← Chapters

အခန်း ၁၉၂၂

Vol. 129 Ch. 1922

အခန်း ၁၉၂၂

Vol. 129 Ch. 1922

အခန်း(၁၉၂၂) အလယ်အလတ်အဆင့် ဝိဉာဥ်ကျောက်တုံးသန်းတစ်ရာ တန်ဖိုးရှိသော ရတနာများ

ဤသူ မည်သူမည်ဝါဖြစ်ကြောင်းမှာ ထင်ရှားလှသည်။ သူသည် လီချန်းယွမ်ကိုပင် စိန်ခေါ်နိုင်စွမ်းရှိသူ၊ ပင်လယ်လူသားမျိုးနွယ်စု၏ မျိုးဆက်သစ်လူငယ်များအနက်မှ နံပါတ်တစ် လက်‌ရွေးစင်ဖြစ်သော ပင်လယ်မင်းသားပင်ဖြစ်၏။

၎င်းတို့နှစ်ဦးလုံးထံမှ သာမန် ဖန်ဆင်းရှင်အဆင့် ကျင့်ကြံသူများထက်ပင် များစွာ သာလွန်သော၊ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါများ ဖြာထွက်နေသည်။ ချူးယွင်ဖန်းက ဂူထဲသို့ ဝင်လိုက်သည်နှင့် လီမျိုးနွယ်စုနှင့် ပင်လယ်လူသားမျိုးနွယ်များကြား ပြင်ပလောကမှ စတင်ခဲ့သည့် ပဋိပက္ခသည် အတွင်းပိုင်းအထိ ကူးစက်လာကာ ၎င်းတို့နှစ်ဦးရင်ဆိုင်နေကြရသည်ကို မြင်ရလိမ့်မည်ဟု သူမမျှော်လင့်ထားခဲ့ပေ။

ချူးယွင်ဖန်းက ဂူအတွင်းကို ကြည့်ရန် အချိန်အနည်းငယ်ရလိုက်သည်။

ဂူအတွင်းသို့ အလင်းတစ်စက်မျှ မဝင်သော်လည်း နေ့ခင်းဘက်ကဲ့သို့ လင်းထိန်နေသည်။ လေထုထဲ၌ မီးခွက်ဆီမှထွက်ပေါ်လာသည့် ခပ်သင်းသင်း သင်းရနံ့တစ်ခု ပျံ့နှံ့နေသည်။ ချူးယွင်ဖန်းက ထိုသင်းပျံ့သော ဆီရနံ့ကို ချက်ချင်း မှတ်မိလိုက်၏။

“ချိုပါတဲ့ ဝေလငါးအဆီပဲ”

၎င်းမှာ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များထဲ၌ ပါရှိသည့် ချိုပါသော ဝေလငါးဆီနှင့်အတူတူပင်ဖြစ်ကြောင်း သူသဘောပေါက်လိုက်သည်။ ချိုပါသော ဝေလငါးသည် ပင်လယ်နက်ထဲ၌ နေထိုင်သော ကြောက်မက်ဖွယ်သားရဲကြီးဖြစ်သည်။

၎င်းတို့သာအ ရွယ်ရောက်လာပါက အနည်းဆုံး ဖန်ဆင်းရှင်အဆင့်ထက် မြင့်သည့် တည်ရှိမှုများဖြစ်လာကြမည်။

ရှေး‌ဟောင်းကာလများ၌ ထိုချိုပါသော ဝေလငါးများသည် အလွန်ပင် ကြောက်မက်ဖွယ်ကောင်းခဲ့သည်။ သို့သော် ထိုကြောက်မက်ဖွယ်သားရဲများသည် လူများ၏ အမဲလိုက်ခြင်းကို ခံရကာ မျိုးသုဥ်းလုနီးပါးဖြစ်ခဲ့ကြသည်။ အကြောင်းကား ထိုဝေလငါးများထံမှ “ချိုပါသော ဝေလငါးဆီ”ဟုခေါ်သည့် ဆီတစ်မျိုးကို ထုတ်ယူနိုင်သောကြောင့်ဖြစ်သည်။ အကယ်၍ ဤဆီကို မီးခွက်ဆီအဖြစ် အသုံးပြုပါက လူကို တရားမှတ်ခြင်း အဆင့်သို့ ထဲထဲဝင်ဝင် ရောက်ရှိစေနိုင်သည်။ ကျင့်ကြံနေစဥ်အတွင်း ဤဝေလငါးဆီကို အသုံးပြုပါက အသိဉာဏ်ပွင့်လင်းမှုက နှစ်ဆထက်မက ပို၍ မြန်ဆန်လာမည်ဖြစ်ကာ အချိ့သူများကမူ ဤဝေလငါးဆီ၌ “မဟာတာအို” ၏ အပိုင်းအစများ ပါဝင်နေသောကြောင့် ထိုကဲ့သို့ အာနိသင်ရှိခြင်းဟု ဆိုကြသည်။

ကျင့်ကြံသူများအတွက် ကျင့်ကြံခြင်းကိုယ်တိုင်းကပင် အလွန်ခက်ခဲလှသည်ဖြစ်ရာ အချိန်ကလည်း အလွန်နည်းပါးလှသည်။ ထို့ကြောင့် မိမိ၏ နားလည်မှုကို နှစ်ဆထက်မက မြှင့်တင်ပေးနိုင်သည့် ကောင်းကင်ဘုံရတနာမျိုးမှာ ဘယ်သောအခါကမျှ များလွန်းသည်ဟုမရှိပေ။

ဤကဲ့သို့ အဖိုးတန်ရတနာမျိုးက ရှေးခေတ်ကတည်းကပင် ရှားပါးခဲ့၏။ ဤထူးခြားချက်ကြောင့် ဝေလငါးအားလုံး အမဲလိုက်သတ်ဖြတ်ခြင်းခံခဲ့ရသည်ဟုဆိုနိုင်သည်။ ထိုဝေလငါးများသည် ပင်လယ်နက်ထဲ၌ နေထိုင်၍ ရေတိမ်ပိုင်းသို့တက်လာခဲ့သော်လည်း အန္တရာယ်ကို မမူဘဲ ပင်လယ်နက်ထဲထိ ဆင်း၍ အမဲလိုက်သူများရှိနေဆဲဖြစ်၏။

မှန်သည်။ ထိုသို့လုပ်ဆောင်ဝံ့သူများသည် ထိပ်တန်း ပညာရှင်များသာ ဖြစ်ကြသည်။ ဝေလငါးကိုယ်တိုင်ကပင် အလွန်ကြောက်မက်ဖွယ်ကောင်း၍ အများစုက ဖန်ဆင်းရှင်အဆင့်ကို ကျော်လွန်နေကြသောကြောင့် ဖြစ်သည်။ သို့သော်ငြားလည်း ထိုအလုပ်က အလွန်အန္တရာယ်များလှသည်။ နှစ်စဥ်နှစ်တိုင်း ထိပ်တန်း ကျွမ်းကျင်သူ အများအပြားက ဝေလငါးဆီရရှိရန်အတွက် ပင်လယ်နက်ထဲ၌ အသက်ဆုံးရှုံးခဲ့ကြရသည်။ ၎င်းတို့မှာ သာမန်လူများမဟုတ်ကြပေ။

ယနေ့ခေတ်တွင် ထိုဝေလငါးအရေအတွက်က အလွန်တရာရှားပါးသည့်အဆင့်သို့ ကျဆင်းသွားခဲ့ပြီဖြစ်သ်ည။ ဝေလငါးတစ်ကောင်ပေါ်လာသည်နှင့်ပင် ထိပ်တန်းကျွမ်းကျင်သူ အမြောက်အမြား၏ အာရုံစိုက်မှုကို ရရှိမည်ဖြစ်ကာ လက်ရှိ၌ လက်တစ်ဖဝါးခန့်သာ ရှိသော ဝေလငါးဆီတစ်အိုး၏ တန်ကြေးက အလယ်အလတ်အဆင့် ဝိဉာဥ်ကျောက်တုံးသန်းတစ်ရာကျော် တန်ဖိုးရှိနေ၍ ထိုမျှ မြင့်မားသော စျေးပေးလျှင်ပင် ဝယူရန် ပစ္စည်းမရှိသလောက် ရှားပါးသည်။

ချူးယွင်ဖန်း လှည့်ပတ်ကြည့်လိုက်သည့်အခါ ဂူပတ်ပတ်လည်၌ မန္တန်များဖြင့် ချိပ်ပိတ်ထားသော မြေအိုးများစွာကိုမြင်လိုက်ရ၍ ထိုအိုးများထဲ၌ ဝေလငါးဆီများရှိနေသည်။ သူရေတွက်ကြည့်လိုက်သောအခါ ဝေလငါးဆီအိုးတစ်ထောင်ကျော်ရှိ၍ ထိုအရာတစ်ခုတည်းဖြင့်ပင် အလယ်အလတ်အဆင့် ဝိဉာဥ်ကျောက်တုံး ဘီလီယံတစ်ရာကျော် တန်ဖိုးရှိသော ကြယ်ဝမှုဖြစ်ပေသည်။ လီမျိုးနွယ်စုနှင့် ပင်လယ်မျိုးနွယ်စုတို့ကဲ့သို့သော အင်အားကြီးအဖွဲ့အစည်းများအတွက်ပင် ထိုပမာဏက နက္ခတ္တ‌‌‌ဗေဒဆိုင်ရာ ကိန်းဂဏန်းတစ်ခုဖြစ်သည်။

“ဘယ်လောက်တောင်အားကောင်းတဲ့အမွေအနှစ်လဲ” ချူးယွင်ဖန်း၏ မျက်လုံးများတောက်ပသွားသည်။

လီမျိုးနွယ်စုနှင့်ပင်လယ်မျိုးနွယ်စုတို့က အထဲသို့ ဝင်ရန် အဘယ်ကြောင့် ဤမျှ အသည်းအသန်တိုက်ခိုက်နေကြသည်ကို အံ့သြစရာမရှိတော့ပေ။ ဤမြေအိုးများထဲမှ ဝေလငါးဆီများဖြင့်ပင် ၎င်းတို့ အကုန်အကျခံထားသမျှပမာဏကို ပြန်ရနိုင်ရုံသာမက အမြတ်အစွန်းကြီးကြီးလည်း ပြန်ရနိုင်သည်။

ဤဂူပိုင်ရှင်က မည်သူမှန်းမသိသော်လည်း ထိုသူမှာ ထိပ်တန်းပညာရှင်တစ်ဦးဖြစ်ခဲ့လိမ့်မည်။ သို့မဟုတ်ပါက ပညာရှင်အမြောက်အမြား၏ တိုက်ပွဲကို ခံနိုင်ရည်ရှိသည့် လျို့ဝှက်နယ်မြေတစ်ခုကို တည်ဆောက်နိုင်မည်မဟုတ်ပေ။ ဤလျို့ဝှက်နယ်မြေမှာ သဘာဝအတိုင်းဖြစ်ပေါ်လာခြင်းဟုတ်ဘဲ ဖန်ဆင်းရှင်အဆင့်ကို ကျော်လွန်သော ပညာရှင်တစ်ဦးမှ ဖန်တီးထားခြင်းဖြစ်သည်။ သို့သော် ဤနယ်မြေမှာ ဟင်းလင်းပြင် ဌာနခွဲတစ်ခုဖြစ်သော်လည်း အားနည်းချက်ရှိနေသည်။

သဘာဝအတိုင်း ဖြစ်‌ပေါ်လာခြင်းမဟုတ်သောကြောင့် ဟင်းလင်းပြင်တစ်ခုလုံးမှာ အားနည်းသည်။ အကယ်၍ သာမန်ပညာရှင်တစ်ဦးဖန်ဆီးထားခြင်းသာဖြစ်လျှင် ထိုမျှ များပြားသော ပညာရှင်များ၏ တိုက်ခိုက်မှုအောက်၌ ပညာရှင်များ၏ တိုက်ခိုက်မှုအောက်တွင် ပြိုကျပျက်ဆီးသွားမည်မှာ ကြာပြီဖြ်စသည်။

အလွန်တန်ဖိုးရှိသော ဝေလငါးဆီများအဖြစ် ဂူ၏ အနက်ရှိုင်းဆုံးနေရာ၌ လွင့်မျောနေသော ရှေးဟောင်းစာအုပ်တစ်အုပ်ကိုလည်း တွေ့လိုက်ရသည်။ ထိုစာအုပ်မှာ ကြောက်မက်ဖွယ် ဓားအသိစိတ်များဖြင့် ပြည့်နေသည်။

ဤသည်ကား ဓားလမ်းစဥ်ဆိုင်ရာ ရှေး‌ဟောင်းစာအုပ်တစ်အုပ်ဖြစ်သည်။ ဤစာအုပ်ကို ရေးသားထားသူသည် သူ၏ ဓားအသိစိတ်ကို စာအုပ်ထဲ၌ ထည့်သွင်းခဲ့သည်။ ယခုအချန်ထိပင် ချူးယွင်ဖန်းက ခြိမ်းခြောက်နေသော ဓား၏ ထက်မြက်မှုကို ခံစားမိနေဆဲဖြစ်သည်။ ဤစာအုပ်မှာ အဖိုးမဖြတ်နိုင်သော ရတနာဖြစ်ကြောင်း ခန့်မှန်းနိုင်သည်။ အကယ်၍ ၎င်းသာ လူသိရှင်ကြား ပေါ်ထွက်လာပါက တိုက်ပွဲများစွာ ဖြစ်ပေါ်လာလိမ့်မည်။

သို့သော် ချူးယွင်ဖန်းအတွက်မူ ၎င်းမှာ တန်ဖိုးအနည်းငယ်သာရှိသည်။ အကြောင်းကား သူ့၌ ဆေးဧကရာဇ်၏ မှတ်ဉာဏ်ရှိနေသောကြောင့်ပင်ဖြစ်၏။ ထိုမှတ်ဉာဏ်များထဲ၌ ဧကရာဇ်တိုက်ပွဲစာအုပ်ပါဝင်ကာ ၎င်း၌ မှတ်တမ်းတင်ထားသော သိုင်းပညာနှင့် နတ်စွမ်းအင်များကာ ကမ္ဘာပေါ်၌ အကောင်းဆုံးများဖြစ်ကြသည်။

ဤရှေးဟောင်းစာအုပ်မှာ ရခဲလှသော်လည်း ၎င်းထဲပါရှိသည့် ပညာရပ်များသည် ဧကရာဇ်စာအုပ်နှင့် မနှိုင်းယှဥ်သာပေ။ နောက်ဆုံး၌မူ ဧကရာဇ်မှတ်တမ်းမှာ ထိပ်တန်း ဧကရာဇ်တစ်ဦး၏ တစ်သက်တာ အတွေ့အကြုံများဖြင့် ရေးသားထားခြင်းဖြစ်သည်။

ချူးယွင်ဖန်းက ဂူတွင်းသို့ရောက်လာပြီးနောက် “ တောင်မြစ်ပန်းချီကား” ထဲ၌ ပုန်းနေခဲ့၍ လီချန်းယွမ်နှင့်ပင်လယ်မင်းသားတို့နှစ်ဦးလုံး သူ့ကို သတိမပြုမိကြပေ။ ၎င်းတို့နှစ်ဦးလုံးက ဟင်းလင်းပြင်၏ လှုပ်ခတ်မှုကို ခံစားမိ၍ စိတ်အာရုံဖြင့် စစ်ဆေးခဲ့ကြသော်လည်း မည်သူ့ကိုမျှ မရှာတွေ့ခဲ့ကြပေ။

၎င်းတို့နှစ်ဦးလုံးသည် ချက်ချင်းပင် စိတ်အာရုံကို ပြန်လည် ရုတ်သိမ်းလိုက်ကြသည်။ ၎င်းတို့၏ မျက်လုံးအောက်၌ မည်သူမျှ ပုန်းကွယ်မနေနိုင်ဟု ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်ရှိနေကြသည်။

“ပင်လယ်မင်းသား… မင်း ငါ့ကိစ္စကို ဖျက်ဆီးရဲတယ်ပေါ့။ မင်းတကယ်ပဲ အဆိုးအကောင်းကိုမသိတာပဲ” လီချန်းယွမ်က ပင်လယ်မင်းသားကို သတ်ဖြတ်လိုသောအကြည့်ဖြင့် စိုက်ကြည့်လျက် အေးစက်စွာပြောလိုက်သည်။

သူသည် ဤအမွေအနှစ်အတွက် အချိန်အတော်ကြာ စီစဥ်ခဲ့သော်လည်း ယခုအခါ ပင်လယ်မင်းသားကြောင့် ပျက်ဆီးသွားရပြီဖြစ်သည်။ ပင်လယ်မင်းသား၏ အတွေးကို သူနားလည်သည်။ လီချန်းယွမ်သာ ဤအမွေအနှစ်ကို မရပါက ပင်လယ်မင်းသားက ရယူလိုက်မည်ဖြစ်ကာ ထိုသို့ဖြစ်လာလျှင် သူ၏ ရာထူးနေရာကိုလည်း ပင်လယ်မင်းသားက ကျော်တက်သွားနိုင်၏။

ဆန့်ကျင်ဘက်အနေဖြင့် ပင်လယ်မင်းသား၏ မျက်လုံးထဲ၌မူ အံ့ဖွယ်ကောင်းသော တိုက်ခိုက်လိုစိတ်များ တောက်ပေနသည်။ သူနှင့် လီချန်းယွမ်တို့ နှဏ်ဦးလုံးက ပါရမီရှင်စာရင်း၏ ထိပ်တန်းဆယ်ဦးတွင် ပါဝင်သော်လည်း တစ်ခါမျှ အလေးအနက်တိုက်ခိုက်ဖူးခြင်း မရှိကြ သေးပေ။ တိုက်ခိုက်ဖူးခြင်းမရှိသည့် အတွက် သူ၏ အဆင့်မှာ လီချန်းယွမ်ထက် နိမ့်နေကာ လီချန်းယွမ်၏ ဖိနှိပ်မှုကိုပင် ခံနေကြသည်။

သူက ထိုအချက်ကို အလွန်မကျေမနပ်ဖြစ်နေ၏။ ဤတိုက်ပွဲတွင် သူ ပိုင်ဆိုင်သင့်သော ထိပ်ဆုံးနေရာကို ပြန်ရယူရန် ဆန္ဒရှိနေ၏။

--

All Chapters