အခန်း ၃၄
Vol. 3 Ch. 34
အခန်း (၃၄) - ကမ္ဘာသစ် (အပိုင်း ၂)
ရှန်ရဲ့က "အပိုင်းအစ တွေက ဘယ်လို ပုံစံမျိုးလဲ" ဟု မေးလိုက်၏။
ကျိုးယွမ်က ဖြေသည်၊ "အတိအကျတော့ ပြောလို့ မရဘူး။ အပိုင်းအစ တစ်ခုနဲ့ တစ်ခုက မတူကြဘူး။ ဒါပေမဲ့ သူတို့ အားလုံးမှာ တူညီတဲ့ အချက်တစ်ချက် ရှိတယ်။ မင်း အဲ့ဒါကို ထိလိုက်တာနဲ့ တစ်ပြိုင်နက်၊ စည်းမျဉ်းတွေကို အသက်ဝင်သွားစေလိမ့်မယ်။"
ရှန်ရဲ့ မျက်မှောင်ကြုတ်သွားသည်: "စည်းမျဉ်းတွေကို အသက်ဝင်သွားစေတယ်လား"
ကျိုးယွမ် ခေါင်းညိတ်ပြလိုက်၏: "ဥပမာ အနေနဲ့ ပြောရရင်၊ 'နောက်ပြန်မလှည့်ကြည့်နဲ့' လို့ ရေးထားတဲ့ စာရွက်ပိုင်းလေး တစ်ရွက်ကို မင်း ကောက်ကိုင်လိုက်တယ် ဆိုပါစို့။ အဲ့ဒီအခါကျရင် မင်းရဲ့ အနောက်မှာ ခြေသံတွေ ရှိနေတာကို မင်း တွေ့ရလိမ့်မယ်။ တကယ်လို့ မင်းသာ နောက်ပြန်လှည့်ကြည့်လိုက်ရင်၊ မင်း သေသွားလိမ့်မယ်။"
ရှန်ရဲ့၏ မျက်မှောင်များ ပိုမို တွန့်ချိုးသွားလေသည်။
ကျိုးယွမ်က ဆက်ပြောသည်၊ "ဒါကြောင့် ဒီနေရာမှာ အန္တရာယ် အများဆုံး အရာက သရဲတွေ မဟုတ်ဘူး၊ အဲ့ဒီ အပိုင်းအစ တွေပဲ။ အပိုင်းအစ တိုင်းက စည်းမျဉ်း တစ်ခုစီပဲ။ မင်း အဲ့ဒါကို ထိလိုက်မိရင်၊ အဲ့ဒီ အပိုင်းအစ တွေ အားလုံးကို ပြန်ဆက်ပြီးသွားတဲ့ အချိန်အထိ အဲ့ဒီစည်းမျဉ်းကို မင်း လိုက်နာရလိမ့်မယ်။"
"အကုန်လုံးကို ပြန်ဆက်ပြီးသွားရင်ရော ဘာဖြစ်မလဲ" ဟု ရှန်ရဲ့က မေးလိုက်၏။
ကျိုးယွမ်က ပြန်ဖြေသည်၊ "ပြီးပြည့်စုံသွားတဲ့ အပိုင်းအစ တွေက မြေပုံအပြည့်အစုံ တစ်ခု အဖြစ် ပြောင်းလဲသွားပြီး၊ နောက်တစ်ထပ်ကို သွားမယ့် တံခါး ရှိရာကို ညွှန်ပြပေးလိမ့်မယ်။"
ရှန်ရဲ့ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် "အဲ့ဒီတုန်းက မင်းတို့ အကုန်လုံးကို ပြန်ဆက်နိုင်ခဲ့လား" ဟု မေးလိုက်သည်။
ကျိုးယွမ် ခေါင်းညိတ်ပြ၏: "ငါ ဆက်ပြီးသွားခဲ့ပြီ။ ဒါကြောင့် တံခါး ဘယ်မှာရှိလဲ ဆိုတာကို ငါ သိနေတာပေါ့။"
"အခု မင်း မှတ်မိသေးလား" ဟု ရှန်ရဲ့က မေးလိုက်သည်။
ကျိုးယွမ် ခေါင်းခါယမ်းပြလိုက်သည်: "ငါ မေ့သွားပြီ။ ဒီနေရာကနေ ထွက်သွားပြီးတဲ့နောက်မှာ၊ မှတ်ဉာဏ်တွေ ပျောက်ကွယ်သွားတာပဲ။ ပြန်ရောက်လာတဲ့ အချိန်ကျတော့ ငါ ဘာတစ်ခုမှ မမှတ်မိတော့ဘူး။"
ရှန်ရဲ့က သူ့ကို ကြည့်ပြီး "ဒါဆို ဒီတစ်ခေါက် ပြန်လာတာက၊ အစွမ်းကုန် ထပ်ကြိုးစားကြည့်ဖို့ စီစဉ်ထားတာပေါ့" ဟု မေးလိုက်၏။
ကျိုးယွမ် နှင့် ကျိုးဝမ် တို့ အချင်းချင်း မျက်နှာချင်းဆိုင် ကြည့်လိုက်ကြသည်။
ကျိုးယွမ်က "ဟုတ်တယ်။ ဒီတစ်ကြိမ်မှာတော့ ငါတို့ အထဲကို ဝင်ချင်တယ်" ဟု ဆိုလေသည်။
သူက ရှန်ရဲ့ကို ကြည့်လိုက်၏။
"မင်းတို့ရော လိုက်ချင်လား။"
ရှန်ရဲ့ ချက်ချင်း ပြန်မဖြေခဲ့ချေ။
သူ လှည့်၍ ကိုယ်ပွား ကို ကြည့်လိုက်သည်။
ကိုယ်ပွား ကလည်း သူ့ကို ပြန်ကြည့်နေ၏။
သူတို့ နှစ်ယောက် အချင်းချင်း စက္ကန့်အနည်းငယ်မျှ မျက်နှာချင်းဆိုင် ကြည့်နေကြသည်။
"မင်း ဘယ်လို ထင်လဲ" ဟု ရှန်ရဲ့က မေးလိုက်၏။
"မင်း သဘောပဲလေ" ဟု ကိုယ်ပွားက ပြန်ဖြေသည်။
ရှန်ရဲ့ ခဏမျှ စဉ်းစားပြီးနောက် "အတူတူ သွားကြမယ်" ဟု ဆုံးဖြတ်လိုက်၏။
ကျိုးယွမ် ပြုံးလိုက်လေသည်။
"ကောင်းပြီလေ။ အခုချိန်ကစပြီး ငါတို့က အဖွဲ့တစ်ဖွဲ့တည်းပဲ။"
သူ လက်ဆန့်ထုတ်လိုက်၏။
ရှန်ရဲ့ ဆုပ်ကိုင်လိုက်သည်။
ကျိုးဝမ် ကလည်း လက်ဆန့်ထုတ်ကာ အပေါ်မှ ထပ်တင်လိုက်၏။
ကိုယ်ပွား တစ်ခဏမျှ တွန့်ဆုတ်သွားသော်လည်း၊ သူ၏ လက်ကိုပါ ဆန့်ထုတ်လိုက်သည်။
လက်လေးဖက် အပေါ်အောက် ထပ်သွားကြလေသည်။
ကျိုးယွမ်က ဆိုလေသည်၊ "မှတ်ထား၊ ဒီနေရာမှာ အရေးအကြီးဆုံး အရာက စည်းမျဉ်းတွေ မဟုတ်ဘူး၊ ယုံကြည်မှု ပဲ။ အချင်းချင်း ယုံကြည်မှု မရှိတဲ့ အဖွဲ့တွေက သုံးရက်တောင် ခံမှာ မဟုတ်ဘူး။"
သူ လက်လွှတ်လိုက်ပြီး လှည့်ကာ မြို့ဘက်သို့ လျှောက်သွားလေသည်။
"သွားကြစို့။ မြို့ထဲမှာ အရင်ဆုံး နေစရာ နေရာတစ်ခု ရှာကြတာပေါ့။"
လူလေးယောက် မြို့အစွန်သို့ ဝင်ရောက်သွားကြ၏။
လမ်းမကြီးမှာ ကျယ်ဝန်းပြီး၊ တစ်ဖက်တစ်ချက်စီတွင် အဆောက်အအုံ အမျိုးမျိုး ရှိနေသည်။ လူနေတိုက်ခန်းများ၊ ဆိုင်ခန်းများနှင့် ရုံးခန်း အဆောက်အအုံများ ဖြစ်ကြ၏။ တချို့ အဆောက်အအုံများက အသစ်အတိုင်း ရှိနေသော်လည်း၊ တချို့က ဟောင်းနွမ်းပျက်စီးနေကာ၊ တချို့ဆိုလျှင် အပျက်အစီး ပုံကြီးများ သက်သက်သာ ဖြစ်နေတော့သည်။
လမ်းပေါ်တွင် လူများ ရှိနေ၏။
မများပြားလှဘဲ၊ ဟိုတစ်စု ဒီတစ်စုသာ ဖြစ်သည်။ တချို့က လမ်းဘေးတွင် ထိုင်လျက် အတွေးလွန်နေကြသည်၊ တချို့က တိုးတိုးတိတ်တိတ် စကားပြောနေကြပြီး၊ တချို့ကတော့ အိတ်များကို ဆွဲကာ ခပ်သုတ်သုတ် လျှောက်သွားနေကြသည်။
သူတို့က ရှန်ရဲ့တို့ အဖွဲ့ကို တစ်ချက် လှမ်းကြည့်ကြသော်လည်း၊ ဘာစကားမျှ မဆိုဘဲ အမြန်ပင် အကြည့်လွှဲသွားကြ၏။
ကျိုးယွမ်က ပြောလေသည်၊ "ဒီကလူတွေက အဲ့ဒီလိုပဲ။ သူတို့ သိပ်မရင်းနှီးတဲ့ လူတွေဆိုရင် လျစ်လျူရှုထားတတ်ကြတယ်။ ပြီးတော့ အရမ်း ရင်းနှီးတဲ့ လူတွေဆိုရင်တောင်မှ ယုံကြည်စိတ်ချရချင်မှ ရမှာ။"
သူက သူတို့ကို ဦးဆောင်၍ လမ်းအချို့ကို ဖြတ်သန်းသွားပြီးနောက်၊ ခြောက်ထပ် တိုက်ဟောင်းကြီး တစ်လုံး၏ အရှေ့တွင် ရပ်တန့်လိုက်၏။
အဆောက်အအုံမှာ ဟောင်းနွမ်းနေပြီး၊ နံရံပေါ်မှ အင်္ဂတေ အများစုမှာ ကွာကျနေကာ အတွင်းရှိ အုတ်နီခဲများကိုပင် မြင်နေရသည်။ အဝင်ဝတွင် ဆိုင်းဘုတ်တစ်ခု ချိတ်ဆွဲထားပြီး၊ ၎င်းပေါ်တွင် "ဖျင်အန်းလီ အမှတ် ၃"ဟု ရေးသားထား၏။
"ငါတို့ ဒီမှာ နေကြမယ်။ ပဉ္စမထပ်က ၅၀၁ နဲ့ ၅၀၂ မှာ" ဟု ကျိုးယွမ်က ဆိုလေသည်။
သူ တံခါးကို တွန်းဖွင့်ပြီး အတွင်းသို့ ဝင်သွား၏။
လှေကားမှာ ကျဉ်းမြောင်းပြီး မှောင်မိုက်နေသည်။ အထပ်တိုင်းတွင် မှိန်ဖျော့နေသော မီးသီး တစ်လုံးစီသာ ရှိပြီး၊ မှိတ်တုတ်မှိတ်တုတ် ဖြစ်နေလေသည်။
ပဉ္စမထပ်သို့ အရောက်တွင်၊ ကျိုးယွမ် သော့ကို ထုတ်ကာ အခန်း ၅၀၁ တံခါးကို ဖွင့်လိုက်သည်။
အလွန် သေးငယ်သော အခန်းလေး တစ်ခန်း ဖြစ်၏။
ကုတင်တစ်လုံး၊ စားပွဲတစ်လုံး၊ ကုလားထိုင် တစ်လုံး၊ ဗီရိုတစ်ခု။ အရမ်းကို ရိုးရှင်းလှသည်။
သို့သော် နံရံများပေါ်တွင် ဓာတ်ပုံများ အပြည့် ကပ်ထားလေသည်။
ရှန်ရဲ့ အနားသို့ လျှောက်သွားပြီး ကြည့်လိုက်၏။
အဆိုပါ ဓာတ်ပုံများ အားလုံးက ကျိုးယွမ် နှင့် ကျိုးဝမ် တို့၏ ပုံများချည်းသာ ဖြစ်သည်။ ငယ်ရွယ်သော ကျိုးယွမ် နှင့် ကျိုးဝမ် တို့၊ မတူညီသော နေရာများတွင် မတူညီသော အရာများကို လုပ်ဆောင်နေကြခြင်း ဖြစ်၏။ တချို့က ကန့်သတ်နယ်မြေ အတွင်းတွင်၊ တချို့က ဤနေရာတွင် ဖြစ်ပြီး၊ တချို့ကတော့ မရင်းနှီးသော လမ်းမ တစ်ခုခုပေါ်တွင် ဖြစ်သည်။
ကျိုးယွမ်က ရှင်းပြလေသည်၊ "ဒါတွေက ပြီးခဲ့တဲ့ သုံးနှစ် အတွင်းမှာ ငါတို့ စုဆောင်းထားခဲ့တဲ့ မှတ်ဉာဏ်တွေပဲ။ အပြင်ထွက်တိုင်း ဓာတ်ပုံရိုက်ထားတယ်၊ ငါတို့ မေ့သွားမှာကို ကြောက်လို့လေ။"
အဆိုပါ ဓာတ်ပုံများကို ကြည့်ရင်း၊ ရှနမရဲ့၏ ရင်ထဲတွင် ရုတ်တရက် ထူးဆန်းသော ခံစားချက်တစ်ခု ပေါ်ထွက်လာ၏။
ချန်မော့ ပြောခဲ့ဖူးသော "အပေါက်ကြီး" အကြောင်းကို သူ သတိရသွားသည်။
ဟာလာဟင်းလင်းကြီး။ တစ်ခုခုကို လိုက်ရှာနေရတာ။
ကျိုးယွမ် လျှောက်လာပြီး သူ၏ ပခုံးကို ပုတ်လိုက်၏။
"စိတ်မပူပါနဲ့၊ မင်းတို့ဆီမှာလည်း ဓာတ်ပုံတွေ ရှိလာမှာပါ။ မင်းတို့ အသက်ရှင်နေသရွေ့ပေါ့။"
ရှန်ရဲ့ ခေါင်းညိတ်ပြလိုက်သည်။
ဘေးခန်းမှ ကျိုးဝမ် ရောက်လာပြီး "၅၀၂ ကို ပြင်ဆင်ပြီးသွားပြီ၊ ရှင်တို့ အဲ့ဒီမှာ နေလို့ရတယ်" ဟု ဆိုလေသည်။
ရှန်ရဲ့နှင့် ကိုယ်ပွားတို့ လျှောက်သွားလိုက်ကြ၏။
၅၀၂ နှင့် ၅၀၁ မှာ အပြင်အဆင် တူညီသော်လည်း၊ နံရံများမှာ ဟာလာဟင်းလင်း ဖြစ်နေပြီး ဘာတစ်ခုမှ မရှိချေ။
ရှန်ရဲ့သည် ပြတင်းပေါက် အနီးတွင် ရပ်လျက် အပြင်ဘက်ကို လှမ်းကြည့်နေ၏။
ဤနေရာမှ နေ၍ မြို့၏ အများစုကို မြင်တွေ့နိုင်သည်: ဟောင်းနွမ်း ပျက်စီးနေသော မိုးမျှော်တိုက်များ၊ ယှက်သန်းနေသော လမ်းမများနှင့် သွားလာလှုပ်ရှားနေသော လူအနည်းငယ်။
ကိုယ်ပွား သူ၏ အနားသို့ လျှောက်လာပြီး ဘေးတွင် ရပ်လိုက်သည်။
"ဘာတွေ စဉ်းစားနေတာလဲ။"
"နောက်ဆက်ပြီး ဘာလုပ်ရမလဲ ဆိုတာကို စဉ်းစားနေတာပါ" ဟု ရှင်ရဲ့က ပြန်ဖြေ၏။
"အပိုင်းအစ တွေ သွားစုဆောင်းမယ် လို့ ကျိုးယွမ် က ပြောတယ်လေ" ဟု ကိုယ်ပွားက ဆိုသည်။
ရှန်ရဲ့ ခေါင်းညိတ်ပြလိုက်၏: "ဟုတ်တယ်။ ဒါပေမဲ့ အဲ့ဒါ မလုပ်ခင်၊ ဒီနေရာအကြောင်း ငါတို့ နားလည်အောင် အရင်လုပ်ရမယ်။"
သူ နောက်ပြန်လှည့်လာပြီး ကိုယ်ပွား ကို ကြည့်လိုက်သည်။
"ဒီနေရာမှာ တစ်ခုခု မှားနေတယ်လို့ မင်း မခံစားရဘူးလား။"
ကိုယ်ပွား တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် "ဘာမှားနေလို့လဲ" ဟု မေးလိုက်၏။
ရှန်ရဲ့က ဖြေလေသည်၊ "ငါ သေချာ မရှင်းပြတတ်ဘူး။ ဒါပေမဲ့... အရမ်းကို တိတ်ဆိတ်လွန်းနေတယ်။"
ကိုယ်ပွား ပြတင်းပေါက်ဆီသို့ လျှောက်သွားပြီး အပြင်ဘက်ကို လှမ်းကြည့်လိုက်၏။
လမ်းမများက တကယ်ကို တိတ်ဆိတ်လွန်းလှသည်။ တစ်ခါတစ်ရံ လူတစ်ယောက် ဖြတ်လျှောက်သွားတတ်သော်လည်း၊ သူတို့ အားလုံး ခေါင်းငုံ့ကာ ခပ်သုတ်သုတ် သွားနေကြခြင်း ဖြစ်၏။ ဆူညံသံ မရှိ၊ ဈေးသည် အော်သံ မရှိသကဲ့သို့ ကလေး ငိုသံများလည်း မရှိချေ။
သေဆုံးနေတဲ့ မြို့ကြီး တစ်မြို့လိုပဲ။
ဒါပေမဲ့ လူတွေ အများကြီး ရှိနေတာ အထင်အရှားပါပဲ။
"လူတိုင်း ပုန်းနေကြလို့ ဖြစ်မှာပါ" ဟု ကိုယ်ပွားက မှတ်ချက်ပြုလေသည်။
"ဖြစ်နိုင်ပါတယ်" ဟု ရှန်ရဲ့က ဆို၏။
သူ ကုတင်ပေါ်တွင် လှဲချလိုက်ပြီး မျက်နှာကျက်ကို စိုက်ကြည့်နေလိုက်သည်။
ကိုယ်ပွား လည်း ကုလားထိုင်တွင် ဝင်ထိုင်လိုက်၏။
သူတို့ နှစ်ယောက် ခဏမျှ တိတ်ဆိတ်နေခဲ့ကြသည်။
ထို့နောက် ကိုယ်ပွား က ရုတ်တရက် မေးလိုက်၏: "ငါတို့ ဒီမှာ သေသွားမယ်လို့ မင်း ထင်လား။"
ရှန်ရဲ့ တစ်ခဏမျှ ကြက်သေသေသွားပြီးနောက် သူ့ကို လှည့်ကြည့်လိုက်သည်။
ကိုယ်ပွား ၏ မျက်နှာအမူအရာက တည်ငြိမ်နေသော်လည်း၊ မျက်ဝန်းများထဲတွင်တော့ စိုးရိမ်ပူပန်မှု တစ်စွန်းတစ်စ ရှိနေ၏။
"ငါ မသိဘူး" ဟု ရှန်ရဲ့က ပြန်ဖြေလေသည်။
"ငါ ကြောက်တယ်" ဟု ကိုယ်ပွားက ဝန်ခံလိုက်၏။
ရှန်ရဲ့ စက္ကန့်အနည်းငယ်မျှ တိတ်ဆိတ်သွားပြီးနောက် "ငါလည်း ကြောက်တာပါပဲ" ဟု ဆိုလေသည်။
ကိုယ်ပွား က သူ့ကို ကြည့်လိုက်ရာ၊ နှုတ်ခမ်းများ တွန့်ကွေးသွားပြီး ရယ်ချင်သလိုလို ဖြစ်သွားသော်လည်း သူ မရယ်ခဲ့ချေ။
ရှန်ရဲ့က ဆက်ပြောသည်၊ "ဒါပေမဲ့ ကြောက်နေလည်း အပိုပါပဲ။ ဘယ်လိုပဲဖြစ်ဖြစ် ငါတို့ ဒီကို ရောက်နေပြီလေ။"
ကိုယ်ပွား ခေါင်းညိတ်ပြလိုက်သည်: "အင်း။"
ရှန်ရဲ့က ဆိုလေသည်၊ "ပြီးတော့ မင်းလည်း ဒီမှာ ရှိနေတာပဲ။"
ကိုယ်ပွား တစ်ခဏမျှ ကြက်သေသေသွား၏။
ရှန်ရဲ့က ထပ်ပြောသည်၊ "မင်း ရှိနေတော့ ငါ အဲ့ဒီလောက်ကြီး မကြောက်တော့ဘူး။"
ကိုယ်ပွား သူ့ကို ကြည့်လိုက်ရာ၊ သူ၏ မျက်ဝန်းများ ရုတ်တရက် နီရဲလာတော့၏။
……….