← Chapters

အခန်း ၁၉၂၄

Vol. 129 Ch. 1924

အခန်း ၁၉၂၄

Vol. 129 Ch. 1924

အခန်း(၁၉၂၄) ပထမဆုံးတိုက်ခိုက်မှု

“ဒါ ရုပ်သေးပဲ” စာအုပ်ကို လုယူသွားသည့် လီချန်းယွမ်မှာ ရုပ်သေးတစ်ရုပ်ဖြစ်သည်ကို ချူးယွင်ဖန်း ချက်ချင်းသတိပြုလိုက်မိသည်။ ၎င်းကား လီချန်းယွမ်၏ နေရာလွတ်လက်စွပ်ထဲ၌ ပုန်းနေသဖြင့် ပင်လယ်မင်းသား၏ အာရုံခံစားမှုကို လှည့်စားနိုင်ခဲ့ခြင်းဖြစ်သည်။

လီချန်းယွမ်က အောင်မြင်ပြီးနောက် စိတ်သက်သာရာရစွာဖြင့် ရယ်မောလိုက်သည်။

“ဟားဟားဟား မင်းဘာ ပဲလုပ်လုပ် ပင်လယ်အရှင်သခင်ရဲ့ အမွေအနှစ်က ငါ့လက်ထဲရောက်သွားပြီ”

"ပင်လယ်အရှင်သခင်ဟာ တစ်ချိန်က အရှေ့ပင်လယ်ရဲ့ အုပ်စိုးရှင်ဖြစ်ခဲ့ပြီး ထိပ်တန်းပညာရှင်အဖြစ် လူသိများခဲ့သူပဲ။ အဲ့ဒီတုန်းက တစ်ကမ္ဘာလုံးမှာ သူ့ကို ယှဉ်နိုင်သူ မရှိခဲ့ဘူး။ သူသေဆုံးပြီးနောက် သူ့ရဲ့ အမွေအနှစ်တွေဟာ အရှေ့ပင်လယ်ထဲမှာ ပုန်းကွယ်နေခဲ့တာ။ ဒါပေမဲ့ မင်းတို့တွေဟာ နှစ်ပေါင်းများစွာ ရှာဖွေခဲ့ကြပေမဲ့ ဘယ်တုန်းကမှ ရှာမတွေ့ခဲ့ဘူး။ ဒါဟာ ငါ့လက်ထဲကို ရောက်လာဖို့ ကံပါလာလို့ပဲ။"

လီချန်းယွမ်က ပြောလေလေ၊ ပို၍ ဂုဏ်ယူဝင့်ကြွားလာလေ ဖြစ်သည်။ အခြားသူများက လီမျိုးနွယ်စုသည် ပင်လယ်ထဲတွင် အမွေအနှစ်တစ်ခု ရှာဖွေနေသည်ဟုသာ သိကြသော်လည်း၊ ၎င်းမှာ "ပင်လယ်အရှင်သခင်" ၏ အမွေအနှစ်ဖြစ်ကြောင်း မသိကြပေ။ အကယ်၍သာ ကြိုတင်သိရှိခဲ့ပါက ဤနေရာသို့ ပင်လယ်မင်းသားတစ်ယောက်တည်း လာရောက်ယှဉ်ပြိုင်မည် မဟုတ်ပေ။ ဖန်ဆင်းရှင်အဆင့်ကို ကျော်လွန်သော ပညာရှင်များအပါအဝင် ပိုမိုကြောက်မက်ဖွယ်ကောင်းသော သခင်များပင် ထွက်ပေါ်လာကြလိမ့်မည်။

အရှေ့ပင်လယ်တွင် ထိုအဆင့်ရှိ ပညာရှင်များ မရှိခြင်းကြောင့်မဟုတ်ဘဲ၊ သူတို့၏အမြင်တွင် လီချန်းယွမ်၏ လုပ်ရပ်မှာ ကလေးကစားစရာကဲ့သို့သာ ဖြစ်နေသဖြင့် လာရောက်မယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

၎င်းမှာ သူတို့ ဘာမှမသိရှိခြင်းအပေါ် အခြေခံထားခြင်း ဖြစ်၍ အကယ်၍သာ သိရှိသွားပါက ၎င်းတို့ မည်မျှပင် သဘောထားကြီးသည်ဖြစ်စေ၊ လီချန်းယွမ်က ပင်လယ်အရှင်သခင်၏ အမွေအနှစ်အား ရယူရန် အခွင့်အရေး အနည်းငယ်မျှ ပေးမည်မဟုတ်ပေ။

ချူးယွင်ဖန်းက ချူးယွင်ဖန်းနှင့် ကွဲပြားသည်။ ချူးယွင်ဖန်းသည် ပထမဆုံးအနေဖြင့် တန်ဖိုးကြီးလှသည့် ဝေလငါးဆီအိုးတစ်ထောင်ကျော်ကို တန်ဖိုးထားသည်။ လီချန်းယွမ်က မိသားစုနောက်ခံအရ ကမ္ဘာ့ထိပ်တန်းပညာရှင် မဖြစ်လာမချင်း ကျင့်ကြံရေးအရင်းအမြစ်များမှာ လုံလုံလောက်လောက်ရှိနေမည်ဖြစ်သည်။

သို့သော် ပင်လယ်အရှင်သခင်၏ အမွေအနှစ်မှာမူ တစ်မျိုးဖြစ်သည်။ ထိုစဥ်က ပင်လယ်အရှင်သခင်သည် ရတနာဓားတစ်လက်ဖြင့် အရှေ့ပင်လယ်တွင် ပြိုင်ဘက်ကင်းခဲ့သည်။ အရှေ့ပင်လယ်မှ တစ်ကိုယ်တော်ကျင့်ကြံသူများ၊ ပင်လယ်နက်မှ ကြမ်းကြုတ်သော သားရဲများ သို့မဟုတ် ရက်စက်သော ပင်လယ်မျိုးနွယ်စုများပင်လျှင် သူ့ရှေ့တွင် ဘာမှမဟုတ်ခဲ့ကြပေ။ သူသည် ထိုမျိုးဆက်တစ်ခုလုံး၏ အလင်းရောင်ကို သိမ်းပိုက်ထားသူဟု ဆိုနိုင်သည်။ တစ်ကမ္ဘာလုံးတွင် သူသည် လက်ချိုးရေတွက်၍ရသော ထိပ်တန်းပညာရှင်များထဲမှ တစ်ဦး ဖြစ်ခဲ့သည်။

သူ၏ အဓိက အမွေအနှစ်မှာ ထိုရှေးဟောင်းစာအုပ်ထဲတွင် ရှိနေခြင်းဖြစ်ရာ ၎င်းမှာ မည်မျှ အံ့ဩစရာကောင်းမည်နည်း။

ချူးယွင်ဖန်းအတွ်ကမူ သူ၌ အဓိကကျင့်စဉ် အမွေအနှစ်များမှာ လိုအပ်သည်ထက်ပင် ပိုနေသေးသည်။ သူ့တွင် ပင်လယ်အရှင်သခင်ထက် သာလွန်သော ဓားကျင့်စဉ်မျိုးစုံ ရှိပြီးသားဖြစ်သည်။ သို့သော် သူလိုအပ်နေသည်မှာ လုံလောက်သော ကျင့်ကြံရေး အရင်းအမြစ်များ ဖြစ်သည်။ ကြယ်ကြွေကောင်းကင် ဂိုဏ်းပင်လျှင် ချူးယွင်ဖန်း၏ ကျင့်ကြံမှုနှုန်းမှာ ဒုံးပျံကဲ့သို့ မြန်ဆန်နေ၍ ဂိုဏ်း၏ စီနီယာတပည့် ယန်တန့်ရှန်ကိုပင် ကျော်သွားလိမ့်မည်ဟု မမျှော်လင့်ထားကြပေ။

ချူးယွင်ဖန်း အမှန်တကယ် လိုအပ်နေသည်မှာ များပြားလှသော ကြွယ်ဝမှုနှင့် အရင်းအမြစ်များ ဖြစ်သည်။ အရင်းအမြစ်နှင့် ကြွယ်ဝမှုသာ လုံလောက်ပါက သူ၏ စွမ်းဆောင်ရည်ဖြင့် ၎င်းတို့ကို အံ့ဩစရာကောင်းသော အရှိန်ဖြင့် တိုက်ခိုက်ရေးစွမ်းရည်အဖြစ် ပြောင်းလဲနိုင်သည်။ ဤသည်မှာ နှစ်ဖက်စလုံး၏ ကွဲပြားသော ပတ်ဝန်းကျင်ကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ပင်လယ်မင်းသား၏ မျက်နှာမှာ အလွန်ကြည့်ရဆိုးနေသည်။ အခြားသူများက လီချန်းယွမ်၏ ရည်ရွယ်ချက်ကို မသိသော်လည်း၊ သူ၏ ပင်လယ်မျိုးနွယ်စု အခွဲမှာ လီမျိုးနွယ်စု၏ လုပ်ဆောင်ချက်များကို မတော်တဆ သိရှိခဲ့ခြင်း ဖြစ်သည်။

လီမျိုးနွယ်စုကဲ့သို့ပင် သူသည်လည်း ဤသတင်းကို ဖုံးကွယ်ထားရန် ဆုံးဖြတ်ခဲ့သည်။ အကြောင်းကား အခြားသူများသိရှိသွားပါက ပညာရှင်အနည်းငယ်မျှသာမက ဖန်ဆင်းရှင်အဆင့်ကို ကျော်လွန်သော ထိပ်တန်းပညာရှင်ကြီးများပါ ရောက်ရှိလာမည်ကို သူနားလည်သောကြောင့်ဖြစ်၏။

ထိုသို့ဖြစ်လာပါက သူသည် အရှေ့ပင်လယ်၏ မျိုးဆက်သစ်နံပါတ်တစ် ပညာရှင်အဖြစ်ကျော်ကြားသော်လည်း လူငယ်တစ်ဦးသာဖြစ်နေသေးသဖြင့် ထိုပညာရှင်ကြီးများကို မည်သို့ တားဆီးနိုင်မည်နည်း။

ဤသည်ကား နှစ်ဖက်စလုံးကြားရှိ တိတ်တဆိတ်နားလည်မှုတစ်ခုပင်ဖြစ်၏။

"အခု ပင်လယ်အရှင်သခင်ရဲ့ အမွေအနှစ်က ငါ့လက်ထဲမှာပဲ။ ပင်လယ်မင်းသား... မင်း အခု ထွက်သွားလို့ရပြီ။ ဝေလငါးဆီ တစ်ဝက်ကို ယူသွားဖို့ ငါ ခွင့်ပြုမယ်။"

လီချန်းယွမ်က ပင်လယ်မင်းသားကို အထက်စီးမှ ကြည့်လိုက်သည်။ သူသည် ကျေနပ်သွားပြီဖြစ်သဖြင့် ပင်လယ်မင်းသားနှင့် ဆက်လက် တိုက်ခိုက်မနေလိုတော့ပေ။ သူ၏ ခွန်အားဖြင့်ပင် ပင်လယ်မင်းသားကို အနိုင်ယူရန်မှာ မလွယ်ကူလှပေ။

ပင်လယ်မင်းသားက အံကြိတ်လျက်ပင် အနိုင်ရသူကဲ့သို့ ဖြစ်နေသော လီချန်းယွမ်ကို ကြည့်၍ ပြောလိုက်၏။

"မင်း အိပ်မက်တောင်မက်မနေနဲ့”

သူ၏စကား ဆုံးသည်နှင့်တစ်ပြိုင်နက် ပင်လယ်မင်းသား၏ ပုံရိပ်မှာ လျှပ်ခနဲ လှုပ်ရှားသွားပြီး အခြားထောင့်တစ်ခုတွင် ပေါ်လာသည်။ ထိုထောင့်တွင် မပြည့်စုံသေးသော ဓားသ‌န္ဓေသားတစ်ခုရှိနေသည်။ အတိအကျ ပြောရလျှင် ၎င်းမှာ ထက်ဝက်သာ ပြီးစီးသေးသော ဓားအကြမ်းထည်တစ်ခု ဖြစ်သည်။

၎င်းသည် အနက်ရောင် ပေတံတစ်ခုနှင့် ဆင်တူသည်။

ထက်ဝက်သာ ပြီးစီးသေးသော်လည်း ထိုဓားသန္ဓေသားမှာ အလွန်ပြင်းထန်သော ဓားအသိစိတ်များကို ထုတ်လွှတ်နေသည်။ ၎င်းမှာ ထုလုပ်နေစဉ်အတွင်း တစ်စုံတစ်ဦးက သူ၏ ဓားအသိကို စဉ်ဆက်မပြတ် ထည့်သွင်းထားခဲ့သကဲ့သို့ပင် ဖြစ်သည်။ ၎င်းမှာ ပင်လယ်အရှင်သခင် ချန်ထားရစ်ခဲ့သော ကြီးမြတ်သည့် အရာတစ်ခုဖြစ်ကြောင်း သံသယဖြစ်ဖွယ် မရှိပေ။

"မင်း သေချင်နေတာပဲ” လီချန်းယွမ်၏ မျက်လုံးများမှာ အလွန်အေးစက်သော အမူအရာဖြင့် တောက်ပလာသည်။ သူသည် ပင်လယ်မင်းသားကို အလစ်အငိုက်ဖမ်းခဲ့သော်လည်း၊ ယခုအခါ ပင်လယ်မင်းသားက သူ့ကို ထိုနည်းအတိုင်း ပြန်လုပ်နေ၏။

သူ ချက်ချင်းပင် အမျက်ဒေါသ ထွက်သွားသည်။

ရုတ်တရက် ပင်လယ်မင်းသားက ဓားသန္ဓေသားကို လှမ်းအယူတွင် ဟင်းလင်းပြင်ထဲမှ သံကျိုင်းတစ်ချောင်း ထွက်ပေါ်လာပြီး သူ၏ လက်မောင်းကို ရိုက်ချလိုက်သည်။

ဘုန်း

သတ္တုချင်း ထိခိုက်သံနှင့်အတူ ပင်လယ်မင်းသား၏ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာသည်။ သူ၏ လက်မောင်းတစ်ခုလုံးမှာ သွေးများဖြင့် ရွှဲနစ်ကာ ပျော့ခွေကျသွားသည်။ ဤတိုက်ခိုက်မှုမှာ သူ၏ လက်မောင်းတစ်ခုလုံးကို ပေါက်ကွဲစေလုနီးပါး ဖြစ်သွားစေ၏။ ပင်လယ်မင်းသား၏ လက်မောင်းမှာ ငါးကြေးခွံများဖြင့် ဖုံးအုပ်ထားသော်လည်း မည်သည့်အကာအကွယ်မျှ မပေးနိုင်ခဲ့ပေ။

"ဘယ်သူလဲ" ပင်လယ်မင်းသားသည် ဒဏ်ရာရသွားသော လက်မောင်းကို ဆုပ်ကိုင်ကာ ပြန်လည်ကုသရန် စွမ်းအားများကို ခန္ဓာကိုယ်တစ်လျှောက်လှည့်ပတ်စေလိုက်သည်။ တစ်ချိန်တည်းမှာပင် အံကြိတ်ကာ ဟင်းလင်းပြင်ထဲသို့ စူးစိုက်ကြည့်လိုက်သည်။

သူ တစ်စုံတစ်ဦး၏ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံလိုက်ရခြင်းဖြစ်၏။ ဤသည်မှာ အလွန်အရှက်ရစရာပင်ဖြစ်ကာ ထိုမတိုင်မီက သူသည် ဂူအတွင်းတွင် အခြားသူ ရှိနေသည်ကို လုံးဝ သတိမထားမိခဲ့ပေ။

ပင်လယ်မင်းသားက အပြည့်အဝ သတိထားလိုက်၏။ သူ၏ ခွန်အားဖြင့်ပင် ထိုသူကို သတိမပြုမိခဲ့ပါက ရောက်ရှိလာသူမှာ မည်မျှ ကြောက်မက်ဖွယ်ကောင်းသော ခွန်အားရှိမည်နည်း။

"ဒီမှာ တော်တော်လေး စည်ကားနေတာပဲ။ ငါရော ပါဝင်လို့ ရမလား”

ရုတ်တရက် အရပ်နှစ်မီတာခန့်ရှိသော အရပ်ရှည်ရှည် လူလတ်ပိုင်းတစ်ဦးမှာ ဟင်းလင်းပြင်ထဲမှ လမ်းလျှောက်ထွက်လာသည်။ ၎င်းမှာ လူလတ်ပိုင်း အမျိုးသားအဖြစ် ရုပ်ဖျက်ထားသည့် ချူးယွင်ဖန်းပင်ဖြစ်သည်။

သူသည် သံကျိုင်းတစ်ခုကို ကိုင်ထားကာ တစ်ကမ္ဘာလုံးကို အထင်သေးနိုင်သည့် အရှိန်အဝါမျိုးရှိနေ၏။ သူ၏ ခွန်အားတစ်ခုတည်းဖြင့်ပင် ရှိနေသော ပါရမီရှင်နှစ်ဦးကို ဖိနှိပ်ထားနိုင်သည်။

"မင်းပဲ" လီချန်းယွမ်၏ မျက်လုံးများထဲတွင် ရုတ်တရက် ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်များ ပေါက်ကွဲထွက်လာသည်။ ၎င်းမှာ ပင်လယ်မင်းသားအပေါ် ထားရှိသော သတ်ဖြတ်လိုစိတ်ထက် ဆယ်ဆမျှ ပိုမိုပြင်းထန်လှ၏။

သူသည် ဤလူ၏ ပုံတူပန်းချီကားကို မြင်ဖူးသဖြင့် ချက်ချင်းပင် မှတ်မိသွားသည်။ ဤလူကြောင့်ပင် သူ၏ အစီအစဉ်များ ပျက်စီးခဲ့ရပြီး ပင်လယ်မင်းသားမှာ ပညာရှင်များကို စေလွှတ်ရန် အချိန်ရသွားခြင်း ဖြစ်သည်။

ချူးယွင်ဖန်းက သူ၏ ယုံကြည်ရသော နောက်လိုက်များစွာကို သတ်ဖြတ်ခဲ့ပြီး၊ သူ အဆင့်တက်ရန် သိမ်းဆည်းထားသော နတ်မီးလျံသစ်သီးကိုလည်း လုယူသွားခဲ့သည်။

ထို့အပြင် လီမျိုးနွယ်စု၏ ဘဏ္ဍာတိုက်ထဲမှ မသိမသာသော ကြွယ်ဝမှုများကိုလည်း လုယက်သွားခဲ့သည်။ ဤအချက်များအားလုံး ပေါင်းစပ်လိုက်လျှင် နှစ်ဖက်စလုံးမှာ တစ်ဦးသေမှ တစ်ဦးရှင်မည့် နာကျည်းချက်များ ရှိနေကြပြီ ဖြစ်၏။

လီချန်းယွမ်က ချူးယွင်ဖန်းကို ဤနေရာ၌ တွေ့လိုက်ရသဖြင့် အံ့သြခြင်းမရှိသကဲ့သို့ တစ်ချိန်တည်း၌ပင် သူ၏ သတ်ဖြတ်ချင်စိတ်မှာလည်း ဟုန်းခနဲထွက်ပေါ်လာတော့၏။

--

All Chapters