အခန်း ၂၇၂
Vol. 28 Ch. 272
အခန်း (၂၇၂)
အက်ဆစ်မိုး (၁)
ကလေးငယ်က ဆက်လက်၍ ရှိုက်သံဖြင့် ပြောပြလေသည်။
"သူတို့က ကျွန်တော့်အစ်ကိုကြီးကို တစ်ခုခု ထိုးထည့်လိုက်ပြီး ခေါ်သွားကြတယ်... ကျွန်တော့်အစ်မက ကျွန်တော့်ကို စတိုခန်းထဲမှာ မဝှက်ခင်အထိ ကျွန်တော့်အစ်မကိုလည်း ခေါ်သွားကြတယ်... နောက်ဆုံး တော့ ကျွန်တော့်ရဲ့ မောင်နှမတွေ အကုန်လုံး အဖမ်းခံလိုက်ရတာပဲ..."
သူ၏ အကြောင်းအရာများကို ပြောပြပြီးနောက်တွင်မူ ကောင်လေးသည် မျက်ရည်များကို မထိန်း နိုင်တော့ဘဲ တရှုံ့ရှုံ့ ငိုကြွေးတော့၏။
ယောင်ရန်သည် ကောင်လေးက စောင်ပါးလေးဖြင့် မျက်ရည်များကို သုတ်နေသည်ကို ကြည့်ကာ သက်ပြင်းတစ်ချက် ချလိုက်မိလေသည်။ သူမသည် နေရာလွတ် ထဲသို့ လက်လှမ်းကာ နို့သကြားလုံး အချို့ကို ထုတ်ယူလိုက်လေသည်။
သူမသည် သကြားလုံးများကို ကောင်လေး၏ လက်ဖဝါးလေးထဲသို့ ထည့်ပေးလိုက်ရင်း မေးလိုက်၏။
"အဲဒီလူတွေနဲ့ ပတ်သက်ပြီး တခြား မှတ်မိတာမျိုး ရှိသေးလား..."
ကောင်လေးသည် နို့သကြားလုံးများကို တင်းတင်းဆုပ်ကိုင်လျက် ခေတ္တမျှ စဉ်းစားပြီးမှ ပြောလိုက် လေ သည်။
"သူတို့ရဲ့ အဝတ်အစားတွေမှာ တောက်ပတဲ့ အနက်ရောင် အကြွေစေ့ပုံ ရင်ထိုးတွေ တပ်ထားကြ တယ်..."
ထိုစကားကို ကြားသောအခါ ယောင်ရန်နှင့် လုံယုတို့သည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြပြီး တစ်ပြိုင် နက်တည်း ပြောလိုက်ကြ၏။
"သေတ္တာတော်..."
ကောင်လေးသည် မျက်ရည်များ ဝိုင်းနေသော မျက်ဝန်းများဖြင့် ယောင်ရန်ကို မော့ကြည့်ကာ မေးလိုက် လေသည်။
"အစ်မ... ကျွန်တော့်ရဲ့ မောင်နှမတွေကို ကယ်ပေးနိုင်မလား..."
ကောင်လေး၏ မေးခွန်းကြောင့် ယောင်ရန်၏ စိတ်နှလုံးမှာ လေးလံသွားခဲ့ရ၏။
အကယ်၍ ဤပြန်ပေးဆွဲမှု နောက်ကွယ်တွင် သေတ္တာတော် အဖွဲ့သာ ရှိနေမည်ဆိုပါက ကလေးများကို ကယ်တင်ရန်မှာ မဖြစ်နိုင်သလောက်ပင်။ သေတ္တာတော် အဖွဲ့နှင့် ပတ်သက်သော သတင်းအချက် အလက် တစ်စုံတစ်ရာ မရှိဘဲ သူမ ဘယ်က စတင်ရမည်မှန်းပင် မသိပေ။
ကောင်လေးသည် သူမအား စိုက်ကြည့်နေဆဲ ဖြစ်သည်ကို သတိပြုမိသဖြင့် ယောင်ရန်သည် လက်လှမ်း ၍ သူ၏ ဦးခေါင်းကို ညင်သာစွာ ပွတ်သပ်ပေးလိုက်လေသည်။
သူမက ပြုံးလျက် ဆို၏။
"မင်းက ဒဏ်ရာရထားတုန်းပဲဆိုတော့ အနားယူဖို့ လိုတယ်... မင်းနေကောင်းလာတဲ့အခါ မင်းရဲ့ မောင်နှမ တွေကို ကယ်ဖို့ နည်းလမ်း ရှာကြတာပေါ့..."
ကလေးများ အသက်ရှင်လျက် ပြန်လည် ခေါ်ဆောင်လာနိုင်မည်ဟု သူမ ကတိမပေးဝံ့ပေ၊ အကြောင်းမှာ အခွင့်အရေးမှာ အလွန်ပင် နည်းပါးလှသောကြောင့် ဖြစ်၏။ သို့သော်လည်း သူမသည် အတိတ်ဘဝက သူမ ခံစားခဲ့ရသော ငရဲခန်းမျိုးကို ထိုကလေးများ မကြုံတွေ့စေရန်အတွက် ရှာဖွေကယ်တင်ရန် အစွမ်း ကုန် ကြိုးစားသွားမည်သာ ဖြစ်ပေသည်။
သူမ၏ စကားကို ကြားသောအခါ ကောင်လေးသည် ခေါင်းငြိမ့်ပြကာ ကုတင်ပေါ်တွင် လိမ္မာယဉ်ကျေး စွာ ပြန်လည် လဲလျောင်းလိုက်လေသည်။
ယောင်ရန်သည် သူ၏ကိုယ်ပေါ်သို့ စောင်ကို သေချာစွာ ခြုံပေးလိုက်ပြီး ပြောလိုက်၏။
"တစ်ခုခု လိုအပ်ရင် တစ်ယောက်ယောက်ကို လှမ်းခေါ်လိုက်နော်..."
ကောင်လေးက ထပ်မံ ခေါင်းငြိမ့်ပြကာ မျက်လုံးများကို မှိတ်လိုက်လေသည်။ ယောင်ရန်သည် အခန်းထဲ မှ မထွက်ခွာမီ သယ်ဆောင်ရလွယ်ကူသော လေအေးပေးစက် ထဲသို့ ရေနှင့် ရေခဲများကို ဖြည့်တင်းပေး ခဲ့ပြီးမှ လုံယုနှင့်အတူ ထွက်လာခဲ့လေသည်။
ကောင်လေးနှင့် စကားပြောပြီးနောက် ယောင်ရန်နှင့် အခြားသူများသည် သဲလွန်စများ ရှာဖွေရန် အာရုံ စိုက်ခဲ့ကြသော်လည်း ဘာမျှ ရှာမတွေ့ခဲ့ပေ။ သူတို့သည် ရှမ်းဝူ အပန်းဖြေစခန်း ၌ အခြေချကာ ကောင်လေးကို ပြုစုစောင့်ရှောက်ရင်း အချိန်များ ကုန်ဆုံးလာခဲ့ရာ မျက်စိတစ်မှိတ်အတွင်း နှစ်လခန့် ကြာမြင့်သွားခဲ့လေပြီ။
ယနေ့ ယောင်ရန် နိုးလာသောအခါ ကောင်းကင်ယံကို ကြည့်လိုက်ပြီး ထူထပ်သော မိုးတိမ်တောင်ကြီး များ ဖုံးလွှမ်းနေသည်ကို တွေ့လိုက်ရသဖြင့် အံ့အားသင့်သွား၏။ သူမသည် ဝရန်တာသို့ လျှောက်သွား ကာ မှန်ပြောင်းကို ထုတ်ယူ၍ မှောင်မှိုင်းနေသော တိမ်တိုက်များကို အကဲခတ်ကြည့်လိုက်လေသည်။
တိမ်တိုက်များကြားတွင် လျှပ်စီးများ လက်နေသည်ကို မြင်သောအခါ ယောင်ရန်သည် မှန်ပြောင်းကို တင်းတင်းဆုပ်ကိုင်လိုက်မိလေ၏။ ပြင်းထန်သော အပူဒဏ်မှာ လွန်ခဲ့သော ခြောက်လကပင် စတင် ခဲ့ခြင်းဖြစ်ပြီး ကျန်ရှိရန် ခြောက်လခန့် လိုသေးပေသည်။
ဤတိမ်တိုက်များ ရုတ်တရက် ပေါ်ပေါက်လာခြင်းမှာ ယောင်ရန်အား မကောင်းသော ခံစားချက်များ ပေးစွမ်းနေလေသည်။ သူမသည် မှန်ပြောင်းကို သိမ်းဆည်းကာ အောက်ထပ်သို့ အမြန် ဆင်းလာခဲ့လေ သည်။
ဥယျာဉ်ထဲတွင် သီးနှံများနှင့် အာလူးများကို ပြုစုနေသော လူကြီးများကို တွေ့သောအခါ သူမက လှမ်းအော်လိုက်၏။
"အဘိုးတို့ အဘွားတို့... မိုးကြိုးတိမ်တိုက်တွေ လာနေပြီ၊ အထဲကို ဝင်ကြပါတော့..."
အဘိုးချွမ်က ထိုစကားကို ကြားသောအခါ မော့ကြည့်လျက် ဆို၏။
"အပင်တွေကို ရေလောင်းပြီးမှ ဝင်ခဲ့ပါ့မယ်..."
"မြန်မြန် လုပ်ကြပါနော်... လေက ပိုပြီး ပြင်းလာပြီ..."
သူမက တိုက်တွန်းလိုက်လေသည်။
အဘိုးချွမ်က ခေါင်းငြိမ့်ပြကာ "ကောင်းပါပြီ..." ဟု နှစ်သိမ့်သော အပြုံးဖြင့် ဆို၏။
သူတို့ကို သတိပေးပြီးနောက် ယောင်ရန်သည် လျင်မြန်စွာ မှောင်မှိုင်းလာသော ကောင်းကင်ယံကို စိုးရိမ် တကြီး ကြည့်လိုက်မိလေသည်။ ခေတ္တမျှ တုံ့ဆိုင်းနေပြီးနောက် သူမသည် လုံယုကို ရှာရန် လှည့်ထွက် လာခဲ့လေ၏။
ကမ္ဘာပျက်ကပ် ကာလတွင် ရာသီဥတု ရုတ်တရက် ပြောင်းလဲခြင်းမှာ သဘာဝဘေးအန္တရာယ် တစ်ခုခု ကျရောက်တော့မည့် အမှတ်အသားပင် ဖြစ်သည်။ အတိတ်ဘဝ အတွေ့အကြုံများအရ ဤမိုးတိမ် တောင်ကြီးများသည် သာမန် မဟုတ်နိုင်ကြောင်း ယောင်ရန် သိရှိထားပေသည်။
ဧည့်ခန်းသို့ ရောက်သောအခါ မည်သူမျှ မရှိသဖြင့် သူမ မီးဖိုချောင်သို့ သွားလိုက်၏။ ထိုနေရာတွင် အမေဟန်နှင့် အမေစီမာတို့ အစားအစာများ အလုပ်ရှုပ်ကာ ပြင်ဆင်နေကြသည်ကို တွေ့လိုက်ရလေ သည်။
"အန်တီဟန်... အန်တီစီမာ... အာယုကို တွေ့မိလား..." ဟု သူမက မေးလိုက်၏။
အမေစီမာက သူမ၏ အလုပ်ကို ခေတ္တရပ်ကာ ယောင်ရန်ဘက်သို့ လှည့်၍ ပြန်ဖြေလေသည်။
"ခေါင်းဆောင်နဲ့ တခြားသူတွေက မြေအောက်သိုလှောင်ရုံ ထဲကို ရိက္ခာတွေ ရွှေ့နေကြတယ်လေ..."
"ဒီလောက် အစားအစာတွေ အများကြီး ပြင်ခိုင်းတာ အာယုလား..."
ယောင်ရန်က ထပ်မံ မေးလိုက်ပြန်လေသည်။
အမေဟန်က ခေါင်းငြိမ့်ပြကာ စိုးရိမ်သော အသံဖြင့်၊
"ကပ်ပတိန်က မိုးကြိုးမုန်တိုင်းတွေ လာတော့မယ်၊ ဒီဗီလာက အဲဒါကို ခံနိုင်ရည်ရှိအောင် တည်ဆောက် ထားတာ မဟုတ်ဘူးလို့ ပြောတယ်... အဲဒါကြောင့် မြေအောက်သိုလှောင်ရုံ ထဲမှာ ခဏလောက် နေရရင် စားဖို့အတွက် ခြောက်သွေ့တဲ့ အစားအစာတွေ ပိုပြီး ပြင်ခိုင်းထားတာလေ..."
ထိုစကားကို ကြားသောအခါ ယောင်ရန်၏ စိတ်နှလုံးမှာ လေးလံသွားလေသည်။ လုံယုသည်လည်း သူမကဲ့သို့ပင် ကြိုတင် ခံစားမိနေပုံ ရပေသည်။
သူတို့ကို ထပ်မံ မနှောင့်ယှက်လိုတော့သဖြင့် ယောင်ရန်သည် လုံယုကို ရှာရန် ထွက်လာခဲ့၏။ ရှေ့ခြံဝင်း တွင် ရှိသော မြေအောက်သိုလှောင်ရုံမှာ ရိက္ခာများ သိုလှောင်ရုံသာမက ပြင်းထန်သော မုန်တိုင်းများ ကျရောက်စဉ်တွင် ခိုလှုံရာ အဆောက်အအုံအဖြစ်လည်း အသုံးဝင်ပေသည်။ သူမ ရှေ့ခြံဝင်းသို့ ရောက် သောအခါ လုံယုသည် သူမအား မြင်သဖြင့် လျှောက်လာခဲ့၏။ သူမ၏ စိုးရိမ်နေသော မျက်နှာကို မြင် သောအခါ သူက ပြောလိုက်လေသည်။
"ရန်ရန်... အဆင်သင့် ပြင်ထားပါ... ငါတို့ မြေအောက်သိုလှောင်ရုံ ထဲမှာ အနည်းဆုံး တစ်လလောက် နေရလိမ့်မယ်..."
သူ၏ တိကျသော အချိန်ကာလ ပြောကြားချက်အရ သူသည် ဘာဖြစ်လာမည်ကို သိရှိထားကြောင်း သိသာလှပေသည်။ သူမသည် သူ၏လက်ကို ဆုပ်ကိုင်လျက် မေးလိုက်၏။
"အာယု... ဒီတစ်ခါ ဘယ်လို သဘာဝဘေးအန္တရာယ်မျိုး ဖြစ်လာမှာလဲဆိုတာ ရှင် သိလား..."
လုံယုက တည်ကြည်စွာ ခေါင်းငြိမ့်ပြကာ ပြန်ဖြေလေသည်။
"အက်ဆစ်မိုး ပဲ..."
သူ၏ စကားကြောင့် ယောင်ရန်၏ မျက်နှာအမူအရာမှာ ပြောင်းလဲသွား၏။ အကယ်၍ ဤတိမ်တိုက် များက အက်ဆစ်မိုးများကို သယ်ဆောင်လာမည်ဆိုပါက မြေဆီလွှာမှာ ဆယ်စုနှစ်နှင့်ချီ၍ ပျက်စီးသွား မည်ဖြစ်ကာ သီးနှံများ စိုက်ပျိုးရန် မဖြစ်နိုင်တော့ပေ။ စားနပ်ရိက္ခာများ ထုတ်လုပ်ရန် နည်းလမ်း မရှိပါ က အသက်ရှင်ကျန်ရစ်သူများအတွက် ပိုမို ခက်ခဲလာတော့မည် ဖြစ်၏။
သူမသည် သူ၏လက်ကို လွှတ်လိုက်ပြီး အလျင်အမြန် ဆိုလိုက်လေသည်။
"ကျွန်မ သီးနှံတွေကို သွားရွှေ့လိုက်ဦးမယ်..."
သူ၏ တုံ့ပြန်မှုကို မစောင့်တော့ဘဲ ယောင်ရန်သည် နောက်ဖေးခြံဝင်းသို့ အပြေးအလွှား သွားတော့၏။ သူမ အပြေးအလွှား ပြန်ရောက်လာသည်ကို မြင်သောအခါ အဖွားဟန်က မေးလိုက်လေသည်။
"မစ္စယောင်... ဘာဖြစ်လို့လဲ... ဘာလို့ ဒီလောက် အလောတကြီး ဖြစ်နေတာလဲ..."
ယောင်ရန်သည် မှောင်မှိုင်းနေသော မိုးတိမ်တောင်ကြီးများကို တစ်ချက်ကြည့်လိုက်ပြီး အချိန်မရှိတော့ ကြောင်း သိလိုက်ရ၏။ သူမသည် ဂေါ်ပြားတစ်လက်နှင့် အိုးအလွတ်တစ်ခုကို ဆုပ်ကိုင်ကာ အပင်များ ကို ပြောင်းရွှေ့ရင်း အခြားသူများကို ရှင်းပြလိုက်လေသည်။
"အာယုက အက်ဆစ်မိုး လာတော့မယ်လို့ ပြောတယ်... ကျွန်မတို့ သီးနှံတွေကို အိုးတွေထဲ ပြောင်းထည့် ပြီး မြေအောက်သိုလှောင်ရုံ ထဲကို အခုချက်ချင်း သယ်သွားရမယ်..."
သူမ၏ စကားကြောင့် လူကြီးများမှာ ခေတ္တမျှ မှင်တက်သွားကြ၏။ အတွေ့အကြုံရှိသော လယ်သမား များ ပီပီ အက်ဆစ်မိုး၏ ဆိုးကျိုးများကို သူတို့ ကောင်းစွာ သိရှိကြပေသည်။
အဘိုးချွမ်သည် သတိဝင်လာကာ အော်ဟစ်လိုက်လေသည်။
"မြန်မြန် လုပ်ကြဟေ့... ငါတို့ ဒီပျိုးပင်တွေကို ကယ်ရမယ်..."