အခန်း ၅၂
Vol. 5 Ch. 52
အခန်း။ ၅၂
ကျန်းရှန်းဝေက ဒေါသတကြီးဖြင့်ပင် "အဓိကကတော့ အဲ့ဒီမိန်းကလေးက အစကတည်းက မာနကြီးပြီး တောင်းပန်ဖို့ လုံးဝမရည်ရွယ်တာပါ။ ကျွန်တော့်ကို အရှက်ခွဲပြီး ပိုက်ဆံ ၁၀၀ ပစ်ပေါက်သွားတာကို ကျွန်တော် ဘယ်လိုမှ လက်မခံနိုင်ဘူး။ ဒါပေမဲ့ ရဲတွေကလည်း လူပျိုကြီးတွေက ပိုသီးခံရမယ်ဆိုပြီး အတင်းဖြေရှင်းခိုင်းနေတယ်" ဟု ညည်းတွားသည်။
ဂူချန်က "အခုတော့ ခင်ဗျား အရင်က တစ်ဖက်လူနဲ့ ရဲတွေ ဘယ်လိုဖြေရှင်းခဲ့သလဲ။ အဲ့ဒီအတိုင်းပဲ ပြန်လုပ်လိုက်ပါ။ ခင်ဗျားမှာ ပိုက်ဆံ ၁၀၀ မရှိတာ မဟုတ်ပါဘူး။ ဒါပေမဲ့ တခြားသူတွေရဲ့ ခေါင်းပေါ်ကို ထမင်းပန်းကန် လောင်းချတာမျိုးတော့ မလုပ်ပါနဲ့။ လုပ်ရင် ၁၀၀ လျော်ပေးရလိမ့်မယ်" ဟု ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
ဂူချန်၏ စကားကို ကြားလိုက်ရသည့်အခါ ကျန်းရှန်းဝေတစ်ယောက် ချက်ချင်းပင် ဉာဏ်အလင်းပွင့်သွားသည်။
ပရိသတ်များမှာလည်း အံ့အားသင့်သွားပြီး ခဏအကြာတွင် ကျန်းရှန်းဝေက "သဘောပေါက်ပါပြီ ကျေးဇူးတင်ပါတယ် ရှေ့နေဂူ" ဟု ပြောကာ Live မှ ထွက်သွားသည်။
ညနေပိုင်းတွင် ကျန်းရှန်းဝေက ဂူချန်၏ Live ထဲသို့ ပြန်ဝင်လာပြီး "ရှေ့နေဂူ ဒီကိစ္စရဲ့ နောက်ဆက်တွဲအကြောင်း ပြောပြချင်လို့ပါ" ဟု ပြောလာသည်။
"ကျွန်တော်လည်း နေ့လည်စာ စားရင်းနဲ့ အဲ့ဒီမိန်းကလေးကို တွေ့လို့ သူ့ခေါင်းပေါ်ကို ထမင်းပန်းကန် လောင်းချလိုက်တယ်။ သူ အရမ်းဒေါသထွက်သွားတယ်"
ပရိသတ်များမှာ "ဟားဟား... တကယ့်ကို ဥပဒေမဲ့မိုက်ရူးရဲပရိသတ်ပဲ" ဟု ရယ်မောကြသည်။
"ပြီးတော့ ရဲတိုင်လိုက်တယ်။ ရဲတွေရောက်လာတဲ့အခါ ကျွန်တော်က မနက်က သူတို့ ဖြေရှင်းပေးခဲ့တဲ့အတိုင်းပဲ ငွေ ၁၀၀ လျော်မယ်။ တောင်းပန်မယ်လို့ ပြောတယ်။ ရဲတွေက မနက်က ဘယ်လိုဖြေရှင်းပေးခဲ့လဲဆိုတာ ကျွန်တော် အကုန် မှတ်တမ်းတင်ထားတယ်လေ။ အဲ့ဒီအတိုင်းပဲ ပြန်လုပ်မယ်လို့ ပြောတော့ အဲ့ဒီမိန်းကလေးက လက်မခံဘူး။ ယွမ် ၅၀,၀၀၀ လျော်မှ ရမယ်။ မဟုတ်ရင် တရားစွဲမယ် အွန်လိုင်းမှာ အရှက်ခွဲမယ်လို့ ခြိမ်းခြောက်တယ်" ဟု ဆက်ပြောသည်။
ကျန်းရှန်းဝေက ဆက်၍ "ကျွန်တော်က မပေးဘူးလို့ ငြင်းလိုက်တော့ သူက တကယ်ပဲ တရားစွဲမယ်လို့ ခြိမ်းခြောက်တယ်။ နောက်ဆုံးတော့ ကျွန်တော်က သူတောင်းတဲ့အတိုင်း ယွမ် ၅၀,၀၀၀ လွှဲပေးလိုက်ရတယ်" ဟု ပြောလိုက်သည်။
ပရိသတ်များမှာ "ဘာလို့ ပေးလိုက်တာလဲ မင်းနိုင်ဖို့ အခွင့်အရေးရှိသားပဲ" ဟု ဝေဖန်ကြသည်။ ဂူချန်ကတော့ ဘာမှမပြောဘဲ အေးဆေးပင် နားထောင်နေသည်။
ကျန်းရှန်းဝေက "ကျွန်တော် ၅၀,၀၀၀ လွှဲလိုက်တာက အကြောင်းရှိတယ်။ အဲ့ဒီ ၅၀,၀၀၀ လွှဲလိုက်တဲ့ အကြောင်းရင်းက ကျွန်တော့်ရဲ့ အထူးလက်ဆောင်ပါ" ဟု ပြောလိုက်ရာ ဂူချန်၏ မျက်လုံးများ အရောင်လက်သွားသည်။
ပရိသတ်များမှာ ကျန်းရှန်းဝေ၏ စကားကြောင့် တစ်ခဏတာ အံ့ဩသွားပြီးမှ တဟားဟားနှင့် ရယ်မောကြတော့သည်။
[ဘာဗျ ၅၀,၀၀၀ လွှဲပေးလိုက်တာလား]
[ဟင်... ခေါင်းရှုပ်သွားပြီ။ ဘာတွေဖြစ်ကုန်တာလဲ]
[ဟေ့ကောင်... မင်း တကယ်ပဲ ကြောက်ပြီး ပေးလိုက်တာလား ဒါမှမဟုတ် တခြားအစီအစဉ် ရှိနေတာလား]
ကျန်းရှန်းဝေက အဓိပ္ပာယ်ပါသော အပြုံးဖြင့် "ကျွန်တော်က အဲ့ဒီမိန်းကလေးနဲ့ ပြောဆိုသမျှ အကုန် မှတ်တမ်းတင်ထားတယ်။ Alipay က လွှဲငွေမှတ်တမ်းတွေလည်း ရှိတယ်။ ပြီးတော့ ရဲစခန်းကို ဖုန်းဆက်ပြီး ကျွန်တော့်ကို ငွေညှစ်နေကြောင်း ကျွန်တော် တကယ်ပဲ ကြောက်လန့်နေကြောင်း အထောက်အထားနဲ့တကွ တိုင်ကြားလိုက်တယ်။ အခုတော့ အဲ့ဒီမိန်းကလေးကို ရဲတွေက ခေါ်သွားပြီး စစ်ဆေးနေပါပြီ။ ကျွန်တော့်ရဲ့ ၅၀,၀၀၀ လည်း ပြန်ရခဲ့တယ်။ ငွေညှစ်မှုဆိုတာ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ စတာမဟုတ်လား" ဟု ရှင်းပြလိုက်သည်။
ပရိသတ်များမှာ "ဟားဟား... အရမ်းမိုက်တယ် အရမ်းမိုက်တယ်" ဟု အော်ဟစ်ကြသည်။
"ငွေညှစ်မှုဆိုတာ အနည်းဆုံး ထောင်ဒဏ် ၃ နှစ်ကနေ စတာ။ အဲ့ဒီ မိန်းကလေးတော့ သွားပြီ"
ပရိတ်သတ်များက မှတ်ချက်များ တရစပ် ရေးသားကြသည်။
ကျန်းရှန်းဝေသည် ဂူချန်၏ Live ကို အမြဲကြည့်ရှုရင်း ဥပဒေအကြောင်းကို သင်ယူခဲ့သူဖြစ်သည်။ သူသည် အစကတည်းက အဆိုပါမိန်းကလေးကို ငွေညှစ်မှုကျူးလွန်အောင် တမင်သွေးဆောင်ခဲ့ခြင်းပင်။
ယခုအခါတွင် မိန်းကလေးမှာ ငွေညှစ်မှုဖြင့် စစ်ဆေးခံနေရပြီး ကျန်းရှန်းဝေအတွက်မှာတော့ တကယ့်ကို ကျေနပ်စရာ အောင်မြင်မှုတစ်ခု ဖြစ်လာသည်။
ကျန်းရှန်းဝေသည် ကျေးဇူးတင်သောအားဖြင့် ဂူချန်ကို ယွမ် ၃,၀၀၀ တန်ဖိုးရှိ အနီရောင်နှင်းဆီပန်း လက်ဆောင်တစ်ခု ပို့လိုက်သည်။
ဒီနေ့တစ်ရက်တည်းမှာပင် ဂူချန်၏ Live မှရရှိသော လက်ဆောင်တန်ဖိုးမှာ ယွမ် ၂၀၀,၀၀၀ ကျော်သွားပြီဖြစ်သည်။
အခွန်နှင့် ပလက်ဖောင်းခ နုတ်ပြီးနောက်တွင်လည်း ဂူချန်အတွက် များပြားလှသော ဝင်ငွေဖြစ်သည်။
ဂူချန်က "ဒီနေ့တော့ နောက်ဆုံးတစ်ယောက်ကိုပဲ ချိတ်ဆက်ပေးပါမယ်။ ပြီးရင်တော့ အိပ်တော့မယ်။ ဒီနေ့တော့ ထူးထူးခြားခြား အမှုတွေ ထပ်မတွေ့ရတော့ဘူးပဲ" ဟု ပြောလိုက်သည်။