← Chapters

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း ၂၇၆

Vol. 28 Ch. 276

အခန်း (၂၇၆)

လုံယု၏ အစီအစဉ်

ယောင်ရန်သည် ပင်မအဆောက်အအုံဆီသို့ လျှောက်သွားရင်း ဗီလာ၏ အချို့အစိတ်အပိုင်းများ ပြိုကျ နေသည်ကို သတိပြုမိလေသည် ။

သူမက သက်ပြင်းချကာ ပြောလိုက်၏ ။

"ငါတို့ နေဖို့ နောက်ထပ် နေရာတစ်ခု ရှာရတော့မယ် ထင်တယ်..."

လုံယုက ခေတ္တမျှ စဉ်းစားပြီးမှ အကြံပြုလိုက်လေသည် ။

"ကိုယ့်ရဲ့ ခိုလှုံရာနေရာကို သွားစစ်ဆေးကြည့်ရင်ကော... အဲဒီနေရာက အခြေအနေ ကောင်းနေသေးရင် အဲဒီမှာ သွားနေလို့ ရတာပဲ..."

ယောင်ရန်၏ မျက်ဝန်းများမှာ သူ၏ အကြံပြုချက်ကြောင့် တောက်ပသွား၏ ။ သူမသည် သူမ၏ နဖူးကို အသာပွတ်ကာ ပြောလိုက်လေသည် ။

"ရှင့်မှာ လျှို့ဝှက် ခိုလှုံရာနေရာ ရှိတာကို ကျွန်မ ဘယ်လိုများ မေ့သွားရတာလဲ..."

သူမ၏ စိတ်လှုပ်ရှားနေသော မျက်နှာကို မြင်သောအခါ လုံယုက ရယ်မောလျက် ဆို၏ ။

"မင်း သဘောတူတယ်ဆိုရင်တော့ တခြားသူတွေကို အသိပေးဖို့ သင့်တော်တဲ့ အချိန်တစ်ခု ရှာရမှာ ပေါ့..."

ယောင်ရန်က ခေါင်းငြိမ့်ပြကာ "အင်း..." ဟု ဆိုလေသည် ။

သူတို့ စကားပြောရင်း အက်ဆစ်မိုး မရွာခင်က စုဆောင်းထားခဲ့သော မြေကြီးအိတ်များကို စတင် စစ်ဆေးကြလေသည် ။ ယောင်ရန်သည် မြေကြီးအိတ် တစ်အိတ်ကို ဖွင့်၍ စစ်ဆေးကြည့်လိုက်လေ၏ ။

မြေကြီးမှာ မပြောင်းလဲဘဲ ရှိနေသည်ကို မြင်သောအခါ သူမသည် မြေကြီးတစ်ဆုပ်ကို ယူ၍ အနံ့ခံ ကြည့်လိုက်လေသည် ။

ချဉ်စူးစူး အနံ့အသက် မရှိဘဲ မြေကြီး၏ သဘာဝအနံ့ကိုသာ ရသဖြင့် ယောင်ရန်က ဆို၏ ။

"ဒီမြေကြီးက သုံးလို့ ရသေးတယ်... ကံကောင်းလို့ အက်ဆစ်မိုးကြောင့် ညစ်ညမ်းမသွားတာ..."

ထိုစကားကို ကြားသောအခါ လုံယုသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချလိုက်ပြီး ဆိုလေသည်၊

"ဒါက သတင်းကောင်းပဲ... ယခုလို အက်ဆစ်မိုး ရွာပြီးတဲ့နောက်မှာ စိုက်ပျိုးဖို့ သင့်တော်တဲ့ မြေကြီးရှာ ဖို့က တကယ် ခက်ခဲလိမ့်မယ်..."

ယောင်ရန်ကလည်း သဘောတူ ခေါင်းငြိမ့်ပြကာ၊

"ရှင် ပြောတာ မှန်တယ်..."

သူမ၏ နေရာလွတ် အတွင်း၌ အနက်ရောင်မြေဆီလွှာများ ရှိသော စိုက်ပျိုးမြေရှိသော်လည်း ထိုမြေကြီးများ ကို အလွယ်တကူ ထုတ်ယူ၍ မရပေ ။ ထို့အပြင် အနက်ရောင်မြေဆီလွှာများကို စိုက်ပျိုး မြေမှ ဖယ်ထုတ်ပြီး ပါက ၎င်းတို့အလိုအလျောက် ပြန်လည် ပြည့်ဖြိုးမလာတော့မည်ကိုလည်း သူမ စိုးရိမ်နေမိခြင်းပင် ။ ထိုအကြောင်းကြောင့် သူမသည် နေရာလွတ် ထဲမှ အနက်ရောင်မြေဆီလွှာများကို ထုတ်ယူရန် တွန့်ဆုတ်နေခြင်း ဖြစ်သည် ။

အိတ်များထဲရှိ မြေကြီးများကို စစ်ဆေးပြီးနောက် ၊ ယောင်ရန်နှင့် လုံယုတို့သည် လုံယု၏ လျှို့ဝှက် ခိုလှုံ ရာနေရာ သို့ သွားရန်အတွက် ယာဉ်များ လိုအပ်မည်ဖြစ်သဖြင့် ကုန်တင်ကားများ ၊ ဘတ်စ်ကားနှင့် အက်စ်ယူဗွီကား များကို စစ်ဆေးရန် ကားဂိုဒေါင်သို့ သွားကြလေသည် ။

ရောက်ရှိသွားသောအခါ ဂိုဒေါင်တံခါးမှာ သံချေးများ တက်နေသည်ကို မြင်သော်လည်း သူတို့ မအံ့သြ ကြတော့ပေ ။ လုံယုသည် တံခါးကို ဖွင့်ရန် ကြိုးစားသော်လည်း မအောင်မြင်ခဲ့ပေ ။ သူသည် တုံ့ဆိုင်း ခြင်းမရှိဘဲ လေဓား အချို့ကို ဖန်တီးကာ တံခါးကို ပိုင်းဖြတ်လိုက်လေသည် ။

"ဘုန်း..."

လေးလံသော သံတံခါးကြီးမှာ ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ဖုန်လုံးကြီးများ ထွက်ပေါ်လာကာ သူတို့၏ အမြင်အာရုံကို ပိတ်ဆို့သွားစေ၏ ။ လုံယုနှင့် ယောင်ရန်တို့သည် ဖုန်များ ငြိမ်သက်သွားသည် အထိ စောင့်ဆိုင်းပြီးမှ ဂိုဒေါင်အတွင်းသို့ လှမ်းဝင်လိုက်ကြလေသည် ။

ကားများမှာ အခြေအနေ ကောင်းမွန်နေသည်ကို မြင်သောအခါ ယောင်ရန်က၊

"ကျွန်မတို့ ပြန်သွားပြီး ရှင့်ရဲ့ ခိုလှုံရာနေရာကို သွားမယ့် အစီအစဉ်အကြောင်း တခြားသူတွေနဲ့ ဆွေးနွေး ကြတာပေါ့..."

လုံယုကလည်း သဘောတူလိုက်လေသည်။

"ကောင်းပြီလေ..."

ဗီလာပတ်ဝန်းကျင်တွင် အန္တရာယ် မရှိကြောင်း အတည်ပြုပြီးနောက် သူတို့နှစ်ဦးသည် မြေအောက်သို လှောင်ရုံ ဆီသို့ ပြန်လာခဲ့ကြလေသည် ။

ကာကွယ်ရေးဝတ်စုံများနှင့် အသက်ရှူမျက်နှာဖုံးများကို ချွတ်ပြီးနောက် ဧည့်ခန်းအတွင်းသို့ လှမ်းဝင် လိုက်ရာ အခြားသူများမှာ နံနက်စာ စားနေကြသည်ကို တွေ့လိုက်ရလေ၏ ။

သူတို့ ပြန်ရောက်လာသည်ကို မြင်သောအခါ ရှီရွှမ်းက မေးလိုက်လေသည် ။

"ခေါင်းဆောင်... အခြေအနေ ဘယ်လိုလဲ... အခု အပြင်ထွက်လို့ ရပြီလား..."

သူတို့သည် ကော်ဇောခင်းထားသော ကြမ်းပြင်ပေါ်တွင် ထိုင်လိုက်ကြသောအခါ တန်ချီချီက သူတို့ အတွက် နံနက်စာ ကမ်းပေးခဲ့လေသည် ။

လုံယုသည် ယောင်ရန်အတွက် ရေတစ်ခွက် ငှဲ့ပေးရင်း ပြန်ဖြေလိုက်၏ ။

"အပြင်ထွက်လို့တော့ ရပြီ ၊ ဒါပေမဲ့ နောက်ထပ် ရက်အနည်းငယ်လောက် စောင့်တာက ပိုကောင်း လိမ့်မယ်... အသက်ရှူမျက်နှာဖုံး တပ်ထားရင်တောင် လေထုက ငါတို့ရဲ့ အဆုတ်နဲ့ မျက်လုံးတွေကို နာကျင်စေတုန်းပဲ..."

ထိုစကားကို ကြားသောအခါ ဟွမ်ချန်သည် သက်ပြင်းချကာ စိတ်မကောင်းစွာဖြင့် ရေရွတ်လိုက်လေ သည် ။

"ဒီနေ့ အပြင်ထွက်လို့ ရပြီလို့ ထင်နေတာ..."

ယောင်ရန်က သူ့ကို ကြည့်ကာ ပြုံးပြလိုက်၏ ။

"အသက်ရှူမျက်နှာဖုံးနဲ့ ကာကွယ်ရေးဝတ်စုံ ဝတ်ရင်တော့ အပြင်ထွက်လို့ ရပါတယ်... ဒါပေမဲ့ နေမ ကောင်းမဖြစ်အောင် နောက်ထပ် ရက်အနည်းငယ်လောက် စောင့်ဖို့ပဲ ကျွန်မ အကြံပြုချင်တယ်..."

ယခုကဲ့သို့ အချိန်မျိုးတွင် နေမကောင်းဖြစ်ခြင်းသည် သေဒဏ်ချမှတ်ခံရသည်နှင့် အတူတူပင်ဖြစ် ကြောင်း လူတိုင်း သိကြသည် ။ ဆေးဝါးများ အမြောက်အမြား ရှိနေသော်လည်း ဟွမ်ချန်သည် နေမ ကောင်းဖြစ်မည့် အန္တရာယ်ကို မစွန့်စားလိုပေ ။

ခဏမျှ စဉ်းစားပြီးနောက် သူက ဆို၏ ။

"မင်း ပြောတာ မှန်ပါတယ်... စောင့်တာက ပိုကောင်းမှာပါ..."

ဟွမ်ကျိဟွေးသည် သူမ အစ်ကို၏ မျက်နှာဆူပုတ်နေသည်ကို သတိထားမိသဖြင့် မျက်စောင်းထိုး လိုက်မိ၏ ။ သူမသည် သူမ၏ ပန်းကန်ထဲမှ ပန်ကိတ်တစ်ခုကို ယူ၍ ဟွမ်ချန်၏ ပန်းကန်ထဲသို့ ထည့်ပေးကာ ပြောလိုက်လေသည် ။

"စိတ်ရှည်ရှည် ထားစမ်းပါ... ဘေးကင်းသွားပြီဆိုရင် မင်း ကြိုက်သလောက် ပြေးလွှားလို့ ရတာပဲ..."

ဟွမ်ချန်က သူမကို မျက်လုံးလှန်ကြည့်ကာ၊

"ငါက ကလေးမဟုတ်ဘူး ၊ ဘာလုပ်ရမလဲဆိုတာ သိပါတယ်..."

ဟွမ်ကျိဟွေးကလည်း၊

"အင်းပါ... ဟုတ်ပါပြီ... မင်းအတွက် ကောင်းတာပေါ့..."

"...."

ဟွမ်ကျိဟွေး၏ လေးလေးစားစား မရှိသော စကားကြောင့် ဟွမ်ချန်မှာ ဆွံ့အသွားရ၏ ၊ သူသည် စိတ်ထဲ ရှိ ဒေါသများကို ဖြေဖျောက်ရန်အတွက် သူမ ပေးထားသော ပန်ကိတ်ကို သူ၏ ညီမလေး၏ ပါးပြင်ဟု သဘောထားကာ ဒေါသတကြီး ကိုက်စားလိုက်လေသည် ။

မောင်နှမနှစ်ဦး ထုံးစံအတိုင်း ငြင်းခုံနေကြစဉ် ကျားရှန်းက လုံယုဘက်သို့ လှည့်ကာ မေးလိုက်လေ၏။

"ခေါင်းဆောင်... အပြင်ဘက် အခြေအနေက ဘယ်လိုရှိလဲ..."

လုံယုက ပြန်ဖြေလေသည်။

"အဆောက်အအုံ အများစုက ပြိုကျကုန်ပြီ ၊ သံထည်တွေ အားလုံးကလည်း သံချေးတက်နေတယ်... မြေဆီလွှာတွေက စိုက်ပျိုးဖို့ မသင့်တော်တော့သလို လေထုကလည်း တော်တော်လေး ညစ်ညမ်းနေ ပြီ..."

သူ၏ စကားအဆုံးတွင် အခန်းအတွင်း၌ တိတ်ဆိတ်သွားကာ မှိုင်တိုင်တိုင် အခြေအနေတစ်ခု ဖုံးလွှမ်း သွားလေသည် ။

သူ၏ မိသားစုနှင့်အတူ ထိုင်နေသော ချွမ်ယွမ်ဝေ့က တိတ်ဆိတ်မှုကို ဖြတ်ကျော်ကာ မေးလိုက်၏။

"ညီလေးလုံ... မင်းမှာ အစီအစဉ် တစ်ခုခု ရှိလား..."

လုံယုက ခေါင်းငြိမ့်ပြကာ ဆိုလေသည်။

"ကျွန်တော် စစ်တပ်က အနားမယူခင်မှာ လေကြောင်းရန်ကာကွယ်ရေး ခိုလှုံရာ တစ်ခုကို ဝယ်ထား ခဲ့တယ်... အခုလောလောဆယ် အဲဒီကို သွားပြီး နေထိုင်ဖို့ ကျွန်တော် စီစဉ်ထားတယ်... နောက်ပိုင်း ဘာဆက်လုပ်မလဲဆိုတာကတော့ အခြေအနေပေါ်မှာပဲ မူတည်လိမ့်မယ်..."

စီမာယွမ်သည် ထိုစကားကို ကြားသောအခါ မျက်ဝန်းများ ဝင်းလက်သွားပြီး စိတ်လှုပ်ရှားစွာ မေးလိုက် လေသည် ။

"ညီလေးလုံ... မင်းရဲ့ ခိုလှုံရာနေရာက ဘယ်လောက်တောင် ကျယ်လဲ... ငါတို့ကော လိုက်လို့ ရမလား..."

လုံယုက ဆို၏ ။

"ရတာပေါ့... အဲဒီနေရာက လူတိုင်းအတွက် လုံလောက်အောင် ကျယ်ပါတယ်... အဲဒီမှာ ရေစိုက်ပျိုးရေး ခန်း ၊ လေ့ကျင့်ရေးခန်း ၊ နေထိုင်စရာ အခန်းတွေ ၊ မီးဖိုချောင် ၊ ဆေးခန်းလေးတစ်ခုနဲ့ တခြား လိုအပ်တဲ့ အသုံးအဆောင်တွေ အကုန်ရှိတယ်... ငါတို့ ကိုယ့်ဘာသာကိုယ် အစားအစာတွေ စိုက်ပျိုးနိုင်ပြီး ရေရှည် အတွက် စိတ်ချရတယ်... ရေအရင်းအမြစ်အတွက်ကတော့ မြေအောက်ရေကို သုံးထားတာ ၊ ဒါပေမဲ့ အက်ဆစ်မိုး ရွာပြီးတဲ့နောက်မှာ အဲဒီရေက သုံးလို့ ရသေးလားဆိုတာကိုတော့ စစ်ဆေးရဦးမယ်..."

ထိုစကားကို ကြားသောအခါ လူတိုင်းမှာ သိသိသာသာ စိတ်လှုပ်ရှားသွားကြလေသည် ။ ဆယ်လကြာ သဘာဝဘေးအန္တရာယ်များကို ကြုံတွေ့ခဲ့ရပြီးနောက် သူတို့ အလိုချင်ဆုံးအရာမှာ လုံလောက်သော အစားအစာနှင့် ရေရှိပြီး ဘေးကင်းသော နေရာတစ်ခုပင် ဖြစ်သည် ။

လုံယုနောက်သို့ လိုက်ရန် ဆုံးဖြတ်ခဲ့ခြင်းမှာ တကယ်ပင် မှန်ကန်သော ရွေးချယ်မှုပင် ဖြစ်ပေသည် ။

သူတို့၏ စိတ်အားထက်သန်မှုကို မြင်သောအခါ လုံယုက ဆိုလေသည် ။

"ကျွန်တော် ကားတွေကို စစ်ဆေးပြီးပြီ... အခြေအနေ ကောင်းမွန်နေတာမို့ ငါတို့ အဆင်သင့် ဖြစ်တဲ့ အချိန်မှာ ထွက်ခွာနိုင်တယ်..."

ဟန်ယီရွှယ်က လက်မြှောက်ကာ မေးလိုက်၏ ။

"ကပ်ပတိန်... အဲဒီ ခိုလှုံရာနေရာက ဘယ်မှာလဲ..."

"ကျွင်းချန်မြို့ နားက တောင်တစ်ခုထဲမှာ တည်ဆောက်ထားတာပါ..."

လုံယုက ပြန်ဖြေလိုက်လေသည်။

ဟန်ယီရွှယ်က သူ၏အဖြေကို ကြားသောအခါ မျက်မှောင်ကြုတ်လျက် ဆို၏ ။

"အဲဒါက ကျွင်းချန်မြို့နားမှာဆိုရင် အခုအချိန်မှာ မျိုးရိုးဗီဇပြောင်းလဲနေတဲ့ ကြွက်တွေ သိမ်းပိုက် ထားလောက်ပြီပေါ့... ငါတို့ အဲဒီမှာ တကယ် နေလို့ ရပါဦးမလား..."

All Chapters