိုယ့်ကိုကိုယ် မုဒိမ်းကျင့်တာလို့ ခေါ်တာလား A က တကယ့်ကို ကံဆိုးတာပဲ]

ဂူချန်က "A က ပြစ်မှုကျူးလွန်ဖို့ ကြံစည်သူပါ။ တကယ်တော့ မုဒိမ်းမှုကျူးလွန်ဖို့ ရည်ရွယ်ချက် ရှိခဲ့တာကြောင့် ပြစ်မှုမြောက်ပါတယ်။ ဒါပေမဲ့ A က ကိုယ်တိုင်ပဲ သားကောင်ဖြစ်သွားတာမို့ လူသားချင်းစာနာထောက်ထားမှုအရ ပြစ်မှုဆိုင်ရာ တာဝန်ယူရမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲ့အမျိုးသားကတော့ မုဒိမ်းမှုမြောက်ပါတယ်။ အကယ်၍ B ကို သာ အောင်အောင်မြင်မြင် ကျင့်ခဲ့ရင်တော့ A ကို မုဒိမ်းမှုမှာ ပူးပေါင်းပါဝင်သူအဖြစ် သတ်မှတ်ရမှာပါ" ဟု ရှင်းပြလိုက်သည်။

ပရိသတ်များမှာ "အော်... အဲ့လိုလား သဘောပေါက်ပြီ" ဟု မှတ်ချက်များ တရစပ် ရေးကြသည်။

ထိုစဉ် [နှင်းနို့ရည်]က ယွမ် ၁၆,၀၀၀ တန် ကွန်ဖန်ဝမ်လီလက်ဆောင်တစ်ခုကို ချက်ချင်း ပို့လိုက်ပြန်သည်။

ဂူချန်က ဆက်၍ "နောက်ထပ် အမှုတစ်ခု ပြောပြမယ်။ ၈၀ ခုနှစ်တုန်းက ဖြစ်ခဲ့တာပါ။ လှပတဲ့ အမျိုးသမီးတစ်ယောက် စက်ဘီးစီးရင်း အနှောင့်အယှက်ပေးမယ့်သူနဲ့ ဆုံတယ်။ သူက စိတ်ငြိမ်သွားအောင် နေရာပြောင်းမယ်လို့ လိမ်ပြောပြီး အဲ့လူကို အိမ်သာတွင်းထဲ တွန်းချလိုက်တယ်။ အဲ့လူက ပြန်တက်လာဖို့ ကြိုးစားတဲ့အခါမှာလည်း အဲ့ဒီအမျိုးသမီးက ပြန်ကန်ချလိုက်တယ်။ အဲ့ဒီအမျိုးသမီးက ပြစ်မှုကျူးလွန်ရာ ရောက်ပါသလား" ဟု မေးခွန်းထုတ်လိုက်သည်။

ဤတစ်ခါတွင်တော့ ပရိသတ်များမှာ မည်သို့ဖြေရမှန်း မသိတော့ဘဲ ဂူချန်၏ အဖြေကို စောင့်မျှော်နေကြသည်။

ပရိသတ်များမှာ ဂူချန်တင်ပြလိုက်သော အမှုသစ်ကြောင့် အံ့အားသင့်သွားကြသည်။

[အမ်... မသိဘူး ရာဇဝတ်မှု မမြောက်ဘူးလို့ ထင်တာပဲ]

[ရာဇဝတ်မှု မြောက်မယ်ထင်တယ် မသေချာဘူး]

[ရှေ့နေဂူ မြန်မြန်ရှင်းပြပေးပါတော့ ဘယ်လိုစီရင်ချက်ချမလဲ]

[ပထမတစ်ခါ ကန်ချတာကတော့ ခုခံကာကွယ်မှုပေါ့။ ဒါပေမဲ့ ဒုတိယအကြိမ် ပြန်ကန်ချတာကတော့ အလွန်အကျွံ ခုခံမှု မဖြစ်သွားဘူးလား။ သူ့ကို အသက်ရှူမဝအောင် လုပ်သလို ဖြစ်နေပြီလေ]

ဂူချန်က "ဒီအမှုက ရှင်းပြစရာတောင် လိုလို့လား ကျွန်တော်သာဆိုရင် အဲ့ဒီလူကို အုတ်ခဲနဲ့ပါ ထုလိုက်ဦးမှာ။ ဒါက တရားဝင် ခုခံကာကွယ်မှုပဲ၊ အလွန်အကျွံ ခုခံမှုမဟုတ်ဘူး။ အကယ်၍သာ အဲ့ဒီလူက ပြန်တက်လာရင် အဲ့ဒီမိန်းကလေးအတွက် အန္တရာယ်ကြီးပါတယ်။ နောက်ပြီး အိမ်သာတွင်းထဲမှာ CCTV မှ မရှိတာ။ သူက သူ့ဘာသာ ပြုတ်ကျတာလို့ပဲ ပြောလိုက်ပေါ့။ အုတ်ခဲနဲ့ ထုရင်လည်း သူကိုယ်တိုင်ပဲ ထိတာပဲလေ" ဟု ပြောလိုက်ရာ ပရိသတ်များမှာ ကြောင်သွားကြသည်။

[ဟင် ဟုတ်သားပဲ]

[ဗဟုသုတ တိုးသွားပြီ ဟားဟား... အုတ်ခဲက သူကိုယ်တိုင် ထိတာတဲ့လား]

[ဂူချန်ကတော့ တကယ့်ကို ဥပဒေမဲ့မိုက်ရူးရဲပဲ။ ပြစ်မှုကျူးလွန်သူတွေကိုတော့ လုံးဝ သနားမနေဘူး]

ဂူချန်က နောက်ထပ် အမှုတစ်ခုကို ဆက်ပြောသည်။

"ကျန်းစန်းဆိုတဲ့သူတစ်ယောက်ရှိတယ်။ သူက အမျိုးသမီးတွေဆီ အမြဲသွားလေ့ရှိတယ်။

ဒါပေမဲ့ သူက အမျိုးသမီး ၂၀ ဆီသွားပြီး တစ်ပြားမှ မပေးခဲ့ဘူး။ သူက အလကား အမြတ်ထုတ်နေတာ။ ဒီလိုလုပ်တာက လိမ်လည်မှုမြောက်ပါသလား"

[နှင်းနို့ရည်] "ဒါက လိမ်လည်မှု မြောက်မှာပေါ့။ သဘောတူညီချက်အတိုင်း မပေးတာပဲ။ ပြီးတော့ သူ အခကြေးငွေနဲ့ လိင်ဆက်ဆံခြင်းလုပ်တာကိုလည်း အရေးယူသင့်တယ်လေ"

ပရိသတ်များကလည်း အပြင်းအထန် ဆွေးနွေးကြသည်။

ဂူချန်က လက်ဖက်ရည်တစ်ခွက် သောက်လိုက်ပြီး "မမြောက်ပါဘူး။ ဥပဒေက တရားမဝင် ရရှိလာတဲ့ အကျိုးအမြတ်ကို မကာကွယ်ပေးပါဘူး။ ဒီလိုလုပ်ရပ်မျိုးမှာ ပါဝင်တဲ့သူတွေရဲ့ အကျိုးစီးပွားကို ဥပဒေက အကာအကွယ် မပေးတဲ့အတွက် ကျန်းစန်းကို လိမ်လည်မှုနဲ့ တရားစွဲလို့ မရပါဘူး။ ပြီးတော့ ငွေကြေးပေးချေမှု မရှိတဲ့အတွက် အခကြေးငွေနဲ့ လိင်ဆက်ဆံခြင်းလို့လည်း သတ်မှတ်လို့ မရပါဘူး" ဟု ရှင်းပြလိုက်သည်။

ပရိသတ်များမှာ ဤအဖြေကြောင့် တအံ့တဩ ဖြစ်သွားကြပြီး [နှင်းနို့ရည်]က ချက်ချင်းပင် အနီရောင်နှင်းဆီပန်း ၁၀ ခု ယွမ် ၃၀,၀၀၀ တန်ဖိုးကို လက်ဆောင်အဖြစ် ပေးလိုက်ပြန်သည်။

[ဟားဟားဟား... ဥပဒေမဲ့မိုက်ရူးရဲရဲ့ ဗဟုသုတတွေကတော့ တကယ့်ကို အံ့ဩစရာပဲ]

[ဒီတစ်ခါတော့ တကယ်ကို သင်ခန်းစာရသွားပြီ ရှေ့နေဂူ အရမ်းတော်တာပဲ]

[ကျန်းစန်း ဆိုတဲ့သူကလည်း တကယ့်ကို ဥပဒေမဲ့မိုက်ရူးရဲပါပဲ]

[ရှေ့နေဂူ ပရိသတ်တွေနဲ့ တိုက်ရိုက်ဆွေးနွေးချိန် မရောက်သေးဘူးလား။ ဘယ်လိုထူးဆန်းတဲ့ မေးခွန်းတွေ ထွက်လာမလဲ ကြည့်ချင်လှပြီ]

All Chapters