အခန်း ၁၂၆
Vol. 13 Ch. 126
အခန်း (၁၂၆)
သတ္တဝါအပေါင်းတို့၏ ဦးညွှတ်ခြင်းနှင့် နှလုံးသား၏ ပြန်လည်ဝင်စားခြင်း
သုသာန်ကဲ့သို့ တိတ်ဆိတ်လျက်ရှိ၏။
လေထုထဲတွင် စွဲကပ်နေသော သွေးညှီနံ့များနှင့် နံရံတွင် ကပ်တွယ်နေသည့် ပုံပျက်ပန်းပျက် ရုပ်အလောင်းတို့က ငရဲခန်းအလား မြင်ကွင်းကို ဖန်တီးထားလေသည်။
သွေးစက်ကလေးမျှပင် မပေကျံနေသော ဖန်းဟန်၏ လက်သီးဆုပ်နှင့် လူ့အသွင်ပင် မမှတ်မိတော့သည့် ကျန်းယွမ်ဝေ၏ ရုပ်အလောင်းတို့ကို ကြည့်ကာ သူတို့၏ မျက်ဝန်းတို့မှာ ကြောက်ရွံ့မှုဖြင့် လှုပ်ရှားနေကြ လေသည်။
သူတို့၏ ဦးနှောက်တို့မှာ ရပ်တန့်သွားခဲ့ပြီ ဖြစ်၏။
ထိုသူမှာ ကျန်းမိသားစု၏ ခေါင်းဆောင် ဖြစ်သည်။ ကျင်းပေမြို့စား၏ ကျောထောက်နောက်ခံဖြင့် နန်ယန်စီရင်စု ကို တစ်သက်လုံး စိုးမိုးလာခဲ့သူတစ်ဦးမှာ ယခုမူ...။
လက်သီးတစ်ချက်တည်းနှင့်ပင်။ အသက်ရှင်လျက်နှင့်ပင် ရိုက်နှက်သတ်ဖြတ်ခံလိုက်ရလေပြီဖြစ်ချေ၏။
ကျန်းမိသားစုမှာ ပျက်သုဉ်းသွားခဲ့လေပြီ။
ထိုမိသားစုမှာ နန်ယန်စီရင်စုတွင် အာဏာအရှိဆုံးနှင့် အသြဇာအကြီးဆုံး ဖြစ်သည်။
သူတို့၏ မိသားစုပိုင် မြေဧကပေါင်း တစ်သောင်းကျော်ရှိပေ၏။ နန်ယန်စီရင်စု တစ်ခွင်လုံးတွင်လည်း သူတို့၏ ဆိုင်များ အနှံ့အပြားရှိနေသည်ပင်။ ဒဏ္ဍာရီလာ ကြွယ်ဝချမ်းသာမှုမှာလည်း ရွှေတောင်ငွေတောင်ကဲ့သို့ စုပုံနေသည်ဟု ဆိုကြလေသည်။
ယခုမူ ထိုပစ္စည်းအားလုံးမှာ ပိုင်ရှင်မဲ့ ဖြစ်သွားခဲ့ပြီဖြစ်၏။
ထိုစဉ် သူတို့ရှေ့မှ နတ်ဘုရားတစ်ပါးကဲ့သို့ လူသားက ဤကြီးမားလှသော အမြတ်အစွန်းများကို သူတို့နှင့် ခွဲဝေ ပေးမည်ဟု ဆိုလိုက်လေသည်။
ဆင်ခြင်တုံတရားတို့မှာ ချက်ချင်းပင် လွင့်စင်သွားခဲ့ရ၏။
လူ့သဘာဝ၏ ရုပ်ဆိုးအကျည်းတန်မှုတို့မှာ ဤအချိန်တွင် ပေါ်လွင်နေခဲ့လေသည်။
“ဘုန်း...”
ပုံမှန်အားဖြင့် ဂုဏ်သိက္ခာရှိသူဟု နာမည်ကြီးသည့် လျူးမှာ သူ၏ ဂုဏ်သိက္ခာကို ဂရုမစိုက်နိုင်တော့ပေ။ သူ၏ ခြေထောက်တို့မှာ ပျော့ခွေသွားပြီး ဖန်းဟန်၏ ခြေရင်းသို့ အလျင်အမြန်ပင် ဒူးထောက်လိုက်လေသည်။
သူ၏ ဆူဖြိုးသော မျက်နှာမှာ နှပ်ချေး၊ မျက်ရည်တို့ဖြင့် ပေကျံနေပြီး အလွန်ပင် ရိုကျိုးနေသည့် အမူအရာကို ပြသလျက်ရှိသည်။ သူသည် ကျန်းမိသားစု၏ သွေးများဖြင့် စွန်းထင်းနေသော ကြမ်းပြင်ပေါ်သို့ ခေါင်းကို အကြိမ်ကြိမ် အပြင်းအထန် စောင့်ချလိုက်လေသည်။
“ဒုန်း…ဒုန်း… ဒုန်း...”
“ကျွန်တော်မျိုး လျူးသဲ့ချွမ်သည် သခင်ကြီးအား အသက်ပေး၍ သစ္စာစောင့်သိပါမည်။ ဤဘဝတွင် သခင်ကြီး၏ အမိန့်တိုင်းကို နာခံပါမည်။ ကျွန်တော်မျိုးသည် မိသားစုပိုင်ဆိုင်မှု၏ (၃၀) ရာခိုင်နှုန်းကို စစ်ကူရန်ပုံငွေအဖြစ် လှူဒါန်းပါမည်။ ကျန်းကျားချန်မြို့တောင်ဘက်ရှိ ဆန်ဆိုင်တစ်ဆိုင်ကိုသာ ကျွန်တော်မျိုးကို ပေးသနားတော် မူပါ...”
သူ၏ အသံမှာ အလွန်အမင်း စိတ်လှုပ်ရှားမှုကြောင့် တုန်ယင်နေပြီး သူ၏ ရိုကျိုးသော ပုံစံမှာ အရှင်သခင်၏ ကရုဏာကို တောင်းခံနေသည့် ခွေးတစ်ကောင်နှင့်ပင် တူနေလေသည်။
ဤသို့ ဒူးထောက်ကာ ပြောဆိုလိုက်ခြင်းက ကျန်ရှိသူများအတွက် ရူးသွပ်ဖွယ်ရာ ခလုတ်တစ်ခုကို နှိပ်လိုက် သကဲ့သို့ ဖြစ်သွားခဲ့၏။
“ကျွန်တော်လည်း...၊ ကျွန်တော်လည်း ပါ ပါမယ်။ ကျွန်တော် ဝမ်မာကျီသည် သခင်ကြီးအတွက် အသက်ပေးရဲပါ သည်….”
“လီမိသားစုမှ ဆန်အိတ်ပေါင်း (၃၀၀၀) ကို လှူဒါန်းပါမယ် သခင်ကြီး ကျေးဇူးပြု၍ ကရုဏာသက်တော်မူပါ…”
“သခင်ကြီး...၊ ကျွန်တော်မျိုးသည် ဘိုးစဉ်ဘောင်ဆက် လက်ဆင့်ကမ်းလာသည့် ကျောက်စိမ်းရူယိတို့ကို လှူဒါန်း ပါမယ်… ကျန်းမိသားစုပိုင် အနောက်လမ်းမပေါ်မှ ပိုးထည်ဆိုင်ကို ပေးသနားတော်မူပါ…”
“ဒုန်း... ဒုန်း…ဒုန်း….”
ခဏအကြာကပင် မာန်မာနကြီးစွာ ထိုင်နေခဲ့ကြသည့် အထက်တန်းစားတို့မှာ လေတိုက်ရာသို့ လဲကျသွားသော စပါးပင်များကဲ့သို့ တစ်ပြိုင်နက် ဒူးထောက်သွားခဲ့ကြလေသည်။
သူတို့သည် ရူးသွပ်သူများကဲ့သို့ အော်ဟစ်ဆုတောင်းလျက် မိမိတို့၏ မိသားစုပိုင်ဆိုင်မှုကို ပေးအပ်ရန် ကမ်း လှမ်းနေကြ၏။ တစ်ချိန်တည်းမှာပင် သူတို့သည် ဖန်းဟန်ကို လောဘဇောနှင့် မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ရှုကာ အခွင့်အရေးကို တောင်းခံနေကြလေတော့သည်။
မြင်ကွင်းမှာ ရှုပ်ထွေး၍ ရုပ်ဆိုးလှသလို၊ ရယ်စရာကောင်းပြီး သနားစရာလည်း ကောင်းလှပေသည်။
နန်ယန်စီရင်စု၏ အဟောင်းအစဉ်အလာတို့မှာ ဖန်းဟန်၏ လက်သီးတစ်ချက်ဖြင့် ကျိုးပဲ့သွားခဲ့လေပြီ။
ဖန်းဟန်ကို ဗဟိုပြုကာ အကြမ်းဖက်မှုနှင့် အကျိုးစီးပွားတို့ဖြင့် တည်ဆောက်ထားသော စည်းမျဉ်းသစ်မှာ ဤ သွေးနှင့် ငွေတို့ဖြင့် ရောယှက်နေသော နယ်မြေတွင် အာဏာတည်မြဲသွားခဲ့လေသည်။
ဖန်းဟန်သည် သူ့ခြေရင်းတွင် ဒူးထောက်ကာ မိမိတို့၏ အဆိုးရွားဆုံး၊ အရိုကျိုးဆုံး မျက်နှာပြင်များကို ပြသနေ သည့် “အထက်တန်းစား” တို့ကို အေးစက်စက် ကြည့်ရှုလိုက်လေသည်။
သူ၏ မျက်ဝန်းတို့မှာ တည်ငြိမ်နေဆဲပင် ဖြစ်၏။
*ဒါဟာ လူ့သဘာဝပဲ…*
သူ လိုချင်သည်မှာ ထိုသူတို့၏ ဂုဏ်သိက္ခာနှင့် ကိုယ်ကျင့်တရားဆိုသည်များကို လုံးဝစွန့်လွှတ်ကာ ကြောက်ရွံ့မှု နှင့် အမြတ်အစွန်းကိုသာ သိသော ခွေးအုပ်စုအဖြစ် ပြောင်းလဲသွားစေရန်သာ ဖြစ်သည်။
ဘာကြောင့်ဆိုသော် ခွေးတို့သည်သာလျှင် အနာခံဆုံး ဖြစ်သောကြောင့်တည်း။
...
ထိုညနေခင်းတွင် ခရိုင်အုပ်ချုပ်ရေးမှူးရုံး၏ နောက်ဖေးခြံဝင်းတွင် ကြီးကျယ်ခမ်းနားသော ပွဲတော်တစ်ခု ကျင်းပ ခဲ့လေသည်။
အစည်းအဝေးခန်းမအတွင်းမှ သွေးညှီနံ့များမှာ ပျောက်ကွယ်သွားခဲ့ပြီ ဖြစ်သည်။ ရုပ်အလောင်းများကို ဆွဲထုတ် သွားကြပြီး ကြမ်းပြင်ကို အကြိမ်ကြိမ် ဆေးကြောကာ ကော်ဇောအသစ်များ ခင်းကျင်းထားသည်။ စန္ဒကူးနံ့သာ များကလည်း လွှမ်းမိုးထားသဖြင့် နေ့ခင်းက ဖြစ်ပျက်ခဲ့သည့် သွေးစွန်းသော အဖြစ်အပျက်ကို မည်သူမျှ မသိ နိုင်တော့ပေ။
အရက်ကောင်းများနှင့် ဟင်းလျာများမှာ အဆက်မပြတ် ရောက်ရှိလာခဲ့လေသည်။
ဖန်းဟန်သည် ပင်မနေရာတွင် ထိုင်နေပြီး ပိုင်ကျီရို၊ ပိုင်ရွှီကျန်း၊ လျူရူမေ၊ ရှောင်ရူရွှီတို့နှင့် အခြားမိန်းကလေးများ မှာ ဘေးတစ်ဖက်စီတွင် ထိုင်နေကြလေသည်။
စားသောက်နေစဉ်တွင် ဖန်းဟန်သည် နေ့ခင်းက ပြသခဲ့သည့် အေးစက်စက် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါကို ဖယ်ရှားလိုက်ပြီ ဖြစ်သည်။ သူသည် ပိုင်ရွှီကျန်းအား ဟင်းခပ်ကျွေးရင်း ပျော်ရွှင်စွာ ရယ်မောနေ ပြီး ပိုင်ကျီရိုနှင့်လည်း ပုံမှန်အကြောင်းအရာများကို နူးညံ့စွာ ပြောဆိုနေ၏။ သူ၏ ပုံစံမှာ အိမ်နီးချင်းကောင်း လူငယ်တစ်ဦးကဲ့သို့ နူးညံ့ပျော့ပြောင်းနေလျှက်ရှိလေသည်။
နန်ကုန်းယွင်ရှူးမှာ ဘေးတွင် ငြိမ်သက်စွာ ထိုင်နေပြီး သူမ၏ ကြည်လင်သော မျက်ဝန်းတို့မှာ ဖန်းဟန်ထံသို့သာ စူးစိုက်နေခဲ့လေသည်။
နေ့ခင်းက ဖြစ်ပျက်ခဲ့သော မြင်ကွင်းတို့မှာ သူမ၏ ဦးနှောက်ထဲတွင် ပြန်လည် ပေါ်ပေါက်နေဆဲပင် ဖြစ်သည်။
အထက်တန်းစား ရာဂဏန်းတို့၏ မေးမြန်းမှုကို ရင်ဆိုင်နေရစဉ် ကျန်းမိသားစု ခေါင်းဆောင်၏ စော်ကားမှုကို သူသည် တိတ်ဆိတ်စွာဖြင့်သာ ရင်ဆိုင်ခဲ့သည်။
ထို့နောက် လက်သီးတစ်ချက်။ အလွန်ပင် လွှမ်းမိုးနိုင်စွမ်းရှိလှသည်။ အလွန်ပင် ထိတ်လန့်စရာကောင်းပေသည်။ လူအပေါင်းတို့ကို ပုရွက်ဆိတ်များကဲ့သို့ ကြည့်ရှုခဲ့သည့် ထိုအာဏာရှင်ဆန်သော အရှိန်အဝါမှာ သူမ ဝိညာဉ်၏ အနက်ရှိုင်းဆုံးတွင် စွဲထင်ကျန်ရစ်စေခဲ့ပေသည်။
ယခုအခါ ထိုသူသည် နတ်ဘုရားတစ်ပါး သို့မဟုတ် မိစ္ဆာတစ်ကောင်ကဲ့သို့ ဖြစ်နေသော်လည်း သူ၏ နူးညံ့မှုနှင့် အသက်ဝင်မှုတို့က အလွန်ပင် ကွဲပြားခြားနားနေပြန်လေသည်။
လုံးဝဆန့်ကျင်ဘက်ဖြစ်သော ပုံရိပ်နှစ်ခုမှာ သူမ၏ စိတ်ထဲတွင် ပေါင်းစပ်သွားခဲ့လေသည်။
သူမ နောက်ဆုံးတွင် အပြည့်အဝ နားလည်သွားခဲ့ပြီဖြစ်၏။
ဤယောက်ျားသည် သူမကို ငရဲခန်းမှ ကယ်တင်ပေးနိုင်ပြီး အဆုံးမဲ့ နူးညံ့မှုနှင့် ကာကွယ်မှုကို ပေးနိုင်သည့် နွေးထွေးသော ဆိပ်ကမ်းတစ်ခုပင် ဖြစ်တော့သည်။
သူသည်လည်း အမျက်ဒေါသထွက်ပါက သူမအတွက် သွေးစွန်းသော အမှုများကို လုပ်ဆောင်ကာ ရန်သူ အားလုံးကို ပြာမှုန့်ဖြစ်အောင် ချေမှုန်းနိုင်သည့် အစွမ်းထက် နတ်ဘုရား သို့မဟုတ် မိစ္ဆာတစ်ကောင် ဖြစ်သည်။
ထိုအကြောင်းကို တွေးမိစဉ် နန်ကုန်းယွင်ရှူး၏ နှလုံးသားမှာ မရပ်တန့်နိုင်အောင် ခုန်ပေါက်နေလေသည်။
“လုံခြုံစိတ်ချရမှု” ဟုခေါ်သော မကြုံစဖူး ခံစားချက်တစ်ခုက သူမ၏ ခန္ဓာကိုယ်တစ်ခုလုံးကို နွေးထွေးသော စမ်းရေကဲ့သို့ လွှမ်းခြုံသွားခဲ့သည်။
အတိတ်က နာကျင်မှုနှင့် ဝေခွဲမရမှုတို့မှာ ယခုအချိန်တွင် အရေးမပါတော့သကဲ့သို့ ဖြစ်သွားခဲ့၏။ ရှန့်ကွမ်း၏ ပုံရိပ်မှာ သူမ၏ နှလုံးသားထဲတွင် တဖြည်းဖြည်း မှေးမှိန်သွားခဲ့ပြီး လေထဲတွင် ပျောက်ကွယ်သွားသည့် သက် ပြင်းတစ်ချက်အလား လုံးဝ ပျောက်ကွယ်သွားခဲ့လေသည်။
သူမသည် အတိတ်ကို လုံးဝ စွန့်လွှတ်လိုက်ပြီ ဖြစ်ကြောင်း သိရှိလိုက်သည်။
သူမ၏ နှလုံးသား၊ သူမ၏ ဝိညာဉ်၊ သူမ၏ အရာအားလုံးသည် ယခုတွင် သူမရှေ့မှ ယောက်ျားထံသို့ လုံးဝ သက်ဝင်သွားခဲ့ပြီ ဖြစ်သည်။ နန်ကုန်းယွင်ရှူးမှာ တဖြည်းဖြည်း ထရပ်လိုက်ပြီး သူမရှေ့မှ ဝိုင်ခွက်ကို ကောက် ကိုင်လိုက်လေသည်။
သူမသည် ဖန်းဟန်ထံသို့ ကျက်သရေရှိစွာ လျှောက်သွားခဲ့လေ၏။ သူမ၏ လှုပ်ရှားမှုကြောင့် အခန်းထဲတွင် ဆူညံနေသည့် ရယ်မောသံတို့မှာ တဖြည်းဖြည်း တိတ်ဆိတ်သွားခဲ့လေသည်။
မျက်လုံးအားလုံးမှာ သူမထံသို့ ရောက်ရှိနေခဲ့ပေသည်။
လူအပေါင်းတို့၏ နူးညံ့သော အကြည့်အောက်တွင် နန်ကုန်းယွင်ရှူးသည် ဖန်းဟန်အတွက် ကြည်လင်နေသော ဝိုင်တစ်ခွက်ကို ကိုယ်တိုင် ငှဲ့ပေးလိုက်၏။
သူမသည် ခေါင်းကို မော့လိုက်ရာ သူမ၏ လှပသော မျက်ဝန်းတို့တွင် ဝမ်းနည်းမှု သို့မဟုတ် ဝေခွဲမရမှုများ မရှိတော့ပေ။ ကျန်ရှိနေသည်မှာ ကောင်းကင်မှ ကြယ်တာရာများကဲ့သို့ တောက်ပနေသော ခိုင်မာသည့် ချစ်ခြင်းမေတ္တာနှင့် တွယ်တာမှုများသာ ဖြစ်သည်။
သူမသည် ဖန်းဟန်အား ကျက်သရေရှိစွာ ဦးညွှတ်လိုက်ပြီး သူမ၏ နှုတ်ခမ်းလေးများ ပွင့်ဟကာ နူးညံ့ သော်လည်း ခိုင်မာသော အသံဖြင့် ပြောလိုက်လေသည်။
“ကျွန်မရဲ့ ခင်ပွန်း...၊ ကျွန်မ... အလေးအနက် ဂါရဝပြုအပ်ပါတယ်။”
ဤဦးညွှတ်ခြင်းမှာ သူ၏ အသက်ကယ်တင်ခြင်း ကျေးဇူးကို ကျေးဇူးတင်ခြင်း ဖြစ်သည်။ ဤရိုသေမှုမှာ သူ၏ ပြိုင်ဘက်ကင်း နတ်ဘုရားစွမ်းအားအတွက် ဖြစ်သည်။
၎င်းမှာလည်း အတိတ်ကို လုံးဝ စွန့်လွှတ်လိုက်ပြီးနောက် သူမ၏ ပြန်လည်ဝင်စားခြင်းနှင့် အနာဂတ်အတွက် အလေးအနက် ကတိကဝတ်ပြုခြင်း ဖြစ်သည်။
ထိုအချိန်မှစ၍ နန်ကုန်း ဆိုသော မုဆိုးမ မရှိတော့ပေ။ ရှိနေသည်မှာ ဖန်းဟန်၏ မိန်းမ နန်ကုန်းယွင်ရှူးသာ ရှိတော့သည်။ သူမရှေ့မှ အတိတ်၏ အရိပ်ဆိုးများမှ လွတ်မြောက်လာသော တင့်တယ်လှပသည့် မိန်းမကို ကြည့်ကာ ဖန်းဟန်မှာ ကျေနပ်စွာ ပြုံးလိုက်လေသည်။
သူသည် ခွက်ကို မြှောက်ကာ သူမ၏ ခွက်နှင့် ဖြည်းညင်းစွာ တိုက်လိုက်သည်။
“ခွပ်...”
ကြည်လင်သော အသံတစ်ခုနှင့်အတူ သူသည် ဝိုင်ကို တစ်ငုံတည်း သောက်လိုက်သည်။ ထိုအခိုက်အတန့်တွင် နန်ကုန်းယွင်ရှူး ပြုံးလိုက်လေသည်။
မိုးပြီးစ သက်တန့်ကဲ့သို့ ထိုအပြုံးမှာ အလွန်ပင် လှပလွန်းလှပေသည်။
သူမသည် နောက်ဆုံးတွင် အိမ်သို့ ပြန်ရောက်ပြီ ဖြစ်ကြောင်း သိလိုက်ရတော့သည်။