← Chapters

အခန်း ၁၉၂၈

Vol. 129 Ch. 1928

အခန်း ၁၉၂၈

Vol. 129 Ch. 1928

အခန်း(၁၉၂၈) ချူးယွင်ဖန်းက မိစ္ဆာကောင်ပဲ

ပင်လယ်မင်းသားတွင်လည်း ထူးခြားသော ခန္ဓာကိုယ်ရှိကြောင်း ထင်ရှားလှသည်။ ယခုမှသာ သူက ထိုစွမ်းအားကို အပြည့်အဝ ထုတ်ပြလိုက်ြခင်းဖြစ်၏။

“စိတ်ဝင်စားစရာပဲ” ချူးယွင်ဖန်း ပြုံးလိုက်သည်။

ဤလူများသည် ၎င်းတို့၏ သက်တူရွယ်တူများအနက် ထိပ်တန်း ပညာရှင်များဖြစ်လာနိုင်ခြင်းမှာ အကြောင်းမဲ့မဟုတ်ပေ။ သို့သော် ၎င်းတို့က အခြားသူများကို ဖိနှိပ်လိုပါက ထူးချွန်သော ပါရမီတစ်ခုတည်းအပေါ်တွင်သာ မှီခို၍ မရနိုင်ပေ။ အကြောင်းမှာ မိမိ၌ရှိသော အရာက အခြားသူများ၌လည်း ရှိနေနိုင်သောကြောင့်ဖြစ်သည်။ ထူးချွန်သော ပါရမီရှိသူများနှင့် ထူးခြားသော ခန္ဓာကိုယ်ပိုင်ဆိုင်ထားကြသူများမှာ မရေမတွက်နိုင်အောင်များပြားလှသည်။ ထိုအရာနှစ်ခုလုံးကို တစ်ပြိုင်တည်း ပိုင်ဆိုင်ထားကြသူများသာလျှင် လမ်းအဆုံးထိရောက်နိုင်ကြ၏။

မွေးရာပါပါရမီနှင့် ကြိုးစားအားထုတ်မှုနှစ်ခုလုံးမှာ မရှိမဖြစ်လိုအပ်လှသည်။

“ပင်လယ်အုပ်စိုးရှင်ခန္ဓာကိုယ်”

လီချန်းယွမ်က ပင်လယ်မင်းသား၏ လက်ရှိ အခြေအနေကို တစ်ချက်ကြည့်ရုံဖြင့် သူ၏ ထူးခြားသော ခန္ဓာကိုယ်ကို မှတ်မိသွားသည်။ လီချန်းယွမ်၏ ခန္ဓာကိုယ်နှင့်မတူဘဲ ပင်လယ်မင်းသား၏ ခန္ဓာကိုယ်က တစ်ကမ္ဘာလုံး၌ ကျော်ကြားလှ၏။

သာမန်ထူးခြားသော ခန္ဓာကိုယ်များသည် လူအမျိုးမျိုးကြား၌ ရံဖန်ရံခါသာ ပေါ်လာလေ့ရှိသည်။ မိသားစုတစ်ခုလုံး၌ ထိုသို့ခန္ဓာကိုယ်မျိုးရှိရန်မှာ ခက်ခဲလှသည်။ သို့သော် ပင်လယ်အုပ်စိုးရှင်ခန္ဓာကိုယ်ကမှု ခြားနားသည်။ ၎င်းကား မျိုးရိုးလိုက်နိုင်၍ အင်အားကြီးမားသော ဘုရင်အဆင့် ခန္ဓာကိုယ်အဖြစ်အမြောက်အမြားတည်ရှိနေနိုင်သော ရှားပါးသောအမျိုးအစားများထဲမှ တစ်မျိုးဖြစ်သည်။

ပင်လယ်မင်းသား၏ မိသားစုက ပင်လယ်မျိုးနွယ်စုကြား၌ တော်ဝင်မိသားစုဖြစ်၏။ ၎င်းတို့က ထူးခြားသော ခန္ဓာကိုယ်များကို အခြေခံကာ အာဏာတည်ထောင်ခဲ့ခြင်းဖြစ်သ်ည။ တိုက်ရိုက်မျိုးဆက်များအားလုံးက ထိုကဲ့သို့သော ပါရမီရှင်များဖြစ်ကြသည်။ ဤကဲ့သို့သော မိသားစုမျိုးသည် မည်သို့လျှင် အင်အားမတောင့်တင်းဘဲ နေမည်နည်း။

ပင်လယ်မင်းသားက သူ၏ခန္ဓာကိုယ်ထဲ၌ စွမ်းအားများ ဆူပွက်နေသည်ကို ခံစားမိသည်။ ဤစွမ်းအားများကို သူ မူလက ချိတ်ပိတ်ထားကာ ဘယ်သောအခါကမျှ အသုံးပြုခဲ့ခြင်းမရှိပေ။ ဤသည်မှာ မိမိကိုယ်မိမိ လေ့ကျင့်သော နည်းလမ်းတစ်ခုပင်ဖြစ်၏။ မိမိ၏ ထူးခြားသော ခန္ဓာကိုယ်ကို ချိတ်ပိတ်ထားကာ အမြဲတစေ ဖိနှိပ်လေ့ကျင့်ခြင်းအားဖြင့် အကြီးမားဆုံး ခွန်အားကို ရနိုင်သည်။

တစ်ချိန်က ချိပ်ပိတ်မှုကို ဖွင့်လိုက်သည်နှင့် ခွန်အားကလည်း အဆမတန် မြင့်တက်လာပေလိမ့်မည်ဖြစ်၏။

ဤသည်ကား ထူးခြားသော ခန္ဓာကိုယ်ပိုင်ဆိုင်ထားသူများစွာ၏ အသုံးများသည့် နည်းလမ်းတစ်ခုဖြစ်သည်။ တစ်ချိန်တည်း၌ပင် ၎င်းတို့ ၏ ဝှက်ဖဲတစ်ခုအပြင် အခြေခံအုတ်မြစ်အဖြစ်လည်း အသုံးပြုနို်ငသည်။ အခြားသူများ မသိနိုင်ဘဲ အရေးကြီးသော အချိန်၌ ပြင်းထန်သော ခွန်အားဖြင့် ပေါက်ကွဲထွက်ကာ ရန်သူကို အလစ်အငိုက်ဖမ်းနိုင်သည်။

လီချန်းယွ၎်နှင့် ပင်လယ်မင်းသားတို့ နှစ်ဦးစလုံးသည်လည်း အတူတူပင်ဖြစ်၏။

သို့သော် ချူးယွင်ဖန်းကမူ မတူပေ။ သူသည် သူ၏ ခွန်အားကို ဖုံးကွယ်ထားခြင်းမရှိပေ။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်ကို အမြင့်ဆုံးအထိ ထုတ်လွှတ်၍သာ သေရေးရှင်ရေးတိုက်ပွဲများကြား၌ မိမိကိုယ်မိမိ လေ့ကျင့်ခဲ့သည်။ ၎င်းက ပို၍ပင် အံ့ဖွယ်ကောင်း၏။

“ဒီခံစားချက်က တကယ်ကိုကောင်းတာပဲ။ မင်း ငါ့ရဲ့ ဝှဥ်ဖဲကို ထုတ်သုံးအောင် အတင်းအကြပ်လုပ်ခဲ့ပြီး ငါ့အစီစဥ်တွေကိုလည်း ဖျက်ဆီးခဲ့တယ်။ ငါ့ဒေါသတွေကို မင်းရဲ့ သွေးတွေနဲ့ ဆေးကြောပစ်မယ်” ပင်လယ်မင်းသားက ချူးယွင်ဖန်းကို အေးစက်စွာစိုက်ကြည့်နေသည်။

“လာစမ်း… မင်း ကိုယ့်သေခြင်းတရားကိုယ်လက်ခံလိုက်တော့”

“ဟားဟားဟား… မျှော်လင့်ထားတဲ့အတိုင်းပဲ။ မင်းက သေသင့်တဲ့ကောင်ပဲ။ မင်းက ပင်လယ်မင်းသားအဆင့်ပဲရှိတာ ဘာလုပ်နိုင်မှာမို့လို့လဲ” ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

ပင်လယ်အုပ်စိုးရှင်ခန္ဓာကိုယ်ပိုင်ဆိုင်ထားသည့် ပင်လယ်မင်းသားကို သူအနည်းငယ်မျှ စိုးရိမ်ခြင်းမရှိပေ။ သူ အေးစက်တည်ငြိမ်အေးဆေးစွာရှိနေ၏ ၎င်းတို့နှစ်ဦးလုံးက ၎င်းတို့၏ ခန္ဓာကိုယ်စွမ်းအားများကို ထုတ်ပြ၍ အခြေခံခွန်အားများတိုးလာသော်လည်းသူ့အတွက် အရေးမကြီးပေ။

“ဟားဟား ဟားဟား မင်းက အကောင်းအဆိုးမသိဘူးပဲ”

ပင်လယ်မင်းသားက ချက်ချင်းပင် စတင်လှုပ်ရှားလိုက်သည်။ သူ၏ ရယ်မောသံက ရိုင်းစိုင်း အေးစက်နေကာ မလုပ်လျှင် မနေရဟူသော စိတ်ဓာတ်မျိုးရှိနေသည်။ သူသည် ကမ္ဘာ့နံပါတ်တစ် လီချန်းယွမ်ကိုပင် စိန်ခေါ်ဝံ့သူဖြစ်ရာ ချူးယွင်ဖန်းကိုမူ ပြောရန်ပင်မလိုတော့ပေ။ သူ၏ စွမ်းအင်အရှိန်အဝါများ လွတ်ထွက်လာ၍ လေဟာနယ်တစ်ခုလုံး ပြိုကျလုနီးပါးအထိ ဖိနှိပ်ထားသည်။ သူ့တစ်ကိုယ်လုံးက နီလာပြာရောင်သန်းနေကာ ကျောက်မျက်ရတနာတစ်ခုနှင့်တူနေ၏။ သူသည် ထူးခြားဆန်းကြယ်သော အရှိန်အဝါတစ်ခုကို ထုတ်လွှတ်လျက်ရှိ၏။

“မိပြီ”

ပင်လယ်မင်းသားက အော်လိုက်ပြီးနောက် ချူးယွင်ဖန်းရှေ့၌ ပေါ်လာကာ လက်ထဲမှ သုံးခွလှံကု တစ်ခါတည်း ဝှေ့ယမ်းလိုက်သည်။ သူ၏ ခန္ဓာကိုယ်ထဲမှ နတ်စွမ်းအင်များ ဆူပွက်ျက် ထူထပ်သော ရောင်အစုံအလင်းတန်းများလည်းဖြ်စပေါ်လာစေ၍ အလွန်အမင်း ကြောက်မက်ဖွယ်အသွင်အပြင်ရှိနေ၏။

ဇိ…

သုံးခွလှံကို ရိုက်ချလိုက်ချိန်၌ လေဟာနယ်တစ်ခုလုံး ပေါက်ကွဲကာ ပြိုကျလာတော့သည်။

သို့သော် ချူးယွင်ဖန်းကမူ ၎င်းကို ကြည့်ပင်မကြည့်ဘဲ လက်ပြန်ဝှေ့ယမ်းကာ သူ၏ ကျိုင်းဖြင့် ရိုက်ချလိုက်သည်။ သူ၏ လက်မှ ကျိုင်းက အလွန်ထူးခြားလှသည်။ ၎င်းပေါ်၌ တောင်တန်းများနှင့် မြစ်ချောင်းများကို ထွင်းထုထားသည်။ ကျိုင်းကို ဝှေ့ယမ်းလိုက်ချိန်တွင် ကမ္ဘာကြီးတစ်ခုလုံးကို ချေမှုန်းလိုက်သကဲ့သို့ ခံစားရစေ၏။

ချွင်

နှစ်ဖက်စလုံးက လေထဲ၌ ထိပ်တိုက်တွေ့ကာ ပင်လယ်မင်းသား၏တိုက်ကွက်လည်း တားဆီးခံလိုက်ရသည်။ ချူးယွင်ဖန်းက လက်တစ်ဖက်တည်းဖြင့် သူ၏ ကျိုင်းကို ကိုင်လျက် ထိုတိုက်ကွက်ကို အလွယ်တကူ တားဆီးလိုက်ခြင်းဖြစ်၏။ မီးပွားများ နေရာအနှံ့လွင့်စင်သွားကာ ထိုမီးပွားတစ်ခုချင်းစီ၌ ကမ္ဘာကြီးကို မီးရှို့လောင်မြိုက်စေနိုင်လောက်သည့် အရှိန်အဝါမျိုးရှိနေ၏။

“ပင်လယ်အုပ်စိုးရှင် ခန္ဓာကိုယ်ဟုတ်လား.. ဘာမှလည်းမဟုတ်ပါဘူး”

ချူးယွင်ဖန်းက လှောင်ရယ်လိုက်သည်။

သူသည် လိမ်ညာပြောဆိုနေခြင်းမဟုတ်ပေ။ ဆေးဧကရာဇ်၏ မှတ်ဉာဏ်များအရ ချူးယွင်ဖန်းက အံ့ဖွယ်ကောင်းသော လူပေါင်းများစွာကို တွေ့ဖူးသည်။ ဘုရင်အဆင့် ခန္ဓာကိုယ်များမှာ အလွန်ပင် သာမန်ကာလျှံကာသာဖြစ်၏။ ထိုခန္ဓာကိုယ်များသည် ထူးခြားမှုမရှိက ဆေးဧကရာဇ်အနေဖြင့် မှတ်မိနေလိမ့်မည်မဟုတ်ပေ။ ဘုရင်အဆင့် ခန္ဓာကိုယ်ဆိုသည်မှာ အစပျိုးရုံမျှသာရှိသေးသည်။ ၎င်း၏ အထက်၌ ဧကရာဇ်အဆင့် ခန္ဓာကိုယ်များစွာရှိနေသေး၏။ ချူးယွင်ဖန်း၏ အမြင်၌မူ ပင်လယ်အုပ်စိုးရှင် ခန္ဓာကိုယ်မှာ မည်သို့မျှမဟုတ်သေးပေ။

သူ့၌ ဒဏ္ဍာရီလာဧကရာဇ်ခန္ဓာကိုယ်နှင့် မိုးကြိုးခန္ဓာကိုယ်တို့ ရှိနေသည်။ ပင်လယ်အုပ်စိုးရှင် ခန္ဓာကိုယ်က ၎င်းတို့နှင့် မည်သို့ယှဥ်နိုင်မည်နည်း။

“မင်းတကယ်ကို ထောင်လွှားလွန်းတယ်” ပင်လယ်မင်းသား၏ အရှိန်အဝါက ပိုမို ပြင်းထန်လာ၏။ သူသည် ကမ္ဘာပေါ်ရှိ သူရဲကောင်းများကို အထင်အမြင်သေးခဲ့သူဖြစ်ကာ သူ့ကို ယှဥ်နိုင်သူ မရှိဟု ယူဆထားသည်။ သူသည် သူနှင့် သက်တူရွယ်တူများကြား၌ အမြင့်မြတ်ဆုံးပုဂ္ဂိုလ်တစ်ဦးအဖြစ် သတ်မှတ်ခံထားရသည်။ သူပြိုင်ဘက်ကင်းဖြစ်နေခြင်းအားဖြင့်သာ ယုံကြည်မှုကို တည်ဆောက်ထားခြင်းဖြစ်၍ မည်သည့် အင်အားကြီးရန်သူကိုမျှ အားနည်းချက်အားမပြခဲ့ဖူးပေ။

“မင်းနဲ့ ကစားတာ ဒီမှာတင် ငါရပ်တော့မယ်” ချူးယွင်ဖန်းက အချိန်ကို တွက်ချက်လိုက်ပြီးနောက် ထိုအဓိပ္ပါယ်မရှိသော တိုက်ပွဲကို အဆုံးသတ်ရန် ဆုံးဖြတ်လိုက်သည်။ သို့မဟုတ်ပါက နှစ်ဖက်စလုံးမှ အစောင့်အရှောက်များ တစ်ခုခုမှားနေကြောင်းသိ၍ အထဲဝင်လာပါက တိုက်ပွဲမှာ ပို၍ ရှုပ်ထွေးသွားနိုင်ကာ သူ၏ ရည်မှန်းချက်ကို အကောင်အထည်ဖော်နိုင်မည်မဟုတ်ပေ။

ချူးယွင်ဖန်းက ရိုးရှင်းသော လှုပ်ရှားမှုတစ်ခုကို လုပ်ဆောင်လိုက်သည်။ ၎င်းတွင် မည်သည့် သိုင်းပညာ နည်းစနစ်မျှ မပါဝင်ပေ။ မြန်ဆန်ခြင်း၊ တိကျခြင်းနှင့် ရက်စက်ခြင်းတို့သာ ပါဝင်သည်။ သို့သော် ၎င်းသည် ချူးယွင်ဖန်း၏ လက်ထဲတွင် အံ့ဩစရာကောင်းသော စွမ်းအားဖြင့် ပေါက်ကွဲထွက်လာသည်။

ဂူတစ်ခုလုံး တုန်ခါသွားသည်။ နှစ်ဖက်စလုံး၏ နတ်စွမ်းအင်များက ရောင်စုံအလင်းတန်းများအဖြစ် ပေါက်ကွဲထွက်လာပြီး အရပ်မျက်နှာအနှံ့သို့ ပြန့်နှံ့သွားသည်။ တိုက်ခိုက်လိုသော စိတ်ဓာတ်မှာ အရာအားလုံးကို ထိုးဖောက်သွားတော့သည်။

ဖူး

သွေးစက်များ လေထဲတွင် လွင့်စင်သွားသည်။ ဤထိပ်တိုက်တွေ့မှုအပြီးတွင် ပင်လယ်မင်းသားမှာ အလျင်အမြန် နောက်ဆုတ်သွားရ၏။ သူ၏ ပင်လယ်အုပ်စိုးရှင် ခန္ဓာကိုယ်မှ ထွက်ပေါ်နေသော ချပ်ဝတ်တန်ဆာပေါ်တွင် ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်ပေါ်သွားခဲ့သည်။

ဤတိုက်ခိုက်မှုတွင် သူ အကြီးအကျယ် ရှုံးနိမ့်ခဲ့ရသည်။ သူ၏ တိုက်ကွက်မှာ ချူးယွင်ဖန်း၏ လက်ထဲတွင် အလွယ်တကူ ပျက်စီးသွားခဲ့ပြီး၊ ချူးယွင်ဖန်း၏ ကျိုင်းက သူ၏ ရင်ဘတ်ကို တိုက်ရိုက် ထိမှန်သွားခဲ့ခြင်း ဖြစ်သည်။ ပင်လယ်မင်းသား၏ မျက်လုံးများထဲတွင် ထိတ်လန့်မှုများ ယှက်သန်းနေသည်။ သူသည် သူ၏ စွမ်းအားအပြည့်ကို အသုံးပြုထားသော်လည်း၊ ချူးယွင်ဖန်းက လက်တစ်ဖက်တည်းဖြင့် သူ့ကို ဤမျှအထိ ဖိနှိပ်နိုင်ခဲ့သည်။

သူ မယုံကြည်နိုင် ဖြစ်နေသည်။ ချူးယွင်ဖန်းသည် မိစ္ဆာတစ်ကောင်ပင် ဖြစ်၍ ဤမျှအထိ ပြင်းထန်သော ရုပ်ပိုင်းဆိုင်ရာ ခွန်အားကို ပိုင်ဆိုင်နိုင်ရန်မှာ မိစ္ဆာတစ်ကောင် မဟုတ်လျှင် မည်သို့ ဖြစ်နိုင်မည်နည်း။

အတိတ်က အခြားသူများက သူ့ကို ထိုကဲ့သို့ ဖော်ပြခဲ့ကြသော်လည်း၊ ယခုမူ သူက ချူးယွင်ဖန်းကို ထိုသို့ မြင်နေရပြီ ဖြစ်သည်။

"လီချန်းယွမ် ... မင်း ဘာလို့ မတိုက်ခိုက်သေးတာလဲ”

ပင်လယ်မင်းသားက အော်ဟစ်လိုက်သည်။

"ငါ့ကို လာပြီး အမိန့်ပေးမနေနဲ့" လီချန်းယွမ်ကလည်း ပြန်အော်လိုက်သည်။

ထို့နောက် အခြား လီချန်းယွမ်တစ်ဦး ပေါ်လာကာ ချူးယွင်ဖန်းကို ထိုးနှက်လိုက်တော့၏။

--

All Chapters